Sunday, January 06, 2008

Feeling 28 ( 3 )

တကယ်တော့ ဒီအကြောင်းကို ချန်ထားမလို့ပါဘဲ… ဒါပေမယ့် မောင်မျိုးက ရယ်ချင်သတဲ့လေ… ဆီပုံးမှာ လာအော်သွားတယ်…။ လေးမရဲ့ အဖြစ်ကို ဖတ်ပြီး ရယ်ပေဦးတော့ သူငယ်ချင်းတို့ရေ…။



အဲဒီနေ့က သတို့သမီးလေး သိပ်လှနေတာပေါ့( ကိုယ့်ကိုယ်ကို ထင်တာ )..။ မြန်မာသတို့သမီး ၀တ်စုံလေးနဲ့ မင်းသမီးလေးလို ၀တ်ထားတာလေ…။

ဝတ်စုံဝတ်ပြီးသွားတဲ့ အချိန်မှာ အရမ်းစိတ်လှုပ်ရှားလာပြီး Rest room ခဏ၀င်မယ်ဆိုပြီး ၀င်လိုက်ပါတယ်…။


ရေချိုးခန်းထဲရောက်တော့ လက်ထဲက tissue လေး ပြုတ်ကျသွားလို့ ကုန်းကောက်လိုက်တယ်…။

အဲဒီမှာ သွားရော..ကျပ်နေအောင်ချုပ်ထားတဲ့ အကျီင်္က လက်မောင်းချုပ်ရိုးတွေ ပြုတ်ကုန်ရော…။

ငိုမဲ့မဲ့ နဲ့ ရေချိုးခန်းထဲက ပြန်ထွက်လာတဲ့ သတို့သမီးကိုကြည့်ပြီး အားလုံးလန့်သွားပါတယ်…။

အပ်ချည်အ၀ါရှာပြီး ၀တ်ထားတဲ့ အကျီင်္မှာ လက်နဲ့ ကိုယ်ထည်ပြန်တွဲပေးနေတော့ အပ်စူးမှာလည်းကြောက်…


တောင်ရှည်..ခေါင်းပေါင်းနဲ့ သတို့သားကလည်း ပြီးသေးဘူးလား… အချိန်နီးနေပြီ ဆိုပြီး အပေါက်ဝမှာ ရစ်သီရစ်သီလာလုပ်နေတော့ ဇောချွေးတွေ ပိုးပိုးပေါက်ပေါက်ကျလာပါတယ်…။

မိတ်ကပ်မာမီကတော့ ချွေးပြန်နေတဲ့ မျက်နှာကို မိတ်ကပ်လိုက်ဖို့ရင်း သမီးလေး.. စိတ်လျှော့ထား… ဘာမှ မဖြစ်ဘူး..အေးအေးဆေးဆေးပဲ… လှလှလေးပြုံးနေလို့ပြောပါတယ်…။

သူတို့ပြင်ဆင်တာပြီးတာနဲ့ စိတ်မြန်တဲ့ သတို့သမီးဟာ ထိုင်မသိမ်းကို မပြီး မိတ်ကပ်ခန်းအပြင်ဘက်ကို ဇိုးဇိုးဇတ်ဇတ်နဲ့ ထွက်လိုက်ပါတယ်…။

ပွဲထွက်ဖို့ သတ်မှတ်ထားတဲ့ အချိန်ရောက်နေပြီမို့ စတိုင်လ်နဲ့ မလျှောက်နိုင်တော့ပါဘူး…။

မိတ်ကပ်မာမီတစ်ယောက်က ဟဲ့..သတို့သမီး..ဖြည်းဖြည်း ..စိတ်လျှော့….နဲ့ အော်ရှာပါတယ်…။

သတို့သားနဲ့ လက်ချင်းချိတ်လိုက်မှပဲ သူတို့သမီးနြေ္ဒရသွားပါတယ်…။

ခန်းမထဲကို ၀င်ဖို့ လှေကားကဆင်းလာပါတယ်…။

ဗွီဒီယိုရိုက်တဲ့သူက အော်တယ်… စကားလေးပြောပြီး ဆင်းလာပါ..အသက်ဝင်အောင်လို့ပါ တဲ့…

သူကငဲ့ကြည့်ပြီး..

