Tuesday, January 08, 2008

Feeling 28 ( 4 )

၂၀၀၄၊ ၂၀၀၅ ၊ ၂၀၀၆ ၊ ၂၀၀၇ ဆိုတဲ့ ခုနှစ်တွေက လူတစ်ယောက်ကို သူကိုယ်တိုင်တောင် သတိမပြုမိလိုက်ဘဲ ပြောင်းလဲ သွားဖို့ တော်တော်လုံလောက်တဲ့ အချိန်ကာလတွေ ဖြစ်လို့နေပြန်ပါတယ်…။



သိပ်မထူးခြားလှတဲ့ ပြောင်းလဲမှုတချို့ကို ပြောပြရရင်….

၁။ မိဘအိမ်မှာ အမေချက်ကျွေးတာစားပြီး ကျောင်းမှာ အဆောင်က ကျွေးတာစား.. သူငယ်ချင်းတွေ ချက်တာစားနဲ့ ဇိမ်ကျကျ နေခဲ့တဲ့ မိန်းကလေးတစ်ယောက် မီးဖိုထဲကို ချက်ပြုတ်နည်း စာအုပ်တွေ ကိုင်ပြီး ယောင်တိယောင်ကန်းနဲ့ ၀င်ရောက်ခဲ့ရတဲ့ ဘ၀ကနေ… မီးဖိုထဲမှာ နေသားတကျ ဖြစ်နေတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်လာခဲ့တယ်…။


မှတ်မှတ်ရရ..အမေ့ကို “ မေမေ ဘာလို့ သမီးကို ဟင်းချက်နည်းတွေ သင်မပေးလိုက်သလဲ ဆိုတာ သမီး သိပြီ.. ဟင်းချက်ရတာ သင်စရာမှ မလိုဘဲ…သိပ်လွယ်တာပဲ … အခြေခံသဘောတရားကလည်း တူတူပဲ …ကိုယ်စားဖူးတာတွေ စဉ်းစားပြီး ဘာတွေ ပါလဲ စဉ်းစားပြီး စိတ်ကူးပေါ်သလို ချက်လိုက်ရုံပဲနော်..” လို့..ပြောဖြစ်ခဲ့ပါတယ်။



ဟုတ်ပါတယ်… သမရိုးကျ အိမ်မှာစားတဲ့ ဟင်းလောက်ကတော့ very easy ပါ…။


ခုဆိုရင် မလုလုဆီက ခိုးလာတဲ့ ဟင်းချက်နည်းတွေနဲ့ ပိုတောင် အလုပ်ဖြစ်နေပါသေးတယ်…။ ဒါကြောင့် မီးဖိုချောင်မ၀င်ဖူးတဲ့ မိန်းကလေးကို ယောက်ျားလေးတွေ အထင်မသေးပါနဲ့ … ခေါင်းမရမ်းပါနဲ့… ။အချိန်တန်ရင် သူ့ဟာသူဖြစ်သွားလိမ့်မယ်… လို့ ကိုယ်တွေ့ နဲ့ ယှဉ်ပြီး..ပြောချင်ပါတယ်…။

၂။ ဈေးထဲမှာ ဈေးသည်တွေ ရန်ဖြစ်တာကို တစ်ခါတွေ့ဖူးကတည်းက ဈေးသည်တွေကို ကြောက်ပြီး ဈေးမဆစ်ရဲခဲ့တဲ့ မိန်းကလေးက ခုတော့


ဟေ့ဘော်ဒါ… ဟေ့သူငယ်ချင်း …အန်တီ…. ဦးလေး… အဖွား.. အဆင်ပြေသလို ခေါ်ပြီး မရမက အဆစ်တောင်း..ဈေးဆစ်တတ်နေပါပြီ…။

၃။ တစ်ချိန်တုန်းက အချိန်ကုန်မှာစိုးလို့ အပို အလုပ်တွေ သိပ်မလုပ်… တီဗွီတောင်သိပ်မကြည့်ခဲ့လို့ သူငယ်ချင်း “မိ” ကတောင်ပြောခဲ့တယ်…


“ နင်သေရင် နာရီတစ်လုံး ထည့်ပေးလိုက်မယ်… အချိန်ကြည့်ပြီး အလုပ်လုပ်လို့ရအောင်လို့…” တဲ့…။


