လေကြီး မိုးကြီးတွေ
တိုက်နေလိုက်တာ
အစွမ်းကုန် ကြမ်းကြမ်းရမ်းရမ်းပါပဲ…။
ရွာသာရွာချလိုက်ပါ
မင်းရွာချလိုက်တဲ့ မိုးရေစက်တွေက
ငါ့ရင်သွေးတွေကို
စိုရုံလေးစိုရင်တောင်
ငါဝမ်းမြောက်စွာ ဖွင့်ကြိုလိုက်မှာပါ…။
ငါကိုပစ်ချင်ရုံ သက်သက်နဲ့တော့
မိုးကြိုးတွေ ထစ်ချုန်းမနေပါနဲ့…။
မေးစမ်းပါရစေ.လား
ဟိုးအဝေးကြီးကနေ
စကားလုံးကြီးကြီးတွေနဲ့
ဆွေးနွေးရေးတွေ လုပ်နေတဲ့
ဲ့မင်းတို့ပါးစပ်တွေလောက်
မြေဖြူ မှုန့်တွေ မြိုမြို ချနေတဲ့
ငါ့ပါးစပ်တွေက မသန့်ရှင်းဘူးလား…။
ကြိုဆိုပါတယ်ပြောပြီး
ပိုက်ထားတဲ့ မင်းတို့လက်တွေလောက်
်လျှောက်နင်းသွားဖို့  ဖြန့်ခင်းထားတဲ့
ငါ့လက်တွေက မသန်မာဘူးလား…။
စကားအပိုတွေမပြောချင်ဘူး
အရှင်းဆုံးပဲပြောမယ်…
ငါပိုင်ဆိုင်တဲ့ ပိုးစုန်းကြူးအလင်းလေးက
မင်းတို့ လျှပ်စစ်မီးတွေလောက်
ထိန်ထိန်မညီးနိုင်ပေမယ့်..
ခဏခဏ ပျက်တတ်တဲ့ အရာမဟုတ်ဘူး…။
ဘ၀ကို တောင် လမ်းခင်းပေးခဲ့သေးတာပဲ
ဲခုချိန်မှတော့
့ငါဆိုတဲ့ ငါက
အသေသတ်ရင်တောင်
အနေမြတ်ခဲ့လို့
ကျေနပ်နေမယ့်သူဆိုတာ
မှတ်ထား…။ ။
Tuesday, January 29, 2008
ပိုးစုန်းကြူး အော်သံ
Posted by
lay-ma
at
2:20 AM
17
comments
Labels: Poem
Saturday, January 26, 2008
ဘွာတေး..ဘွာတေး..အလကား..စတာ…
မနေ့က byethost နဲ့ လေးမ ရန်တွေဖြစ်…စိတ်တွေဆိုးပြီး…အဆက်အဆံမလုပ်တော့ဘူး… နင်နဲ့ မခေါ်လည်း ရတယ်လို့ ပြောတော့ byethost ကြီးက ပညာပြတယ်…။
လေးမ blog မှာ error တွေ လုပ်ပစ်တယ်…။ဘယ်ရမလဲ လေးမပဲ…. အနားယူပြီလို့ ပြောပြီး အိပ်နေလိုက်တာပေါ့…။
ခုတော့ သူ( byethost ) နဲ့ လေးမ ပြေလည်သွားပြီ…။
အဲဒီတော့ အနားမယူတော့ဘူး… အရင်လိုပဲ စိတ်ကူးပေါက်ရာတွေများများ… ကိုယ်ရေးကိုယ်တာ ဖောဖောသီသီနဲ့ အတွေးအမြင်လေးမျှဝေ ထားတဲ့ ပို့စ်တွေ ဆက်ရေးပါတော့မယ်…။တစ်ယောက်တည်း နားမယ်ပြောလိုက်…မနားဘူးပြောလိုက် နဲ့ ပြာယာကိုခတ်နေတာပဲနော်…( ရိုက်ပေါက် )…။
အဖြစ်က ဒီလို
တနေ့က မတူးတူးက ၀င်လို့မရဘူးလို့ ဆီပုံးမှာ အော်သွားတယ်…။ လေးမလည်း ဂလိုပဲ ဖြစ်တတ်ပါတယ်လို့တောင်ပြန်ပြောလိုက်သေး…။ နောက်နေ့ ပို့စ် အသစ်တင်တော့ Ie မှာ side bar ကြီးက အောက်ရောက်နေတယ်…။ Firefox မှာတော့ အကောင်း…။ ပြင်လို့လဲမရ…။ မေးစ်စစ်ကြည့်တော့… ဒီစာလေး ၃ စောင်ရောက်နေတယ်…။
ဒါလေးများ... ပြောင်းဆိုလဲ ပြောင်းပေးလိုက်ရုံပေါ့ဆိုပြီး cpanel.byethost13.com ကို ၀င်လိုက်တယ်…။ အဲဒီမှာ ပြသနာ စတာပဲ..။ ၀င်လို့မရဘူး…။ password & user name မှားနေတယ်တဲ့…။ လေးမက မေ့တတ်လွန်းလို့ password ကို စာအုပ်ထဲရေးမှတ်ထားတာ….ကြည့်ရိုက်တာ ဘာမှ မှားစရာမရှိဘူး…။ ၆ ခါ လောက်ကြိုးစားပြီး မရတော့ lost password ဆိုပြီး အသစ်တောင်းလိုက်တယ်….။ password အသစ်နဲ့ ၀င်တယ်… ရတယ်…ဒါပေမယ့် file manager ကို ၀င်တော့ မရဘူး… ဒီ user ကို denied တဲ့…အောင်မယ်…ဒင်းကများ..လေးမကို..ရာရာစစ….ဘာမှလည်းမလုပ်ဘဲနဲ့… byethost ကို အကြည်အညို ပျက်စေတဲ့ ကိစ္စမျိုးလည်း မရေးမိပါဘူး…. ဂလို လုပ်စရာလားဆိုပြီး ဒေါကန်သွားတယ်….။ နောက် ပြန်ထွက်ပြီး ပြန်ဝင်တော့ မရတော့ဘူး… အဲဒီလိုနဲ့ … ဘလော့တွေ မလည်နိုင်ဘဲ..သူ နဲ့ တင် ချာချာလည်ပြီး ..အသစ်နဲ့ ၀င်လိုက်..အဟောင်းနဲ့ ကြိုးစားလိုက်..ဘာနဲ့မှ မရဘူး…။ File manager မှာ ပြင်ရမှာ သူ့ ဝင်လို့မရတော့ ဘာလုပ်ရမှာတုန်း…။
အားဆေးလေးတွေ
စိတ်ညစ်ညစ်နဲ့ လက်လျှော့လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ဘလော့ဂ်မှာ နှုတ်ဆက်ပို့စ်တင်လိုက်ပေမယ့် စိတ်က မပြတ်တော့ ဘလော့ဂ်လေးမှာ ဘယ်သူလာဖြေရှင်းပေးမလဲမသိဘူးလို့ ထိုင်မျှော်နေမိတယ်…။ ဂျယ်ရီက “ကိုသင်္ကြန်ကြီးကို အဆင်မပြေတာတွေ ပြောပြလိုက်ရင် အဖြေပေါ်မှာပါ..” လို့ အကြံပေးသွားသလို စာကလေးက ..“ မောင်လေးလဲမကူညီနိုင်ဘူးဖြစ်နေတယ်..” အားပေးရှာပါတယ်…။ အားရှိစရာပဲ…။ အဲဒီအချိန်မှာပဲ ညစ်နေတဲ့ စိတ်တွေ လန်းသွားတယ်…( စူပါလီမွန် တီးမသောက်ဘဲ နဲ့ လန်းသွားတာ )…။
လက်ဆောင်လာပို့ပါသည် ။
အားလုံးပေါင်း အကောင် ၆၀ ဖြစ်သည် ။ နိုင်အောင် မွေး၍ ၀အောင်ကျွေးပါရန် ။
မပျောက်ပါစေနှင့် ။ သူတို့အချင်းချင်းလည်း ရန်မဖြစ်ပါစေနှင့် ။
ဒီစာလေးနဲ့ အတူ ခွေးအကောင် ၆၀ ..အိမ်ပေါက်ဝ ရောက်လာလို့ပါ…။ ဟား..ဟား.. တကယ် ရီချင်သွားတယ်…။ အိမ်က ၃ ကောင်တောင် ..လေးမ ...အငတ်ခံပြီး ကောင်းကောင်းကျွေးနေရတာ… အကောင် ၆၀ များဆို ဘယ်လိုများနေမလဲလို့ စဉ်းစားပြီး တစ်ကောင်ချင်း သေချာ လိုက်ကြည့်တော့.. .ရုပ်တွေက တကယ် ရီစရာကောင်းတယ်…။ စိတ်တွေ ပေါ့သွားပြီး မေးလ် ကို နောက်တစ်ကြိမ် ပြန်ဖတ်တယ်…။
If you have any problems please make a support ticket using the link in your control panel and we will be happy to assist you.