ပျော်လား..

အင်း…အဟင်း…ဟိုလေ …. စူးနေတယ်

ဟင်..ဘာလဲ…ဘာစူးတာလဲ…

ပြုံးပြုံးလေး ခင်ဗျာ တဲ့ ( ဓါတ်ပုံဆရာက အော်နေတယ်)

ဟိုလေ.. ထိုင်မသိမ်းမှာ ထိုးထားတဲ့ ပင်အပ်..ပင်အပ်တွေက ခြေလှမ်း လှမ်းလိုက်တိုင်း စူးနေလို့…

အန်… ဘယ်လိုလုပ်ကြမလဲ

ဘယ်လိုမှ လုပ်လို့မရတော့ဘူးလေ…

အသာလေးထိန်းလျှောက်နော်…မဲ့ရင် ဓါတ်ပုံထဲမှာ မလှဘဲနေမှာနော်… သည်းခံလိုက်နော် …တဲ့…။

အခွေထဲမှာ အသံမပါလို့သာ တော်တော့တာပေါ့…။

လှချင်ပါတယ်ဆိုမှ အဲဒီနေ့က ……။

အော် ….. မင်္ဂလာဆောင်တယ်ဆိုတာ ထင်သလောက်မလွယ်ပါလားနော်…။

အဲဒီအဖြစ်လေးက အဲဒီတုန်းက ..စိတ်ညစ်စရာ…ခုတော့ ရယ်စရာလေး ဖြစ်သွားပြီ…။



အဲဒီတုန်းက ၀မ်းနည်းပြီး ခုထိစိတ်မကောင်း ဖြစ်ခဲ့ရတာကတော့ … အဲဒီနေ့က အိမ်မှာ ဖေဖေ မျက်ရည်ကျသတဲ့….။ ။



ဆက်ပါဦးမည်..။ မြန်မြန် လက်စသတ်နိုင်အောင် အဖြစ်အပျက်တွေကို ချုံ့လိုက်ပါ့မယ်…။

16 comments:

Anonymous said...

ဟာဟားးးး...အဲ့လိုကြီးလား မျက်လု့းထဲမြင်မိတယ် စကားပြောရမှာက ချစ်ကြောင်း ကြိုက်ကြောင်းး
ကိုကိုတွေ ချစ်ချစ်တွေ နဲ့ ပြောရမယ့်ဟာ ကို စူးတယ်တဲ့..ဇတ်လမ်းကကောင်းခန်ူးရောက်မှ တီလေး ကတော့လုပ်ပြီဗျာ..
ကျေးဇူး .....
ဆက်ရင်ကိုစောင့်မျှောနေပါတယ်ဗျာ..
ပျော်ရွှင်ပါစေ

Anonymous said...

သတို့သမီးဝတ်စုံနဲ့ပုံကိုမြင်ဖူးပါတယ်....
ပင်အပ်စူးနေတဲ့ပုံနဲ့မတူပါဘူး....
အင်္ကျီချုပ်ရိုးပြုတ်သွားလို့ငိုမဲ့မဲ့ဖြစ်နေတဲ့ပုံလဲမဟုတ်ပါဘူး...
ဟီးဟီး...ပင်အပ်စူးတော့ဘယ်လိုနေတုန်းအမရ

Anonymous said...

ဖြစ်ရတယ်အစ်မရယ်။ အောင့်သက်သက်ပေါ့နော်။ အားလုံးအဆင်ပြေပြေပြီးသွားတာတော့ဝမ်းသာစရာပါပဲ။
စိတ်ဝင်စားဖို့ကောင်းတယ်ဖတ်ရတာ။ ဆက်ရန်ကိုမျှော်နေတယ်နော်။

Anonymous said...