ခုတော့ အချိန်တွေကို မကုန်ကုန်အောင် ထိုင်ဖြုန်းပစ်နေတတ်တယ် ( ကွန်ပြူတာရှေ့မှာလေ ) …။


“မိရေ..နာရီ..မထည့်ပေးနဲ့တော့နော်… ငါ့ blog လေးထည့်ပေးလိုက်ရင် ကျေနပ်ပါပြီ…”…

၎။ တစ်ခါတုန်းက အားလုံးရဲ့ ရှေ့မှာ ရှိနေရမယ်ဆိုတဲ့ လောဘတွေနဲ့ လောင်မြိုက်ခဲ့တဲ့ … ကိုယ့်အတ္တွနဲ့ ကိုယ် ချောင်ပိတ်မိခဲ့တဲ့ … ရုပ်ကလာပ်တစ်ခု လောင်ကျွမ်းလို့


အခြေအနေတိုင်းကို ကျေနပ်တင်းတိမ်နိုင်အောင် ကြိုးစားရင်း… ရည်မှန်းချက်ကြီးကြီး… မျှော်လင့်ချက် များများတွေကို သေးသေးလေးတွေ အဖြစ်ပုံစံပြောင်းခဲ့တဲ့ နာမ်ရုပ်တစ်ခုအဖြစ် အသွင်ကူးပြောင်းလာခဲ့တယ်…။

အရှည်ကြီး မရေးချင်လို့ ၅ ချက်ပဲ ရေးမယ်လို့ ဆုံးဖြတ်ထားတာ.. ။ ဘယ်အပြောင်းအလဲနဲ့ အဆုံးသတ်ရပါ့..။

၅။ အဟဲ… သိပ်လှချင်လာတာပဲ…။

ပြီးပါပြီ….။

လေးမရဲ့ ခံစားမှု (၂၈) ကို စိတ်ဝင်တစားဖြစ်စေ … ချစ်ခင်ရင်းနှီးမှုကြောင့်ဖြစ်စေ…ကြုံကြိုက်မှုကြောင့်ဖြစ်စေ… ဖတ်ရှုသွားကြသော … ပျော်ပျော်ပါးပါး စနောက်သွားကြသော … လေးမ၏ အဖွဲ့သားများအားလုံးနှင့် မိတ်ဆွေသစ်များအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင် …။ ။

17 comments:

Anonymous said...

ဒီအပိုင်းကမရယ်ရတော့ဘူးနော်။ နံပါတ်(၄)အချက်ကိုစိတ်အ၀င်စားဆုံးပါပဲ။ အထပ်ထပ်ဖတ်မိပြီးတွေးနေမိတယ်။ ရည်မှန်းချက်ကြီးကြီး မျှော်လင့်ချက်များများတွေကို သေးသေးလေးတွေအဖြစ် အသွင်ကူးပြောင်းခဲ့တဲ့ နာမ်ရုပ်တစ်ခုဟာ နောင်တမဲ့စာ နေသားတကျပျော်ရွှင်နေခဲ့တယ်ဆိုရင် အဲ့ဒီဖန်တီးရှင်တစ်စုံတစ်ရာကို အံ့သြတကြီးဖြစ်လွန်းလို့ပါ။ ဘယ်လိုအစွမ်းသတ္တိတွေက ပြောင်းလဲသွားစေတာလဲ။ အဟဲ နောက်တစ်ပိုင်းလောက်ဆက်ရေးပါလားဟင်။

Anonymous said...

စွန်တန်သောက်ချင်တုန်းပဲ........

Anonymous said...

ခံစားမှု (၂၈) ကို စိတ်ဝင်စားလို့ တကူးတက လာဖတ်ပါတယ် လေးမရေ.. အမလည်း နံပါတ် (၄) အချက် ရေးထားတာကို ကြိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိဘ၀လေးထဲမှာ လေးမ ပျော်နေမယ်ဆိုတာ အမ ယုံတယ်... :)

Anonymous said...

တောက်လျှောက်ဖတ်လာခဲ့ပါတယ်အမရေ ။အပိုင်း ၄ မှာသိမ်းထားပုံ တအားကောင်းတယ်ဗျ။ ကိုကောင်းကင်ကြီးနဲ့အတူ အမြဲတမ်းပျော်ရွှင်ချမ်းမြေ့ပါစေဗျာ :)

Anonymous said...

