Friday, June 01, 2007

အဆောင်ရှေ့ကသီချင်းသံ.............

ဒိုင်ယာရီစာမျက်နှာ (၂) ။ ။

အဆောင်သူဖြစ်ရတာ ဂီတဖြင့် အိပ်စက်ရသော စည်းစိမ်ကိုရတယ်....။ အဆောင်နဲ့  ပတ်သက်တဲ့ သီချင်းတွေကို အခုထိ အမှတ်ရ နေသေးတယ်....။
ကိုယ်ရည်ရွယ်ထားတာ တဆောင်လုံး......အဆောင်မှူးပါ မကျန်ဘူး.......”
“ အဆောင်က ထမင်းဟင်းတွေ စားမကောင်းရင် စိတ်မပျက်နဲ့ .....အတူနေရတော့မှမင်းကို ချက်ခိုင်း(ကျွေး)မှာ.......” ၊ “ သီဆိုနေမယ် မင်းအတွက် သီချင်းတွေ တညလုံးဘဲ ရှေ့က(အင်းယား) လမ်းမပေါ်မှာကွယ်.....” ၊
ချစ်လေးရေ.....တံခါးဖွင့်တော့ကွယ်.....သောကဟူသမျှ....” ၊
“ ကြိုးစားလိုက်စမ်းကွယ်......master
တန်းဝင် (ဒီတွေနဲ့ အောင်) ဖို့  ဆုတောင်းပေးတဲ့ သူတွေရှိတယ်.....”
စာမေးပွဲတွင်းဆိုရင် ပိုပျော်ဖို့  ကောင်းတယ်......။ ကျောင်းသားတွေက ည ၂ နာရီလောက် စာကြည့်ရင်း အိပ်ငိုက်လာရင် သီချင်းလာဆိုကြတယ်.....။ သူတို့  အိပ်ချင်ပြေလို့  ပြန်သွားတဲ့ အခါကျတော့ လေးမတို့ က အိပ်ငိုက်ပြီး ကျန်ရစ်ခဲ့ရော.......။

0 comments: