Wednesday, June 13, 2007

ရေတံခွန်ပေါ်က အိမ်ကလေး......



Kaufmann မိသားစု ရဲ့ အပန်းဖြေ စံအိမ်လေးကို တောအုပ်လေးထဲက ရေတံခွန်လေးနားမှာ ဆောက်ချင်ပါသတဲ့......သာမာန်ဗိသုကာ ဆိုရင်တော့ ရေတံခွန်ကို မျက်နှာမူပြီး ဆောက်မှာပေါ့....ခုဟာက modern architecture ရဲ့ဖခင်ကြီး Frank Lloyd Wright ဆိုတော့ တမူထူးခြားတဲ့ စိတ်ကူးနဲ့  ရေတံခွန်ပေါ်မှာဆောက်ခဲ့တယ်......လူဆိုတဲ့လူတွေက ရေကိုမြင်ရင် ပျော်တယ်....၊ ရေသံကြားရင် သိမ်မွေ့  (စိတ်နှလုံး နူးညံ့ သိမ်မွေ့ ခြင်း) တယ်.....ရေနဲ့  ထိရရင် လန်းဆန်းတယ်......။ ဒီအိမ်လေးမှာ ရေကိုမြင်ရမယ့် တဆက်တည်း တတန်းတည်းဖောက်ထားတဲ့ ပြတင်းပေါက်ကျယ်ကြီးတွေ........ ၀ရန်တာကျယ်ကြီးတွေ ပါဝင် ပါတယ်......။ အိမ်အောက်ကစီးဆင်းနေတဲ့ ရေစီးသံကို အိမ်ထဲမှာဘယ်နေရာကဖြစ်ဖြစ် ကြားနေရတယ်.....။ ဧည့်ခန်းတွင်းက လှေခါးလေးအတိုင်း ဆင်းသွားရင်တော့ အသံကြား လှမ်းမြင်နေရတဲ့ စမ်းချောင်းလေးရှိရာကိုရောက်နိုင်ပါတယ်.....။
လူတွေဟာ သဘာဝကို ချစ်မြတ်နိုးကြတယ်.....မတတ်သာလို့  မှန်လုံအိမ် ၊ ကွန်ကရစ် အုတ်တိုက်ထဲမှာ နေကြရပေမယ့် ဖြစ်နိုင်ရင် သဘာဝပတ်ဝန်းကျင်နဲ့  နီးစပ်ချင် ကြတယ်.....။ ဗိသုကာက ဒီအိမ်လေးကို ပတ်ဝန်းကျင်နဲ့  တသားတည်းဖြစ်နေအောင် ပုံစံထုတ်ထားတယ်......။ ပတ်ဝန်းကျင်မှာရှိတဲ့ ကျောက်တုံး ကျောက်ခဲ တွေနဲ့  အိမ်အတွင်း အပြင်ကို မွမ်းမံထားပြီး ပတ်ဝန်းကျင်ကို အလွယ်တကူ လှမ်းမြင်နေနိုင်တဲ့ အတွက် အိမ်ထဲမှာနေရတဲ့ အိမ်သူအိမ်သားတွေအဖို့  ရေတံခွန် နောက်ကွယ်က ကျောက်လှိုဏ်ဂူထဲမှာ နေရသလို ခံစားရမှာပါ......။ အိမ်ပုံစံကိုလည်း ရေတံခွန်ပုံကို အခြေခံထားပါတယ်......။
ဒီအိမ်လေးက အရင်က အပန်းဖြေစံအိမ်လေး......
အခုတော့ ကမ္ဘာကျော်သော အိမ်ကလေး ၊ ပြတိုက်ဖြစ်သွားသော အိမ်ကလေး ၊ ငွေရှာပေးသော အိမ်ကလေး......၊ အဲဒီ အိမ်ကလေးက Fallingwater House........။ ။

2 comments:

RAVEN Blood Donor Club said...

Frank Lloyd Wright, He is my Hero. I really like his simple and very useful design.

Layma said...

Raven,,,
Brother....nice 2 meet u here...
I'm so glad to hear that u r a B.arch graduated...and we have same respect to Lloyd...Thz !!!