Tuesday, July 03, 2007

မြန်မာအမျိုးသမီးများနေ့ ကို ဂုဏ်ပြုသောအားဖြင့်….

မြန်မာအမျိုးသမီးများနေ့ ….ဇူလိုင်လ (၃) ရက်…..ဟူသော အပြာရောင် ဆိုင်းဘုတ် အကြီးကြီးကို ရန်ကုန်မြို့ ရဲ့ အချို့ သောနေရာများမှာ တွေ့ နေရတာ တပတ်လောက် ရှိသွားပါပြီ ။ ဒီနေ့ တော့ အဲဒီနေ့ ကို တကယ်ရောက်လာခဲ့ပါပြီ…….။ International Women’s Day ကတော့ မတ်လ ၈ ရက် …….။ မြန်မာကတော့ ဇူလိုင် ၃ ရက်တဲ့……။ ဘယ်နေ့ ဖြစ်ဖြစ်ပါ….. ခုလို သတ်သတ်မှတ်မှတ် ရှိလာတယ်ဆိုတာကိုက အမျိုးသမီးတွေ နေရာရ….. အရေးပါလာတဲ့ သဘောရှိပါတယ်……..။ မြန်မာအမျိုးသမီးတွေက အခုမှ အရေးပါ အရာရောက် လာတာတော့ မဟုတ်ပါဘူး……။ နေရာတကာ အရေးပါ အရာရောက်ခဲ့တာ ကြာ….လှပါပြီ…….။ ဦးပုညက ဆဒ္ဒန်ဆင်မင်း ဇာတ်ထဲမှာ “ သူ့ မယားငိုခဲ့လျှင်….. ဟိုလူကြီးက ပျာယီးပျာယာ…..ဘဇာအရေး မတွေးမမြော် ….” လို့  သရော်ခဲ့တာကိုကြည့်ရင် မိန်းမတွေ ဘယ်လောက်အရေးပါလဲ သဘောပေါက်……။ သီပေါမင်းရဲ့ အိမ်သူသက်ထား စုဖုရားရဲ့ အရေးပါ အရာရောက်လိုက်ပုံများကတော့ ရာဇ၀င်မှာ စာတွင်ရစ်ပါပေတယ်…….။ အမျိုးသမီး စွမ်းဆောင်ရှင် စုဖုရားရဲ့ ကြီးမားလှတဲ့ ကျေးဇူး က …….မောင်ပျော်မြူးတဲ့ ဆောင်တော်ကူးတဲ့…..အလေ့အထကို ပယ်ဖျက်နိုင်ခဲ့တာပါဘဲ…….( နန်းမတော်မယ်နု…၊ ဆင်ဖြူမရှင်….စတဲ့ သြဇာ ကြီးမား မိန်းမသားတွေလည်း ရှိခဲ့…..ရှိဆဲ…..ရှိလတ္တံ့  ပါဘဲ )။ အခုခေတ်မှာလည်း မိခင်နှင့်ကလေး ၊ အမျိုးသမီးရေးရာ ၊ အမျိုးသမီး စွမ်းဆောင်ရှင်များ စတဲ့အသင်းကြီးတွေက အမျိုးသမီးတွေရဲ့ အရေး...ပြဿနာ... အ၀၀ကို တာဝန်ယူဖြေရှင်း စောင့်ရှောက်ပေးနေတယ်လို့  ပြောပါတယ်…….။ ၀မ်းမြောက်စရာ ကောင်းပါတယ်……။ ကြုံတုန်းကျောင်းတုန်းက အဖြစ်အပျက်လေးတစ်ခုကို မျှဝေချင်ပါသည်……။ “လေးမ” တို့  ဗိသုကာကျောင်းသား တွေက နောက်ဆုံးနှစ်မှာ
ဘွဲ့ ယူစစ်တမ်းလို့ ခေါ်တဲ့ Thesis လုပ်ရပါတယ်…….(တခြားမေဂျာတွေက မာစတာတန်းရောက်မှ Thesis လုပ်ရတာ)……။ ကိုယ်ကြိုက်တဲ့ အဆောက်အဦ အမျိုးအစားကို ရွေးချယ်ပြီး ဒီဇိုင်း လုပ်ပြရတာ……ကျောင်း ၊ ဆေးရုံ ၊ ပြတိုက် ၊ ကဇာတ်ရုံ …..စတဲ့ ကြိုက်တဲ့ အဆောက်အဦ ….ခေတ်နဲ့  လျော်ညီတဲ့ အဆောက်အဦ….. ကိုလေ့လာသုံးသပ်ပြီး ပုံစံထုတ်ပေးရတယ်…….။ တစ်နှစ် မှာတော့ ခေတ်ကို မျက်ခြေမပြတ်တဲ့ ကျောင်းသူတစ်ဦးက “ အမျိုးသမီးများ ရုံးချုပ် ” ကို ဘွဲ့ ယူစစ်တမ်းအဖြစ် တင်သွင်းမည့် အကြောင်း ဆရာနဲ့  ဆွေးနွေးပါတယ်…..။ ဆရာက
“ မင်း......ရုံးချုပ်က ဘာတွေလုပ်မှာလဲ……” လို့ မေးပါတယ်……။ ကျောင်းသူက တော်တော်နှင့် မဖြေ…….။ စိတ်မရှည်တော့တဲ့ ဆရာက အခုလိုပြောခဲ့ပါတယ်…….
အမျိုးသမီးများရုံးချုပ်မှာ……..ယောက်ျားတွေခေါ်ပြီး……ပါးရိုက်မှာလား…….ကွ…….” ( အဆောက်အဦမှာ ပြုလုပ်မယ့် လုပ်ငန်းဆောင်တာများကို သိမှ ဘာအခန်း တွေထည့်မယ်…… .အကျယ်အ၀န်းဘယ်လောက်ထားမယ်……ဆိုပြီး အာခီတက် က ဒီဇိုင်းထုတ်နိုင်မှာမို့ လို့  ဆရာကြီးက အခုလို ပြောခဲ့တယ်လို့  ယူဆပါတယ်…….) ။
မြန်မာအမျိုးသမီး “လေးမ” မှ အရေးပါ အရာရောက်လှသော မြန်မာအမျိုးသမီးများကို ဤ Post ဖြင့် ဂုဏ်ပြု လိုက်ပါသည်…….။ ။