ဆိုတဲ့ စာသားလေးကို သတိထားမိသွားတယ်…။ အဲဒါနဲ့ အကူအညီတောင်းဖို့ကြိုးစားလိုက်တယ်…။
byethost.com > byethost support > register membership > log in > support tickets > creat new ticket ဆိုပြီး အဆင့်ဆင့် သွားလိုက်တယ်…။
ပြီးတော့ သူဖြည့်ခိုင်းတဲ့နေရာမှာ လေးမ ဖြည့်ချင်သလို ဖြည့်လိုက်တယ်….။
domain- layma-layma.iblogger.org
subject_ I don’t know what to do. I can't log in cpanel.byethost13.com
comment နေရာမှာ သူ ပို့ထားတဲ့ mail ကို ကူးထည့်ပေးလိုက်တယ်…။
cpanel.byethost13.com ကို ပြန်ဝင်ကြည့်တော့ ဘာမှ မထူးသေးဘူး..ပြန်စာလည်း မလာသေးဘူး…။ ဒါနဲ့ ဘလော့ဂ်ကို ပြန်ကြည့်တော့ မတူးတူးရဲ့ ကွန်မန့် ကို တွေ့ တယ်…။
မတူးတူးက ကို မှော်ဆရာဆီ လမ်းညွှန်တာနဲ့ မှော်ဆရာဆီ သွား..လေးမရဲ့ ဒုက္ခကိုပြောပြီး… သူရေးထားတာတွေ ထိုင်ဖတ်နေလိုက်တယ်…။ ဖတ်နေရင်းနဲ့ စိတ်ကူးပေါ်တာနဲ့ cpanel.byethost13.com ကို ပြန်ဝင်ကြည့်လိုက်တာ ရသွားတယ်…။ ပြင်ခိုင်းထားတဲ့ နေရာကို ၀င်ကြည့်တော့ ပြင်ပြီးသားဖြစ်နေတယ်…။ သေချာအောင် ကို မှော်ဆရာကို တောင် မေးခဲ့သေးတယ်…။ မေးလ်စစ်ကြည့်လိုက်တော့….
တဲ့…။ ရန်စတဲ့သူကို ပြန်ခိုင်းစား လိုက်တာ အောင်မြင်သွားပြီ…။ .byethost ကြီးက ချစ်ဖို့ကောင်းလိုက်တာ…။
ခုတော့ လေးမ ဘလော့ဂ်လေး အိုကေသွားပြီထင်ပါတယ်…။ Error တွေ့ ရင် အော်ခဲ့ကြဦးနော်…။
အရမ်း…၀မ်းသာမိ
ဒီနေ့ တနေ့ လုံး မအားမလပ် ဖြစ်နေရာက..အားလပ်လို့ ..blog ကို ၀င်ကြည့်လိုက်တော့ သူငယ်ချင်းတို့ရဲ့ အော်သံလေးတွေ တွေ့ ရတယ်…။ ဘလော့ဂ် ပိတ်ထားတဲ့ ညိမ်းညို ကြီးက အားပေးစကားပြောသွားသလို… ကို မှော်ဆရာ.နဲ့ ကို အတာ ကလည်း လေးမ ဘလော့ဂ် အိုကေနေတာပဲတဲ့…။ မောင်မျိုးနဲ့ မနုစံ က ကွန်မန့် တွေ ပြန်ရေးပေးမတဲ့…. ခင်စရာကောင်းလိုက်ပုံများ….။ တစ်ခါမှ ကွန်မန့်  မရေးတဲ့ ညီမလေး စိုးမိုး ကလည်း bye bye မလုပ်နဲ့နော်..တဲ့…။ ခေးရော့စ်လေး ကလည်း..မျှော်လင့်တကြီးချောင့်နေတယ်နော်..တဲ့...။ ဆီပုံးမှာလည်း..မခွန်မြလှိုင်..လွမ်းစေ..မွန်..ဂျေ..တို့က အားပေးသွားသေးတယ်…။
ခက်သေးတယ်…ခက်သေးတယ်… ဒီသံယောဇဉ်တွေနဲ့တော့ ကမ်းကပ်ဖို့ ခက်ဦးတော့မယ်…။
Byethost ကြီးရေ…Bye Bye ဆိုတာ စတာနော်…။ လေးမရဲ့ blog လေးကို ဆက်လက်ရှင်သန်ခွင့်ုပြုပါနော်…။ ကမ္ဘာအတုလေးထဲမှာ သံယောဇဉ်အစစ်အမှန်လေးတွေ ရှိနေလို့ပါရှင်…။ ။
Posted by
lay-ma
at
11:28 PM
7
comments
Labels: That's what I wanna say
Bye..Bye…byethost.com
Free host က ကောင်းကောင်း ဒုက္ခပေးနေပါသည်…။
လေးမ ဘာမှ ဆက်မလုပ်တတ်တော့ပါ…။ဖြစ်ချင်ရာတွေဖြစ်နေပါသည်...။
မနေ့ က တင်ထားသော post နှင့် comment များလည်း အလိုလို ပျောက်ကုန်ပါသည်…။
အလွန် ၀မ်းနည်းမိသည်…။
စိတ်ဆင်းရဲမခံချင်တော့သောကြောင့် ဘလော့ဂ် ရေးခြင်းမှ အကန့် အသတ်မရှိ အနားယူသွားပါပြီ…။
လှည့်လည် စာဖတ်ခြင်းဖြင့်သာ မွေ့ လျော်ပါတော့မည်…။
အားလုံးကို ခင်မင်လေးစားလျက်,
လေးမ
p.s. အိမ်လှလှလေး လုပ်ပေးထားတဲ့ ကိုအတာရေ.. အရမ်းအားနာပါတယ်… ၀မ်းလည်းနည်းတယ်…။ ဒါပေမယ့် စိတ်ညစ်ရတဲ့ ဒဏ်ကို မခံနိုင်တော့ဘူး…။ လေးမက အကောင်းနဲ့မတန်ဘူးထင်တယ်..။
Posted by
lay-ma
at
1:00 AM
13
comments
Labels: That's what I wanna say
Wednesday, January 23, 2008
Barcelona Pavilion
ပုံတွေ ကြည့်ချင်ရင် ဒီမှာ
Travertine ကျောက် တွေနဲ့ တည်ဆောက်ထားတဲ့ Podium လို့ခေါ်တဲ့ ခုံမြင့်ကြီးပေါ်မှာ building အကြီးတစ်ခု … အငယ်လေးတစ်ခုနဲ့ ရေကန်လေးတစ်ခုတင်ထားတဲ့ ဒီ composition လေးကို ယာယီဆောက်တဲ့ ပြခန်းလေးလို့ ကျောင်းသူဘ၀က အံ့သြတကြီး သိခဲ့ရတယ်…။ 1929 မှာ Spain နိုင်ငံ Barcelona မှာ ကျင်းပတဲ့ International Exposition မှာ ဂျာမဏီ နိုင်ငံ ကိုယ်စားပြု ပြခန်းအတွက် နာမည်ကြီး ဂျာမန် ဗိသုကာ ပညာရှင် L. Mies van der Rohe က ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်တယ်…။
အရင်က အဆောက်အဦတစ်လုံး..ရေကန်တစ်ခုလို့ ထင်ခဲ့မိပေမယ့် online မှာ plan တွေ့လို့ သေချာပြန်ကြည့်လိုက်တော့ ရေကန်နောက်မှာ အခန်းငယ်လေးလို့ပြောလို့ရတဲ့ building သေးသေးလေးတစ်လုံးပါနေတာတွေ့ရတယ်…။