ဟိုအစ်ကိုကြီး ဟင်းအိုးတွေ ဆေးပြီးရင် ဈေးသွားရမယ် ။ အပြန်မှာ ဒီဗီဒီတစ်ချပ်စာ ရုပ်နာမ်သေးသေးလေးတွေ ရိုက်လာရမယ် ။ နှုတ်ခမ်းနီကုန်နေပြီနော် ။ :-D

Anonymous said...

မိုက်တယ်တော့။ ဒီနောက်ဆုံးတစ်ခုအမိုက်ဆုံးပဲ။ အစ်မလည်းရွှင်လန်းချမ်းမြေ့နိုင်ပါစေနော်။ :D

Anonymous said...

ဟီး...... ငါကတော့ နံပါတ်၅ ကိုပိုစိတ်ဝင်စားတယ်။ ဘာလို့ပါလိမ့်... :P

Anonymous said...

အကုန်လုံး ကောင်းတယ်..ရေးတတ်ပ..
သေချာလားးးးးး နံပါတ်၎ က
အတိုင်းအတာ..တခုထိ လူတွေက မျှော်လင့်နေတယ်လေ..
ဖြစ်သင့်တဲ့ ဖြစ်နိုင်တဲ့ မျှော်လင့်ချက်လေးးပေါ့..မဟုတ်ဘူးလားး
နံပါတ် ၅ ကရော..ဘာလို့လဲ..

Anonymous said...

ချစ်သောမရေ...
သေရင်ဘလော့လေးယူသွားချင်တဲ့အကြောင်းရယ်..
ဈေးဝယ်ရင်အဆစ်တောင်းတတ်တဲ့အကြောင်းရယ်
အရမ်းလှချင်တဲ့အကြောင်းရယ်...
အားလုံးကိုလာဖတ်သွားပါတယ်...

Anonymous said...

နံပါတ် ၂ နဲ့  နံပါတ် ၅ ကို သဘောကျတယ် ကျနော်လဲ ရှာရတော့မယ်..ဟီဟီးးးးး အချိန်က လူကိုအစောင့်ဘူးဗျ

Anonymous said...

အင်းဗျာ ။ အားလုံးပြောကြသလိုပဲ ။ အပိုင်း ၄ ကောင်းတယ် ။ အဆုံးသတ်မိုက်တယ် ။ ............... ဒီလို ဒီလိုပေါ့ ။ သို့သော် ... အားမရဘူး ။ ဖတ်ချင်သေးတယ် ။ link to the past ကို ဆက်ဖတ်ချင်သေးတယ် ။ တိုတိုမိမိ နဲ့ ရေးတဲ့ ပုံစံ သဘောကျတယ် ။ ဒါပဲဗျာ ။ မပြောတော့ဘူး ။

Anonymous said...

လေးမရေ အလုပ်တွေ မအားတာနဲ့ မလာဖြစ်တာ ဖီလင် ၂၈ တောင် ရောက်နေပါလား၊ ၁) ကနေ ၄) ထိ တဘရိတ်တည်း ဖတ်သွားတယ်၊ ဂွတ်တယ်ကွာ၊ ဓာတ်ပုံနဲ့ တကွ အသေးစိတ်ရေးပြီး လုံးချင်းထုတ် ပါလား၊ စိုးမြတ်သူဇာ ထက်တောင် ပေါက်အုံးမှာ နိုင်ငံတကာက ဘလောဂ်ဂါတွေ အားပေးကြလို့လေ၊ မမလေပြေကို တော့ မေတာ လက်ဆောင် ပေးပေါ့နော်၊ ဟိ

Anonymous said...

ချစ်မရေ
စာအရေးအသားက ပြောစရာမလိုအောင်ကိုကောင်းပါတယ်
အမြဲအားပေးနေပါတယ်နော်
ချစ်မ တစ်ယောက် စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့
အမြဲပျော်ရွှင်နိုင်ပါစေ

Anonymous said...

ဈေးဆစ်တတ်သွားတဲ့ မလေးမ အကြောင်းကို စာမေးပွဲရှိရက်နဲ့တောင် လာအားပေးသွားပါတယ်ဗျာ။ ကျနော်လဲ ငယ်ငယ်က စာမေးပွဲတွေကို မုန်းသလောက် ခုချိန်မှာတော့ အလွန် အင်မတန်ကို အမြင်ကတ်နေမိတော့တယ်ဗျ။ အဟ။

Anonymous said...

