လကုန်ပြီ ဆိုတော့ လေးမ စွပ်ပြုတ်တိုက်နိုင်ပြီ….။ အားရပါးရ သုံးဆောင် သွားကြပါရှင်…။
အရူးပါး
Nasreddin သည် သူ့ ရဲ့ မြည်းပေါ်မှာ စပျစ်သီး တောင်းနှစ်တောင်း တင်ပြီး ဈေးကိုသွားပါတယ် … ။
နေ့လယ်ခင်းလောက် ရောက်တဲ့အခါ ရာသီဥတုက သိပ်ပူတဲ့ အတွက် အရိပ်ရတဲ့ သစ်ပင်ကြီးတစ်ပင် အောက်မှာ ရပ်နားလိုက် ပါတယ်…။ အဲဒီ သစ်ပင်အောက်မှာ သူ့ လိုပဲ ဈေးကို စပျစ်သီး သွားရောင်းမယ့် သူတွေဟာ သူတို့ရဲ့မြည်းတွေနဲ့  အတူ အရိပ်ခို နေကြပါတယ် …။
နေ့လယ်စာ စားပြီးတဲ့ အချိန်မှာတော့ သူတို့အားလုံး တမှေးတမော အိပ်ကြပါတယ်… ။ အားလုံးအိပ်ပျော်ပြီး သိပ်မကြာခင်မှာ Nasreddin ဟာ တခြားသူတွေရဲ့ ခြင်းထဲက စပျစ်သီးတွေကို ယူပြီး သူ့ တောင်းထဲကို ထည့်ပါတယ်…. ( အလစ်တွမ်တာ) …။ ရုတ်တရက် လူတစ်ယောက်နိုးလာပြီး Nasreddin ခိုးယူနေတာကို မြင်သွားပါတယ် …။
ထိုလူက “ ဟေ့လူ….ခင်ဗျားဘာလုပ်တာလဲ..” ဒေါသတကြီး အော်လိုက်ပါတယ်…။
“ ဟို …” “ တမျိုးမထင်ပါနဲ့  ခင်ဗျာ … ကျွန်တော်က ဦးနှောက်တခြမ်း ထိခိုက်နေလို့ပါ … တ၀က်ရူးပါခင်ဗျ … ဒါကြောင့် ကျွန်တော်က ရူးကြောင်ကြောင်တွေ လုပ်မိတတ်တာပါခင်ဗျာ…” Nasreddin ကပြန်ဖြေတာပါ…။
“ အော်…အဲလိုလား… ဒါဆို … ခင်ဗျား တောင်းထဲက စပျစ်သီးတွေကို ဘာလို့ သူများတောင်းတွေထဲ လိုက်မထည့်သလဲ … လိုက်ထည့်လေ…”
“နောင်ကြီးက ကျုပ်ပြောတာကို သဘောမပေါက်ဘဲကိုး…။ ကျုပ်ပြောတာက ရှင်းရှင်းလေး…။
ကျုပ်က တ၀က်ပဲ ရူးတာ… အပြည့်အ၀ ရူးတာ မဟုတ်ဘူးလေ….။”
ဝန်ခံချက် ။ ။ အမည်နှင့် ရေးသူမသိသော Intermediate story တစ်ပုဒ်ကို လေးမ နားလည်သလို ဘာသာပြန်သည်…။
Nasreddin က ပိုင်တယ်နော် … ။ သူငယ်ချင်းတို့ရော တ၀က်ရူးမလား…. အပြည့်အ၀ရူးမလား … လုံးဝမရူးဘဲနေမလား … ။ တ၀က်ရူးနေတဲ့ လူတွေနဲ့ တော့ ဘ၀ခရီးမှာ အနည်းနဲ့ အများ ဆုံတွေ့  နေရဦးမှာတော့ သေချာတယ်…။ ။
Friday, November 30, 2007
စိတ် …. စွပ်ပြုတ် (၂)
Posted by
lay-ma
at
7:40 PM
Labels: Thinkings from story
Subscribe to:
Post Comments (Atom)
11 comments:
ဟုတ်တယ်... တ၀က်ရူးနေတဲ့ လူတွေနဲ့ကတော့ အမြဲလိုလိုကို တွေ့နေရမှာပဲ။ အဲဒီထဲမှာ ကိုယ်က အိပ်ရာနိုးနေဖို့ အရေးကြီးတယ်... :D
