Saturday, January 26, 2008

Bye..Bye…byethost.com

Free host က ကောင်းကောင်း ဒုက္ခပေးနေပါသည်…။



လေးမ ဘာမှ ဆက်မလုပ်တတ်တော့ပါ…။ဖြစ်ချင်ရာတွေဖြစ်နေပါသည်...။



မနေ့ က တင်ထားသော post နှင့် comment များလည်း အလိုလို ပျောက်ကုန်ပါသည်…။


 


 



အလွန် ၀မ်းနည်းမိသည်…။



စိတ်ဆင်းရဲမခံချင်တော့သောကြောင့် ဘလော့ဂ် ရေးခြင်းမှ အကန့် အသတ်မရှိ အနားယူသွားပါပြီ…


 


 



လှည့်လည် စာဖတ်ခြင်းဖြင့်သာ မွေ့ လျော်ပါတော့မည်…။



အားလုံးကို ခင်မင်လေးစားလျက်,


လေးမ

p.s. အိမ်လှလှလေး လုပ်ပေးထားတဲ့ ကိုအတာရေ.. အရမ်းအားနာပါတယ်… ၀မ်းလည်းနည်းတယ်…။ ဒါပေမယ့် စိတ်ညစ်ရတဲ့ ဒဏ်ကို မခံနိုင်တော့ဘူး…။ လေးမက အကောင်းနဲ့မတန်ဘူးထင်တယ်..။

13 comments:

Anonymous said...

ဝေ့ ... ရှိဖော် ။
ဘီလို ဖစ်သတုန်းဂျ ။
အိမ်း .... ခဏတော့ နားလိုက်ချေဦး ။
ခဏဆိုတာ အလွန်ဆုံး တစ်ရက်နှစ်ရက်ပြောတာနော် ။ ပီးတခါ ပြန်ကြိုးစား၊ ပြန်ရေးပေါ့ဗျ ။
အဆင်ပြေသွားမှာပါ ။ ကိုသင်္ကြန်ကြီးကို အဆင်မပြေတာတွေ ပြောပြလိုက်ရင် အဖြေပေါ်မှာပါဗျ ။
အိုကေ!!!

Anonymous said...

not ok !!!
အခုက စိတ်ကုန်သွားတာ...။
အပြင်လောက က stress တွေ လျှော့ချချင်လို့ ဘလော့ဂ်ရေးနေတာ...သူ က stress တွေ လာပေးနေတော့..
စိတ်ရှုပ်တယ်...။
တော်ပြီ..။ စိတ်ဆိုးတယ်..။
မရေးတော့ဘူး..။
စိတ်တိုသွားတာ...။

Anonymous said...

အမရေ...ပိုစ့်ကိုမြင်လိုက်တော့ငိုချင်စိတ်ကိုမနည်းထိန်းထားလိုက်ရတယ်ဗျ...
စိတ်မကောင်းပါဘူးဗျာ...မောင်လေးလဲမကူညီနိုင်ဘူးဖြစ်နေတယ်..
ကိုယ့် ဘလော့ဂ်ကိုတောင်ကိုယ်တိုင်ဝင်လို့မရဘူးဖြစ်နေလို့....
ဖျက်ပစ်ချင်စိတ်တောင်ပေါက်လာပြီ..
သူငယ်ချင်းတွေအတွက်ဆိုပြီးလုပ်ထားလို့တာပေါ့
နောက်တစ်ယောက်ကိုလွှဲပေးမလို့လုပ်နေတယ်အမရေ..
ပြီးရင်တော့ကျွန်တော်လဲနားပြီ...
ငါ့အမစိတ်ပါတဲ့တစ်နေ့ပိုစ့်ပြန်ရေးနိုင်ပါစေဗျာ...
:(
:(
:(

Anonymous said...

လေးမရေ...
စိတ်မညစ်ပါနဲ့အုံး။ ဒီလောက်အိမ်တွေပြောင်းခဲ့ပြီးမှ။ အတွေ့အကြုံတွေရှိသားနဲ့။ နားလည်တဲ့သူတွေကို မေးမြန်းပြီးလုပ်ကြည့်ပါဦး။
http://mbl0gger.iblogger.org/?p=261 မှာ မှော်ဆရာ ရေးထားတာဖတ်ပြီးလုပ်ကြည့်ဦး။ မရရင်သူ့ကိုမေးကြည့်။ လွယ်လွယ်နဲ့စိတ်ဓါတ်မကျပါနဲ့ဦး။

Anonymous said...

စိတ်မကောင်းပါဘူးအမရယ် ကိုယ်တိုင်ဘလော့ပိတ်ထားတာတောငက် အမတို့ဘလော့တွေကို နေ့တိုင်းလိုလို ၀င်ဖတ်ဖြစ်တယ် အားလုံးအစစအရာရာ အဆင်ပြေပါစေဗျတာ ပျော်ရွှင်ပါစေ :)

Anonymous said...