အနော့ အလှည့်ကျရင် ကိုယ့်သတို့ သမီးလေးကို ပင်အပ် မထိုးရတဲ့ ဝတ်စုံလေး ချုပ်ပေးမယ်လို့ စဉ်းစားမိသဗျ။ ဟိုလေ စူးနေတယ် လို့ ပြောတုန်းက မျက်နှာကို မြင်ယောင်ရင်း ရီသွားရသဗျ။

Anonymous said...

သနားပါတယ် အချစ်စူးစူးခဲ့တာကိုး အဲ ပင်အပ်ကလည်း နော်။ တွယ်ချိတ်ကို သုံးလိုက်ရင် ပိုကောင်းမှာပေါ့
မွှား

Anonymous said...

ဟား ဟား ဟား... တူနော်...လုပ်ပီ..
သွပ်ကနေကောင်းခါစကို အရမ်းရီအောင်လုပ်တယ်..
အော်.. အိမ်ထောင်ထဲမှာပေါ့.. ဂလိုလား... တိပါဘူးတော်..
တို့ကသူ့ကို အပျိုကြီးထင်နေတာ.. ခွိခွိ

Anonymous said...

ဖြစ်မှ ဖြစ်ရလေ.. မမလေးရယ်...
တကယ်က ဒီလို အဖြစ်လေးတွေက ပျော်စရာကောင်းတာ.. နော်..

Anonymous said...

ချစ်မ..........
နာရင်းနဲ့ ပျော်သည်....ပေါ့....
နာသွားလို့ တော်သေး...မဟုတ်ရင် ချစ်မ ပါးစပ်ကြီး ပြုံးဖြီးဖြီး အဖြစ်လွန်နေလို့ အကိုကောင်းကင်ကြီး လိုက်ပိတ်နေရမယ်.....ဟဲဟဲ....
နောက် တာနော်....ချစ်လို့..........

အဲ နေ့ ပွဲတုန်းက ကြားလိုက်ပါတယ်...သတို့သမီးက တယ်လှဆိုပဲ......
ဒါတောင် အပ်စူးပြီး နာနေလို့ နော်....မဟုတ်လို့ကတော့.....

Anonymous said...

မလေးရေ.. ရီရတယ်ဗျို့.. အခုပြန်စဉ်းစားတော့ ပျော်စရာကြီးပေါ့နော်.. ကိုကောင်းကင်ကြီးကတော့ feeling အပြည့်နဲ့မေးလိုက်တော့..မလေးကလည်း feeling အပြည့်နဲ့ပြန်ဖြေတာ မဟုတ်လား .. ဟား..ဟား...

Anonymous said...

လေးမရေ.. မင်္ဂလာဆောင်ရတာ တကယ်တော့ မလွယ်ဘူးနော်.. အမတို့က ဘုန်းကြီးကျောင်းမှာ ဆောင်တော့ ဧည့်သည်ကို ဧည့်ခံရတာက ပိုပင်ပန်းတယ်.. ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့.. ပွဲပြီးခါနီးမှ ကမန်းကတမ်း ထမင်းစားရတယ်.. လူမော စိတ်မောပဲ..

လေးမ ဖေဖေ မျက်ရည်ကျတယ်ဆိုလို့ အမစိတ်မကောင်းဘူး.. အမတုန်းကလည်း အဲလိုပဲ.. ပြောရင်းနဲ့ ငိုချင်လာပြီ....

Anonymous said...

ဖြစ်မှဖြစ်ရလေ၀ိုင်းစိန်ရယ် ဟိ ဟိ။

Anonymous said...

