Wednesday, June 27, 2007

မျက်နှာပေါ်က အရောင်များ

မျက်နှာပေါ်က အရောင်များ (၁)
အရောင်လောကကြီးထဲမှာ နေထိုင်ကြတဲ့ “ လေးမ ” တို့  လူသားတွေရဲ့ မျက်နှာတွေမှာလည်း အရောင်တွေရှိကြတယ်……..။ သတိထားမိပါသလား……။ စိတ်ခံစားမှုကြောင့် မျက်နှာမှာ အရောင်တွေ ပြောင်းသွားတတ်တယ်……..။ အသားဖြူတဲ့ လူတစ်ယောက် ဒေါသထွက်နေရင် သူ့ မျက်နှာက အနီရောင်တောက်တောက်…….၊ အသားမည်းတဲ့ သူ ဒေါသထွက်ရင်တော့ အမည်းရောင်……..၊ မဟုတ်တာလုပ်ထားတာ လူမိသွားတဲ့ သူကတော့ ညိုပုပ်ပုပ်…….၊ ပီတိနဲ့  ရှက်ကိုးရှက်ကန်း ဖြစ်တဲ့ အခါ ပန်းနုရောင် ……..၊ ရှက်ဒေါသ ဖြစ်တဲ့အခါ အနီရောင် ( ဖျော့ဖျော့ )…….၊ သွေးပျက် စရာနဲ့  ကြုံတဲ့အခါ ဖြူဖျော့ဖျော့……..၊ အလိုမရှိတဲ့သူနဲ့  ဆုံတဲ့အခါ မျက်လုံးနဲ့  မျက်နှာထားက ခပ်စိမ်းစိမ်း…….. ။ ကျန်းမာရေးအခြေအနေ ၊ ရာသီဥတု နဲ့  တခြားအကြောင်း အရာတွေ ကြောင့်လဲ မျက်နှာ အရောင်ပြောင်းတတ်ပါတယ်……..။ ကျန်းမာရေး မကောင်းတဲ့အခါ နဂို အသားရောင်ရဲ့ ဖျောတောတောအရောင်……..၊ အရက်သောက်ထားတဲ့အခါ အနီ…….၊ နေပူရင် ပန်းသွေးရောင်…….နေပြင်းရင်တော့ အနီရောင်……၊ ငိုထားရင် အနီရောင်ပုပ်ပုပ်…….၊ ဒီလိုဘဲ ရယ်လွန်းရင်……ချမ်းလွန်းရင်……..မိုးရွာရင်…. ပျော်လွန်းရင်…... ။ ဘယ်ချိန်မှာ ဘာရောင်တွေ ပြောင်းကုန်တယ်ဆိုတာ မသေချာပေမယ့်…….. တစ်ယောက်နဲ့  တစ်ယောက် မတူနိုင်ပေမယ့်……. မျက်နှာပေါ် က အရောင်တွေ ပြောင်းလဲ နေတတ်တာကတော့ သေချာပါတယ်……။ ကိုယ့်မျက်နှာ ဘယ်အချိန်မှာ ဘာအရောင် ပြောင်းသွားလဲဆိုတာ သိချင်ရင်တော့ မှန်ရှေ့မှာ စမ်းသပ်ကြည့် လိုက်ပါ………( အပူလား…အအေးလား….အလင်းလား….အမှောင်လား ?) ။ ။


မျက်နှာပေါ်က အရောင်များ (၂)
( အမျိုးသားများ မဖတ်ရ )
အမျိုးသမီးတွေအနေနဲ့  ချစ်စဖွယ်ဖြစ်အောင် ၊ ဆွဲဆောင်မှုရှိအောင် ၊ ရင့်ကျက်သယောင်ထင်ရအောင် မျက်နှာမှာ အရောင်တွေ စပ်လို့ ရပါတယ်……..။ စကားပြောတဲ့ အခါ အသံအနိမ့်အမြင့် ပြောင်းလဲမှုမရှိဘဲ စာရွတ်သလို တသံတည်း ( monotone ) ပြောရင် နားထောင်လို့  မကောင်းသလို မျက်နှာ မှာလည်း တရောင်တည်း တသားတည်း သုံးထားရင် လှတယ်

