Saturday, November 10, 2007

The man at the hostel

မိန်းကလေးဆောင်က အစ်ကိုကြီး …

တရံရောအခါက မန်းချယ်ရီဆောင်မှာလေ ….

ည ၈ နာရီလောက် သူငယ်ချင်းတစ်ယောက်က တိုးတိုးလေး လာပြောတယ် … ။ တဖျတ်ဖျတ်တောက်သွားတဲ့ မျက်လုံးတစ်စုံ နဲ့  ချက်ချင်းပဲ ထလိုက်သွားလိုက်တယ်… ။ အခန်း နံပါတ် ( ရ…) ရှေ့ အရောက်မှာ တတောက်တောက်ခေါက်လိုက်တယ် … ။ ဆံပင်ကုတ်ဝဲလေးနဲ့  ကောင်မလေးတစ်ယောက်ရဲ့ မျက်နှာပေါ်လာတဲ့အခါ … “ ငါလည်း မေးချင်လို့ ..” … ။

အခန်းရှင်က ခေါင်းတချက် ဆတ်အပြမှာ ဆွေ့ ကနဲ အခန်းထဲကိုရောက် … ၀ရန်တာက အုပ်စုထဲမှာပူးပေါင်းလိုက်ပါတယ် … ။ “ ကြာပြီလား…” လို့ ဘေးကတစ်ယောက်ကို မေးလိုက်တော့.. ခုမှစတာ…” တဲ့ …။ သူတို့ အားလုံး မှန်တချပ်ကို အာရုံ စိုက်နေကြတယ် …။ မှန်ပေါ်မှာ A to Z နဲ့  1 to 10 ရေးထားတယ်… ၀ိုင်းထိပ်မှာ ထိုင်နေတဲ့ ကောင်မလေးဆီက အသံထွက်လာတယ်… ။

“ ရောက်ပြီလား…” လက်ညှိုးသုံးချောင်းတင်ထားတဲ့ ကျားပရုပ်ဆီဘူး အနီဝိုင်းလေးက 'Y' ဆိုတဲ့ နေရာလေးကိုရွေ့သွားတယ် … ။

“ခုရောက်နေတဲ့သူက ယောက်ျားလား…မိန်းမလား…” ' M ' …

အစ်ကိုကြီးပေါ့… ညီမလေးတို့ မေးတာတွေ သေချာဖြေပေးမှာလား… ' Y '

ကဲ…မေးကြပြီ… ။ “ … စာမေးပွဲအောင်မှာလား…” “ ဂုဏ်ထူး ဘယ်နှစ်ခုပါမှာလဲ ….” …။

ရိုးရိုးသားသားမေးခွန်းတွေကုန်တော့ ( မိန်းကလေးတို့ ထုံးစံ အတိုင်း) ဆန်းဆန်းပြားပြား မေးခွန်းတွေ ဆက်ပါလေရော … ။ “ အစ်ကိုကြီး…အခု ….. ကို ကြိုက်နေတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ…” “ ဒီဝိုင်းထဲမှာ ဘယ်သူအရင် စွံမှာလဲ … ” “ ….ရဲ့ ဖူးစာရှင်က ဘာလုပ်လဲ …” …အဲသလို..အဲသလိုတွေပေါ့နော်…။

ကိုယ့်အလှည့်ပြီးတော့ သူ့ အလှည့် …။

“အစ်ကိုကြီးက ဘယ်တုန်းက သေတာလဲ …” ….19…

“ ဘာလို့သေတာလဲ …” ......