ပုံပြင်တွေက ကြွက်ပုံပြင်ရယ်၊ အခုပုံပြင်ရယ် ၂ပုဒ်လုံး ကြိုက်တယ်ဗျ။ အီစွတ်ပုံပြင်တွေလိုပဲ မြန်မာ အီစွတ်ပုံပြင်ဆရာကြီးပေါ့ :) ဟားဟား
စိတ်မဆိုးပါဘူးဗျာ ကဗျာက သပ်သပ် လူကသပ်သပ်ကိုးဗျ ။ စိတ်ညစ်ရင်တော့ မျှားပြာကိုတောင်းဗျို့ ။ ဒီကောင်ကြိးဆီမှာ စိတ်ညစ်ပျောက်ဆေး ရှိတယ်ဗျ။ ပျော်ရွှင်ပါစေ
စွပ်ပြုတ်သောက်ချင်ဘူးနော်
ချစ်မ တခြားဟာတိုက်
ဒါပဲ
ုဟိဟိ
ဟုတ်တယ်။ လေးမရေ စွပ်ပြုတ် မကြိုက်ဘူး။ စပျစ်သီးတော့ ကြိုက်တယ်၊ ဒါကြောင့် ကိုယ့်တောင်းထဲ မှားချင်ယောင် ဆောင်ပြီး မ သွားပြီ ၊ ဒါပဲနော် ဘိုင့်ဘိုင်
ကျွန်တော့်တောင်းထဲ လာနှိုက်ရင်တော့ .. ဘာမှရမှာမဟုတ်ဘူး ..။
ဟတ်ဟတ် ဟတ် ။။
အစ်ကိုတောင်းထဲမှာ တော့လက်အိတ်၊ အရက်ပျံ၊ ပိုက်ဆံသုံးပြီးသားဘောင်ချာတွေပဲရှိတယ်။ မတွေ့ဆုံဖို့ကိုလည်းဆုတောင်းတယ်။ ဟဲ.....ဟဲ..... မရှိမဲ့ ရှိမဲ့လေးတွေပါသွားမှာစိုးလို့။
တခါလေ တ၀က်ရူးချင်တယ်ဗျ။
စပစ်သီးစားချင်လို့။
Nasreddin လို ပါးတဲ့သူပဲ ဖြစ်ချင်တယ်..ဟီဟီးး ကိုယ့်တောင်းထဲမှာက နှိုက်စရာဘာမှ မရှိဘူးလေ.....
လေးမရဲ့ စွပ်ပြုတ်ကို တ၀ ကြီးလာသောက်သွားတယ်.. ကိုယ်က မရူးတတ်တော့လည်း ခက်သားလားနော်.. တ၀က်ရူးသူတွေတော့ ကြုံဖူးပါရဲ့.. တကယ်မရူးပဲ ရူးချင်ယောင်ဆောင်သူတွေက ပိုခက်တာ.. :)
လေးမ ဘာသာပြန်တာ ကောင်းတယ်.. နောက်လာမဲ့ စွပ်ပြုတ်တွေကို မျှော်နေမယ်.. :)
>tzm... သိပ်မှန်တာပေါ့...။ နှိုးစက်ပါဆောင်ထား...။
>ko thwe... ပုံပြင်တွေကြိုက်တယ်ဆိုလို့ ကျေးဇူး...။
>chaos... စွပ်ပြုတ်ပဲ ရှိတယ်...။
>ma laypyay.. စပျစ်ဝိုင်လုပ်မလို့လား...။ လေးမကိုလည်းခေါ်နော်...။
>bluearrow.. ကြိုသတိပေးထားပါလား...။ကြောင်မျိုးရေ..ကြားတယ်နော်...။
>better tomorrow.. အဲဒါတွေက အရေးကြီးတာ...။ မပါစေနဲ့ ...။
>rose.. ကောင်းတယ်...တ၀က်ရူးမှ တသက်ထူးမယ်...။
> mg myo... ကြောင်မျိုး...ကြွားနေပြန်ပြီ...။
>ma nu-san...အစ်ကိုကြီးဖို့ရော ယူသွားနော်...မ...။ ကျေးဇူး...။
သုံးပုံတပုံ လောက် ရူးလို့ရလားဟင်။
စပျစ်သီးလဲစားမယ်။ စွပ်ပြုတ်လဲချားမယ်။
ကျွေးကျွေး။
စွန်တန်လဲသောက်ချင်တယ်။ ဂျယ်လီလဲချားချင်တယ်။
အီးဟီးဟီး ချစ်မ ကျွေးနော်။ နော် ။နော်
Post a Comment