ဈေးဆစ်တတ်သွားတဲ့ မလေးမ အကြောင်းကို စာမေးပွဲရှိရက်နဲ့တောင် လာအားပေးသွားပါတယ်ဗျာ။ ကျနော်လဲ ငယ်ငယ်က စာမေးပွဲတွေကို မုန်းသလောက် ခုချိန်မှာတော့ အလွန် အင်မတန်ကို အမြင်ကတ်နေမိတော့တယ်ဗျ။ အဟ။ ကွန်မက်ပေးတာ ဘာတွေ ဖြစ်နေမှန်း အတိဗူးရဂျာ။ မရောက်တာလား တိဗူး။ လည်တွားပြီ။ နောက်တခါ ရေးလိုက်တယ်။

Anonymous said...

အဟဲ… သိပ်လှချင်လာတာပဲ
ဟတ်ဟတ် လှလှလေး ဖြစ်ပါစေ ... ကိုကောင်းကင်ကြီးရေ မိန်းကလေးတွေ လှချင်ပြီဆိုလို့ကတော့ မွဲကြောပဲဗျို့  ..။

Anonymous said...

>မတူးတူး..ရေးချင်ရဲ့ လက်တို့လာလုပ်နေတယ်နော်..။ အဲ့ဒီဖန်တီးရှင်တစ်စုံတစ်ရာက အချစ်လို့ပြောရင် သိပ်ကလေးဆန်သွားမလား...။ အချစ်တော့လည်း မဟုတ်ပါဘူး... စိတ်ခံစားမှုတစ်ခုပါပဲ...။

>ဆုမွန်လေး... တိုက်မယ်နော်..ရော့..ပူပူလေး..။

>မနုစံ..မ..ယုံကြည်တဲ့ အတိုင်း လေးမ ပျော်နေပါတယ်...။ နောင်တမရှိ ပျော်နေပါတယ်...။

>ညိမ်းညို..တအားကောင်းတယ်ဆိုလို့ တအားပျော်သွားပြီဟေ့..။ ညိမ်းညိုလဲ ပလက်ဖောင်းလေးနဲ့ အိုကေပါစေ..။

>နိုင်..ရှူး...အဲဒါတွေ ဆင်ဆာဖြတ်..။

>၀င်္ကပါ.. ညီမလေးလည်း ပျော်ပါစေ..။

>mtj...ဘာလို့လည်းဆိုတော့.....ပြောပါဘူး..။

>သမုဒယ...မျှော်လင့်ချက်တွေကတော့ ရှိနေတာပေါ့ ..မမ...အရင်လောက်မကြီးတော့ဘူးလို့ပြောတာ..ဟီး..။ ၅ ကတော့ အလိုလိုဖြစ်လာတာ..အကြောင်းပြချက်မရှိ...။

>သဇင်..လေးမ အကြောင်းတွေ သိကုန်ပြီ...။

>မောင်မျိုး... အဆစ်တောင်းချင်ပုံပေါ်တယ်...။

>jerry... ဖတ်ချင်သေးတယ်ဆိုတော့ လေးမ အကြောင်းတွေ ခရေစေ့တွင်းကျ ပြောပြနေရမှာပေါ့...။ ပြောပါဘူး...။ ဘာလို့ရေးရမှာတုန်း...။ ဟွန်း..ဟွန်း..။

>မမလေပြေ..စာအုပ်ထုတ်ဖို့ “ ခွက်ခွက်လန်” ထုတ်ဝေရေး အရင်ထောင်မယ်..ရှယ်ယာ ၀င်မလား...။

>ခေးရော့စ်လေး..ကျေးဇူး...။

>မင်းကျန်စစ်... ကျေးဇူး...။ စာမေးပွဲတွင်းဆိုတော့ အမှားအမှားအယွင်းယွင်း ဖြစ်တတ်ပါတယ်...။

>မျှားပြာ... သတိပေးတာ နောက်ကျသွားပြီ..။ ခုတောင် ပူဆာထားတာတပုံကြီး... ဟတ်..ဟတ်...။