Sunday, February 03, 2008

ဘ၀ လက်တွဲဖော် ( ၁ )

အသက် ၂၀ နှစ်ပြည့်ပြီးတဲ့ လူတိုင်း လူတိုင်းဟာ ကိုယ့်ဘ၀ရဲ့ လက်တွဲဖော်တွေကို အနည်းနဲ့ အများတော့ စိတ်ကူးယဉ်ခဲ့ကြဖူးမှာပဲ…။ လက်တွဲဖော်ကို ဘယ်လိုလူမျိုးဖြစ်စေချင်တယ်… ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံရမယ်… လို့ တစ်ခါနှစ်ခါလောက်တော့ တွေးခဲ့မိမှာပဲ…။


ချစ်သူကို ဘယ်လိုပုံစံမျိုး ဖြစ်ရမယ်လို့ ကန့်သတ်လို့မရပေမယ့် လက်တွဲဖော်ကိုတော့ စံချိန်စံနှုန်းတွေ သတ်မှတ်လို့ရပါတယ်…။

ဟာဟ… ခုလို ကြီးကြီးကျယ်ကျယ် နိဒါန်းချီထားတာလေးကို ဖတ်ပြီး လေးမ တစ်ယောက်တော့ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ မှတ်သားနာယူ ဆင်ခြင်တွေးတောဖွယ်ရာတွေ ရေးတော့မယ်ထင်တယ်ဆိုပြီး စိတ်ဝင်တစား မျက်လုံးကြီး ပြူးပြီး ဖတ်နေတဲ့ ဘော်ဒါတွေကို အားနာပါတယ်…။


လေးမက ဘ၀လက်တွဲဖော်ရွေးဖို့ “ ဟိုလိုလုပ်ပါလား…ဒီလိုလုပ်ပါလား…( ငါလည်း လုပ်တတ်ဘူး) ” ဆိုတဲ့ ပညာပေးစာ ရေးမှာ မဟုတ်ပါဘူးရှင်…။


လေးမ ဘ၀ရဲ့ လက်တွဲဖော်ကို ဘယ်လို စံနှုန်းတွေ သတ်မှတ်ခဲ့တယ်ဆိုတာ ပြောပြမလို့ပါ…။


အယူအဆမှားခဲ့တာတွေလည်းပါခဲ့တယ်… မှန်ခဲ့တာတွေလည်းရှိမယ်… အမှားအမှန် မဝေခွဲနိုင်တာတွေလည်းရှိတယ်…. ။ ဘာပဲဖြစ်ဖြစ် သတ်မှတ်ခဲ့ဖူးတာတော့ သေချာတယ်…။

လက်တွဲဖော်ကို စံနှုန်းနဲ့ ရွေးတာပါဆိုတော့ ကြီးကျယ်လိုက်တာ … အံ့သြစရာပဲ … အမြင်ကတ်စရာပဲ လို့ တွေးကောင်းတွေးကြလိမ့်မယ် …။ လေးမမှာ အကြောင်းပြချက်ရှိပါတယ်…။


အချစ်ဆိုတာ ဘ၀မှာ အကြိမ်ကြိမ် restart လုပ်လို့ရပေမယ့် လက်ထပ်ခြင်းဆိုတာ မြန်မာအမျိုးသမီး တစ်ယောက်အတွက် restart မလုပ်ထိုက်တဲ့ အရာပါ…


အဲဒီအတွက် လက်တွဲဖော်ကို သေချာ စဉ်းစားသင့်တယ်လို့ လေးမ ယူဆပါတယ်…။

ချစ်သူဆိုတာ…

ဘ၀ဆိုတာ…

လက်တွဲဖော်ဆိုတာ….

ကဲ..ကဲ..ဒါတွေက အားလုံးသိပြီးသား…ချရာမလုပ်တော့ဘူး… ။ လေးမ လက်တွဲဖော်အတွက် ဘယ်လို မူတွေ ဘောင်တွေ ချမှတ်ခဲ့ဖူးတယ်ဆိုတာပဲ ရေးတော့မယ်…။


အပိုင်း (၂ ) မှာ ရှုလော့... .ဟိ..ဟိ… အိပ်ပြီ…။ ။

4 comments:

Anonymous said...

လူပြိုကြီး တစ်ယာက် ဆန့်တငင်ငင်နဲ့ ပြန်သွားတယ် :P

Anonymous said...

ဆက်ရေးပါဗျို့ ...မှတ်သားစရာတွေမှတ်ထားချင်လို့ ပါ..မမ..ရေ... :P

Anonymous said...

>ကိုအတာကြီး... လည်ပင်းကြီး လိမ် လို့ပေါ့..ဟိ..ဟိ..ပျော်လိုက်တာ...။

>စိုးမိုးလေး... အပိုင်း ( ၂ ) တင်လိုက်ပြီ..ညီမလေး..။ အသေတော့ မမှတ်လိုက်နဲ့နော်...။ မမက နဲနဲ ဂေါက်တောက်တောက် ဖြစ်နေတာ...။ ( ၃ ) အထိရေးမှာ..သိလား..ဖြည်းဖြည်းဖတ်...။

Anonymous said...

အချစ်ဆိုတာ ဘ၀မှာ အကြိမ်ကြိမ် restart လုပ်လို့ရပေမယ့် ..
မရပါဘူး လုပ်လို့ရရင် အချစ်မဟုတ်တော့ဘူး .. အဟိ