>မောင်မျိုး...အေးဟယ်..ကောင်းခန်းဆို အဲလိုချည်းပဲ...။

>စာကလေး... အဲဒါကတော့ တသက်မှာ တခါဆိုတော့ လှအောင်နေရတာပေါ့...။

>၀င်္ကပါ...ဟုတ်ပ....အဆင်ပြေသွားလို့တော်သေးတာပေါ့ ညီမရယ်..။

>အမည်မသိ ... အရေးထဲ..စိတ်ကူးက ယဉ်သွားသေးတယ်...။

>ဂျေ.. ဟင်..တွယ်ချိတ်တဲ့..ကြောက်စရာကြီး...။

>သဇင်ဏီ.. အပျိုကြီး ဟုတ်ပါဘူးဆိုမှ..သူကရဲ..ဒွတ်ခပါပဲ...။

>ကိုသန့်...မှတ်မှတ်ရရ ဖြစ်သွားတာပေါ့.. ပျော်စရာဖြစ်ချင်လို့ဆိုပြီး ..ကိုသန့် သတို့သမီးကိုတော့ ပင်အပ်နဲ့ သွားမထိုးနဲ့ နော်...။

>ဆုမွန်... ဟယ်..ဂျာနယ်ထဲပါတယ်ထင်တယ်...ရှက်ချာကြီး..။

>ညို... ဟုတ်ပ..ဟုတ်ပ...feeling အပြည့်ပဲ...။

>မနုစံ... အဖေတွေက အဲလိုပဲ..သမီးတွေဆို သိပ်ချစ်တာ...။

>မတူးတူး... အဖြစ်ကတော့ မနှစ်ကလိုပါပဲ..အတုးရယ်...။

Anonymous said...

ဟား ဟား ဟား .. ဖစ်မှ ဖစ်ရလေဗျာ ။ တကယ့်အမှတ်တရပဲ ။ ဒါတကယ် ရေးသင့်တာပေါ့ ။ ရယ်ချင်လို့ တိုက်တွန်းတဲ့ ကိုမောင်မျိုးကို ကျေးဇူးတင်ရမယ် ။ တကယ့် ကသိကအောက် ပျော်လွမ်းစရာ အမှတ်တရလေးတွေ ရေးပါဗျ ။

Anonymous said...

အော် ဂလိုကိုး ဒါကြောင့် ဂျစ်ရဲ့ မင်္ဂလာစုံတွဲတွေ ဓာတ်ပုံ ရိုက်တဲ့ အကြောင်း ပို့စ်မှာ ပြောချင်ဘူး ပြောချင်ဘူး ဆိုပြီး ကွန်မန့်ပွတ် သွားတာကိုး၊ အမှတ်တရလေးတွေပေါ့၊ ဟုတ်ပ၊ ကောင်းကင်ကြီးက ဖီလင် အပြည့်နဲ့ ပျော်လားလို့ မေးတာကို စူးတယ်တဲ့ ပြန်ဖြေတာက ဘာမှလဲ မဆိုင်ဘူး၊ ဖတ်ပြီး ရီလိုက်ရတာ၊ မမလေပြေ လို မှ မလိမ်မာတာ ဒါကြောင့် ဖေဖေက မျက်ရည်ကျတာပေါ့၊ မမ လေပြေ အဖေဆို ခုထိ အဲဒီ ကိစကြောင့် မျက်ရည် မကျရသေးဘူး၊ ဟိ၊

Anonymous said...

နောက်မှ ရေးမည်။

Anonymous said...

>jerry..ပျော်လွမ်းစရာ..မျှော်လွမ်းရာလေး...ဆွေးဆွေးလေးတွေးလို့ ... ငေးငေးလေးရေး..

>မမလေပြေ... ဟုတ်တယ်...မမလေပြေက လိမ်မာတယ်နော်..ဒါပေမယ့် မိဘ ၀တ္တရား၁ ခု ကျန်အောင်လုပ်နဲ့လေ...။

>မျှားပြာ..စရံရိုက်သွားတာပေါ့...။