Tuesday, January 29, 2008

ပိုးစုန်းကြူး အော်သံ

လေကြီး မိုးကြီးတွေ

တိုက်နေလိုက်တာ

အစွမ်းကုန် ကြမ်းကြမ်းရမ်းရမ်းပါပဲ…။

ရွာသာရွာချလိုက်ပါ

မင်းရွာချလိုက်တဲ့ မိုးရေစက်တွေက

ငါ့ရင်သွေးတွေကို

စိုရုံလေးစိုရင်တောင်

ငါဝမ်းမြောက်စွာ ဖွင့်ကြိုလိုက်မှာပါ…။

ငါကိုပစ်ချင်ရုံ သက်သက်နဲ့တော့

မိုးကြိုးတွေ ထစ်ချုန်းမနေပါနဲ့…။

မေးစမ်းပါရစေ.လား

ဟိုးအဝေးကြီးကနေ

စကားလုံးကြီးကြီးတွေနဲ့

ဆွေးနွေးရေးတွေ လုပ်နေတဲ့

ဲ့မင်းတို့ပါးစပ်တွေလောက်

မြေဖြူ မှုန့်တွေ မြိုမြို ချနေတဲ့

ငါ့ပါးစပ်တွေက မသန့်ရှင်းဘူးလား…။

ကြိုဆိုပါတယ်ပြောပြီး

ပိုက်ထားတဲ့ မင်းတို့လက်တွေလောက်

လျှောက်နင်းသွားဖို့  ဖြန့်ခင်းထားတဲ့

ငါ့လက်တွေက မသန်မာဘူးလား…။

စကားအပိုတွေမပြောချင်ဘူး

အရှင်းဆုံးပဲပြောမယ်…

ငါပိုင်ဆိုင်တဲ့ ပိုးစုန်းကြူးအလင်းလေးက

မင်းတို့ လျှပ်စစ်မီးတွေလောက်

ထိန်ထိန်မညီးနိုင်ပေမယ့်..

ခဏခဏ ပျက်တတ်တဲ့ အရာမဟုတ်ဘူး…။

ဘ၀ကို တောင် လမ်းခင်းပေးခဲ့သေးတာပဲ

ခုချိန်မှတော့

ငါဆိုတဲ့ ငါက

အသေသတ်ရင်တောင်

အနေမြတ်ခဲ့လို့

ကျေနပ်နေမယ့်သူဆိုတာ

မှတ်ထား…။ ။

17 comments:

Anonymous said...

“မင်းတို့ပါးစပ်တွေလောက်

မြေဖြူ မှုန့်တွေ မြိုမြို ချနေတဲ့

ငါ့ပါးစပ်တွေက မသန့်ရှင်းဘူးလား…။

ငါပိုင်ဆိုင်တဲ့ ပိုးစုန်းကြူးအလင်းလေးက
မင်းတို့ လျှပ်စစ်မီးတွေလောက်

ထိန်ထိန်မညီးနိုင်ပေမယ့်..

ခဏခဏ ပျက်တတ်တဲ့ အရာမဟုတ်ဘူး…။

ငါဆိုတဲ့ ငါက

အသေသတ်ရင်တောင်

အနေမြတ်ခဲ့လို့

ကျေနပ်နေမယ့်သူ ။”

အော်သံတွေထဲက
အလင်းသဲ့သဲ့ကို
ကြားလိုက်တယ် ။
တိုးတိတ်ကျယ်လောင်စွာ ..........

Anonymous said...

အားးးး!!!ကဗျာ တအားကောင်းတယ်အမကြီး ။ ပိုးစုန်းကြူးအော်သံကို ရင်နဲ့ဆတ်ဆတ်ကြားလို့ရတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ :)

Anonymous said...

ဟုတ်ကဲ့.. မှတ်ထားပါတယ် :P

Anonymous said...

မလေးမရယ် ကဗျာက တယ်ကောင်းတာပဲ။ ပိုးစုန်းကြူး အော်သံ အကျယ်ကြီး ကြားလိုက်တယ် ထင်တယ်။

Anonymous said...

ခုချိန်မှာတော့..ငါဆိုတဲ့ငါက..အသေသတ်ရင်တောင်..အနေမြတ်ခဲ့လို့..ကျေနပ်နေမယ့်သူဆိုတာ..မှတ်ထား..။။တဲ့အဲဒီနေရာလေးကိုအရမ်းကြိုက်တယ်..မမ..ရဲ့ ကဗျာလေးကိုခိုက်သွားပြီ....ohh cool...

Anonymous said...

ငါပိုင်ဆိုင်တဲ့ ပိုးစုန်းကြူးအလင်းလေးက

မင်းတို့ လျှပ်စစ်မီးတွေလောက်

ထိန်ထိန်မညီးနိုင်ပေမယ့်..

ခဏခဏ ပျက်တတ်တဲ့ အရာမဟုတ်ဘူး…
ဂွတ် ဂွတ်...အရမ်းမိုက်တယ် ကျနော်ကအဲ့လိုမျိုးရေးချင်တာ မရေးတတ်လို့ ဗျ..လေးစားတယ်ဗျာ

Anonymous said...

