Monday, November 26, 2007

ရေထဲက ... မြို့ 

ရေပေါ်မြို့ လေးတစ်မြို့ ကိုရောက်ခဲ့ပါသည် ....( ဒူဘိုင်း မဟုတ်ပါ)…။

လှေကလေးများဖြင့်သွားရပါသည် ( ဗင်းနစ် မဟုတ်ပါ )…။

မြန်မာပြည် အရှေ့ဖျားက အင်းလေး ဖြစ်ပါသည် …။





သူတို့… ဒီလိုပဲ သွားကြ လာကြ တယ်…။


အဲဒီမှာ ဒို့ တိုင်းရင်းသားတွေ ဒီလို နေကြတယ်…။ ရေပေါ်မှာ အိမ်ကလေးတွေ ဆောက်မယ်…. ရေပေါ်မှာ အိမ်ကလေးတွေ ဆောက်မယ်….။



တောင်တန်းကြီးတွေ ပတ်လည်ရံထားတဲ့ ရေပြင်ထက်မှာ တစ်ယောက်ထဲ လှေလှော်နေတဲ့ လှေရှင်မှာ သောကမရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ … ။

အားမငယ်ပါဘူးလို့ ဘယ်သူ အာမ ခံမလဲ … ။

လှေဦးထိပ်မှာ ကြင်နာသူလေး ပါလာခဲ့ရင် သူဒီလောက် အားငယ်မယ် မထင်ပါ လို့ အင်းလေးမှာ ရွာတဲ့မိုးမှာတော့ သီချင်းရေးဆရာက ရေးထားတာပဲလေ…။





အနာဂတ်နိုင်ငံတော်ကို ထုဆစ်မယ့် လက်တွေကို ပျိုးထောင်တဲ့နေရာ … ။



ပိုက်ပိုက်တွေ ရှာပေးနေတဲ့ နေရာလေးတွေ … ။ ရိုးရာနဲ့  တိုးလာတဲ့ ၀င်ငွေလေးတွေ…။






ခရီးတစ်ထောက်နား… ထမင်းလည်းစားလို့ရတဲ့ ... ဘိုတဲလေး…။



“.....ဘဲအုပ်က တစ်ရာနှစ်ရာ .... မဗေဒါက ... တစ်ပင်တည်း” ဆိုတဲ့ မဗေဒါ ကို လည်း အဖော်အပေါင်းတွေနဲ့  တပျော်ကြီးတွေ့ ခဲ့ရလို့ “ …ဘယ်လိုလဲ မဗေဒါ ..” လို့ မေးဆတ်ပြ တဲ့အခါ .“….ပန်းပန်လျက်ပါ…” တဲ့….။ ။

17 comments:

Anonymous said...

Nyimalay...
thanks for ur photo.when i saw this photos i want to go there and miss them.when i come back ,i will be there...!

Anonymous said...

အရမ်းလှတယ်ဗျာနော့ ...။ မဗေဒါကတော့ တစ်ပင်တည်း ပန်းပန်လျှက်ပဲပေါ့လေနော် ..။ အဆင်ပြပါစေဗျာ.။

Anonymous said...

လှတယ်အစ်မရယ် ပုံတွေက။ ပျော်ခဲ့တယ်ပေါ့နော်။ အားကျလိုက်တာ။

Anonymous said...

လှလိုက်တာနော်...။ အဲ့ဒီလိုပုံတွေမြင်ရင်ပိုလွမ်းတယ်။ ပြန်ချင်လိုက်တာ...။

Anonymous said...

ပြောင်းပြန်ပဟ...လိုက်ရတဲ့ သရဲကြီးကိုသူရလည်းမောနေပြီ

Anonymous said...

ကျွန်တော် ရောက်တုန်းက ဓါတ်ပုံ မရိုက်ခဲ့ ရဘူးး ... တင်ပေးထားတာ ပြန်သတိရသွားပြီ ... :D

Anonymous said...

ပျောက်နေပါတယ်လို့ လက်စသတ်တော့ လည်လည်သွားနေတာကိုး

Anonymous said...

အင်းလေး ဓာတ်ပုံတွေ ကြည့်ပြီး ပြန်သွားလည်ချင်လိုက်တာ... ဓာတ်ပုံတွေလည်း လှတယ်.. :)

Anonymous said...

