Monday, January 21, 2008

အခွံလဲခြင်း

အသစ်တွေ ဘယ်လိုပြောင်းပေမယ့် အဟောင်းကိုဖြင့်တလည်လည်… ဖြစ်နေတဲ့ လေးမတစ်ယောက် ဒီနေ့တော့ဖြင့် လိုအင်ဆန္ဒတွေပြည့်ဝခဲ့ပါပြီ …။

Blogspot မှာ သုံးခဲ့တဲ့ template ပုံစံနဲ့ အနီးစပ်ဆုံး တူအောင် လုပ်ပေးသွားတဲ့ လေးမတို့ရွာက လူပျိုကြီး သုံးယောက်နေတဲ့ စပ်မိစပ်ရာ အိမ်မှ ခေါင်သူကြီး မောင်သင်္ကြန် ( နာမည်ကို ငယ်ချင်ယောင်ဆောင်ထားပေမယ့် … လေးမကတော့ ကိုအတာပဲခေါ်တယ်) ကို အရမ်းကျေးဇူးတင်မိပါတယ်…။ ကောင်မလေးငယ်ငယ်ချောချောချစ်စရာလေးနဲ့ မြန်မြန်လေး လက်ဆက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်…။

ဘက်မလိုက် အရောင် သုံးရောင်ဖြစ်တဲ့ ခဲရောင်၊ အနက်ရောင် ၊ အဖြူရောင် နှင့် လေးမ၏ အသုံးအဆောင်အများစုပိုင်ဆိုင်တဲ့ အပြာရောင် …တို့နဲ့အတူ လေးမ ချစ်သော disney princess များနှင့်ဖွဲ့  စည်း ထားတဲ့ လေးမရဲ့ blog လေးကို ဒီနေ့ ဘယ်နှစ်ကြိမ်မှန်းမသိအောင် ၀င်ကြည့်နေမိပါတယ်ရှင်…။ ။

13 comments:

Anonymous said...

အလို ။။။။
တယ်မိုက်ပါကလား ။
လှတယ်ဗျို့ ။
ဟုတ်ပ ။
အရင်အိမ်နဲ့ အတော်ဆင်သွားပြီ ။
ဘန်နာကလေးက လည်း ဂွတ်ထ ။
အိမ်ကို စိတ်တိုင်းကျသွားပြီဆိုတော့
ရေးပေတော့ ..... စာတွေ တစ်သီကြီး ။ နော်ဗျ ။ :)

Anonymous said...

ကြွားပြန်းပြီးး လှပါတယ်ဆို
အဒေါ်ကြီးကလဲ အလှကြိုက်ပါ့းးဟီးးဟီးး
မျက်စေ့ထဲမှာ ရှင်းသွားတာပဲ အရမ်းကောင်းတဲ့ ဘလော့လေ ပါ ကြိုးစားပေါ့ ဘလော့နဲ့  စာနဲ လိုက်အောင် ( ဆရာကြီးလေသံနဲ့  ပြောကြည့်တာ )

Anonymous said...

ခေါင်မိုး အသစ်ကလေးနဲ့ လှနေတယ်၊ အင်းပေါ့လေ လုပ်ပါလုပ်ပါ သူတို့ က ဗိသုကာကြီးတွေ ဆိုတော့ အိမ် တွေ တစ်လုံးပြီး တလုံးပြောင်းလိုက်၊ အိမ်ခေါင်မိုး အသစ် ခဏခဏ လဲလိုက် နဲ့ လုပ်နိုင်တာပေါ့၊ ကိုယ်တို့များ ကြတော့ မဒါဝတ်ပဲ ဖြစ်နေတာ၊ အိမ်ခေါင်မိုး အသစ် လဲပွဲ မုန့်ကျွေးရမယ်၊ နော် ဒါပဲ၊

Anonymous said...

အိမ်သစ်လေးက လှမှလှ ပဲ.. အိမ်သစ်တက်တာမုန့်ကျွေးပါဗျို့

Anonymous said...

အိမ်လေးကတအားလှသွားပီ
ချစ်မ
အပေါ်ကသုံးယောက်က ချုမွန်ရယ် ချစ်မရယ် ခေးရော့စ်ရယ်လားဟင်
ဟီးးးးးးးးးးးးးးးးးးးးးးး
ချောနွန်းနို့ မေးကြည့်တာ
ပေါပနော်
ဟိဟိ

Anonymous said...

ဒီအိမ်လေးကို သဘောကျတယ် ဟုတ်တယ်နော်
အဟောင်းတလည်လည်ဆိုတာ ...။

Anonymous said...

အိမ်မဆောက်ရသေးခင် လက်စွမ်းတွေ ပြနေတာလား လေးမရေ.. အခု banner လေးနဲ့ အိမ်သစ်ကို အပြတ်ရွိုင်းထားတာ လှပါ့နော်.. ဟွန်း.. နာလိုတော့ဘူး..

လေးမ blog ထဲ ၀င်ဝင်ချင်း မျက်စိကို အေးသွားတာပဲ.. လှတယ်.. :)

Anonymous said...

တန်းပလိပ်က အမိုက်စားပဲ .. :)

Anonymous said...

Disney နဲ့မိုက်နေတယ်.. နာလိုဘူးကွာ :P

Anonymous said...

very beautiful template, ma ma lay.

btw, i can't write burmese in comment.. what wrong with me...

be happy........

tzm

Anonymous said...

ရပြီ မမလေးရေ... မြန်မာလိုပြန်ရိုက်လို့ ရပြီ.... ကျွန်တော့ရဲ့ firefox setting မှာ မှားနေလို့

Anonymous said...

>jerry... မြှောက်ပေးသွားတယ်ပေါ့..။

>မောင်မျိုး... ဘလော့ဂ်နဲ့ စာနဲ့ လိုက်အောင် ဘယ်လိုရေးရမလဲ..ဆရာပဲ..သင်ပေးတော့..။

>မမလေပြေ...မောင်မျိုးမွေးနေ့က မုန့်တွေ အရမ်းမိုက်တယ်..အဲဒီမှာ သွားစားလိုက်နော်...။

>ညို..မွေးနေ့တုန်းက ကိတ်..စားသွားနော်...။

>ခေးရော့စ်... မှန်လိုက်လေ..ညီမလေးရယ်...ဆုမွန်ရယ်...လေးမရယ်...ကစားကွင်းသွားတုန်းကပုံလေ...။

>မျှားပြာ...ပြာယာခတ်လည်း...အဟောင်းကို တလည်လည် ဖြစ်နေတယ်ပေါ့...။

>မနုစံ...လေးမ လက်စွမ်းမပြဘူး..။ ကို အတာ လုပ်ပေးတာ...။ ဟီး..။

>ရွှေရောင်ကောင်းကင်... ကျေးဇူး...။

>သဇင်ဏီ...သွပ်လို ကောင်ကောင်လေးနဲ့ နေကြည့်တာလေ..။

>ကိုသန့် .... လန့်သွားတာပဲ...တော်ပါသေးရဲ့...။

Anonymous said...

Hello. Let's get acquainted!
My name is Jessika.