အားပါး..လေးမရေ.. ဒီကဗျာလေးကို တကယ်ခိုက်သွားပြီ။ :)

Anonymous said...

mite da lal..kyike da lal.. poe sone kyuu yay..

sorry my computer got problem that's why took long time to come and visit u..

keep on rolling!!

Anonymous said...

တကယ်ဂွတ်တယ်ဗျာ ။ ကဗျာစာသားတွေကတော့
တစ်ကြောင်းချင်းစီမှာ အဓိပ္ပာယ် အပြည့်ပဲ။
အားပေးလျှက်။ပျော်ရွှင်ပါစေ..

Anonymous said...

အားပါးပါး .. မှတ်ထားပါ့မယ်ဗျာ ..။
ကောင်းလိုက်တာ ကဗျာက

Anonymous said...

ဂျူနီယာရေ အရောက်နောက်ကျ သွားလို့ ... အရမ်း ကောင်းတယ်ဗျို့ ... ကဗျာ က ...

Anonymous said...

စကားအပိုတွေမပြောချင်ဘူး

အရှင်းဆုံးပဲပြောမယ်…

ဒီကဗျာအကြိုက်ဆုံးပဲ လေးမရေ...

မိုက်တယ်ကွ။

Anonymous said...

ငါဆိုတဲ့ ငါက
အသေသတ်ရင်တောင်
အနေမြတ်ခဲ့လို့
ကျေနပ်နေမယ့်သူဆိုတာ
မှတ်ထား…။ ။

ဒီအဖွဲ့လေးက မာန်အပြည့်ပဲနော် ချစ်မ
မှတ်ထား ......ဟွန့်

Anonymous said...

မမ ရည်ရွယ်ချက် ဒါမှမဟုတ် ခံစားချက်တစ်ခုခုနဲ့ ရေးထားတဲ့ ကဗျာလေးလို့ထင်တယ်
ဒီအချိန်မှာ ဖတ်ရလို့ ပိုပြီးထိသွားတယ်
ကောင်းလိုက်တာ ချစ်မ

Anonymous said...

သိပ်ကောင်းတဲ့ စာသားတွေပဲ လေးမရေ.

ဘရာဗို...

ခင်မင်လေးစားလျက်

ရန်အောင်

Anonymous said...

>ကိုမင်းထင်...တိုးတိတ်ကျယ်လောင်စွာ ဆိုတဲ့ အသုံးအနှုန်းက ကိုမင်းထင် ဘယ်သူဆိုတာ လေးမကို ပြောပြနေတယ်...။ :P

>ညိမ်းညို... ရင်နဲ့ ဆတ်ဆတ်ကြားတာကို အား ခနဲ အော်၇သလား...ကဗျာဆရာရဲ့..တိုးတိုး လုပ်ပါ...။

>သဇင်.. ကောင်းပြီ... နောက်လ ပြန်မေးမယ်..။

>မပုံရိပ်...အော်သံ အကျယ်ကြီး ကြားပြီး..ထွက်တော့ မပြေးပါဘူးနော်..။

>စိုးမိုးလေး..ခိုက်ရင် ရိုက်သွားလိုက်..အဲ..ဟဲ..ကျေးဇူး ညီမလေး..။

>မောင်မျိုး..အဲလို ရေးချင်ရင် လေးမ ဆီမှာ တပည့်ခံလေ...။ အချင်းချင်းတွေပဲ သင်ပေးမှာပေါ့...။

>မနုစံ..အားပါး..ကျေးဇူး..မ..။

>ကိုဒီဝိုင်း.. သရဲလာခြောက်တယ်...။

>လွမ်းစေ...တစ်ကြောင်းချင်းစီမှာ အဓိပ္ပာယ် အပြည့်ပဲဆိုတော့ တစ်ကြောင်းချင်းဖတ်သွားတဲ့ သဘော... ကျေးဇူးနော်...။

>မျှားပြာ..အိမ်း..သေချာမှတ်..သေချာမှတ်..။

>ကိုစိုးထက်... စီနီယာရေ..အခါနှောင်းပေမယ့် အလာကောင်းပါတယ် ....။

>မတူးတူး...စကားအပိုတွေမပြောချင်ဘူး

အရှင်းဆုံးပဲပြောမယ်… အရမ်းပျော်သွားပြီ..။

>ခေးရော့စ်...မှတ်ထား ……ဟွန့် ဆိုတော့ မာန်အပြည့်နဲ့ ပြောပြီး မျက်စောင်းထိုးလိုက်သလိုပဲ...။ သွား... လူဆိုး...။

>မွန်... တိုက်ဆိုင် ကုန်ပြီလား.. ဘာဂါမွန်လေးရေ...။ နွေတံခါးကို ဖွင့်နေတုန်းလား...။

>ကိုရန်ကြီး ... ပြန် လာပြီလား...ဘရာဗို… ။

Anonymous said...

လာရောက်ခံစားသွားပါတယ် ပိုးစုန်းကြူးရေ