Saturday, January 26, 2008

ဘွာတေး..ဘွာတေး..အလကား..စတာ…

မနေ့က byethost နဲ့ လေးမ ရန်တွေဖြစ်…စိတ်တွေဆိုးပြီး…အဆက်အဆံမလုပ်တော့ဘူး… နင်နဲ့ မခေါ်လည်း ရတယ်လို့ ပြောတော့ byethost ကြီးက ပညာပြတယ်…။

လေးမ blog မှာ error တွေ လုပ်ပစ်တယ်…။ဘယ်ရမလဲ လေးမပဲ…. အနားယူပြီလို့ ပြောပြီး အိပ်နေလိုက်တာပေါ့…။

ခုတော့ သူ( byethost ) နဲ့ လေးမ ပြေလည်သွားပြီ…။

အဲဒီတော့ အနားမယူတော့ဘူး… အရင်လိုပဲ စိတ်ကူးပေါက်ရာတွေများများ… ကိုယ်ရေးကိုယ်တာ ဖောဖောသီသီနဲ့ အတွေးအမြင်လေးမျှဝေ ထားတဲ့ ပို့စ်တွေ ဆက်ရေးပါတော့မယ်…။တစ်ယောက်တည်း နားမယ်ပြောလိုက်…မနားဘူးပြောလိုက် နဲ့ ပြာယာကိုခတ်နေတာပဲနော်…( ရိုက်ပေါက် )…။

အဖြစ်က ဒီလို

တနေ့က မတူးတူးက ၀င်လို့မရဘူးလို့ ဆီပုံးမှာ အော်သွားတယ်…။ လေးမလည်း ဂလိုပဲ ဖြစ်တတ်ပါတယ်လို့တောင်ပြန်ပြောလိုက်သေး…။ နောက်နေ့ ပို့စ် အသစ်တင်တော့ Ie မှာ side bar ကြီးက အောက်ရောက်နေတယ်…။ Firefox မှာတော့ အကောင်း…။ ပြင်လို့လဲမရ…။ မေးစ်စစ်ကြည့်တော့… ဒီစာလေး ၃ စောင်ရောက်နေတယ်…။

byehost.jpg

ဒါလေးများ... ပြောင်းဆိုလဲ ပြောင်းပေးလိုက်ရုံပေါ့ဆိုပြီး cpanel.byethost13.com ကို ၀င်လိုက်တယ်…။ အဲဒီမှာ ပြသနာ စတာပဲ..။ ၀င်လို့မရဘူး…။ password & user name မှားနေတယ်တဲ့…။ လေးမက မေ့တတ်လွန်းလို့ password ကို စာအုပ်ထဲရေးမှတ်ထားတာ….ကြည့်ရိုက်တာ ဘာမှ မှားစရာမရှိဘူး…။ ၆ ခါ လောက်ကြိုးစားပြီး မရတော့ lost password ဆိုပြီး အသစ်တောင်းလိုက်တယ်….။ password အသစ်နဲ့ ၀င်တယ်… ရတယ်…ဒါပေမယ့် file manager ကို ၀င်တော့ မရဘူး… ဒီ user ကို denied တဲ့…အောင်မယ်…ဒင်းကများ..လေးမကို..ရာရာစစ….ဘာမှလည်းမလုပ်ဘဲနဲ့… byethost ကို အကြည်အညို ပျက်စေတဲ့ ကိစ္စမျိုးလည်း မရေးမိပါဘူး…. ဂလို လုပ်စရာလားဆိုပြီး ဒေါကန်သွားတယ်….။ နောက် ပြန်ထွက်ပြီး ပြန်ဝင်တော့ မရတော့ဘူး… အဲဒီလိုနဲ့ … ဘလော့တွေ မလည်နိုင်ဘဲ..သူ နဲ့ တင် ချာချာလည်ပြီး ..အသစ်နဲ့ ၀င်လိုက်..အဟောင်းနဲ့ ကြိုးစားလိုက်..ဘာနဲ့မှ မရဘူး…။ File manager မှာ ပြင်ရမှာ သူ့ ဝင်လို့မရတော့ ဘာလုပ်ရမှာတုန်း…။

အားဆေးလေးတွေ

စိတ်ညစ်ညစ်နဲ့ လက်လျှော့လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ဘလော့ဂ်မှာ နှုတ်ဆက်ပို့စ်တင်လိုက်ပေမယ့် စိတ်က မပြတ်တော့ ဘလော့ဂ်လေးမှာ ဘယ်သူလာဖြေရှင်းပေးမလဲမသိဘူးလို့ ထိုင်မျှော်နေမိတယ်…။ ဂျယ်ရီက “ကိုသင်္ကြန်ကြီးကို အဆင်မပြေတာတွေ ပြောပြလိုက်ရင် အဖြေပေါ်မှာပါ..” လို့ အကြံပေးသွားသလို စာကလေးက ..“ မောင်လေးလဲမကူညီနိုင်ဘူးဖြစ်နေတယ်..” အားပေးရှာပါတယ်…။ အားရှိစရာပဲ…။ အဲဒီအချိန်မှာပဲ ညစ်နေတဲ့ စိတ်တွေ လန်းသွားတယ်…( စူပါလီမွန် တီးမသောက်ဘဲ နဲ့ လန်းသွားတာ )…။