ဗျို့ အိမ်ရှင်ကြီး - အားလုံးအိုကေနေပါပြီဗျ။ ဒီလိုပါပဲ ဖြစ်တတ်ပါတယ်။ အဲဒါ စိတ်ညစ်စရာမဟုတ်ပါဘူးဗျာ။ ပျော်စရာပါ ( အခုဆို ၂၀၀၇ တုန်းကထက် လေးမ တစ်ခုပိုသိသွားပြီလေ - ဟုတ်တယ်ဟုတ်လား။ အဲဒါ ပျော်စရာပေါ့ဗျ။ ) နောက်တစ်ဖက်ကနေ တွေးကြည့်ရင် ပြောပါတယ်။

အမှန်က ဘာဖြစ်မှန်းမသိခင်က ကျွန်တော်လည်း စုံနေအောင် လိုက်စဉ်းစားနေတာ။ စိတ်ထဲမှာလည်း စနိုးစနောင့် တော့ ဖြစ်မိတာပေါ့။ ကိုယ့် အကောင့်ထ် ကိုပဲ ၀င် Hack ခံလိုက်ရသလား။ ဘာများ ဖြစ်သလဲ ဆိုပြီးလေ။ အခု ဒါကြောင့် ဒီလိုဖြစ်တယ်၊ ဒါလုပ်လိုက်ရင် အဆင်ပြေတယ် ဆိုတာ သိပြီး လိုက်လုပ်လိုက်တော့ လည်း စိတ်ညစ်ခဲ့တာ အားလုံးက Gone With The Wind ပါပဲဗျာ။

အဆင်ပြေပါစေဗျို့!

Anonymous said...

လေးမရေ bye bye တော့ မလုပ်ပါနဲ့ဗျ။ free host တွေက နည်းနည်းတော့ သည်းခံရတယ်ဗျာ။ ကျွန်တော့်ဟာဆိုရင်လဲ sql server ချိန်းလို့တောင် မရသေးဘူး error ပဲတတ်နေတယ်။ ဒါပေမဲ့ blog ကတော့ ပုံမှန်လုပ်လို့ ရနေတယ်။ လေးမဟာလဲ အခုအကုန် အိုကေ နေတာပဲ။ စိတ်ညစ်ပါနဲ့ဗျာ ဆက်ရေးပါ။

Anonymous said...

အယ် ဘီလိုဖစ်လို့  ဘိုင်းဘိုင်းတာ တုန်းမရဘူးး ပြန်ရေးပါဗျ ...ကိုးနတ်ရှင်ကြီးကြောင့်လားး ဘာလို့ လဲ မရရင် ကျနော့်ကိုအပ်လိုက် တစ်ခါတည်းပျက်သွားးမယ် ဘလော့ပေါ် stress တွေရှိနေတုန်းလားး ဘလော့ရေးတာကြာတဲ့ တီလေးတောင် ရှိတယ်ဆိုတော့ ကျနော်ဆို မပြောနဲ့ တော့ မြန်၂ပြန်ရေးပါဗျ နောက်တော့လဲ အဆင်ပြေသွားမှာပေါ့ ကော့မန့် တွေပျောက်သွားရင် ပြန်ရေးပေးကြမှာပဲ ၀မ်းနည်မနေနဲ့  ဘယ်နှခုပျောက်သွားတာလဲ ကျနော် ပြန်ရေးးပေးမယ် .

Anonymous said...

မမရယ်..မမရယ်..မမရယ်..ဘာပြောရမှန်းတောင်မသိတော့ဘူး..bye bye တော့မလုပ်ပါနဲ့ နော်

Anonymous said...

အင်း..လေးမရေ... ကြိုးစားပြီးဆက်ရေးကြည့်ပါနော်.. bye bye တော့ မလုပ်ပါနဲ့.. မောင်မျိုးပြောသလို comment ပျောက်သွားရင် အမတို့ ပြန်ရေးပေးမှာပေါ့.. blogspot နဲ့ပါတွဲလုပ်ပါလားဟင်.. အဲဒါဆိုတော့ တခုမဟုတ် တခု ကျန်နေမလားလို့ လေးမကို အကြံပေးကြည့်တာပါ.. စိတ်တော့မလျော့ပါနဲ့နော်...

Anonymous said...

ချစ်မ ခေးရော့စ်နားလည်လည်လာတာများပီး
ဗိုင်းရပ်စ်ကိုက်သွားတယ်ထင်တယ်နော်
ကြည့်လုပ်ဦး
ချစ်မ စာပြန်ရေးမယ့်အချိန်ကို
မျှော်လင့်တကြီးချောင့်နေတယ်နော်

Anonymous said...

ပြန်ရသွားပီဆိုတော့ ပြောတော့ဘူး မဟုတ်ရင် နေ့တိုင်းလာရန်တွေ့မလို့ ...။

Anonymous said...

>sparrow, tu tu,nyeinnyo, mblogger, mtj, mg myo, soemoe thu, ma nu-san , chaos , bluearrow....လေးမကို နှစ်သိမ့်ဆွေးနွေးအားပေး..(အဲ...အဲ..အဲလိုကြီးရေးတော့ တစ်မျိုးထင်ကုန်ဦးမယ်....) လေးမကို ကမ်းမကပ်မိအောင်...ကူညီဖေးမ ကြတာ ကျေးဇူးအများကြီးတင်ပါတယ်....။

ရော့..ဒီမှာ..လက်ဆောင်.... မိန်းကလေးများ...အတွက် အာဘွား...။

ယောက်ျားလေးများအတွက်...ဘီယာ တစ်ဂျား...။