Wednesday, January 23, 2008

Barcelona Pavilion

12.jpg


ပုံတွေ ကြည့်ချင်ရင် ဒီမှာ


Travertine ကျောက် တွေနဲ့ တည်ဆောက်ထားတဲ့ Podium လို့ခေါ်တဲ့ ခုံမြင့်ကြီးပေါ်မှာ building အကြီးတစ်ခု … အငယ်လေးတစ်ခုနဲ့ ရေကန်လေးတစ်ခုတင်ထားတဲ့ ဒီ composition လေးကို ယာယီဆောက်တဲ့ ပြခန်းလေးလို့ ကျောင်းသူဘ၀က အံ့သြတကြီး သိခဲ့ရတယ်…။ 1929 မှာ Spain နိုင်ငံ Barcelona မှာ ကျင်းပတဲ့ International Exposition မှာ ဂျာမဏီ နိုင်ငံ ကိုယ်စားပြု ပြခန်းအတွက် နာမည်ကြီး ဂျာမန် ဗိသုကာ ပညာရှင် L. Mies van der Rohe က ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်တယ်…။

အရင်က အဆောက်အဦတစ်လုံး..ရေကန်တစ်ခုလို့ ထင်ခဲ့မိပေမယ့် online မှာ plan တွေ့လို့ သေချာပြန်ကြည့်လိုက်တော့ ရေကန်နောက်မှာ အခန်းငယ်လေးလို့ပြောလို့ရတဲ့ building သေးသေးလေးတစ်လုံးပါနေတာတွေ့ရတယ်…။




တစ်ခါမှ မရောက်ဖူးတဲ့ အဲဒီပြခန်းလေးရှိရာကို စိတ်ကူးလေးနဲ့ လည်လည်သွားလိုက်တယ်…။


ရှေ့တည့်တည့်ကမပေးဘဲ ဘေးတိုက်ပေးထားတဲ့ လှေကားထစ်တွေကနေ ရေကန်ကို မျက်နှာမူပြီး တက်လာရကတည်း အေးချမ်းလတ်ဆတ်တဲ့ အာရုံတွေကပ်ညှိလို့လေ…။


bp.jpg


Podium ပေါ် ရောက်တဲ့အခါ enclosure ဆိုတဲ့ အကာအရံ ကင်းလွတ်လို့ လွတ်လပ် ကျယ်ပြန့်တဲ့ အမြင့်တနေရာကနေ လမ်းပေါ်ကလူတွေကို စောင်းငဲ့ ကြည့်နိုင်တယ်…။


အမိုးရယ်…အကာရယ်…တိုင်ရယ်ကို …. ဒီအဆောက်အဦမှာ ကွဲကွဲပြားပြား … သီးသီးသန့်သန့် မြင်အောင်ပြထားတာကိုတွေ့ရတယ်…။



အခင်းကြမ်း ပေါ်မှာ ထောင့်မှန်ကျထောင်ထားတဲ့ အနက်ရောင် ၊ အ၀ါရောင် နံရံချပ်၊ မှန်နံရံချပ် ၊ ကျောက်နံရံချပ်တွေဟာ အမှီအခိုမဲ့ရပ်တည်နေကြပြီး …ကာတယ်ဆိုတဲ့ အလုပ်တစ်မျိုးပဲ ငါတို့ လုပ်တယ်ဟေ့လို့ အော်ပြောနေကြတယ်..။ ခပ်သေးသေး steel တိုင် တိုင်ကတော့ “ကျွန်တော်တို့က အမိုးနဲ့ ကြမ်းကြားမှာ ဆက်သွယ်ပေးတဲ့ ဆက်သွယ်ရေးသမားတွေပါ ” တဲ့…။



အထဲရောက်တော့ နာမည်ကျော် Barcelona chair အဖြူလေးတွေပေါ်မှာ ဟန်ကျပန်ကျ ထိုင်လိုက်ပြီး ….အပြင်ဘက်က လူရုပ် sculpture ကြီးကို အရသာခံ ငေးကြည့်နေမိတယ်…။ အရုပ်တစ်ရုပ်ကလည်း နေရာတစ်ခုရဲ့ တန်ဖိုးကို အတော်ပြောင်းလဲစေနိုင်ပါလားနော်လို့ တဆက်တည်းတွေးလိုက်မိတယ်…။