တစ်ခါမှ မရောက်ဖူးတဲ့ အဲဒီပြခန်းလေးရှိရာကို စိတ်ကူးလေးနဲ့ လည်လည်သွားလိုက်တယ်…။
ရှေ့တည့်တည့်ကမပေးဘဲ ဘေးတိုက်ပေးထားတဲ့ လှေကားထစ်တွေကနေ ရေကန်ကို မျက်နှာမူပြီး တက်လာရကတည်း အေးချမ်းလတ်ဆတ်တဲ့ အာရုံတွေကပ်ညှိလို့လေ…။
Podium ပေါ် ရောက်တဲ့အခါ enclosure ဆိုတဲ့ အကာအရံ ကင်းလွတ်လို့ လွတ်လပ် ကျယ်ပြန့်တဲ့ အမြင့်တနေရာကနေ လမ်းပေါ်ကလူတွေကို စောင်းငဲ့ ကြည့်နိုင်တယ်…။
အမိုးရယ်…အကာရယ်…တိုင်ရယ်ကို …. ဒီအဆောက်အဦမှာ ကွဲကွဲပြားပြား … သီးသီးသန့်သန့် မြင်အောင်ပြထားတာကိုတွေ့ရတယ်…။
အခင်းကြမ်း ပေါ်မှာ ထောင့်မှန်ကျထောင်ထားတဲ့ အနက်ရောင် ၊ အ၀ါရောင် နံရံချပ်၊ မှန်နံရံချပ် ၊ ကျောက်နံရံချပ်တွေဟာ အမှီအခိုမဲ့ရပ်တည်နေကြပြီး …ကာတယ်ဆိုတဲ့ အလုပ်တစ်မျိုးပဲ ငါတို့ လုပ်တယ်ဟေ့လို့ အော်ပြောနေကြတယ်..။ ခပ်သေးသေး steel တိုင် ၈ တိုင်ကတော့ “ကျွန်တော်တို့က အမိုးနဲ့ ကြမ်းကြားမှာ ဆက်သွယ်ပေးတဲ့ ဆက်သွယ်ရေးသမားတွေပါ ” တဲ့…။
အထဲရောက်တော့ နာမည်ကျော် Barcelona chair အဖြူလေးတွေပေါ်မှာ ဟန်ကျပန်ကျ ထိုင်လိုက်ပြီး ….အပြင်ဘက်က လူရုပ် sculpture ကြီးကို အရသာခံ ငေးကြည့်နေမိတယ်…။ အရုပ်တစ်ရုပ်ကလည်း နေရာတစ်ခုရဲ့ တန်ဖိုးကို အတော်ပြောင်းလဲစေနိုင်ပါလားနော်လို့ တဆက်တည်းတွေးလိုက်မိတယ်…။
တစ်ခါ… ငြိမ်သက်တဲ့ အရောင်တွေကြားထဲမှာ ဘာလို့များ… စူးရှပူလောင်နေတဲ့ အနီရောင် လိုက်ကာကို တပ်ဆင်ထားတာလဲလို့ Mies ကိုမေးချင်တယ်…။

အပြင်ဘက်က ကျောက်ခဲလေးတွေ မြင်နေရတဲ့ ရေကန်လေးဘေးမှာ ခဏထိုင်ပြီး ပြန်လာခဲ့တယ်…။
ပြန်ရောက်ပြီ..ကွန်ပြူတာရှေ့ကို…။ မိုက်တယ်နော်…ပိုက်ပိုက်မကုန်ဘဲ ခရီးထွက်လို့ရတဲ့ ကမ္ဘာ့ရွာကြီးကို ကျေးဇူးတင်တယ်…။
ခေါင်မိုးနိမ့်နိမ့်လေးနဲ့ ခန့်ညားအေးဆေးငြိမ်သက်တဲ့ အလှကိုဖော်ကျူးလို့ ခေတ်မီ တည်ဆောက်ရေး ပစ္စည်းတွေအကူအညီနဲ့ အမိုး..အကာ…ကြမ်း…တိုင် တို့ကို ကွဲကွဲပြားပြား…ရိုးရိုးရှင်းရှင်း … ဒီဇိုင်းလုပ်ပြသွားတဲ့ ဒီအဆောက်အဦလေးဟာ 1959 မှာ အဲဒီနေရာမှာပဲ ပြန်ပြီးတည်ဆောက်ထားရလောက်တဲ့ အထိ အောင်မြင်သွားခဲ့တယ်…။
ပြပွဲပြီးရင် ဖျက်လိုက်မယ့် ယာယီပြခန်းလေးကို အင်မတန်တန်ဖိုးကြီးတဲ့ steel, glass, marble, travertine တွေနဲ့ အခိုင်အမာ တည်ဆောက်ခဲ့တဲ့ ဗိသုကာရဲ့ စိတ်ကုးနဲ့ အကောင်အထည်ဖော်ခွင့်ရခဲ့တဲ့ သူ့ရဲ့ကံကြမ္မာကို အားကျမိတယ်…။
လေးမတို့လို ဖွံ့ဖြိုးဆဲနိုင်ငံမှာ ယာယီပြခန်းတစ်ခုအတွက် ဒီလောက်အကုန်အကျခံပေးမယ့်သူရှိပါ့မလား လို့တွေးနေတဲ့ အာရုံထဲကို “ ပေါ…ချောင်…ကောင်း” လေးဆွဲပေးပါဗျာ/ ရှင် ဆိုတဲ့ အသံတွေက လာလာနှောက်ယှက်နေပြန်တယ်…။
Posted by
lay-ma
at
12:59 AM
3
comments
Labels: Architecture
Monday, January 21, 2008
အခွံလဲခြင်း
အသစ်တွေ ဘယ်လိုပြောင်းပေမယ့် အဟောင်းကိုဖြင့်တလည်လည်… ဖြစ်နေတဲ့ လေးမတစ်ယောက် ဒီနေ့တော့ဖြင့် လိုအင်ဆန္ဒတွေပြည့်ဝခဲ့ပါပြီ …။
Blogspot မှာ သုံးခဲ့တဲ့ template ပုံစံနဲ့ အနီးစပ်ဆုံး တူအောင် လုပ်ပေးသွားတဲ့ လေးမတို့ရွာက လူပျိုကြီး သုံးယောက်နေတဲ့ စပ်မိစပ်ရာ အိမ်မှ ခေါင်သူကြီး မောင်သင်္ကြန် ( နာမည်ကို ငယ်ချင်ယောင်ဆောင်ထားပေမယ့် … လေးမကတော့ ကိုအတာပဲခေါ်တယ်) ကို အရမ်းကျေးဇူးတင်မိပါတယ်…။ ကောင်မလေးငယ်ငယ်ချောချောချစ်စရာလေးနဲ့ မြန်မြန်လေး လက်ဆက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်…။
ဘက်မလိုက် အရောင် သုံးရောင်ဖြစ်တဲ့ ခဲရောင်၊ အနက်ရောင် ၊ အဖြူရောင် နှင့် လေးမ၏ အသုံးအဆောင်အများစုပိုင်ဆိုင်တဲ့ အပြာရောင် …တို့နဲ့အတူ လေးမ ချစ်သော disney princess များနှင့်ဖွဲ့  စည်း ထားတဲ့ လေးမရဲ့ blog လေးကို ဒီနေ့ ဘယ်နှစ်ကြိမ်မှန်းမသိအောင် ၀င်ကြည့်နေမိပါတယ်ရှင်…။ ။
Posted by
lay-ma
at
12:22 AM
13
comments
Labels: Pieces
Saturday, January 19, 2008
ပထမဆုံးလမှာ စိန်ခေါ်ကြသူများ..
ခရစ်နှစ်ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်န၀ါရီလမှာ လောကကြီးကို “ အူဝဲ..အူဝဲ” လို့ စိန်ခေါ်ခဲ့ကြတဲ့ ….