“နာမည် ဘယ်လိုခေါ်လဲ ” ' Thura '

“ အစ်ကိုကြီးက ဘယ်နားမှာနေတာလဲ ” at your hostel

“ ဟင် … ဘာလို့ မိန်းကလေးဆောင်မှာနေတာလဲ …” want to protect my sisters…

အဆောင်ရဲ့ဘယ်နားမှာနေတာလဲ ” the tree over there , at the corner

“ အဲဒီသစ်ပင်မှာ ဘယ်နှစ်ယောက် နေတာလဲ ဟင်…” “ 11 ” … ဘုရား… ကြက်သီးကဖြန်းကနဲ … ရင်ထဲမှာလှပ်ခနဲ ဖြစ်သွားတယ် … ဘုရား…ဘုရား အဲဒီသစ်ပင်က ငါ့ အခန်းနဲ့  တန်းနေတာပဲ…ဒါကြောင့် လေတိုက်ရင် အရမ်းလှုပ်တာ …။

“ အစ်ကိုကြီးမှာ ရည်းစားရှိလား … ” Y

“ ချောလား…” Y , can you help me ?

“ ဘာကူညီရမှာလဲ …” pls, call her … here's her phone no. ------- အားလုံး ကြက်သေသေသွားတယ်…။

“ အစ်ကိုကြီးရယ် တခြားဟာ ခိုင်းနော်…။” No, you must… you asked me many questions .... so do it for me …. “

“သေလိုက်ပါတော့…ပြသနာတော့စပြီ…ဘယ်လိုလုပ်ကြမလဲ…” “ ရတယ်…သူ့ ကို ပြန်ခိုင်းလိုက်တော့မယ် …. ”

သရဲကို ဘယ်လိုပြန်ထုတ်မှာပါလိမ့်…ခေါ်တုန်းကတော့မမီဘူး… သေချာမှတ်ထားမှ…. ၀ိုင်းထိပ်က ကောင်မလေးက မျက်နှာထားတည်တည် နဲ့ ခပ်တည်တည် ရွတ်လိုက်တယ်….

“ YOU MAY GO…"

ဒါပဲ…။ သရဲနှင် ဂ်ါထာကလည်း လွယ်လိုက်တာ…။

“ရှိသေးလား..” Y ....

အားလုံး မျက်နှာငယ်လေးတွေနဲ့  ဖြစ်သွားတယ်….။ ၃ခါလောက် ပြန် ခိုင်းလဲ မရဘူး… နောက်ဆုံးဖုန်းဆက်ပေးပါမယ်လို့  ကတိပေးမှပဲ ထွက်သွားရော … ။ နောက်တနေ့  ဖုန်းဆက်တော့ သူပြောတဲ့ နာမည်လည်းမရှိဘူး…. ။ နောက်တနေ့ … “ဟဲ့ …ညက ငါ အိပ်မက် မက်တယ်… ဟိုအစ်ကိုကြီးက အမျှလိုချင်တယ်….” တဲ့ …။ ဟုတ်မဟုတ်တော့ မသိ … သင်္ကန်းလေးတစ်ထည် ဘုန်းကြီးကျောင်းသွားလှူပြီး အမျှဝေပေးကြရတယ်…. ။

အစ်ကိုကြီး ကတော့ ကျွတ်လား မကျွတ်လားမသိ…. အဆောင်သူလေးတချို့ က တော့ လပြည့်…လကွယ်… လေတိုက်လို့  လှုပ်နေတဲ့ သစ်ပင်ကြီးကို မြင်ရင် … အစ်ကိုကြီးကို သတိရပြီး ကြက်သီးထတတ်တယ်…။ ခွေးတွေ ပျင်းလို့  အူရင်လည်း… အစ်ကိုကြီး နဲ့  ဘော်ဒါတွေကို မြင်လို့  အူတာ လားလို့  တွေးကြောက်တတ်တယ် ….။ တခါတလေ လကွယ်ညတွေများ ခွေးတစ်အုပ် သစ်ပင်ကြီး ကို ကြည့်ပြီးအူလိုက်လို့ ကတော့ စောင်ခေါင်းမြီးခြုံ ပြီး အိပ် …. ခြေထောက်တောင် မဆန့် ရဲလို့  ကွေးကွေးလေး အိပ်ရတယ် … ။ လေးမ နဲ့  မိ ကတော့ နောက်နောင် ဘယ်တော့မှ Glass spirit မမေးတော့ဘူး… ။ ဖျာလိပ်နတ်ကတော့ အမှတ်မရှိဘူး…ကြုံရင်ကြုံသလို ၀င် မေးလိုက် သေးတယ်….။ ။

