Tuesday, November 20, 2007

အချစ်ဆုံးသို့  အိတ်ဖွင့်ပေးစာ

ကိုဝေ ( သတင်းစာ) က ခင်ရင်ရေးပါဆိုလို့ “လေး” ရှက်ရှက်နဲ့  ရေးလိုက်ပါတယ်… ကို……။

အိတ်ဖွင့်ပြီးပေးပါဆိုလို့ ဘလောခ့်မှာ တင်လိုက်တဲ့အတွက် သူတို့ ဖတ်ကြရင် အပြစ်မတင်ပါနဲ့  …ကို…။

ခုချိန်မှာ လွမ်းနေရတဲ့ … ပြောပြချင်နေတဲ့ … အကြောင်းလေးတွေကို ရေးလိုက်ပါတယ်…ကို … ။

အခုချိန်မှာလေ…….

တစ်လတစ်ခါ ရခဲ့ဖူးတဲ့ သိမ်မွေ့ တဲ့ စာသားတွေရေးထားတဲ့ ကဒ်လှလှလေးတွေကို လွမ်းတယ်….။

ခဏခဏ ရခဲ့ဖူးတဲ့ မွှေးပွ အရုပ်လေးတွေကို သတိရတယ်….။

သနပ်ခါးလေးနဲ့  လှတယ်ဆိုလို့ သွေးခဲ့ … လိမ်းခဲ့ရတဲ့ ..သနပ်ခါးတွေကို အားနာတယ်…။

လုံချည်လေးနဲ့ လှတယ်ဆိုလို့ သူများတွေကို ပေးပစ်ခဲ့တဲ့ pants တွေကို နှမြောတယ် … ။

မုန့်တွေ တပွေ့ တပိုက်နဲ့  အဆောင်ကို ရောက်ရောက်လာတတ်တဲ့ လူကြီး နဲ့  မုန့်တွေကို သတိရတယ် …။

အတူထိုင်ဖူးတဲ့ ပုလဲအောက်က ကော်ဖီဆိုင်လေးကို လွမ်းတယ်….။

အဆောင်ရှေ့မှာ လက်တွဲပြီး လမ်းလျှောက်ချင်တဲ့ဆန္ဒကို မလိုက်လျောခဲ့မိတာ နောင်တရတယ်…။

အရာရာတိုင်းဟာ အလှည့်အပြောင်း….. အချိုး အကွေ့ တွေများလှတယ်…ကို….။

ဒါပေမယ့် စကားလုံးမရှိတဲ့ ကောင်းကင်ကြီးကို ပြောပြစရာ စကားလုံးတွေ ရှားပါးခဲ့တဲ့ တိမ်လို…လလို….ကြယ်လို….ညလို….မိန်းကလေးကတော့ စကားလုံးတွေ ဆွံ့ အနေတုန်းပဲ….။

လေး

ဘယ်သူ့ ကို ဆက်လက် ဂျောက်တွန်းရရင် ကောင်းမလဲလို့ တနေကုန် စဉ်းစားလိုက်တော့…

၁။ ကြွက်တွေကို ခြိမ်းခြောက်တဲ့ ကြောင် ကြီး နဲ့ 

၂။ စလုံးရေစ မမ ဆိုတဲ့ ဓါတ်ပုံဆရာလေး ကို အာရုံရတယ်…..။

ကဲ..ကဲ…..စာအိတ်တွေ ဖွင့်ပြ….။ မဖွင့်ပြရင် လူပျိုကြီးဘ၀က မလွတ်ပါစေနဲ့ ….။ ။

13 comments:

Anonymous said...

အား.. လေးမရေ.. ကောင်းလိုက်တဲ့ စာသားလေးတွေ.. လေးမရဲ့ ကောင်းကင်ကြီးကတော့ ဒီလို အပြောလေးတွေကို ကြိုက်နေတာ ဖြစ်မယ်... :D ရေးတတ်လိုက်တာ.. စကားလုံးမရှိတဲ့ လေးမပေါ့.. :)

Anonymous said...

အင်းးးးးးး

ဘာပြောရမှန်းကို မသိတော့ဘူး..... :D

"ကောမန့်" ဒါပဲ ရေး ခဲ့ တော့ မယ်။.... :D

Anonymous said...

အမရေ ကိုကင်းကောင်ကြီးကတော့ ဒီလိုအပြောလေးတွေကို နှစ်သက်သဘောကျနေမှာ အမှန်ပဲဗျ။ မမြင်ဘူးပေမဲ့ အမတို့
စုံတွဲက တအားကို လိုက်ဖက်ညီမှာပါခင်ဗျာ။ စိတ်အေးအေးချမ်းချမ်း
နဲ့ အရမ်းကို ပျော်ရွှင်စရာကောင်းမှာပါ။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ။

Anonymous said...

အဆောင်ရှေ့မှာ လက်တွဲပြီး လမ်းလျှောက်ချင်တဲ့ဆန္ဒကို မလိုက်လျောခဲ့မိတာ နောင်တရတယ်.. ဆိုတော့ ဘယ်အဆောင်လဲ ခင်ဗျ။ ဂျီဟောများလား မသိဘူးနော်။

Anonymous said...

