Sunday, June 24, 2007

စွပ်ပြုတ် သောက်ကြမယ်…

Blog များကို အလည်ထွက်တဲ့အခါ ကြက်စွပ်ပြုတ် ( နှလုံးသားအာဟာရ )
မှီဝဲသူတွေ အတော်များတာ တွေ့ ရပါတယ်......။ ဒါကြောင့်လည်း အားပြည့်လန်းဆန်းတဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်နေကြတာထင်ပါရဲ့.....။ “လေးမ” လည်း ကြက်စွပ် ကြိုက်ပါတယ်.....။ ပြန်မမှီဝဲ ဖြစ်တာတော့ ကြာပြီ.....။ အခု English Blog မှာ post တစ်ခုရေးရင်း အဲဒီ post လေးနဲ့  ဆိုင်တဲ့ story လေး (နှလုံးသား အာဟာရ တတိယတွဲ ) မှ ကူးပေး လိုက်ပါတယ်......။ စိတ်အာဟာရ ဖြစ်စရာ စွပ်ပြုတ်လေးကို “လေးမ”
နဲ့ အတူတူ မြည်းကြည့်ရအောင်......

ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ့ နေနိုင်မလဲ
ဇိမ်ခံရွက်သင်္ဘောနှင့် အပန်းဖြေခရီး ထွက်လာသည့် ဧရာမလုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်က ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း တံငါသည် တစ်ယောက်နှင့် တွေ့ သည်။
တံငါသည်က လှေနံဘေးမှာ အေးအေးဆေးဆေး လှဲကာ ဆေးတံကိုခဲ၍ နေသည်။ သူ့ ပုံစံကို ကြည့်ကာ သူဌေးကြီး စိတ်ပျက်သွားပြီး ကရုဏာဒေါသောနှင့် မေးသည်။
“ မင်း ဘာလို့  ငါးဖမ်းမထွက်ဘဲ ဒီမှာ ထိုင်နေတာလဲ ၊”
“ မနက်အစောကြီးကတည်းကပဲ တစ်နေ့ စာ ဖမ်းလို့  ရပြီးပြီဗျ ၊ ” တံငါသည်က ဖြေသည်။ “ဟ၊ ဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား၊ ” “ ဖမ်းပြီးဘာလုပ်ရမှာလဲ၊ “ ထပ်ဖမ်းပြီးတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ ၊ ပိုက်ဆံ များများရရင် မင်းလှေမှာ စက်တပ်လို့ ရမယ် ၊ စက်နဲ့ ဆိုရင် ပင်လယ်ထဲ အဝေးကြီး ထွက်နိုင်မယ် ၊ အဲဒီမှာ ငါးပိုရမယ် ၊ အဲဒါတွေရောင်းပြီး ပိုက်ဆံစုရင် မင်းနိုင်လွန်ပိုက်ဝယ်နိုင်မယ်၊ နိုင်လွန်ပိုက်နဲ့  ဖမ်းတော့ ငါးပိုရမယ်၊ ငွေပိုရမယ် ၊ လှေတစ်စီးက နှစ်စီး ဖြစ်လာမယ် ၊ အဲဒီခါ မင်းငါ့လို သူဌေးတစ်ယောက် ဖြစ်လာမှာပေါ့ကွ ၊ ” သူဌေးကြီးက ကြီးပွားရေးလမ်းကြောင်းကို တွက်ပြသည် ။ “ အဲဒီခါကျတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ ”
“ အဲဒီခါ မင်းငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့ နေနိုင်မှာပေါ့ကွ ၊ ”
“ သြ ၊ ကျွန်တော်က အခုကော ဘာလုပ်နေတယ် ထင်လို့ လဲ ၊ ”
( မူရင်းက How much is enough)

လင်ကွဲမယားကွဲ အဖြစ်ခံပြီး သူဌေးဖြစ်အောင် ကြိုးစားနေကြတဲ့ အချို့ 
အချို့ သော လုပ်ငန်းရှင်ကြီးများကို ဒီစွပ်ပြုတ်လေး တစ်ဇွန်းစီလောက် ဝေမျှလိုက်ချင်စမ်းပါဘိ.......။ ။

2 comments:

Anonymous said...

Oi, achei teu blog pelo google tá bem interessante gostei desse post. Quando der dá uma passada pelo meu blog, é sobre camisetas personalizadas, mostra passo a passo como criar uma camiseta personalizada bem maneira. Até mais.

Layma said...
This comment has been removed by the author.