တစ်ခါ… ငြိမ်သက်တဲ့ အရောင်တွေကြားထဲမှာ ဘာလို့များ… စူးရှပူလောင်နေတဲ့ အနီရောင် လိုက်ကာကို တပ်ဆင်ထားတာလဲလို့ Mies ကိုမေးချင်တယ်…။

52.jpg

အပြင်ဘက်က ကျောက်ခဲလေးတွေ မြင်နေရတဲ့ ရေကန်လေးဘေးမှာ ခဏထိုင်ပြီး ပြန်လာခဲ့တယ်…။

ပြန်ရောက်ပြီ..ကွန်ပြူတာရှေ့ကို…။ မိုက်တယ်နော်…ပိုက်ပိုက်မကုန်ဘဲ ခရီးထွက်လို့ရတဲ့ ကမ္ဘာ့ရွာကြီးကို ကျေးဇူးတင်တယ်…။

ခေါင်မိုးနိမ့်နိမ့်လေးနဲ့ ခန့်ညားအေးဆေးငြိမ်သက်တဲ့ အလှကိုဖော်ကျူးလို့ ခေတ်မီ တည်ဆောက်ရေး ပစ္စည်းတွေအကူအညီနဲ့ အမိုး..အကာ…ကြမ်း…တိုင် တို့ကို ကွဲကွဲပြားပြား…ရိုးရိုးရှင်းရှင်း … ဒီဇိုင်းလုပ်ပြသွားတဲ့ ဒီအဆောက်အဦလေးဟာ 1959 မှာ အဲဒီနေရာမှာပဲ ပြန်ပြီးတည်ဆောက်ထားရလောက်တဲ့ အထိ အောင်မြင်သွားခဲ့တယ်…။

ပြပွဲပြီးရင် ဖျက်လိုက်မယ့် ယာယီပြခန်းလေးကို အင်မတန်တန်ဖိုးကြီးတဲ့ steel, glass, marble, travertine တွေနဲ့ အခိုင်အမာ တည်ဆောက်ခဲ့တဲ့ ဗိသုကာရဲ့ စိတ်ကုးနဲ့ အကောင်အထည်ဖော်ခွင့်ရခဲ့တဲ့ သူ့ရဲ့ကံကြမ္မာကို အားကျမိတယ်…။

လေးမတို့လို ဖွံ့ဖြိုးဆဲနိုင်ငံမှာ ယာယီပြခန်းတစ်ခုအတွက် ဒီလောက်အကုန်အကျခံပေးမယ့်သူရှိပါ့မလား လို့တွေးနေတဲ့ အာရုံထဲကို “ ပေါ…ချောင်…ကောင်း” လေးဆွဲပေးပါဗျာ/ ရှင် ဆိုတဲ့ အသံတွေက လာလာနှောက်ယှက်နေပြန်တယ်…။

3 comments:

Anonymous said...

အော် ... ဘာကာ ။ ဘာကာ ။ သိပ်ကြိုက်တဲ့ ဘောလုံးအသင်းပေါ့ ။ ဘာစီလိုနာ ။ မြန်မာ့အခေါ် ဘာကာ ။
ခုတော့ စာရေးသူခေါ်ရာနောက် တကောက်ကောက်ပါပြီး ဘာကာမှာ ရှိတဲ့ ဗိသုကာ လက်ရာကို ခံစားတယ် ။
စပိန်သူလေးတွေလည်း တစ်ယောက်မှ မတွေ့ပါလား ။ ဘယ်တွေ့မလဲ ။ စာရေးသူက ထည့်မရေးတော့ ။
ဟဲ့ ..... ငနာ ။ ငါ ခေါ်ပြတာက ဗိသုကာ ။ နင်က ဘူးသုကာ လုပ်မနေနဲ့ ။
ဟုတ်ကဲ့ ။ ဟုတ်ကဲ့ ။
ပုံတွေကြည့်ဖို့ ညွှန်းထားတဲ့ နေရာသွားတော့ ကောင်းကောင်းလည်း မမြင်ရဘူး ။ အဖြူအမည်း ကြီး ။
အရင် ရေတံခွန်အိမ်တုန်းကလို ကာလာလေးပါရင် ပိုပြီး ခံစားလို့ရမှာ ။ ကိုးနတ်ရှင် ကောင်းတဲ့အခါ ရောင်စုံပုံလေးတွေ မြင်ရချည်သေးရဲ့ ။
ပေါ ချောင် ကောင်း အကြောင်းကတော့ ။။။။။ မပြောတော့ဘူး ။
လေ “ပေါ” လို့ ၀ ။ အာ “ချောင် ”လို့ပြီးပြီဆိုတော့ လစ်တော့မယ် ။ “ကောင်း”၏ ။

Anonymous said...