လက်ဆောင်လာပို့ပါသည် ။
အားလုံးပေါင်း အကောင် ၆၀ ဖြစ်သည် ။ နိုင်အောင် မွေး၍ ၀အောင်ကျွေးပါရန် ။
မပျောက်ပါစေနှင့် ။ သူတို့အချင်းချင်းလည်း ရန်မဖြစ်ပါစေနှင့် ။


dogs.jpg

ဒီစာလေးနဲ့ အတူ ခွေးအကောင် ၆၀ ..အိမ်ပေါက်ဝ ရောက်လာလို့ပါ…။ ဟား..ဟား.. တကယ် ရီချင်သွားတယ်…။ အိမ်က ၃ ကောင်တောင် ..လေးမ ...အငတ်ခံပြီး ကောင်းကောင်းကျွေးနေရတာ… အကောင် ၆၀ များဆို ဘယ်လိုများနေမလဲလို့ စဉ်းစားပြီး တစ်ကောင်ချင်း သေချာ လိုက်ကြည့်တော့.. .ရုပ်တွေက တကယ် ရီစရာကောင်းတယ်…။ စိတ်တွေ ပေါ့သွားပြီး မေးလ် ကို နောက်တစ်ကြိမ် ပြန်ဖတ်တယ်…။

If you have any problems please make a support ticket using the link in your control panel and we will be happy to assist you.

ဆိုတဲ့ စာသားလေးကို သတိထားမိသွားတယ်…။ အဲဒါနဲ့ အကူအညီတောင်းဖို့ကြိုးစားလိုက်တယ်…။

byethost.com > byethost support > register membership > log in > support tickets > creat new ticket ဆိုပြီး အဆင့်ဆင့် သွားလိုက်တယ်…။

ပြီးတော့ သူဖြည့်ခိုင်းတဲ့နေရာမှာ လေးမ ဖြည့်ချင်သလို ဖြည့်လိုက်တယ်….။

domain- layma-layma.iblogger.org

subject_ I don’t know what to do. I can't log in cpanel.byethost13.com

comment နေရာမှာ သူ ပို့ထားတဲ့ mail ကို ကူးထည့်ပေးလိုက်တယ်…။

cpanel.byethost13.com ကို ပြန်ဝင်ကြည့်တော့ ဘာမှ မထူးသေးဘူး..ပြန်စာလည်း မလာသေးဘူး…။ ဒါနဲ့ ဘလော့ဂ်ကို ပြန်ကြည့်တော့ မတူးတူးရဲ့ ကွန်မန့် ကို တွေ့ တယ်…။

မတူးတူးက ကို မှော်ဆရာဆီ လမ်းညွှန်တာနဲ့ မှော်ဆရာဆီ သွား..လေးမရဲ့ ဒုက္ခကိုပြောပြီး… သူရေးထားတာတွေ ထိုင်ဖတ်နေလိုက်တယ်…။ ဖတ်နေရင်းနဲ့ စိတ်ကူးပေါ်တာနဲ့ cpanel.byethost13.com ကို ပြန်ဝင်ကြည့်လိုက်တာ ရသွားတယ်…။ ပြင်ခိုင်းထားတဲ့ နေရာကို ၀င်ကြည့်တော့ ပြင်ပြီးသားဖြစ်နေတယ်…။ သေချာအောင် ကို မှော်ဆရာကို တောင် မေးခဲ့သေးတယ်…။ မေးလ်စစ်ကြည့်လိုက်တော့….

ticket.jpg

တဲ့…။ ရန်စတဲ့သူကို ပြန်ခိုင်းစား လိုက်တာ အောင်မြင်သွားပြီ…။ .byethost ကြီးက ချစ်ဖို့ကောင်းလိုက်တာ…။

