Friday, January 04, 2008

Feeling 28 ( 1 )

အကယ်ဒမီ စိုးမြတ်သူဇာက ၃၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ခံစားမှု ၃၅ ဆိုတဲ့ စာအုပ်ထုတ်ဝေခဲ့တယ်…။ လေးမကလည်း ခေတဲ့သူမှမဟုတ်ဘဲ … အကယ်ဒမီ ၁၅ ထပ်ကွမ်းလေ ( မောင်မျိုးပေးတာ)….။ ဒီတော့ ရေးမှာပေါ့… လာပြီ..ခံစားမှု ၂၈…။

လူတိုင်းမှာ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ရက်စွဲတွေ … သက္ကရာဇ်တွေ ကိုယ်စီရှိကြပါတယ်…။


အဲဒီရက်စွဲတွေထဲမှာ ရေးမချထားပေမယ့် သတိရစရာတွေ..၀မ်းနည်းစရာတွေ …ပျော်စရာတွေ… မေ့သွားတာတွေ… မှတ်မိနေတာတွေ အများကြီးပါပဲ …။


လေးမရဲ့ ၂၇ နှစ်တာဖြတ်သန်းလာတဲ့ လမ်းဟောင်းလေးကို ပြန်ငဲ့ကြည့်ရင်း မှတ်မှတ်ရရ မှတ်တမ်းလေးတစ်ခု ရေးထားချင်လာတယ်…။


ဝန်ခံစရာတစ်ခုက ဒီမှတ်တမ်းထဲမှာ ကိစ္စတော်တော်များများနဲ့ … သောကတွေ … မျက်ရည်တွေကို ချန်လှပ်ထားခဲ့ပါတယ်….။

၁၉၈၀ … ဇန်န၀ါရီလရဲ့ နေ့တစ်နေ့မှာ လေးမ လူ့လောကထဲ ရောက်လာပါတယ်…။


သမီးတစ်ယောက်ရှိပြီးသားမို့ သားယောက်ျားလေး လိုချင်နေတဲ့ မေမေက ဘာလေးလဲဆရာမ… မိန်းကလေး..လို့လဲဖြေရော… ဟင်…ဆိုပြီး ဟိုဘက်လှည့်သွားခဲ့မိတယ်လို့ မေမေက အမြဲပြောပါတယ်…။


အဲလိုပြောခဲ့ပေမယ့် မေမေက လေးမကို သိပ်ချစ်ပါတယ်…။


လေးမ ၁၆နှစ်အထိ အမေမပါတဲ့ ခရီးဆိုလို့ တစ်ခါပဲသွားဖူးပါတယ်…။ ခုချိန်မှာ မေမေ အားအကိုးဆုံးကလည်း လေးမပါပဲ…။


ဖေဖေကတော့ တာဝန်ကျနေတဲ့နေရာကနေ အပြေးအလွှား ဆေးရုံကိုလာကြည့်တော့ ဆရာမ ချီလာတဲ့ ကလေးလေးက pink color လေးလို့ပြောပါတယ်…..။


လေးမ ငယ်ငယ်က ဖေဖေက pink လေးလို့ခေါ်ပါတယ်…။

၃နှစ်သမီးအရွယ်က ..အမေရိုက်လို့ အဖေနဲ့ သွားတိုင်မယ်ဆိုပြီး အမေအ၀တ်လျှော်နေတဲ့ အချိန်မှာ အိမ်တံခါးလှပ်ပြီး အိမ်ပေါ်က ဆင်းသွားဖူးပါတယ်…။

၎ နှစ်သမီး အရွယ် မူကြိုစတက်တဲ့ အချိန်မှာ “ သမီးကို သူများ လာလုပ်ရင် .. မခံလာနဲ့..ပြန်သာလုပ်ပစ်ခဲ့..” လို့ အမေမှာလိုက်တဲ့ စကားကို သေချာလိုက်နာခဲ့တဲ့ အတွက် လေးမရဲ့ ကျောင်းရာဇ၀င်မှာ လေးမ ခံလာရတယ်ဆိုတာ မ၇ှိခဲ့ပါဘူး…


သူများကို ရန်စခြင်းမရှိသော်လည်း မကျေနပ်လျှင် ခြေထောက်ကလေးတော့ ထိုးခံပစ်တတ်သည့် ညစ်ကျယ်ကျယ် လူဆိုးလေး ဖြစ်ခဲ့ပါတယ်…။

၅ နှစ်ကနေ ၁၆ နှစ် အထိ မိန်းကလေးကျောင်းမှာ ပညာသင်ယူခဲ့ပါတယ် …


တပ်မတော်နေ့ ဥာဏ်စမ်း ရေးဖြေပြိုင်ပွဲတွေမှာ စစ်သီချင်း တစ်ပုဒ်မှ ဆုံးအောင်မရေးပြနိုင်ဘဲ တလွဲတွေချည်း ဖြေတတ်ပေမယ့် မိခင်နဲ့ကလေးစောင့်ရှောက်ရေးက ကျင်းပတဲ့ ကျန်းမာရေးဗဟုသုတ စာမေးပွဲတွေအတွက်တော့ “အထူးအောင်” ဆိုတဲ့ မှတ်ချက်ရေးထားတဲ့ အောင်လက်မှတ် ၃ ခု ပိုင်ဆိုင်ခဲ့ပါတယ်…။


