Tuesday, June 05, 2007

Eiffel Tower













အရာရာကိုအပေါ်စီးက ကြည့်ချင်တဲ့ ၊ အောက်ကိုငုံ့  ကြည့်ချင်တဲ့ လူတွေရဲ့ ဆန္ဒကို ဗိသုကာတွေ ၊ အင်ဂျင်နီယာတွေက ဖြည့်စီးပေးခဲ့ကြတယ်.......။ ၁၈၈၉ မှာ အင်ဂျင်နီယာ Gustave Eiffel က ၉၈၆ ပေအမြင့်ရှိတဲ့ သံမဏိ မျှော်စင်တစ်ခုကို ပုံဖော်ပေးခဲ့ပါတယ်.....။ ၁၈၈၉ ကနေ ၁၉၃၀ အထိ ကမ္ဘာ့အမြင့်ဆုံး structure နေရာကို ပြိုင်ဘက်မရှိ သိမ်းပိုက်နိုင်ခဲ့တဲ့ မျှော်စင်ဖြစ်ပါတယ်......။ အောက်ခြေမှာ အခုံး (arch) လေးခုနဲ့  အစပြုလို့  အပေါ်ကိုတဖြည်းဖြည်းရှူးသွားပြီး columnတိုင်တစ်လုံးတည်းဖြစ်သွားတဲ့ design ပါ......။ နေ့ ဘက် သဘာဝအလင်းရောင်အောက်မှာမြင်ရတဲ့ အမြင်ရသနဲ့  ညဘက်မီးထွန်းထားတဲ့ အချိန်မှာ မြင်ရတဲ့ အမြင်ရသနှစ်ခု ကိုနှိုင်းယှဉ်ကြည့်ရင်း နေ့ နဲ့ ည ၊ အတုနဲ့  အစစ်ဆိုတာ ဘယ်လိုမှ မတူနိုင်ပါလား ဆိုတဲ့ အသိတစ်ခုကိုလည်း ရလိုက်ပါတယ်.......။ အနုပညာမြို့ တော်ဖြစ်တဲ့ Paris ရဲ့ Landmark ဖြစ်ဖို့ ဒီအချက်တွေလောက်နဲ့  မလုံလောက်သေးပါဘူး......။အလှဆုံး ၊ ပညာသားအပါဆုံး ဖန်တီးမှုတစ်ခု ရှိနေပါသေးတယ်.......။ အသား နဲ့ အရေ (skin) မပါတဲ့ အရိုးစု(skeletal structure) ဟာဘယ်တော့မှ မလှနိုင်ပါဘူး........။ Eiffel Tower မှာ Designer ဟာအဲဒီအမြင်ကို တော်လှန်ပြီး အကျည်းတန် skeletal structure ရဲ့ အလှဆုံးရသကို ဖော်ထုတ်ပြနိုင်ခဲ့တဲ့ အတွက် ပြင်သစ်ရဲ့ အထိမ်းအမှတ် (Symbol) ၊ ပဲရစ် ရဲ့ Landmark အဖြစ် ကမ္ဘာကျော်ခဲ့တာ ဖြစ်ပါတယ်...........။ ။

0 comments: