Thursday, November 15, 2007

4th Anniversary

Kn



ကျွန်မ မှာ လက်တစ်စုံရှိတယ် ...

အဲဒီလက်တစ်စုံက


Zaha Hadid လို


ကမ္ဘာကျော် ဒီဇိုင်းတွေ မဆွဲနိုင်ခဲ့ပါဘူး ...


ဒါပေမယ့်


နှစ်ယောက်အတူနေဖို့


အိမ်လေးတစ်လုံးတော့ ပုံဖော်နိုင်ခဲ့တယ် …။

အဲဒီလက်တစ်စုံက


ချန်ဂင်လို


နာမည်ကျော် ဟင်းလျာတွေ မချက်ပြုတ်နိုင်ခဲ့ပါဘူး ...


ဒါပေမယ့်


မေတ္တာနဲ့ ချက်တဲ့


ဟင်းတစ်ခွက်တော့ ချက်နိုင်ခဲ့တယ်….။

အဲဒီလက်တစ်စုံက


မာသာထရီဆာလို


….. လို


…..လို


ကမ္ဘာ့ အကျိုး … လူသားတွေ အကျိုး


သယ်ပိုးသွားဖို့ ဆန္ဒမပြင်းပြ ပါဘူး ….


ရိုးရိုးလေးပဲ … ဘ၀ကို ကုန်ဆုံးသွားချင်ပါတယ် …။

အပင်လေးတွေ ရေလောင်းရင်း


ငါးလေးတွေ အစာကျွေးရင်း


ဖစ်နိုင်ရင် ပုခက်လွှဲရင်း


“ကို့” လက်ကို မြဲမြဲတွဲထားချင်တယ် ….။ ။


19 comments:

Anonymous said...

လေးနှစ်မြောက်မှသည် နောင်နှစ်များစွာတိုင်
အချစ်၏လက်တွေနဲ့ ပျော်ရွှင်သောဘ၀ကို ထုဆစ်နိုင်ပါစေဗျာ.။

ဆုပဲတောင်းပေးလိုက်တော့တယ် ... သေချာတာကတော့ ကျွန်တော် အချစ်ကဗျာတွေ မရေးတတ်ဘူးဗျ ...။

Anonymous said...

အိမ်ကလေး ပုံဖော်နိုင်ခဲ့တဲ့လက်ကို လေးစားပါတယ်။ မေတ္တာနဲ့ဟင်းချက်နိုင်တဲ့လက်ကိုလည်း လေးစားပါတယ်။ အပင်လေး တွေရေလောင်းရင်း ငါးလေးတွေ အစာကျွှေးရင်း ရိုးရိုးလေး နေသွားချင်တဲ့စိတ်ကိုလည်း လေးစားတယ်။
မလေးမ အတွက် လေးနှစ်ပြည့် အထိမ်းအမှတ်မှာ လေးလေးနက်နက် ဆုတောင်းပေးချင်တာကတော့. အင်း.. လေး???.. ကလေး လေးယောက်လောက် မြန်မြန်ရပါစေ..။
လေးစားလျက်.. တက်စလေး အဲ တက်စလာ :D
~လေးနှစ်မှသည် နောင်နှစ်ပေါင်းများစွာထိ တိုင်စေသော်ဝ်~

Anonymous said...

သြော် ၄ နှစ်ပြည့်မှသည်..သက်ဆုံးတိုင်ပါစေ

Anonymous said...

လေးမ...

သက်ထက်ဆုံး.... တွက် ဆုတောင်းပေးပါတယ်နော်...

မလေး

Anonymous said...

ကဗျာလေးက ရိုးရှင်းပြီး ကောင်းတယ်.. :)

လေးနှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်တူကိုယ်တူ ဘ၀လမ်းခရီးကို အေးချမ်းစွာ ဖြတ်ကျော်နိုင်ပါစေ... လို့ ဆုတောင်းပေးပါတယ်...

၎နှစ်ပြည့်က ဘာမုန့်ကျွေးမှာလည်းဟင်.. :D

Anonymous said...

မမလေးရေ... ဆုတခုတောင်းပေးမယ်....

လက်တစုံရှိတယ်ဆိုတော့...

