Friday, July 27, 2007

သို့ ….သူငယ်ချင်း…

သို့ ….သူငယ်ချင်း
သူငယ်ချင်းရေ….
လောကကြီးက ပြောင်ချော်ချော်နဲ့ ….
ကံကြမ္မာက ဗရုတ်ကျလိုက်တာနော်….
ငါ့ ရည်မှန်းချက်တွေ နင်ပိုင်ဆိုင်လို့ …
နင်ဖြစ်ချင်တာတွေ ငါဖြစ်နေခဲ့ရပြီ…..
နင်နေချင်တဲ့ဘ၀မျိုးမှာ ငါနေပျော်နေသလို
ငါမျှော်မှန်းခဲ့တဲ့ အရည်အချင်းတွေနဲ့ 
နင်ပျော်အောင်နေလိုက်ပါ……။
တချိန်တုန်းကတော့…
ဒို့ နှစ်ယောက်တတွဲတွဲ…ဘယ်တုန်းကမှမခွဲခဲ့ကြဘူးနော်….
အခုတော့ ရှင်ကွဲ ကွဲ…..
နောက်တော့ သေကွဲ…ခွဲကြရပြန်ဦးတော့မယ်…..။
နင်လား…ငါလား….
ဘယ်သူအရင် ကျန်ခဲ့မှာလဲ…..

ကျန်ခဲ့ရင်ဘဲဖြစ်ဖြစ်......မချန်ခဲ့ခင်ဘဲဖြစ်ဖြစ်....
လမ်းကြုံတဲ့အခါ ဖတ်ဖြစ်အောင်.....
မန်းမြေက လမ်းတွေပေါ်မှာ ပဲ့ကြွေခဲ့တဲ့ရက်စွဲလေးတွေကို.....
“ငါ” .... ဒိုင်ယာရီတွေ ရေးထားတယ်.....
အလွမ်းပြေမလား...အလွမ်းဝေမလားတော့....မသိဘူး...
ငါ ကတော့ ပျော်စရာတွေဘဲ ရေးထားတယ်....
မျက်ရည်ဝေတဲ့ ညတွေ ၊ အခဲမကျေတဲ့ “လ”တွေကို တမင်တကာချန်ထားခဲ့တယ်......
ဝေဒနာဆိုတာ တမ်းတကောင်းတဲ့ အရာမှမဟုတ်ဘဲ.....သူငယ်ချင်းရယ်.....။ ။
မှ.....လေးမ
ကဗျာလဲမဟုတ်ဘူး....စာလဲမဟုတ်ဘူး.....ဘာမှန်းလဲသိဘူး.....။ လေးမ သူငယ်ချင်းကို ပြောပြချင်တာလေးတွေပါ....။ ။

3 comments:

Anonymous said...

အစကတော့ ထုံးစံအတိုင်း နောက်မယ်ပေါ့ ... သေချာ ဖတ်ကြည့်ပြီးတော့ မနောက်ရက်တော့ဘူးဗျာ ... ဒါ ... တကယ့်ကဗျာပါပဲ ...
“ငါ့ ရည်မှန်းချက်တွေ နင်ပိုင်ဆိုင်လို့ …
နင်ဖြစ်ချင်တာတွေ ငါဖြစ်နေခဲ့ရပြီ…..
နင်နေချင်တဲ့ဘ၀မျိုးမှာ ငါနေပျော်နေသလို
ငါမျှော်မှန်းခဲ့တဲ့ အရည်အချင်းတွေနဲ့ 
နင်ပျော်အောင်နေလိုက်ပါ……။”
နေရာလွဲနေတဲ့ သူငယ်ချင်း နှစ်ယောက်လားဗျာ ... ကျနော့် အမြင်မှာတော့ မလွဲပါဘူး ... တစ်ထပ်တည်းပါပဲ ...
ကမ္ဘာ့ရှေ့ခြမ်း နောက်ခြမ်းဝေးနေကြသလားဗျာ ... ကျနော် ကတော့ နီးနီးလေး ရှိနေကြတယ်လို့ ထင်တယ် ...
“မန်းမြေက လမ်းတွေပေါ်မှာ ပဲ့ကြွေခဲ့တဲ့ရက်စွဲလေးတွေကို.....
“ငါ” .... ဒိုင်ယာရီတွေ ရေးထားတယ်.....
အလွမ်းပြေမလား...အလွမ်းဝေမလားတော့....မသိဘူး...
ငါ ကတော့ ပျော်စရာတွေဘဲ ရေးထားတယ်....
မျက်ရည်ဝေတဲ့ ညတွေ ၊ အခဲမကျေတဲ့ “လ”တွေကို တမင်တကာချန်ထားခဲ့တယ်......
ဝေဒနာဆိုတာ တမ်းတကောင်းတဲ့ အရာမှမဟုတ်ဘဲ.....သူငယ်ချင်းရယ်.....။ ။”
ပျော်စရာတွေပဲ ရေးထားတယ်တဲ့ ... ဟုတ်ရဲ့လားဗျာ ...
အလွမ်းတွေ ဝေ့နေတာ သူလည်း မြင်မှာပါ ... ကျနော်တို့ ဘေးလူတောင် ခံစားမိသေးတာပဲ ...

“ဝေဒနာဆိုတာ တမ်းတကောင်းတဲ့ အရာမှမဟုတ်ဘဲ ” တဲ့လား ... အင်း ... ထားပါလေ ...

အေးဗျာ ... တစ်နေ့တော့ ဒီသူငယ်ချင်းနှစ်ယောက် ပြန်ဆုံကြမှာ သေချာပါတယ် ...
ဒါ ... တကယ့် ကဗျာပါပဲ ...

Anonymous said...

အရမ်းကောင်းတယ် လေးမရယ်.. တကယ်ပဲ ။

Layma said...

ဂျယ်ရီ…..ဒါဟာကဗျာလို့  ပြောပြသွားတာ အတိုင်းမသိကျေးဇူးတင်ပါတယ်… ဟင်း..နောက်ဖို့ က ကြံစည်ရဲသေးတယ်….
မဂျစ်……လေးမ ရဲ့ ခံစားချက်ကို မျှဝေနိုင်စွမ်းရှိတဲ့ မဂျစ်ကို ကျေးဇူးတင်ပါတယ်…. လေးမ လိုဘဲ သူငယ်ချင်းတွေကို ခင်တတ်တယ်ထင်တယ်…..