Comment on Barcelona Pavilion by tu tu
Yesterday, January 24, 2008, 6:29:24 PM | tu tu
လေးမရဲ့ဗိသုကာအမြင်နဲ့ကြည့်မှ ပုံတွေကပိုပြီးအသက်ဝင်လာတယ်။ အထူးသဖြင့် စတုတ္ထမြောက်ပုံကို ပုံရောရှင်းလင်းချက်ပါ သဘောကျတယ်။ သီးခြားစီရပ်တည်နေသယောင်နဲ့ ပေါင်းစည်းနေတဲ့သဘောကို မြင်ရသလိုပဲ။ ဟီး.. ဟုတ်၊မဟုတ်တော့မသိဘူး ထင်တာတွေလျှောက်ပြောနေတာ။
တခါတလေတော့အာခီမယူဖြစ်ခဲ့တာကို နောင်တရတယ်။


Comment on Barcelona Pavilion by မျှားပြာ
Yesterday, January 24, 2008, 8:29:55 AM | မျှားပြာ
ကျွန်တော် အိမ်ဆောက်ရင်လည်း ပေါချောင်ကောင်းလေး တစ်လုံးဒီဇိုင်းဆွဲပေးနော် … အမိုးအကာလုံရင် ရပီ


Comment on Barcelona Pavilion by Shwun Mi
Yesterday, January 24, 2008, 7:56:12 AM | Shwun Mi
မမလေးမကသာ အဲဒါမျိုး ဆောက်မယ်ဆိုရင် မီတကယ် မရောက်ရောက်အောင်လာကြည့်မှာ


Comment on Barcelona Pavilion by လွမ်းစေ
Yesterday, January 24, 2008, 6:49:15 AM | လွမ်းစေ
တော်တော်လည်လို့ကောင်းခဲ့ရဲ့လား
ကျနော်လည်း စိတ်ကူးထဲကနေ ဇိမ်ခံလိုက်သေးတယ်ဗျာ


Comment on Barcelona Pavilion by မောင်မျိုး
Yesterday, January 24, 2008, 6:31:35 AM | မောင်မျိုး
ဘာစီလိုနာ၊ ရီရဲမက်ဒရစ်…သွားဖူးချင်တယ်
အာင်္ခအကြောင်း နားမလည်တော့ များများ မပြောတတ်ဘူးဗျ
ကျနော့် အိမ်ဆောက်တဲ့အခါကျ ပေါ ချောင် ကောင်းလေး လုပ်ပေးပါခင်ဂျာ…


Comment on Barcelona Pavilion by jerry
Yesterday, January 24, 2008, 4:57:53 AM | jerry
yo!!!
cool ….
i can see
i can feel
thanks …..

Anonymous said...

>jerry...ပုံရောင်စုံတင်ပေးပါပြီဆိုလို့..ကိုးနတ်ရှင်ကို စောင့်ပြီး တင်လိုက်ရတာ မောရောပဲ...ဘူးသုကာရဲ့...။

>မောင်မျိုး... ဘောလုံးသွားကန် မလို့လား...။ ပေါ..ချောင်..ကောင်း...ဒီဇိုင်းပေးမယ်... နဲနဲစောင့်...။

>လွမ်းစေ...လည်လို့ကောင်းမှကောင်း...။

>ရွှန်းမီ... အဲလို ဒီဇိုင်းဆောက်ဖို့ အလုပ်အပ်မဲ့သူ အရင် ရှာပေးနော်...။

>မျှားပြာ... ဒါဆို အခင်း မထည့်တော့ဘူးနော်...မြေပေါ်မှာ အိပ်...။

>မတူးတူး... ဗိသုကာ ပညာကို ခံစားသွားတာ ကျေးဇူး...။ ဗိသုကာ မဖြစ်ရတာ နောင်တမရပါနဲ့... ၃..ရက်လောက် မအိပ်ဘဲ ပုံဆွဲရတဲ့ ညတွေ မကြုံတော့ဘူးပေါ့..။