တီလေးရေ့ ..အဲ့ဒီက အစားသောင်တွေ ကကောင်းမယ်နော် ၊ဓာတ်ပုံတွေ ကြည့်ပြီးသွားချင်လိုက်တာ ..တော်၂လေးပျော်ခဲတယ်ထင်တယ် ကိုကိုကြီးနဲ့ ဆိုတော့...ကို့ လက်ကိုတွဲ လေးလဲ လိုက်ခဲ့မယ် အချစ်ရယ် ပေါ့လေ..မနာလိုဘူးဗျို့ ...ကျနော်တို့ လဲ တစ်နေ့ သွားအုံးမှာ ပါ အိမ်မက်ထဲမှာလေ....

Anonymous said...

မမလေး ပြန်ရောက်ပြီလား.. အင်းလေးသွားတာကိုး
တန်ဆောင်တိုင်ပွဲလည်းရောက်ခဲ့မှာပေါ့
ပုံတွေတင်ပေးလေနော်

အင်းလေးက ပုံတွေလှတယ် မမလေးရေ...
ကျေးဇူးပါနော်..

Anonymous said...

ချစ်မ
တောင်ကြီးလာတာ
မပြောဘူး
ချိတ်ချိုးတယ်
လာတွေ့မလို့ဟာကို
တော်ပီ ခေါ်တော့ဝူး
ပြန်ချော့

Anonymous said...

အမက...တောင်ကြီး၊အင်းလေးကိုရောက်ခဲ့တယ်ပေါ့လေ.....
တောင်ကြီးသားဟိုအကိုကြီးကောပါရဲ့လား.........
စာကလေး...အတွက်ဘာတွေပါတုန်း......
တောင်ကြီးကိုလွမ်းလိုက်တာဗျာ......

Anonymous said...

>ko arkar... I hope to see your family photo at Innlay...

>မျှားပြာ ... မဗေဒါက အဖော်တွေနဲ့ ပါဆို နေမှ ...။

>၀င်္ကပါ ... ပျော်ခဲ့တာပေါ့ ... အားကျလား..ပုံတွေယူသွားလေ...။

>မတုတု ... ပြန်ချင်သွားပြီလား... တနေ့ နေ့ပေါ့နော်...။

>ကိုအ၀ိုင်း...သရဲကြီးက ဟိုအ၀ိုင်းကကိုး.....ရေသောက်ပါဦး...။

>ကိုစိုးထက် ..သတိရစရာလေးတွေ ဖြစ်ကုန်ပြီပေါ့ ...။

>ကိုအတာ ... ဟုတ်ကဲ့ ...လည်နေတာ...။

>မနုစံ ... သတိရသွားပြီပေါ့နော်..မ...။

>ကြောင်မျိုး ... ရောဂါရင့်နေပြီ...။ တနေ့သွားရမှာပါလေ...။

>ကိုသန့် ... ပုံတွေထပ်တင်လိုက်ပြီ...။ လေးမရိုက်ထားတာတွေက သိပ်တော့မလှဘူး...။

>chaos.... ချိတ်ချိုးနဲ့ နော်.... အလုပ်ပျက်မှာစိုးလို့ပါ ... ရော့ နေကြာစေ့စားနော် ....။

.>sparrow.... အဲဒီအစ်ကိုကြီးပါတာပေါ့ ...။ မပြန်ဘူးလား....။ မအားလို့လား...။

Anonymous said...

ဟာ..ချစ်မ က အင်းထဲ သွားနေတာကိုး။
ဆုမွန်လဲ သွားချင်နေတာ။ အဖော်မရှိလို့။
ဟိုကောင် chaos ဆီသွားမလို့။
ချစ်မ သွားမှန်းသိရင် လိုက်ပါတယ်။
အဲ....တူက ချစ်ချစ်လက်လေး တွဲပြီး
သွားတာ......ဆုမွန်လေးကို ဘယ်ခေါ်ချင်
ပါ့မလဲနော်။ အဟင့်...........

Anonymous said...

မိုးချစ်သူ..
လိုက်ချင်မှန်းသိရင် ခေါ်ပါတယ်...။
မသိလိုက်လို့ပါကွယ်..။

Anonymous said...

ပျိုပျိုမေ အလည်အပတ် ထွက်တယ် မော်တော်ကားနဲ့ ကွယ် ရှမ်းပြည်ကို တောင်ပိုင်းရော မြောက်ပိုင်းရော ကွယ် နှံခဲ့တယ်၊ ဟုတ်ပါဘူး၊ သီချင်းနဲ့ မှားသွားလို့၊ လည်လည်သွားနေတာပေါ့လေ၊ ဒါကြောင့် အမတွေကို မေ့နေတာ၊

Anonymous said...

မမလေပြေ ...အစ်မတွေကို မေ့ပါဘူး... တောင်ပေါ်သားလေးတွေ မြင်တိုင်း ဘယ်မမနဲ့  သင့်တော်မလဲဆိုတာ ကြည့်နေတာ...။ :P