ဒါပေမယ့် ဆရာဝန်တစ်ယောက် မဖြစ်ချင်ခဲ့ပါဘူး…။

ဆယ်တန်းဖြေပြီး အောင်စာရင်းစောင့်နေတဲ့ အချိန်ကစပြီး တက္ကသိုလ်မတက်ခင်အထိ study guide အဖြစ်ပိုက်ဆံရှာခဲ့ပါတယ်…။


မနက် ၇ နာရီကနေ ကျောပိုးအိတ်တစ်လုံးနဲ့ ထွက်လိုက်တာ ည ၉ နာရီခွဲအထိပါ … ညပိုင်းက အိမ်ပေါ်ထပ်က ညီမလေးကို Guide လုပ်ပေးတာပါ …။

ထို့နောက် မန္တလေးမှာ တက္ကသိုလ် ကျောင်းသူဘ၀ကို ပျော်ရွှင်စွာ … လေးနက်စွာ …အဓိပါယ်ပြည့်ဝစွာ ဖြတ်သန်းခဲ့ပါတယ်…။


၁၈ နှစ်သမီးကတည်းက အမေ့ အိမ်နဲ့ ခွဲသွားလိုက်တာ ဒီနေ့အထိ သမီးကို အမေ လက်လွှတ်ခဲ့ရတယ် လို့ မေမေက မကြာခဏပြောခဲ့ပါတယ်…။

ဆက်ပါဦးမည်...။ ။

8 comments:

Anonymous said...

တီလေး ညစ်ကျယ်ကျယ် လူဆိုးလေး ဆိုတာ သိသားပဲ စာတွေဖတ်တာနဲ့ သိတယ် ရှင်းပြနေနဲ့ ဟာဟားးး...၁၅ ထပ်ကွမ်းဆိုတာက ဘာကြီးတုန်းး ဒန်အိုးတွေလားး ဇလုံတွေလားး ..ပို့ စ်ကစိတ်ဝင်စားဖို့ အရမ်းကောင်းတယ် စောင့်မျှော်နေပါတယ်

Anonymous said...

ညစ်ကျယ်ကျယ် အမကြီးတစ်ယောက်ကို ခင်မင်ခွင့်ရလို့ ဂုဏ်ယူပါတယ်ဗျို့။
နောက်ဆက်တွဲများကို စောင့်မျှော်နေပါကြောင်း နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါ
စေဗျာ။ စာတွေလည်း ဒီထက်မက အများကြီး ဆက်လက်ရေးသားနိုင်ပါစေ

Anonymous said...

ကိုရီးရားကားလိုတော့ အပိုင်းတွေမများနဲ့နော်။ ဆက်ပါဦး..။ ဘယ်လောက်အထိညစ်ကျယ်မလဲ သိရအောင်။
ဇန်န၀ါရီ ရဲ့ ဘယ်ရက်မှာ(၂၈)နှစ်ပြည့်မှာပါလိမ့်။ ဒီနေ့လား။ ဘယ်နေ့ပဲဖြစ်ဖြစ်ဆုတောင်းပေးတယ်နော်။ လာမယ့်သက္ကရာဇ်တိုင်းမှာ ပျော်ရွှင်မှုများဖြင့် ပြီးပြည့်စုံနိုင်ပါစေ...။

Anonymous said...

အွန်.... မမလေးက... ကိုယ်အလှည့်ကြတော့.. မသိချင်ရောင်ဆောင်ထားတယ်.. ဘာမှလည်း မကြွေးဘူး..
မရဘူး... ကျွေးကျွေး..

Anonymous said...

အထူးအောင်နဲ့.. ချစ်ချာလေးတော့...
ထင်သားပဲ.. တို့မကြီးက မခေပါဘူးလို့ :)

Anonymous said...

မကျေနပ်လျှင် ခြေထောက်ကလေးတော့ ထိုးခံပစ်တတ်သည့် ညစ်ကျယ်ကျယ် လူဆိုးလေးဆိုပါလား
မစရဲတော့ဘူး ဒေါ်ကိတ်ခြောက်လို့ နော် ဒေါ်ကိတ်ခြောက် ဟတ်ဟတ်

Anonymous said...

>မောင်မျိုး...သဘောပေါက်တယ်နော်..။ ဘာ ၁၅ ထပ်ကွမ်းလဲ..မသိဘူးလေ..ကြောင်မျိုးပဲ ပေးပြီးတော့...။

>ညိမ်းညို... အမယ်..ဂုဏ်ယူသလေးဘာလေးနဲ့..လာမဖားနဲ့...ပုံမှန် ဆက်ဆံ...။

>မတူးတူး... ၄ပိုင်းထဲပါ.မများပါဘူး..ဟဲ..ဟဲ..ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ..။

>ကိုသန့်... ၀ါးတီးမက်တယ်ပေါ့..ကျွေးပါ့မယ်...ပိုက်ပိုက်ပြတ်နေလို့ပါ...။

>သဇင်ဏီ... ဘယ်ခေလိမ့်လဲ..။

>မျှားပြာ... သဘောပေါက်ရင်ပြီးတာပဲ...လာလာစနေတဲ့သူတွေ ရှိန်သွားအောင် ပြောပြရတာ..။

Anonymous said...

ဒီအပိုင်း ၁ မှာ ကိုယ့်ဆရာ က ငယ်ကတည်းက ခေသူမဟုတ်တာတော့ သိပ်သေချာတာကို သိရတယ် ။ ဟဲ ဟဲ