Saturday, January 19, 2008

ပထမဆုံးလမှာ စိန်ခေါ်ကြသူများ..

ခရစ်နှစ်ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်န၀ါရီလမှာ လောကကြီးကို “ အူဝဲ..အူဝဲ” လို့ စိန်ခေါ်ခဲ့ကြတဲ့ ….


လေးမနဲ့ မွေးလတူ မြန်မာ ဘလော့ဂါတွေ ( သိသလောက်) ကို စာရင်းပြုစုကြည့်တာပါ…။



၁။ မောင်နိုင်


၂။ မောင်မျိုး


၃။ မလေး


၎။ လေးမ


၅။ သိုးလေး


၆။ မြလွှာ


ရ။ ရွှန်းမီ


 



၈။ပင့်ဂိုးလ်
၉။ ဂျေ

 



ဇန်န၀ါရီလဖွားတွေမှာ ဘယ်လိုအရည်အချင်းတွေ ရှိသလဲဆိုတာ သိချင်ရင် သူတို့ ရေးတဲ့ စာတွေကို ဖတ်ကြည့်ပြီး အကဲခတ်နိုင်ပါတယ်…။


နှလုံးသားက အထိမခံ .. အရမ်းခံစားတတ်…အရမ်းကြေကွဲတတ် … လွမ်းလည်းလွမ်းတတ်တယ် … အလှအပလေးတွေ မြတ်နိုးတတ်တယ်…. တခါတလေ…ရယ်မောတတ်တယ်…။


ငယ်ငယ်က အရမ်းဆော့တတ်ပြီး… အသက်ကြီးလာတော့ နည်းနည်းမှ အငြိမ်မနေ … အွန်လိုင်းပေါ်တက်ပြီးလက်ဆော့နေရမှ ( ဘလော့ရေးတာ ..လည်တာကို ပြောတာနော်..) ထမင်းစားဝင်တယ်…။


ခစ်..ခစ်…မှန်တယ်ဟုတ်....မှားရင်လည်း သည်းခံနော်…။






ဇန်န၀ါရီလဖွား မြန်မာ ဗိသုကာများ



၁။ ဒေါ်မင်းသက်မွန်


၂။ ဒေါက်တာ ဆွေဆွေအေး


၃။ ဦးငွေစိုး


၎။ မချောကလျာ


၅။ မခင်ထက်ထက်ဇော်


၆။ ဒေါက်တာ မန်းသူဇာထွန်း


ရ။ ဒေါက်တာ ဇာဇာဝမ်းမောင်


၈။ မနှင်းရီ


၉။ လေးမ ( သူတစ်ယောက်ကတော့ ဗိသုကာလောကကြီးကို စိန်မခေါ်နိုင်ခဲ့ပါဘူး…။ ဒါပေမယ့် ကိုယ်ပိုင်အိမ်ကလေး တစ်လုံးကို စိတ်တိုင်းကျ ဒီဇိုင်းဆွဲဖို့ ကမ်းလှမ်းထားတဲ့ သူတော့ရှိပါတယ်…။ ပိုက်ပိုက်ပြည့်စုံတဲ့တစ်နေ့ အလုပ်အပ်ပါမယ်တဲ့… ။ လေးမရဲ့ client က ကောင်းကင်ကြီးလေ…)




အခြားလဖွားများလည်း ဇန်န၀ါရီဖွားများနဲ့ အတူ ပျော်ရွှင် ကြည်နူးကြပါစေရှင်…။ ။


6 comments:

Anonymous said...

နှလုံးသားက အထိမခံ .. အရမ်းခံစားတတ်…အရမ်းကြေကွဲတတ် … အရမ်းမှန်တယ်ဗျာ ပြောတော့ ပို့စ်တင်ဖို့ ကြာအုံးမယ်ဆို တစ်ခုကျန်ံခဲ့တယ်လေ စိတ်က မငြိမ်တာလေ အခုတစ်မျိုး ခဏနေရင် ပြောင်းသွားပြန်ကော ( ကျနော့်ကိုယ် ကျနော်ပြောတာ )
တီလေး စာရင်းပြူစုမှပဲ သေချာသိတော့တယ် ဇန်န၀ါရီလဖွားတွေကို....ကျေးဇူးတင်ပါတယ်ဗျာ

Anonymous said...

ဟုတ်လား လေးမ .. ဘယ်နေ့လဲ မသိဘူး.. Happy Birthday နော် :-)

Anonymous said...

အစ်မရေ .......ကျွန်တော် တို့ ဇန်န၀ါရီလမွေးတဲ့ သူတွေကို စာရင်းလုပ်ပေးတဲ့ အတွက် အရမ်းကိုကျေးဇူးတင်ပါတယ် ဗျာ..
ကိုမောင်မျိုးကလည်း ကျွန်တော် ဘလော့မှာ Link တွေ ထားဖို့ အားပေးနေတယ် လေ ... ထားဖြစ်ရင် အစ်မ တို့ ကို မမေ့ဘူးနော် ..ကဲ အစ်မရေ ပြန်တော့ မယ် ...ဘိုင့် ဘိုင့် ..အစ်မဆီကို လာလည် တဲ့ ဇန်န၀ါရီဖွားတွေလည်း ဘိုင့်ဘိုင့် ပါ ခင်ဗျာ

Anonymous said...

ဇန်န၀ါရီလဖွားများ အဆင်ပြေကြပါစေဗျာ။

Anonymous said...

ဇန်န၀ါရီလဖွားတွေစုပေးထားတဲ့ လေးမ စိတ်ကူးက တကယ်ကောင်းပါ့... အဟဲ.. လေးမ ဆောက်မယ့် အိမ်လေးလည်း ကြည့်ချင်ပါဘိနော်... :D ကောင်းကင်ကြီးကို မြန်မြန် အလုပ်အပ်ပါလို့ တိုက်တွန်းပါအုံး လေးမရ.. :)

Anonymous said...

>မောင်မျိုး..ဟုတ်သား... စိတ်မငြိမ်တာရေးဖို့ကျန်ခဲ့တယ်...။

>ရွှန်းမီ..မွေးနေ့က လွန်ခဲ့တဲ့ ၂၈ နှစ်ကလေ..။

>မောင်နိုင်...ကို အစ်မက ခေါင်သူကြီးတင်ထားတာနော...။

>မျှားပြာ... ဘာဖွားမှန်းမသိတဲ့ မျှားပြာလည်း အဆင်ပြေပါစေ...။

>မနုစံ..ဒါဆို အိမ်ဆောက်နိုင်အောင်....ဆုတောင်းပေးလေ... နော်လို့...။