လေးမနဲ့ မွေးလတူ မြန်မာ ဘလော့ဂါတွေ ( သိသလောက်) ကို စာရင်းပြုစုကြည့်တာပါ…။
၁။ မောင်နိုင်
၂။ မောင်မျိုး
၃။ မလေး
၎။ လေးမ
၅။ သိုးလေး
၆။ မြလွှာ
ရ။ ရွှန်းမီ
၈။ပင့်ဂိုးလ်
၉။ ဂျေ
ဇန်န၀ါရီလဖွားတွေမှာ ဘယ်လိုအရည်အချင်းတွေ ရှိသလဲဆိုတာ သိချင်ရင် သူတို့ ရေးတဲ့ စာတွေကို ဖတ်ကြည့်ပြီး အကဲခတ်နိုင်ပါတယ်…။
နှလုံးသားက အထိမခံ .. အရမ်းခံစားတတ်…အရမ်းကြေကွဲတတ် … လွမ်းလည်းလွမ်းတတ်တယ် … အလှအပလေးတွေ မြတ်နိုးတတ်တယ်…. တခါတလေ…ရယ်မောတတ်တယ်…။
ငယ်ငယ်က အရမ်းဆော့တတ်ပြီး… အသက်ကြီးလာတော့ နည်းနည်းမှ အငြိမ်မနေ … အွန်လိုင်းပေါ်တက်ပြီးလက်ဆော့နေရမှ ( ဘလော့ရေးတာ ..လည်တာကို ပြောတာနော်..) ထမင်းစားဝင်တယ်…။
ခစ်..ခစ်…မှန်တယ်ဟုတ်....မှားရင်လည်း သည်းခံနော်…။
ဇန်န၀ါရီလဖွား မြန်မာ ဗိသုကာများ
၁။ ဒေါ်မင်းသက်မွန်
၂။ ဒေါက်တာ ဆွေဆွေအေး
၃။ ဦးငွေစိုး
၎။ မချောကလျာ
၅။ မခင်ထက်ထက်ဇော်
၆။ ဒေါက်တာ မန်းသူဇာထွန်း
ရ။ ဒေါက်တာ ဇာဇာဝမ်းမောင်
၈။ မနှင်းရီ
၉။ လေးမ ( သူတစ်ယောက်ကတော့ ဗိသုကာလောကကြီးကို စိန်မခေါ်နိုင်ခဲ့ပါဘူး…။ ဒါပေမယ့် ကိုယ်ပိုင်အိမ်ကလေး တစ်လုံးကို စိတ်တိုင်းကျ ဒီဇိုင်းဆွဲဖို့ ကမ်းလှမ်းထားတဲ့ သူတော့ရှိပါတယ်…။ ပိုက်ပိုက်ပြည့်စုံတဲ့တစ်နေ့ အလုပ်အပ်ပါမယ်တဲ့… ။ လေးမရဲ့ client က ကောင်းကင်ကြီးလေ…)
အခြားလဖွားများလည်း ဇန်န၀ါရီဖွားများနဲ့ အတူ ပျော်ရွှင် ကြည်နူးကြပါစေရှင်…။ ။
Posted by
lay-ma
at
10:37 PM
6
comments
Labels: personal, Seasonal Post
Friday, January 18, 2008
ပန်းချီကား
ပန်းချီကားတွေကို သဘောကျပါသလား…။
အများစုက သဘောကျတယ်လို့ဖြေကြမှာပါ…။
ဘာလို့သဘောကျတာလဲဆိုရင်ရော…. ။
လှလို့ .. စုတ်ချက်ကောင်းလို့… အရောင်စပ်ထားတာ ကောင်းလို့ ….တကယ့်အစစ်အမှန်တစ်ခုလို ခံစားရလို့ … ရသ တစ်ခုခုပေးနိုင်လို့ … ဖြေစရာတွေ အများကြီး...။
ဒါဆို … ပန်းချီကားတွေကို ကြည့်တတ်တယ်ပေါ့နော်…။
“ ကြည့်ကားကြည့်၏ … သို့သော် ..မမြင်ပါ ” ဆိုတဲ့ လူတွေများ တပုံကြီး…။
ထားပါတော့လေ … မြင်တာမမြင်တာ …နားလည်ခံစားနိုင်စွမ်းရှိတာ မရှိတာတွေ ဆန်းစစ်မနေတော့ပါဘူး…. ။
နှစ်သက်လက်ခံတယ်ဆိုရင်ပဲ ပန်းချီကားတွေက ပြုံးနေတတ်ပါတယ်…(ပန်းချီဆရာကတော့ ပြုံးချင်မှ ပြုံးမှာ…)။
ကိုယ်နေတဲ့နေရာလေး… ဒါမှမဟုတ်… ကိုယ် ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာ ပန်းချီကားလေးတွေကို မြင်နေရရင် ဘယ်လိုများနေမလဲ…။
ခံစားမှုတစ်ခုခုတော့ ပေးစွမ်းနေမှာ သေချာပါတယ်…။
ပန်းချီကား တချို က ဂုဏ်တက်စေမယ် … စိတ်အေးချမ်းစေမယ်… စိတ်ပျော်ရွှင်စေမယ်… သိမ့်မွေ့တဲ့ ချစ်ခြင်းမေတ္တာတွေကို လှုပ်နှိုးပေးလိမ့်မယ်….
တချို က စိတ်ကိုကြမ်းတမ်းလာစေမယ်… စိတ်ရိုင်းတွေကို နိုးဆွပေးမယ် … ရူးသွပ်သွားနိုင်လောက်တဲ့ ပန်းချီကားတွေလည်းရှိလိမ့်မယ်…
အမျိုးမျိုး ယူဆလို့ရတဲ့ …ခန့်မှန်းရခက်တဲ့ အတွေးတွေကို ပွားထွက်လာစေတဲ့ ပန်းချီကားတွေ လည်းရှိလိမ့်မယ်…။
သေချာတာကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ပန်းချီကားတစ်ချပ်ရှိနေခြင်းဟာ အဓိပ္ပါယ်တစ်ခုခုရှိနေမယ် … ရသ တစ်ခုခု ပေးနေမယ်ဆိုတဲ့ အချက်ပဲ…။
အခန်းနံရံမှာ ပန်းချီကား ချိတ်ဆွဲထားဖို့ လူတိုင်း နှစ်သက်စိတ်ဝင်စားကြမှာပါ။
ဘာလို့လဲဆိုတော့ လူဖြစ်နေလို့ပါဘဲ …။ လူဆိုတာ ခံစားတတ် …သာယာတတ်တဲ့ သတ္တ၀ါဖြစ်နေလို့ပါပဲ…။
ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာကရှင်….
( တချို့..တချို့တွေကလွဲရင် ) လူတွေကလေ….သူတို့တွေကလေ… ပန်းချီကားတွေကို တန်ဖိုးကြီးကြီးပေးပြီး မ၀ယ်ချင်ကြဘူး….တဲ့ ။
လက်ဆောင်ရတဲ့ ပန်းချီကားကို ၀မ်းသာအားရချိတ်ဆွဲတတ်ကြပေမယ့်…. အလကားနီပါးရတဲ့ ပန်းချီကားကို ပျော်ပျော်ရွှင်ရွှင် ချိတ်ဆွဲကြပေမယ့် …
ဈေးပေါပေါနဲ့ ရလာတဲ့ ပန်းချီကားကို မြတ်မြတ်နိုးနိုး ချိတ်ဆွဲတတ်ကြပေမယ့် …
စားလို့မရ..၀တ်လို့မရ … စီးပွားရေးတစ်ခုအတွက် ကြီးမားတဲ့ အရင်းအနှီးတစ်ခုလည်းမဟုတ်တဲ့ ပန်းချီကားတစ်ချပ်အတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရတော့မယ်ဆိုရင်တော့ အလွန်အမင်း တွန့်ဆုတ် တွေဝေသွားတတ်ကြပါတယ်….။ ။
“တချို့ ယောက်ျားတွေကလေ… တချို့မိန်းမတွေကလေ … ဘ၀ကို အဓိပ္ပါယ်ရှိစေမယ့် လက်တွဲဖော်တွေကို လက်တွဲဖို့အတွက် … ကိုယ့်ယုံကြည်ချက် … ပတ်ဝန်းကျင် …အသိုင်းအ၀ိုင်း… အချိန် … လွပ်လပ်မှုတွေကို ပေးဆပ်လိုက်ရမှာ တွန့်ဆုတ်တွေဝေနေကြတယ် …” လို့ ပန်းချီကားတစ်ချပ်က တိုးတိုးလေး လာပြောသွားတယ်…။ ။
Posted by
lay-ma
at
1:38 AM
11
comments
Labels: Pieces
Tuesday, January 15, 2008
မွေးနေ့ပါရှင်...( 28 ပြည့်တာ ... 28 )
(လှတယ်နော် ... ကြောင်ကုန်ပဏီက လေ)
ခုတလော ခဏခဏ နေမကောင်းဖြစ်တယ် …။
ဗေဒင်တွက်ကြည့်လိုက်တော့ သူများမွေးနေ့တွေ လှည့် … စားထားပြီး ကိုယ့်မွေးနေ့မှာ ဘော်ဒါတွေကို မကျွေးလို့တဲ့…။
ဒါကြောင့် မွေးနေ့ပြန်လုပ်မယ်နော်…။
တကယ်တော့ မွေးနေ့လုပ်မလို့ပါဘဲ … လက်ဆောင်လိုချင်လို့ .. အဲ…ဟုတ်ပါဝူး… ဘော်ဒါတွေကို မုန့်ကျွေးချင်လို့ပါ…။
မွေးနေ့မတိုင်ခင်မှာ မအားမလပ်ဖြစ်သွားလို့ တိတ်တိတ်လေးပဲနေလိုက်တာ … ။
ခုကျွေးပြီနော် .. ညွှန်းထားတဲ့နေရာတွေမှာ သွားစားကြနော်…။
လေးမ အသက် တစ်နှစ် ထပ်ကြီးသွားတဲ့ အထိမ်းအမှတ်အနေနဲ့ ပျော်ပျော်ပါးပါးကြီး ၀ါး သွားကြနော်…။