2 comments:

Anonymous said...

ဩော် ... မြန်မာအမျိုးသမီးများနေ့တောင် ရောက်လာပါပေါ့လား ...
ကောင်းပ ..ကောင်းပ ...
ဦးပုညက ဆန္ဒန်ဆင်မင်း ဇာတ်ထဲမှာ
“ သူ့ မယားငိုခဲ့လျှင်….. ဟိုလူကြီးက ပျာယီးပျာယာ…..ဘဇာအရေး မတွေးမမြော် ….” လို့ 
သရော်ခဲ့တာကိုကြည့်ရင် မိန်းမတွေ ဘယ်လောက်အရေးပါလဲ သဘောပေါက်……

ပေါက်ပါတယ်ဗျာ .. ပေါက်ပါတယ် ... ပေါက်ပါတယ် ...

"အမျိုးသမီး စွမ်းဆောင်ရှင် စုဖုရားရဲ့ ကြီးမားလှတဲ့ ကျေးဇူး က …….မောင်ပျော်မြူးတဲ့ ဆောင်တော်ကူးတဲ့…..အလေ့အထကို ပယ်ဖျက်နိုင်ခဲ့တာပါဘဲ…

ဒါကိုလည်း လက်ခံပါတယ် ... မြန်မာ့ monogamy အစ စုဖုရားလတ်က ပေါ့...
ဒီသီပေါဘုရင်က မြန်မာ့ရာဇ၀င်မှာ တော်တော်ကံဆိုးရှာတာပဲဗျ ... သူ့လက်ထက်ကျမှ မိန်းမလည်း တစ်ယောက်ပဲရ တိုင်းပြည်လည်း အင်္ဂလိပ်လက်အောက်ကျတော့တာပဲ ..

“မိခင်နှင့်ကလေး ၊ အမျိုးသမီးရေးရာ ၊ အမျိုးသမီး စွမ်းဆောင်ရှင်များ စတဲ့အသင်းကြီးတွေက အမျိုးသမီးတွေရဲ့ အရေး..
.ပြဿနာ... အ၀၀ကို တာဝန်ယူဖြေရှင်း စောင့်ရှောက်ပေးနေတယ်လို့  ပြောပါတယ်…” <<< ပြောပါတယ်တဲ့ ... ဟား..ဟား..ဟား...ရေးတတ်တယ်ဗျာ ... ထိ၏ ။
ဟိုကျောင်းသူ ရဲ့ ရုံးချုပ်ကလည်း ဟုတ်တော့ ဟုတ်သားဗျ ... ဘာတွေလုပ်မှာလဲ လို့ မေးစရာ ... တကယ်တော့ လုပ်မယ်ဆို လုပ်စရာတွေရှိပါတယ် ... အမျိုးသမီးကဏ္ဍတွေကလည်း
အများသားမဟုတ်လား ..
အေးပေါ့ဗျာ ... ပြောထားဦးပေါ့ ...
အမျိုးသားနေ့ကျမှ တွေ့မယ် ... :P
ဒါနဲ့ Label ပေးထားတာလေးမိုက်တယ်ဗျ ... seasonal post ဆိုတာလေ ... တွေးပဲ တွေးတတ်တယ် ... ရာသီစာ ပေါ့ .. အဲသလိုလား ...

Layma said...

ရာသီစာ ဆိုတာမှန်ပါတယ်….အပေါ်ကဟာတွေကတော့ သူဘာတွေ တွေးပြီးမှတ်ချက်ပေးသွားမှန်း သမီးဘာမှ(တလုံးမှ…လုံးဝ) နားမလည်ပါဘူးရှင်….