ဒီပို့ စ်လေးကို Halloween တုန်းက ကိုရန် က အမှတ်တရ ရေးကြဖို့  တိုက်တွန်းလို့  အစပျိုးထားတာ…။ နောက်တော့ ဘလော့ခ် အားလုံးက ခြောက်လွှတ် ကြတာနဲ့ လေးမ အရမ်းကြောက်သွားလို့  ဆက်မရေးဖြစ်ဘူး…။ အခု အကြောက်ပြေသွားလို့  လက်စသပ်ပြီး… လာလည်တဲ့သူတွေကို ခြောက်လွှတ်လိုက်ပြီ…။ ၀ါး….ဟား….ဟား…..ဟား……။

8 comments:

Anonymous said...

ရှိ တတ်တယ်ဗျ ... :)

Anonymous said...

ဝါး ဟား ဟား ဆိုတာ ရေခဲမုန့်လားဗျ ..
သရဲတော့ ကြောက်ဘူး ...
လူပဲကြောက်တယ် ...။

Anonymous said...

အဲ့ဒါမျိုးတွေ ကြားဖူးတယ်၊ တခါမှ မမြင်ဖူးဘူး...
တကယ်ဝင်တာဆိုရင်တော့ စိတ်ဝင်စားစရာပဲနော်...
သူပြောတာတွေရော.. မှန်လား ???

Anonymous said...

အင်းကြောက်တော့ကြောက်စရာကြီးနော်
ပျော်ဖို့လဲကောင်းမှာပဲ

Anonymous said...

ကျုပ်ကြုံဖူးတာတွေရှိပါ့ဗျာ...
Type မြန်မာလို ရိုက်ရမှာ ပျင်းလွန်းလို့ မရေးတာ

Anonymous said...

ကြားတော့ကြားဖူးတယ်အဲလိုခေါ်မေးတာလေ။ တကယ်ကောမှန်လားအစ်မ။
မေးနေတဲ့အချိန်မကြောက်ဘူးလား။

Anonymous said...

ဖျာလိပ်နတ်တော့ မေးဘူးတယ်၊ ဒါတော့ မေးဖူးဘူး၊ အကိုကြီးက ညီမလေးတွေကို ချစ်လို့ မသွားတာနေမှာပေါ့၊ သူရဲကလဲ ကြိုက်နေတဲ့သူ ရှိတယ်လား၊ တော်သေးတာပေါ့ လေးမ မဟုတ်တာ၊ ဟိ

Anonymous said...

ဝင်္ကပါ...မေးနေတုန်းက မကြောက်ဘူး...ပျော်နေတာ...နည်း၂တော့မှန်တယ်...ညီမရဲ့...။

သရဲကြီးကိုသူရ... မှန်မှာ zawgyi font ကပ်ပြီးမေးရင်ရလား...။ e-mail နဲ့ လှမ်းမေးရင်ရောရလား ...။

မိုးချစ်သူ ... ဂယ်လား...ဘလော့ဂါ ညီမတွေ အွန်လိုင်းမှာ စုမေးလို့ရအောင် မမ ကိုသူရကို ကမ်းလှမ်းထားတယ်..။

မမလေပြေ ... ဟိ...နောက်ထပ်ဇာတ်လမ်းတွေရှိသေးတယ်...အဆောင်က ကောင်မလေးတယောက်ကို သဘောကျသွားလို့ ကျောင်းသွားလဲပါနေတာ...။ လေးမကို သရဲတောင်မကြိုက်ဘူး....။ (လူပဲ...ဟဲ..ဟဲ)