အဟင့်..နောက်ဆို ၂၉ လို့ပြောရတော့မယ်… ၀မ်းနည်းလိုက်တာ…. ။
ကောင်းကင်ကြီးကို မွေးနေ့လက်ဆောင်အနေနဲ့ Anti Wrinkle eye gel နဲ့ cream တွေ ပူဆာထားတာ ခုထိ ၀ယ်ပေးသေးဘူး…။ မေ့ချင်ယောင်ဆောင်နေတယ်…။
ထမင်းနဲ့ ဟင်းစားမယ့်သူတွေက မလုလုဆီသွား…။ထိုင်းစာ စားချင်ရင် မောင်မျိုး ဆီကို သွား…။အရုပ်ထမင်း စားချင်ရင် မိုးချစ်သူလေး အိမ်မှာ ရှာ…။
ဘီယာ သောက်မယ့်သူတွေက ကိုသန့် မွေးနေ့မှာ သွားဆွဲ…။
လက်ဆောင်ပေးမယ့်သူတွေက လေးမ အိမ်မှာ ပေးခဲ့ပေါ့… ရှင်…။ ။
လက်ရှောင်တွေဖောက်ပြီ… ဟေး…။
- winkabar, on January 14th, 2008 at 7:44 pm Said:
မိုက်လှချည်လားအစ်မရဲ့။ ဘာမှမကုန်ပဲနဲ့မွေးနေ့လုပ်လိုက်တာ။ တော်တယ်အစ်မရယ်။ Happy Birthday ပါ။ လက်ဆောင်ကတော့ပြန်လာမှပဲပေးတော့မယ်နော်။
- jerry, on January 14th, 2008 at 8:52 pm Said:
happy birthday ဗျို့ ။။။
နေကောင်းသွားပြီလားဗျ ။
ဦးကောင်းကင်ကြီးကို ဗိုက်ခေါက်သာ ဆွဲလိမ်ဗျာ ။ အဟား ဟား ။
ညွှန်းထားတဲ့ အထဲမတော့ ကိုမောင်မျိုးရဲ့ ထိုင်းစာ ရှုးရှုးရှဲရှဲ ဆွဲပြီး ကိုသန့်ဆီမှာ ဘီယာသွားသောက်လိုက်တယ် ။ ကောင်းပါ့ ။
လက်ဆောင်က ကြိုမသိလို့ ပါမလာဘူး ။ ကြိုမပြောတော့ သိဘူးလေ နော့။ နောက်နှစ်မှဗျို့ ။
- မောင်မျိုး, on January 14th, 2008 at 8:57 pm Said:
Happy Birthday
တစ်ခါ လာဆုတောင်းပါတယ်ခင်ဗျာ…
မွေးနေ့ ရှင်လူလည်ကြီးဗျ ဘာမှလဲမကျွေးပဲနဲ့ 
ဒါနဲ့  မွေးနေ့ ကိတ်က လှလိုက်တာ ဘူပေးတာလဲဗျ
ကြောင်ကုန်ပဏီက ဆိုတော့ ရဲလေး နဲ့ တူတဲ့ ဟိုကောင်လေးပဲဖြစ်မယ်..ဟီးဟီးး
- မျှားပြာ, on January 15th, 2008 at 1:57 am Said:
အလဲ့ အသက်တွေတောင် ကြီးကုန်ပါရော့လား … မွေးနေ့မှသည် နောင်နှစ်များစွာတိုင် ကိုကောင်းကင်ကြီးနဲ့အတူ ဘ၀ကို အဆင်ပြေပြေ ဖြတ်သန်းနိုင်ပါစေဗျာ။ အရာရာအားလုံး ငြိမ်းချမ်း အောင်မြင် ပျော်ရွှင်အဆင်ပြေပါစေ။
- ကိုအတာ, on January 15th, 2008 at 5:23 am Said:
Happy Birthday ပါခင်ဗျား။ စားသောက်ဖွယ်ရာများကို ညွန်ပြထားသော နေရာများတွင် အ၀စားပြီး လက်ဆောင်အတွက် ဒီရာမှ နှစ်သက်ရာ ၀က်ဝံရုပ်လေးများကို ယူနိုင်ရန် ပေးခဲ့တယ်။ http://emotionalcorner.blogspot.com/2007/01/blog-post_07.html
- tzm, on January 15th, 2008 at 9:13 am Said:
ဘယ်နေ့က မွေးနေ့လဲ… မပြောသွားဘူး…။ဟက်ပီးဘက်ဒေးပါ… မမလေးရေ…။
- nu-san, on January 15th, 2008 at 9:25 am Said:
အဟက်… ဒီလို မွေးနေ့ရှင်မျိုး ဒီတစ်ခါပဲ ကြုံဖူးသေးတယ်.. တော်လိုက်တဲ့လေးမ…. Happy Birthday!!!
လေးမရဲ့ မွေးနေ့မှာ ပျော်ရွှင်ပါစေ.. ကောင်းကင်ကြီးဆီက ပူစာထားတဲ့ မွေးနေ့လက်ဆောင်တွေလည်း အမြန်ရပါစေ.. မုန့်အရင်သွားစားလိုက် အုံးမယ်နော်.. နောက်မှ လက်ဆောင်ယူသိလား..
- nyeinnyo, on January 15th, 2008 at 12:33 pm Said:
အမြဲ့တမ်းပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။ ကိုကောင်းကင်ကြီးနဲ့အတူ ဘ၀တစ်လျှောက်ငြိမ်းချမ်းပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။ စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ ။
လောလောဆယ် ကိုကောင်းကင်ကြီးကို ပူဆာထားတဲ့ အလှပြင်ပစ္စည်းလေးတွေလည်း အမြန်ဆုံးရပါစေဗျာ
- nyo, on January 15th, 2008 at 1:36 pm Said:
မလေးရေ.. Happy Birthday and Better Year to you… ပါနော်.. သူများလည်း ၂၉ လို့ပြောနေရပြီဆိုတော့ anti wrinkle and anti aging ၀ယ်လိမ်းရတော့မယ်.. ပူဆာရမယ့်သူမရှိတော့ ကိုယ့်ဘာသာကိုယ်ပဲ ၀ယ်လိမ်းရမှာပေါ့ .. အားငယ်လိုက်တာနော်..
- ဆုမွန်, on January 15th, 2008 at 2:25 pm Said:
ချစ်မလေးမရဲ့ ၂၉ နှစ်မြောက်မွေးနေ့မှသည် နောင် နှစ်ပေါင်းများစွာ တိုင်အောင် ချုစ်သူခင်သူ များနဲ့ မကွဲမကွာနေ ရပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိနိုင်ပါစေ။
အကိုကောင်းကင်ကြီးနဲ့လည်း ပျော်ရွှင်ဖွယ်ရာ မိသားစုလေးမှာ သားသား မီးမီးလေးတွေနဲ့ ဘ၀ထက်ဆုံး ပျော်ရွှင်နိုင်ပါစေနော်Dear sis……..pls forgive me for my belated b day wish!!!!
- မောင်နိုင်, on January 15th, 2008 at 2:49 pm Said:
မွေးနေ့ ကိတ်က အရမ်းလှတယ်ဗျာ …ဘယ်သူပေးတာလဲ
ကျွန်တော် ညီလေး ..ရဲလေးနဲ့ တူတဲ့ ကောင်လေးပေးတာလား
ကျွန်တော် နည်းနည်း စားသွားတယ် နော် …..မလေးမ
မွေးနေ့ မှသည်နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင် ချမ်းမြေ့ပါစေ ခင်ဗျာ …………….(လေးမတို့ ရွာ )
- သဇင်ဏီ, on January 15th, 2008 at 3:10 pm Said:
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ..
ပြီးပြည့်စုံသော မိသားစုဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ…
ဒီထက် ဒီထက်ပိုပြီး လှနိုင်ပါစေ
သွပ်သွပ်ကြိုက်သော အရေးအသားတွေလဲ ဆက်လက်ရေးနိုင်ပါစေလို့လိုက်လိုက်လှဲလှဲ ဆုတောင်းပေးပါတယ်နော်..
ကမ္ဘာကြီးကပုံမှန်လည်ပတ်နေတယ်..
နေ့ရယ်ညရယ်ကလည်းပုံမှန်ဖြတ်သန်းနေတယ်…
အရာအားလုံးက သူ့အစီအစဉ်နဲ့အတူအသားတကျပဲ..
နည်းနည်းလေးပြောင်းလဲသွားတာက..
အသက်တစ်နှစ်ကြီးသွားပီ..
အတွေးအခေါ်တွေ ပိုရင့်ကျက်သွားပီ
တည်ငြိမ်မူတွေ ပိုရှိလာပီ
လှပတဲ့နေ့သစ်များမှာ အကောင်းဆုံးစိတ်ဓါတ်
အရိုးသားဆုံးအပြုံး..တက်ကြွတဲ့ခွန်အားတွေနဲ့..