ခုတော့ လေးမ ဘလော့ဂ်လေး အိုကေသွားပြီထင်ပါတယ်…။ Error တွေ့ ရင် အော်ခဲ့ကြဦးနော်…။

အရမ်း…၀မ်းသာမိ

ဒီနေ့ တနေ့ လုံး မအားမလပ် ဖြစ်နေရာက..အားလပ်လို့ ..blog ကို ၀င်ကြည့်လိုက်တော့ သူငယ်ချင်းတို့ရဲ့ အော်သံလေးတွေ တွေ့ ရတယ်…။ ဘလော့ဂ် ပိတ်ထားတဲ့ ညိမ်းညို ကြီးက အားပေးစကားပြောသွားသလို… ကို မှော်ဆရာ.နဲ့ ကို အတာ ကလည်း လေးမ ဘလော့ဂ် အိုကေနေတာပဲတဲ့… မောင်မျိုးနဲ့ မနုစံ က ကွန်မန့် တွေ ပြန်ရေးပေးမတဲ့…. ခင်စရာကောင်းလိုက်ပုံများ….။ တစ်ခါမှ ကွန်မန့်  မရေးတဲ့ ညီမလေး စိုးမိုး ကလည်း bye bye မလုပ်နဲ့နော်..တဲ့…။ ခေးရော့စ်လေး ကလည်း..မျှော်လင့်တကြီးချောင့်နေတယ်နော်..တဲ့...။ ဆီပုံးမှာလည်း..မခွန်မြလှိုင်..လွမ်းစေ..မွန်..ဂျေ..တို့က အားပေးသွားသေးတယ်…။

ခက်သေးတယ်…ခက်သေးတယ်… ဒီသံယောဇဉ်တွေနဲ့တော့ ကမ်းကပ်ဖို့ ခက်ဦးတော့မယ်…။

Byethost ကြီးရေ…Bye Bye ဆိုတာ စတာနော်…။ လေးမရဲ့ blog လေးကို ဆက်လက်ရှင်သန်ခွင့်ုပြုပါနော်…။ ကမ္ဘာအတုလေးထဲမှာ သံယောဇဉ်အစစ်အမှန်လေးတွေ ရှိနေလို့ပါရှင်…။ ။

7 comments:

Anonymous said...

အမလေးဗျာ တော်သေးတာပေါ့ အကောင် 60 ကယ်ပေလို့ ဟားဟား။ လေးမရေ ငါ့မှာတော့ support ကိုအကူညီလဲ မတောင်းတတ် လုပ်လို့လဲမရနဲ့ နောက်ဆုံး wordpress ကို အသစ်ပြန် လုပ်လိုက်ရတယ်။ backup တွေ ရှိလို့ တော်သေးတာပေါ့။ :)

Anonymous said...

ဟေး...ပျော်တယ်ဟေး..မမ..မ bye ..တော့လို့ရဲလေးတူတဲ့ကိုမျိုးလိုတော့အမျိုးမျိုးဘဲနော်..လို့ စိုးမိုးကမပြောဘူးနော်..ဟီး... :P

Anonymous said...

မဘိုင်းတော့ဘူးးလား ပျော်စရာကြီးး..

Anonymous said...

အဖြစ်က မနှစ်ကနဲ့ မတူတော့ဘူးနော် ...ကောင်းသွားပီ
ကောင်းသွားပီ ... မိုက်တယ်ကွာ ... အကုန်ဂွတ်

Anonymous said...

ရှင်သန်ခွင့်ပြုလိုက်ပါတယ် ခုနှစ်အိမ်တန်းကမဂျမ်းပုံရေ...

Anonymous said...

အမလေး.. တော်သေးတာပေါ့.. စတာတဲ့.. ဟွန်း... နောက်တစ်ခါ ဒီလို စရင် မုန့်ဝယ်ကျွေးရမယ်.. :D :D

အခုလို လေးမ အဆင်ပြေပြီး ပျော်သွားပြီဆိုတော့လည်း အမတို့လည်း ပျော်တယ်။ :)

Anonymous said...

>ကိုအတာ...လေးမက ကိုယ့်ဟာကိုယ်မလုပ်တတ်တော့ သူပဲ ပြန်လုပ်ခိုင်းရတာပေါ့..။

>စိုးမိုးရေ..ညီမက လိမ်မာတယ်..။ အဲဒီကောင်လေးကို အတုမခိုးနဲ့...။

>မောင်မျိုး... ဘိုင်းတော့ဘူး..။ အိုကေသွားပြီ..။

>မျှားပြာ.. ဂွဒ်ရမယ်လေ..ဂွဒ်ရမယ်။

>မတူးတူး..လေးမက ဂျမ်းပုံ ဖြစ်သွားပါလား။။ ဘိုနာမည်လေး လုပ်ပါ...။

>မနုစံ..အစ်မက ကွန် မန့်တွေ ပြန်ရေးပေးမယ်ဆိုလို့...။ လေးမပျော်သလို အစ်မတို့ပျော်တယ်ဆို..လေးမကလည်းပျော်...အစ်မတို့လည်းပျော်...လေးမလည်းပျော်...ဟဲ..ဟဲ။