Tuesday, June 05, 2007

မီ.....မေ...မြူ.....

“မ” တလုံး ၊ ဘ၀အရှုံးနှင့် မိန်းမလှများ.......

၁။ “မီ” ( “မီ”- ကြည်အေး )
“ လမင်းကြီးကို မီကြောက်တယ်....လမင်းကြီးက ၀ိုင်းဝိုင်းကြီး...ခြေလက်တွေလဲမပါဘူး.....မီ ကြောက်လိုက်တာ...”

( စာအုပ်မသိမ်းထားမိ.....ဖတ်ခဲ့တာလဲကြာပြီ...စာသားတွေ လွဲနေနိုင်ပါသည်။)

၂။ “မေ” (“မေ”- ဒဂုန်တာရာ)
“အကောင်းကို ရှာ၏ ။ အကောင်းကား မရှိတော့....။”

၃။ “မြူ” (“မြူ” - မ၀င့်မြစ်ငယ်)
“မြူသည် လေနှင့်အမှုတ်ခံရတဲ့ ကောင်းကင်မြူတွေလို တစ်စစီလွင့်ပါးခဲ့ပြန်လေပြီ......။”

ဖတ်ဖူးလား.....၊၊ သူတို့ သည် လှကြသည်....၊ တစ်ခုခု ထူးချွန်ကြသည်.....။ သို့ သော် နိဂုံးမလှ....ရှုံးကြရသည်....။ စိတ်ကို အစိုးမရခြင်း.....ထိန်းချုပ်နိုင်စွမ်းမရှိခြင်းကြောင့်ဟု ထင်ပါသည်.......။
လေးမမှာ မေးခွန်းလေးတစ်ခု ရှိနေပါတယ်.....။ ဒီလို ဇာတ်ကောင်တွေရဲ့ နာမည်ဟာ ဘာလို့  မတစ်လုံးတည်းဖြစ်နေရတာပါလိမ့်........။ ။????????

4 comments:

naing said...

ကြာသပတေး သမီး နာမည် လှလှမှာ ခေါ်ရတာ လွယ် ပြီး လှလို ဖြစ်မယ် ထင်ပါတယ် ။ မှုန် ၊ မီ ၊ မ ၊ မေ ၊ မြတ် ၊ မြင့် ... မြူ တဲ့

Layma said...

U r right !! (naing)
That's why they are Thu born..
What a nice thinking!!!

Anonymous said...

အကောင်းကိုရှာ၏ အကောင်းကား မရှိတော့ ပြည်ကြီးပြန်သွားလေပြီ

pandora said...

မ တစ်လုံးတည်းလား .. ရှိသေးတယ် ဆရာဗန်းမော်တင်အောင်ရဲ့ မြိုင်.. ဆရာဒဂုန်တာရာမှာလည်း မြိုင် ရှိခဲ့သေးတယ်