ဘ၀တစ်ခုကို အလှပဆုံးဖြစ်အောင်ဖန်ဆင်းနိုင်သူတယောက်ဖြစ်ပါစေ..
- kthuyien, on January 15th, 2008 at 8:58 pm Said:
Happy Birthday !!!!!!!!!!
မုန့်တွေ ကျန်သေးလား ဗျို့။
နောက်ကျသွားပြီလား မသိ။
နောင်အနှစ် ရာထောင်တိုင်အောင် ပျော်ရွှင်ပါစေ …. ဗျာ
- Tay Zar, on January 16th, 2008 at 9:58 am Said:
မွေးနေ့မှာ ပျော်ရွှင်ပါစေ အန်တီ =) သား မုန့်လာစားသွားတယ် ဟေ့ ဟေ့
- ချစ်လေပြေ, on January 16th, 2008 at 7:22 pm Said:
မွေးနေ့ ဆုတောင်း အတွက် နောက်မကျသေးပါဘူးနော်၊ မွေးနေ့တောင် နောက်ကျမှ လုပ်တာပဲ ဟာ၊ လေးမလေး ၂၈နှစ် ပြည့် မွေးနေ့ မှသည် နောင် နှစ်ပေါင်း ၁၂၀ တိုင် သူမ၏ ကောင်းကင်နဲ့ ပျော်ပျော် ရွင်ရွင် နောင်လာ လတ္တံသော ကောင်းကင်လေး များစွာနဲ့ အသက်ထက်ဆုံး နေသွားနိုင် ပါစေလို့ ၊ ပျော်ရွင် ချမ်းမြေ့ဖွယ်ကောင်းသော အသိုက်အမြုံလေးကို အမြန်ဆုံး ပိုင်ဆိုင် ရပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်၊ မွေးနေ့ လက်ဆောင် ပါတိတ် တစ်ထည် မမလေပြေ ဘလော့ဂ်မှာ လာယူနော် သိလား။
- ဂျေ, on January 17th, 2008 at 2:37 am Said:
ကော့ညက်သောက်ချင်ရင် ဂျေ့ဂျေ့ဆီလာ…
ကော့ပြန်ကုတင်လိုချင်ရင် ဂျေ့ဂျေ့ဆီလာ…
စိန်အိတ်လိုချင်ရင် ဂျေ့ဂျေ့ဆီလာ… ညီမလေး ဟက်ပီးဘတ်ဒေး
- MyaYwetWai, on January 17th, 2008 at 10:27 am Said:
အိမ်အသစ်ကို လိုက်လာတာ ကိတ်မုန့်ကြီးနဲ့ တိုးနေပါ့လား။
Happy Birthday
မလေးမရဲ့ ကောင်းကင်ကြီးနဲ့အတူ အဆုံးအစမဲ့ပျော်ရွှင်ခြင်းတွေ အမြဲရရှိပါစေ။
- မွန်, on January 17th, 2008 at 2:46 pm Said:
မမ ဟက်ပီဘတ်ေးဒပါ
ချစ်မရဲ့ ပျော်စရာမွေးနေ့မှသည်
နောင်နှစ်များစွာတိုင်
ဘလော့လောကမှ မောင်နှမများနဲ့အတူ
အောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေနော်
ံHappiest Birthday !!! နောက်ကျ သွားပါတယ် … ပျော်ရွှင်စရာ မိသားစု အကြီးကြီး ရပါစေ
- ဇီးကွက်, on January 18th, 2008 at 9:19 am Said:
အစ်မရေ နောက်ကျသွားတယ်နော်။ ဆောဒီး။ အရင်အိမ်ကို ရောက်ရောက်သွားလို့။ အခုတော့ ဒီအိမ်လိပ်စာကို ထည့်ထားလိုက်ပါပြီ။
လိုအင်ဆန္ဒတွေ တစ်လုံး တစ်ဝတည်း ပြည့်ဝနိုင်ပါစေ။
- sparrow, on January 19th, 2008 at 2:53 pm Said:
ဩော်….ငါ့အမတောင်…အသက်တစ်နှစ်ငယ်သွားပြီကိုး….
စိတ်မကောင်းစရာပဲ…
အမိဝမ်းကနေကျွတ်တဲ့နေ့ကို အစွဲပြုပြီး ကျင်းပတဲ့ဒီနေ့လိုနေ့လေးကနေ နောင်ဒီလိုနေ့လေးပေါင်းများစွာကို..သောကဟူသမျှဘာမှမရှိပဲနဲ့ကုန်လွန်ဖြတ်သန်းနိုင်ပါစေ….
မွေးနေ့ပြီးရင် မလွဲမသွေကြုံတွေ့ရမယ့်နေ့တစ်နေ့ကိုလည်း
အေးဆေးစွာဖြစ်သန်းနိုင်ပါစေဗျာ…
အလုပ်ရှုပ်နေလို့ခုမှပဲလာနိုင်တော့တယ်အမရေ….
22. ရွှန်းမီ Says:
အိုး.. နောက်တောင်ကျနေပါလား.. ဟဲဟဲ .. မကုန်နိုင်တဲ့ အရာတွေမို့ မျက်လုံးနဲ့ လိုက်စားသွားပါတယ်..
မွေးနေ့ကိတ်က အရမ်းလှပါလား ..
မလေးမလဲ လှလှပပ ပျော်ပျော်ရွှင်ရွှင် ဦးကောင်းကင် ကြီးနဲ့ ချစ်ချစ်ခင်ခင် အသက်ထက်ဆုံး ရှိပါစေ လို့ ..23. မင်းကျန်စစ် Says:
အရမ်း နောက်ကျနေပြီဆိုတာ သိပေမယ့် ဆုတောင်းပေးချင်လို့ဗျို့။ စာမေးပွဲကြောင်း တကယ်ကို မအားမနေ ရှုပ်နေမိတယ်။ အသစ် မရေးမိသလို လိုက်လဲ မလည်ဖြစ်ဘူးဗျာ။ လက်ဆောင်ကိုတော့ software တွေ ပေးလိုက်မယ်။ လာယူပြီးသားရော မယူရသေးတဲ့ အသစ်တွေရောကို လက်ဆောင်မှတ်နော် နောင် မွေးနေ့တိုင်း ပျော်ရွှင်ပါစေ အမရေ။
24. tu tu Says:
နောက်ကျနေပေမဲ့ ဆုတောင်းပါတယ်နော်။
နောင်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်ဖွယ် နေ့ရက်များကိုဖြတ်သန်းနိုင်ပါစေ…။ တကယ်တော့ နောက်မကျပါဘူးနော်။ felling(1)မှာကတည်းက ကြိုပြီးဆုတောင်းပေးထားတာနော်။
Posted by
lay-ma
at
1:48 AM
26
comments
Labels: personal
Saturday, January 12, 2008
သင်ယူဆဲပါ
ဒီနှင်းတောကို ဖြတ်ဖို့
အနွေးထည်ထူလည်း ၀တ်ခဲ့ပါရဲ့ …
ဒါပေမယ့်
နှင်းကထူလွန်းတယ်…။
ဒီတောလမ်းကို ဖြတ်ဖို့
ဖိနပ်အကောင်းစား စီးခဲ့ပါရဲ့…
ဒါပေမယ့်
လမ်းက ကြမ်းလွန်းတယ်…။
ဒီမိုးကို ကာစည်းဖို့
ထီးလှလှနဲ့ မိုးကာလည်းပါရဲ့…
ဒါပေမယ့်
မိုးက သည်းလွန်းတယ်…။
ဒီခရီးကို သွားဖို့
လမ်းညွှန်လည်းဆောင်ခဲ့ပါရဲ့ …
ဒါပေမယ့်
ခရီးက ရှုပ်ထွေးတယ်…။
ဒီနေကို အန်တုဖို့
အပူကာတွေ အစုံယူခဲ့ပါရဲ့ …
ဒါပေမယ့်
နေက ပြင်းလွန်းတယ်…။
အရာရာတိုင်းမှာ
ငါမထင်ထားတာတွေ
ထည့်မတွက်ခဲ့တာတွေ
မျှော်လင့်မထားတာတွေ
မယုံကြည်ခဲ့တာတွေနဲ့
ဘယ်လိုပင် ပြင်ဆင်ခဲ့လည်း
ဘ၀ဆိုတဲ့ ဖတ်စာအုပ်မှာ
သင်ရိုးတွေမကုန်သေးသရွေ့ တော့
ငါ …
ကျောင်းတက်နေရဦးမယ်…။
Posted by
lay-ma
at
4:30 AM
11
comments
Labels: Poem
Tuesday, January 08, 2008
Feeling 28 ( 4 )
၂၀၀၄၊ ၂၀၀၅ ၊ ၂၀၀၆ ၊ ၂၀၀၇ ဆိုတဲ့ ခုနှစ်တွေက လူတစ်ယောက်ကို သူကိုယ်တိုင်တောင် သတိမပြုမိလိုက်ဘဲ ပြောင်းလဲ သွားဖို့ တော်တော်လုံလောက်တဲ့ အချိန်ကာလတွေ ဖြစ်လို့နေပြန်ပါတယ်…။
သိပ်မထူးခြားလှတဲ့ ပြောင်းလဲမှုတချို့ကို ပြောပြရရင်….