အမယ်လေး
အားကျလိုက်တာ
နာ့ချစ်မကို
အားကျလိုက်တာနော်
ကောင်းကင်ကြီးက ချစ်မရဲ့အိတ်ဖွင့်ပေးစာကို
ဘာပြန်ပြောလဲ
ပြောပြ

Anonymous said...

အစ်မရေ
ချီးကျူးဖို့ စကားလုံးရှာမတွေ့လို့ ရေးမသွားလိုက်ရဘူး ခွင့်လွှတ်ပါ။ :P

Anonymous said...

အာ... မမလေး... ဒုတ်ခ

ရည်းစား မရှိတဲ့ သူကို "အချစ်ဆုံးသို့  အိတ်ဖွင့်ပေးစာ" ပေးခိုင်းနေတယ်...

ဘယ်လိုရေးရမလဲလို့... ? အဲ့ဒီ ဟာ ကြီး ကို မရေးတက်လို့ အခုထိ အခုလိုဖြစ်နေတာ မမလေးရ.....

တကယ်ကြီး ဒုတ်ခတော့ ရောက်ပါပြီ.... :'-(

Anonymous said...

မိပြီ .. လာဖတ်သွားတယ် ကလေးမ

Anonymous said...

လေးတွေ ကိုတွေနဲ့  အားကျတယ်ဗျို့  ...

လေးကို ဈေးကို ပြေးဆိုရင်တော့
အေးဆို ဘေးကို ငေးမပိုနဲ့
ကလေးငို သေးစို ပြေးငိုမှာမြင်ယောင်သေး ဟေး ဟေး ...။

ချတာ ချိတ်ချိုးနဲ့ ဟတ် ဟတ် ဟတ် ....။

Anonymous said...

သတိရတက်လိုက်တာ ဗျာ
ဟဲ ဟဲ

Anonymous said...

ချစ်မ....ကိုကောင်းကင်ကြီး ကတော့ ဒါလေးတွေဘဲ ကြွေနေတာ
ထင်ပ။ ဟိဟိ။ အပြောက ကောင်းကောင်း။ ချွဲလဲ ချွဲမယ့်ပုံဘဲ။
ပျော်ရွှင်စရာ ကမ္ဘာလေးမှာ သားသားမီးမီး ရတနာလေး တွေ
အမြန်ဆုံးရပါစေကြောင်း ဆုမွန်မှ ဆုမွန် ကောင်းတောင်းလိုက်ပါသည်။
:P :P :P

Anonymous said...

ဟီဟီး...အူတွေယားလိုက်တာ....ဘာရေးရမှန်းလဲ မသိတော့ဘူးးး
တီလေးရေ့ ..အ ချင်ယောင်ဆောင်မနေနဲ့ ဗျို့ ..ကိုကောင်ကြီးကို ကာတီယား စိန်တိုက် က စိန် နှစ်စင် စာဝယ်ပေးပါလို့  ချွဲ လိုက်ဗျို့ 

Anonymous said...

>မနုစံ ... မမ...လည်း...လေးမ လိုပဲမဟုတ်လား..။သိနေတယ်နော...ခွိ..ခွိ...။

>ကိုသန့်... ဘာပြောရမှန်းမသိဘူးဆိုပြီး... ကြော် ညာ ၀င်သွားတယ်...။

>ညိမ်းညို... အန်...မမြင်ဖူးဘဲနဲ့  လိုက်ဖက်ညီမှန်းသိတယ်ဆိုတော့ အကြားအမြင်ရတာလား....။ ရှေ့ရေးလေး ဟောစမ်းပါဦး...။ ဆုတောင်းပေးတာ ကျေးဇူးနော....။

>ကိုဂျူလိုင်... စဥ့်ကူဆောင်ပါရှင်...။

>chaos... ကလေးတွေကို ပြောလို့ဘယ်ဖြစ်မလဲ...ပြောပြဘူး...သတ်ချင်သတ်....။

>နှင်းဆီလေး... ခွင့်လွှတ်စေချင်ရင် နှင်းဆီနီနီတွေထားခဲ့.....။

>မပန်... အရီးလေးကိုလည်း...မိပြီ...မိပြီ...။

>မျှားပြာ ... ဟား...ဟား....ချိတ်ချိုးတယ်....။

>ကိုဝေ.... သတိရစရာလေးတွေ လေ...။

>မိုးချစ်သူ... ချွဲလွန်းလို့ ခဏခဏ ချော်လဲတယ်..။ဟိ...။

>ကြောင်မျိုး... အူက ဘာလို့ယားတာတုန်း...။ နားပူနားဆာလုပ်တတ်အောင် ဘယ်သူသင်ပေးတုန်းလို့ မေးလို့ကတော့ ကြောင်မျိုးပါဗျို့  လို့ပြောလိုက်မှာ....။