လက်တဖက်က သားသားလေးကို ပွေ့ထားပြီး...

နောက်တဖက်နဲ့ မီးမီးလေးရဲ့ ပုခက်လေးကို အမြန်ဆုံးလွှဲပေးနိုင်ပါစေ မမလေးရေ....

Anonymous said...

ချစ်မရေ
ချစ်မရဲ့ ကို့လက်ကို အမြဲတွဲထားနိုင်ပါစေနော်

Anonymous said...

MaMaLay,
May you all be always happy!.

Anonymous said...

ချစ်သော မမလေးမ

အသက်ထက်ဆုံး တွဲလက်တွေ ခိုင်ခိုင်နဲ့ နှစ်ယောက်အတူ ပျော်ရွှင်သော
ဘ၀လေးမှာ သားသားမီးမီး ရတနာ လေးတွေနဲ့ ပျော်ရွှင်သော ဘ၀လေးကို
အမြန်ဆုံး ရနိုင်ပါစေနော်

Anonymous said...

ကွန်မန့်မရေးတတ်လို့ အမရယ် ..ကျွန်တော်ကလည်းညံ့လိုက်တာ...။
လေးနှစ်မြောက်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အသက်ထက်ဆုံး ရွှေလက်မြဲမြဲ ခိုင်ခိုင်တွဲနိုင်ကြပါစေဗျာ။
ပျော်ရွှင်ချမ်းမြေ့ ပါစေဗျာ။

Anonymous said...

တစ်ကယ် ... ၀မ်းမြောက် ပါတယ်ခင်ဗျာ ... နောင် နှစ်ပေါင်းများစွာ သားသား မီးမီးတွေနဲ ပျော်ရွှင်စွာ လျှောက်လှမ်း နိုင်ပါစေ ... :D

Anonymous said...

နောက်တခေါက်ထပ်လာခဲ့မယ်ဆိုပြီး သွားရင်းလာရင်း မှာကြားထားခဲ့ပြီး... ဦး၂ဖျား၂ ဆုတောင်းရေးသွားတဲ့ မျှားပြာ....

လေးလေးနက်နက် ဆုတောင်းပေးသွားတဲ့ ကိုတက်စလာ...

သက်ဆုံးတိုင်ဆိုတဲ့ မမသမုဒယ

သက်ထက်ဆုံး ဆိုတဲ့ ချစ်ရတဲ့ မလေး....

မုန့်ပါစားချင်တဲ့ မနုစံ....

လက်နှစ်ဖက်လုံးကို မအားရအောင် ဆုတောင်းပေးသွားတဲ့ ကိုသန့် 

အမြဲတွဲနိုင်ပါစေလို့ ဆုတောင်းပေးတဲ့ chaos လေး....

ဘိုလိုမှုတ်သွားတဲ့ သိုးလေး...

အမြန်ဆုံးလို့ ဆုတောင်းပေးတဲ့ မိုးချစ်သူလေးဆုမွန်....

ကြိုးစားပြီး ကွန့် မန့်ရေး....ဆုတောင်းပေးတဲ့ ညိမ်းညို....

တစ်ကယ် ၀မ်းမြောက်ပါတယ်ဆိုတဲ့ ဆီနီယာ အစ်ကိုကြီး ကိုစိုးထက်....

လေးမတို့ကို ခင်မင်စွာ ဆုတောင်းပေးသွားကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင်....။ ပေးတဲ့ဆုတွေအားလုံး အသေအချာပြည့်ရပါစေရှင်....။ အားလုံးလည်း....တူသောဆုရကြပါစေရှင်.....။ ( အထူးသဖြင့် တွန်တက်စ် နဲ့  ကိုသန့်)

Anonymous said...