၁။ မိဘအိမ်မှာ အမေချက်ကျွေးတာစားပြီး ကျောင်းမှာ အဆောင်က ကျွေးတာစား.. သူငယ်ချင်းတွေ ချက်တာစားနဲ့ ဇိမ်ကျကျ နေခဲ့တဲ့ မိန်းကလေးတစ်ယောက် မီးဖိုထဲကို ချက်ပြုတ်နည်း စာအုပ်တွေ ကိုင်ပြီး ယောင်တိယောင်ကန်းနဲ့ ၀င်ရောက်ခဲ့ရတဲ့ ဘ၀ကနေ… မီးဖိုထဲမှာ နေသားတကျ ဖြစ်နေတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်လာခဲ့တယ်…။
မှတ်မှတ်ရရ..အမေ့ကို “ မေမေ ဘာလို့ သမီးကို ဟင်းချက်နည်းတွေ သင်မပေးလိုက်သလဲ ဆိုတာ သမီး သိပြီ.. ဟင်းချက်ရတာ သင်စရာမှ မလိုဘဲ…သိပ်လွယ်တာပဲ … အခြေခံသဘောတရားကလည်း တူတူပဲ …ကိုယ်စားဖူးတာတွေ စဉ်းစားပြီး ဘာတွေ ပါလဲ စဉ်းစားပြီး စိတ်ကူးပေါ်သလို ချက်လိုက်ရုံပဲနော်..” လို့..ပြောဖြစ်ခဲ့ပါတယ်။
ဟုတ်ပါတယ်… သမရိုးကျ အိမ်မှာစားတဲ့ ဟင်းလောက်ကတော့ very easy ပါ…။
ခုဆိုရင် မလုလုဆီက ခိုးလာတဲ့ ဟင်းချက်နည်းတွေနဲ့ ပိုတောင် အလုပ်ဖြစ်နေပါသေးတယ်…။ ဒါကြောင့် မီးဖိုချောင်မ၀င်ဖူးတဲ့ မိန်းကလေးကို ယောက်ျားလေးတွေ အထင်မသေးပါနဲ့ … ခေါင်းမရမ်းပါနဲ့… ။အချိန်တန်ရင် သူ့ဟာသူဖြစ်သွားလိမ့်မယ်… လို့ ကိုယ်တွေ့ နဲ့ ယှဉ်ပြီး..ပြောချင်ပါတယ်…။
၂။ ဈေးထဲမှာ ဈေးသည်တွေ ရန်ဖြစ်တာကို တစ်ခါတွေ့ဖူးကတည်းက ဈေးသည်တွေကို ကြောက်ပြီး ဈေးမဆစ်ရဲခဲ့တဲ့ မိန်းကလေးက ခုတော့
ဟေ့ဘော်ဒါ… ဟေ့သူငယ်ချင်း …အန်တီ…. ဦးလေး… အဖွား.. အဆင်ပြေသလို ခေါ်ပြီး မရမက အဆစ်တောင်း..ဈေးဆစ်တတ်နေပါပြီ…။
၃။ တစ်ချိန်တုန်းက အချိန်ကုန်မှာစိုးလို့ အပို အလုပ်တွေ သိပ်မလုပ်… တီဗွီတောင်သိပ်မကြည့်ခဲ့လို့ သူငယ်ချင်း “မိ” ကတောင်ပြောခဲ့တယ်…
“ နင်သေရင် နာရီတစ်လုံး ထည့်ပေးလိုက်မယ်… အချိန်ကြည့်ပြီး အလုပ်လုပ်လို့ရအောင်လို့…” တဲ့…။
ခုတော့ အချိန်တွေကို မကုန်ကုန်အောင် ထိုင်ဖြုန်းပစ်နေတတ်တယ် ( ကွန်ပြူတာရှေ့မှာလေ ) …။
“မိရေ..နာရီ..မထည့်ပေးနဲ့တော့နော်… ငါ့ blog လေးထည့်ပေးလိုက်ရင် ကျေနပ်ပါပြီ…”…။
၎။ တစ်ခါတုန်းက အားလုံးရဲ့ ရှေ့မှာ ရှိနေရမယ်ဆိုတဲ့ လောဘတွေနဲ့ လောင်မြိုက်ခဲ့တဲ့ … ကိုယ့်အတ္တွနဲ့ ကိုယ် ချောင်ပိတ်မိခဲ့တဲ့ … ရုပ်ကလာပ်တစ်ခု လောင်ကျွမ်းလို့
အခြေအနေတိုင်းကို ကျေနပ်တင်းတိမ်နိုင်အောင် ကြိုးစားရင်း… ရည်မှန်းချက်ကြီးကြီး… မျှော်လင့်ချက် များများတွေကို သေးသေးလေးတွေ အဖြစ်ပုံစံပြောင်းခဲ့တဲ့ နာမ်ရုပ်တစ်ခုအဖြစ် အသွင်ကူးပြောင်းလာခဲ့တယ်…။
အရှည်ကြီး မရေးချင်လို့ ၅ ချက်ပဲ ရေးမယ်လို့ ဆုံးဖြတ်ထားတာ.. ။ ဘယ်အပြောင်းအလဲနဲ့ အဆုံးသတ်ရပါ့..။
၅။ အဟဲ… သိပ်လှချင်လာတာပဲ…။
ပြီးပါပြီ….။
လေးမရဲ့ ခံစားမှု (၂၈) ကို စိတ်ဝင်တစားဖြစ်စေ … ချစ်ခင်ရင်းနှီးမှုကြောင့်ဖြစ်စေ…ကြုံကြိုက်မှုကြောင့်ဖြစ်စေ… ဖတ်ရှုသွားကြသော … ပျော်ပျော်ပါးပါး စနောက်သွားကြသော … လေးမ၏ အဖွဲ့သားများအားလုံးနှင့် မိတ်ဆွေသစ်များအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင် …။ ။
Posted by
lay-ma
at
6:31 PM
17
comments
Labels: Link to the past, personal
Sunday, January 06, 2008
Feeling 28 ( 3 )
တကယ်တော့ ဒီအကြောင်းကို ချန်ထားမလို့ပါဘဲ… ဒါပေမယ့် မောင်မျိုးက ရယ်ချင်သတဲ့လေ… ဆီပုံးမှာ လာအော်သွားတယ်…။ လေးမရဲ့ အဖြစ်ကို ဖတ်ပြီး ရယ်ပေဦးတော့ သူငယ်ချင်းတို့ရေ…။
အဲဒီနေ့က သတို့သမီးလေး သိပ်လှနေတာပေါ့( ကိုယ့်ကိုယ်ကို ထင်တာ )..။ မြန်မာသတို့သမီး ၀တ်စုံလေးနဲ့ မင်းသမီးလေးလို ၀တ်ထားတာလေ…။
ဝတ်စုံဝတ်ပြီးသွားတဲ့ အချိန်မှာ အရမ်းစိတ်လှုပ်ရှားလာပြီး Rest room ခဏ၀င်မယ်ဆိုပြီး ၀င်လိုက်ပါတယ်…။
ရေချိုးခန်းထဲရောက်တော့ လက်ထဲက tissue လေး ပြုတ်ကျသွားလို့ ကုန်းကောက်လိုက်တယ်…။
အဲဒီမှာ သွားရော..ကျပ်နေအောင်ချုပ်ထားတဲ့ အကျီင်္က လက်မောင်းချုပ်ရိုးတွေ ပြုတ်ကုန်ရော…။
ငိုမဲ့မဲ့ နဲ့ ရေချိုးခန်းထဲက ပြန်ထွက်လာတဲ့ သတို့သမီးကိုကြည့်ပြီး အားလုံးလန့်သွားပါတယ်…။
အပ်ချည်အ၀ါရှာပြီး ၀တ်ထားတဲ့ အကျီင်္မှာ လက်နဲ့ ကိုယ်ထည်ပြန်တွဲပေးနေတော့ အပ်စူးမှာလည်းကြောက်…
တောင်ရှည်..ခေါင်းပေါင်းနဲ့ သတို့သားကလည်း ပြီးသေးဘူးလား… အချိန်နီးနေပြီ ဆိုပြီး အပေါက်ဝမှာ ရစ်သီရစ်သီလာလုပ်နေတော့ ဇောချွေးတွေ ပိုးပိုးပေါက်ပေါက်ကျလာပါတယ်…။
မိတ်ကပ်မာမီကတော့ ချွေးပြန်နေတဲ့ မျက်နှာကို မိတ်ကပ်လိုက်ဖို့ရင်း သမီးလေး.. စိတ်လျှော့ထား… ဘာမှ မဖြစ်ဘူး..အေးအေးဆေးဆေးပဲ… လှလှလေးပြုံးနေလို့ပြောပါတယ်…။
သူတို့ပြင်ဆင်တာပြီးတာနဲ့ စိတ်မြန်တဲ့ သတို့သမီးဟာ ထိုင်မသိမ်းကို မပြီး မိတ်ကပ်ခန်းအပြင်ဘက်ကို ဇိုးဇိုးဇတ်ဇတ်နဲ့ ထွက်လိုက်ပါတယ်…။
ပွဲထွက်ဖို့ သတ်မှတ်ထားတဲ့ အချိန်ရောက်နေပြီမို့ စတိုင်လ်နဲ့ မလျှောက်နိုင်တော့ပါဘူး…။
မိတ်ကပ်မာမီတစ်ယောက်က ဟဲ့..သတို့သမီး..ဖြည်းဖြည်း ..စိတ်လျှော့….နဲ့ အော်ရှာပါတယ်…။
သတို့သားနဲ့ လက်ချင်းချိတ်လိုက်မှပဲ သူတို့သမီး ဣနြေ္ဒရသွားပါတယ်…။
ခန်းမထဲကို ၀င်ဖို့ လှေကားကဆင်းလာပါတယ်…။
ဗွီဒီယိုရိုက်တဲ့သူက အော်တယ်… စကားလေးပြောပြီး ဆင်းလာပါ..အသက်ဝင်အောင်လို့ပါ တဲ့…
သူကငဲ့ကြည့်ပြီး..