လို့  ပြောလို့ မရပါဘူး……။ ( ဘာမှမလိမ်းထားဘဲ ရိုးရိုးလေးလှတယ် ဆိုတဲ့ သူတွေကတော့ မွေးရာပါ မျက်ခုံးနက်နက်….. မျက်လုံးနက်နက်…. နှုတ်ခမ်းရဲရဲလေးတွေ ရှိပြီးသားမို့  လှတာပါ )…..။ မျက်နှာမှာ monotonous မဖြစ်ရအောင် ပါး….မျက်လုံး….မျက်ခုံး နဲ့  နှုတ်ခမ်း တွေကို ဆေးရောင်လှလှ ခြယ်လိုက်ပါ…….။ ပါးနီဆိုလို့  အနီရောင်ရဲရဲ……ပန်းရောင်တောက်တောက်ကြီးကို ပြေးမမြင်လိုက်ပါနဲ့ …… သွေးအားကောင်းလို့  ပါးလေးတွေရဲနေတာလို့  ထင်ရစေမယ့် အရောင်မျိုးကိုဘဲသုံးပါ……။ ရမ်းသန်းမှန်းသန်းပြောရရင်တော့…….အသားဖြူရင် ပန်းရောင် ၊ ပန်းနှင်းဆီ ၊…….အသားညိုရင် အညိုရောင် ၊ လိမ္မော်ရောင် သုံးသင့်ပါတယ်……. မြန်မာအမျိုးသမီးအများစုကတော့ ၀ါဝင်းတဲ့ အသားအရည်ရှိတဲ့အတွက် ပန်းရောင်ကို လိမ္မော်ဖောက်ထားတဲ့ အရောင် သုံးသင့်တယ်လို့  ထင်ပါတယ်……..( အရောင်ရှာလို့ မရရင် နှစ်မျိုးလုံးဝယ်ပြီး စပ်သုံးပါ ) ။ အသက်အရွယ်နဲ့ ပြောရင်တော့ ဆယ်ကျော်သက်တွေက Baby pink လို့  ခေါ်တဲ့ ပန်းရောင်လေးနဲ့ ဆိုရင် ချစ်စရာကောင်းမှာ ဖြစ်ပြီး “လေးမ”
တို့ လို nearly 30 တွေကတော့ ရင့်ကျက်တည်ငြိမ်တဲ့ အသွင်ကိုဆောင်ဖို့  Rose ခေါ်တဲ့ ပန်းနှင်းဆီကို အညို ဖောက်ထားတဲ့ အရောင် (သို့ ) လိမ္မော်ညို ကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်…….။ မျက်လုံးကိုတော့ အ၀တ်အစားနဲ့  လိုက်ဖက်တဲ့ အရောင်ကို ရွေးလိုက်ပါ……ရွေးလိုက်တဲ့ အရောင်ကိုမှ အဖျော့ ၊ အလယ်အလတ် ၊ အရင့် ဆိုပြီး သုံးရောင်ကို မျက်လုံးမှာ သုံးပိုင်းပိုင်းပြီး ခြယ်လိုက်ပါ…….အသေးစိတ်တော့ မရေးတော့ဘူး……(ဆရာစားချန်လိုက်ဦးမယ်) ။ မျက်ခုံးကိုတော့ ဆံပင်အရောင်ထက် ဖျော့တဲ့ အရောင်သုံးပါ……မျက်ခုံးမဆွဲချင်ဘူး….. သဘာဝအတိုင်းဘဲ ထားမယ်ဆိုရင်တော့ ဆံပင်ကို အရောင်ဆိုးဖို့  လုံးဝ မစဉ်းစားပါနဲ့ …..။ နှုတ်ခမ်းကိုတော့ တချို့ က အ၀တ်အစားနဲ့ လိုက်တဲ့ အရောင်ဆိုးပြီး…..
တချို့ ကတော့ ကိုယ်နဲ့ လိုက်တဲ့ အရောင်ဘဲ ဆိုးကြပါတယ် ………။ ဆေးရောင်စုံ မိန်းကလေးဆိုတာ နားထောင်ရဆိုးပေမယ့် ကြည့်ရတာ လှပါတယ်…….။ သူများတွေကြည့်ဖို့  အလှပြင်စရာမလို ပေမယ့် ကိုယ့်ဟာကိုယ် စိတ်ချမ်းသာနေဖို့ ……ယုံကြည်မှုရှိနေဖို့ …… တက်ကြွလန်းဆန်းနေဖို့  အလှပြင်ခြင်း အနုပညာ ရှိသင့်ပါတယ်……..။ “ ပါးပြင်မှာ သနပ်ခါးလေးနဲ့  ချစ်စရာကောင်းလိုက်တာကွယ် ” ဆိုတာ ဆယ်ကျော်သက်တွေအတွက် ပြောတာပါ……….။ Over 25 ဆိုရင်တော့ ချစ်စရာကောင်းချင်မှ ကောင်းမှာပါ…..။ ။
( လေးမ စိတ်ရူးပေါက်ပြီး လျှောက်ရေးသမျှ……ဆုံးအောင်ဖတ်တဲ့ သူတွေအားလုံး စိတ်ရော…..လူရော….အရမ်းလှကြပါစေရှင်…….)

4 comments:

Anonymous said...

အမျိုးသားများ မဖတ်ရဆိုလို့ အမျိုးသမီးယောင်ဆောင်ပြီး ၀င်လာလိုက်တယ် ...ခိ..ခိ...မမ ကလည်း သာမီးကမိန်းခလေးဆိုတော့အရောင်တွေသိဖို့လိုတယ်လေ..ဟုတ် ...ခု သာမီးသိသွားပီ... ခိ... ကျေးဂျူးပါရှင် ... ခွိ့...

Layma said...

ညည်းဘယ်သူလဲ……ငါ့ကမ္ဘာကို ရုပ်ဖျက်ပြီးတော့ ၀င်လာတယ်ပေါ့……I am the queen ဆိုတာသိတယ်မို့ လား……သတိထား….

ပေါက်ပေါက်ဆုပ် said...

မလေးပြောမှပဲ အရောင်တွေကို သတိထားမိတော့တယ်
သေချာမှန်ထဲကြည့်ကြည့်လိုက်အုံးမယ် ... ဟိဟိ

Layma said...

ပေါက်ပေါက်ဆုပ်ရေ…..မှန်ရှေ့မှာ…ဒေါသထွက်လိုက်….ရယ်ကြည့်လိုက် နဲ့စမ်းသပ်တော့မယ်ဆိုရင်….အနားမှာ ဘယ်သူမှ မရှိစေနဲ့ နော်….