တီလေးရေ...ခွဲစိတ်ခန်းဝင်နေရလို့  ကွန့်မန်ရေးနောက်ကျသွားတယ်...
ဆောရီးနော့...လေးနှစ်ပြည့်မှ သည်နောင်နှစ်ပေါင်းများစွာတိုင် ရတုအဆက်ဆက် ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ...တီလေ့းဒီသီချင်းလေ အစ်ကိုကြီးပြန်လာရင် ဆိုပြဖို့ မမေ့နဲ့ နော့
*ကို ပြန်လာရင် အဆင်သင့်စားဖို့ ရာ
ချက်ပြုတ်ထာတာ ဖွယ်ဖွယ် ရာရာ များလှပါတယ်
ကန်စွန်ရွက် အချဉ်ရည် အဆင်ပြောတာ ရယ်
ငါးဖယ် ငါးဆုပ် ကို အကြော်နဲ့ အသုပ်ခွဲလို့ 
....................................................
ထမင်းစားပြီးရင် အချိုတည်းစရာ ရယ်
ထန်းလျှက်ခဲပါတယ် *
မမှတ်မိတော့ဘူး....အဲ့လောက်ပဲရတော့တယ် ။
ဆံဖြူသွားကျိုးတဲ့ အထိ သားသားမီးမီးလေးတွေ နဲ့
ထာဝရ ပျော်ရွှင်ကြပါစေ....။

Anonymous said...

အားကျတယ်ဗျာ...
တစ်ဘဝလုံး ပျော်ပျော်ရွင်ရွင် အေးအေးချမ်းချမ်း...
လက်တွဲပြီး...
သားသားမီးမီးလေးတွေနဲ့ ပျော်ရွင်ပါစေဗျာ...

Anonymous said...

မလေးတို့ရဲ့ လေးနှစ်မြောက်မှသည် နောင်နှစ်ပေါင်း များစွာသို့ ချစ်ခင်ကြင်နာစွာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

Anonymous said...

မရေ ဆု ဆိုတာက နောက်ကျတယ် စောတယ်ရှိပါဘူးနော်။
မရဲ့ ဆံပင်ဖြူဖြူတွေပေါ်မှာ စံပယ်ကုန်တွေ ပန်ပေးနိုင်တဲ့
အထိ ချစ်ချစ်ခင်ခင် တသက်လုံး ပျော်ပျော်ပါးပါးနဲ့
ဘ၀တိုက်ပွဲ အနိုင်တိုက်နိုင်ပါစေ နော်။

Anonymous said...

သီချင်းသင်ပေးတဲ့ ...ကြောင်မျိုး...

အားကျနေတဲ့....စေတန်...

လှလှပပလေးဆုပေးသွားတဲ့...ကိုမျက်လုံး....

ဆံပင်ဖြူ ပေါ် စံပယ်ဖြူတွေ ပန်ပေးနိုင်တဲ့ အထိ လို့  ဆုတောင်းပေးတဲ့...နှင်းဆီလေး...

တို့ရဲ့ ဖြူသောဆုကြောင့် တူသော အကျိုးရကြပါစေရှင်...။

Anonymous said...

ချစ်လေးမလေးရေ
ဗဲရီးဆောရီးပါကွယ်၊ အလုပ်တွေရှုပ်နေလို့ မရောက်ဖြစ်တာ နဲနဲ့ ကြာသွားလို့ အဆက်ပြတ်သလို ဖြစ်သွားတယ်ကွယ်၊ နောက်ကျတဲ့ အတွက် ခွင့်လွတ်ပါနော်၊ ခွေးတော့မလွတ်ပါနဲ့၊ မလာတာကြာ လို့ မမလေပြေကို စိတ်မဆိုးနဲ့နော်၊ လေးမဘာသာ လေးမကို စိတ်ဆိုး အိမ်တွေခဏ ခဏ ပြောင်းလို့လေ၊ လူက အိမ်များတော့ ဘယ်အိမ် လိုက်ရမှန်းမသိဖြစ်သွားတာ၊

လေးနှစ်မြောက်မှသည် နောင် လာမည့် နှစ်ပေါင်းတရာကျော် တိုင် ချစ်သော ကိုနဲ့ သက်ထက်ဆုံး ကြင်ကြင်နာနာနဲ့ ရာသက်ပန် ချစ်သား ချစ်သမီးများစွာနဲ့ ပျော်ရွင်စွာ လျှောက်လှန်း နိုင်ပါစေလို့ ဆုတောင်း ပေးပါတယ်နော်၊

Anonymous said...

မမလေပြေ...
ဆုတောင်းပေးတာကျေးဇူးပါ...။
လေပြေလေး တိုက်သလိုပဲ...။ အေးသွားတာပဲ...။