ပျော်လား..
အင်း…အဟင်း…ဟိုလေ …. စူးနေတယ်
ဟင်..ဘာလဲ…ဘာစူးတာလဲ…
ပြုံးပြုံးလေး ခင်ဗျာ တဲ့ ( ဓါတ်ပုံဆရာက အော်နေတယ်)
ဟိုလေ.. ထိုင်မသိမ်းမှာ ထိုးထားတဲ့ ပင်အပ်..ပင်အပ်တွေက ခြေလှမ်း လှမ်းလိုက်တိုင်း စူးနေလို့…
အန်… ဘယ်လိုလုပ်ကြမလဲ
ဘယ်လိုမှ လုပ်လို့မရတော့ဘူးလေ…
အသာလေးထိန်းလျှောက်နော်…မဲ့ရင် ဓါတ်ပုံထဲမှာ မလှဘဲနေမှာနော်… သည်းခံလိုက်နော် …တဲ့…။
အခွေထဲမှာ အသံမပါလို့သာ တော်တော့တာပေါ့…။
လှချင်ပါတယ်ဆိုမှ အဲဒီနေ့က ……။
အော် ….. မင်္ဂလာဆောင်တယ်ဆိုတာ ထင်သလောက်မလွယ်ပါလားနော်…။
အဲဒီအဖြစ်လေးက အဲဒီတုန်းက ..စိတ်ညစ်စရာ…ခုတော့ ရယ်စရာလေး ဖြစ်သွားပြီ…။
အဲဒီတုန်းက ၀မ်းနည်းပြီး ခုထိစိတ်မကောင်း ဖြစ်ခဲ့ရတာကတော့ … အဲဒီနေ့က အိမ်မှာ ဖေဖေ မျက်ရည်ကျသတဲ့….။ ။
ဆက်ပါဦးမည်..။ မြန်မြန် လက်စသတ်နိုင်အောင် အဖြစ်အပျက်တွေကို ချုံ့လိုက်ပါ့မယ်…။
Posted by
lay-ma
at
9:31 PM
16
comments
Labels: Link to the past, personal
Saturday, January 05, 2008
Feeling 28 ( 2 )
တက္ကသိုလ်တက်စမှာ မိန်းကလေး ကျောင်းကလာပြီး အစ်ကိုတွေ မောင်တွေ မရှိသူမို့ ယောကျာ်းလေးတွေကို သိပ်ကြောက်ခဲ့ပါတယ် …။
စကားလာပြောရင်လည်း ပြန်မပြောရဲ…စရင်လည်းမရီရဲ … မြှားနဲ့ပေါက်ရင်လည်း လှည့်မကြည့်ရဲ …။
သိပ်ကြီးကျယ်တာပဲဆိုတဲ့ ဂုဏ်ပုဒ်ကို ခံယူခဲ့ပါတယ်…။
နောက်တော့ ကျောင်းကမဟုတ်တဲ့ အပြင်က အစ်ကိုလေးယောက်နဲ့ မိတ်ဆွေတွေ ဖြစ်လာတဲ့အခါ ယောက်ျားလေး မိတ်ဆွေတွေက အင်မတန် ကူညီတတ်တယ်ဆိုတာ သဘောပေါက်သွားပါတယ်….။
အစ်ကိုတွေက ကျောင်းကဆွဲခိုင်းတဲ့ Drawing တွေအတွက် အမြဲကူညီပေးခဲ့သလို .. .ကျွန်တော်တို့ကို သစ်ရွက်မျိုးစုံရှာပေးပါဗျာ ဆိုရင်လည်း သစ်ရွက်မျိုးစုံကို လွယ်အိတ်အနီကြားကြီးထဲ ထည့်ပြီး.. မန္တလေးကနေ ပုသိမ်ကြီးအထိ ခရီးဝေးကို လာပေးပါတယ်…။
အရောင်တွေ စပ်လို့ မရဘူးဗျာ ဆိုရင်လည်း ငါတို့ စပ်ကြည့်မယ်ဆိုပြီး အဆောင်ရှေ့က မြက်ခင်းပေါ်မှာ အားရပါးရထိုင်ပြီး အရောင်တွေ စပ်ကြပါတယ်…။
ဆရာ က ဌာနကို တိုင်းခိုင်းတဲ့ အခါမှာလည်း သူတို့ပဲ ပေကြိုးကိုင်ပြီး တိုင်းပေး.ကူပေးခဲ့ကြတာပါ…။
မန္တလေးတောင်ပေါ်မှာ… အိမ်တော်ရာ ဘုရားမှာ…. တောင်သမန်အင်းမှာ … ၀က်သားတုတ်ထိုးဆိုင်မှာ …ဈေးချိုထဲမှာ … ရတနာပုံ ကစားကွင်းမှာ … အသုတ်ဆိုင်မှာ… မုန့်ပျစ်သလက်ဆိုင်မှာ … ဘီသုံးလုံးမှာ လေးမတို့ ၇ ယောက်ရဲ့ ခြေရာတွေ … ခုချိန်မှာ ပြန်ရှာတွေ့နိုင်ပါဦးမလား…။
အဆောင်က မိန်းကလေးတစ်ချို့ရဲ့ ဘယ်တစ်ယောက်နဲ့ ဘယ်သူနဲ့ ကြိုက်သွားမလဲ ဆိုတဲ့ ခပ်တိမ်တိမ်အတွေးတွေကို မောင်နှမလို … သူငယ်ချင်းလို အဖြူရောင် သံယောဇဉ်တွေက အပြတ်အသတ်အနိုင်ယူနိုင်ခဲ့ပါတယ်…။ နောက်တော့ ကျောင်းတွေ…အလုပ်တွေနဲ့ ဝေးကွာသွားလိုက်တာ ခုထိ ပြန်မဆုံကြတော့ဘူး...။
ရန်ကုန်မှာ ပညာဆက်သင်တဲ့အချိန်မှာတော့ … ကာလအကြာကြီး အိပ်မောကျနေခဲ့ရှာတဲ့ … လေးမရဲ့ ဖူးစာရေးနတ်ကြီးက ဗြုန်းဆိုနိုးလာပြီး မြှားနဲ့ထပစ်ပါတယ် …။
မြှားမှန်သွားတဲ့ သေရာပါဒဏ်ရာကြောင့် ၂၀၀၃ မှာ “ ရှေ့က လျှောက်မှာလား.. နောက်ကလိုက်မှာလား ” ဆိုတဲ့ မေးခွန်းနဲ့ ကမ်းကြိုလာတဲ့လက်ကို “ ဘေးက လိုက်ရင် အိုကေလား..” လို့မေးရင်း လှမ်းခိုလိုက်ပါတော့တယ်….။
ဆက်ပါဦးမည်..။
Posted by
lay-ma
at
2:33 AM
12
comments
Labels: Link to the past, personal
17 comments:
Post a Comment