Thursday, June 21, 2007

ကိုယ့်ကုသိုလ်နဲ့ ကိုယ်……

Connection က အခုတလော ဘာဖြစ်နေမှန်းကို မသိဘူး ………. တော်တော်ဆိုးနေတယ် …….. ( ခုတလောဆိုတော့ အရင်ကကောင်းတယ်လို့  မထင်နဲ့ ……..) ။ ခုဟာက လွန်ကိုလွန်တယ်……. မပြောရဲလို့  ကြည့်နေတာကြာပြီ…….။ web page/ site တွေကို လိပ်ပေါ် တင်လွှတ်လိုက်ရင်တောင် မြန်မြန် ရောက်ဦးမယ် ……. download ဖို့ ဆို စိတ်တောင် မကူးရဲဘူး……။ Blog တွေလည်း များများ မလည်နိုငိဘူး …… Blog နှစ်ခုလောက် ခေါ်ထားပြီး ထမင်းအေးအေးဆေးဆေးစား……..စားပြီးတဲ့အချိန်ဆို ဖတ်လို့ ရပြီ …….။ အဆိုးဆုံးက Blog ကို log in လို့ မရတာဘဲ……..အိမ်ထဲ ၀င်လို့ မရလို့  အိမ်ရှေ့မှာ မတ်တပ်ရပ်နေရတဲ့ လူလိုဘဲ ခံစားနေရတယ် ……။ Blog ကိုမြင်နေရတယ်…… ၀င်လို့ မရဘူး………cbox ကိုမြင်နေရတယ်……..ဒါပေမယ့် cbox ထဲမှာ Internet Explorer cannot display the webpage ဆိုတာကြီးဘဲတွေ့  ရတယ်…….။ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲ ၊ ၁၁ နာရီ လောက်ဆိုရင်တော့ connection က not so bad ........ အဲဒီတော့....... အိပ်ချိန်ပြောင်းရင် ကောင်းမလား ???……….နေရာပြောင်းရင် ကောင်းမလား???………
“ဟော…..cbox ထဲကစာတွေ မြင်ရပြီ……….ဘော်ဘော်တွေကို reply လိုက်ဦးမယ်……..ဟင် !!!…….. posting failed တဲ့……..” ။ ။

P.s. Connection ကြီးရေ........စိတ်တိုနေတုန်းရေးမိသွားတာနော်…….ရန်လုပ်ချင်လို့  ဟုတ်ဘူး….။ ကနောင်မင်းသား ကလှိုင်ထိပ်ခေါင်တင်ကို ပေးတဲ့ ရတုနဲ့ တောင်းပန်လိုက်ပါတယ်......“ လက်သုံးတော် ဓါးကိုမှ ယောင်မှားကာကိုင်.........သေစေလိုလို့  မဟုတ်ပါဘဲ.......”

2 comments:

Anonymous said...

တီလေး ... ရေးတတ်လိုက်တာဗျာ... မပြောရဲလို့ ကြည့်နေတာ ကြာပြီတဲ့လား ... ပါးပါးလေးဖဲ့လိုက်တယ်ပေါ့ ...
p.s ကို အကြိုက်ဆုံးပဲဗျ ... ဟား ... ဟား ... ဟား ... ဒါမှ ..တီလေးကွ ...

Layma said...

JB….JB….တော်တော်…တော်တဲ့ကလေးဘဲ….တထွာလောက်ပြရင်….တတောင်လောက်မြင်တယ်…..you ကြောင့် တော့ခက်ပါတယ်….