Wednesday, November 14, 2007

Wordpress and me


အတွေ့ အကြုံ ရှင်းလင်းပွဲ


Internet ဆိုတာ e-mail ဖတ်ဖို့ ... ပို့ဖို့ နဲ့  google search မှာ လိုတာလေးတွေ ရှာဖို့လောက်ပဲ နားလည်ထားတဲ့ လေးမဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ဂျောက်ချမှုကြောင့် ဘလောဂ့်လောက ကြီးထဲကို မအူမလည်နဲ့ ရောက်ခဲ့တာပါ …။ အဲဒီတော့ free host တွေ ရှိတယ် ဆိုတာ မသိဘူး..နားမလည်ဘူး…။ ခုတော့ လေးမ သိပြီ…။ http://phpnet.us မှာလည်း account လုပ်တယ်…။ www.byethost.com မှာလည်း account ရှိတယ်…။

ဘာလို့ account နှစ်ခုဖြစ်သွားလဲ ဆိုတော့ phpnet.us နဲ့ လုပ်တာ ကြော်ငြာတွေ တက်တက် လာတယ်…။ မတက်အောင် မလုပ်တတ်ဘူး….။


အဲဒီတော့ မဟုတ်ကဟုတ်က ကြော်ငြာတွေ တက်လာမှာ စိုးလို့ ကြော်ငြာမတက်တဲ့ byethost.com မှာ နောက်တစ်ခု ထပ်လုပ် လိုက်တယ်….။


လုပ်ပုံလုပ်နည်း ကတော့ ကိုအတာ နဲ့  ကိုသင့် ရေးထားတာတွေအတိုင်း တဆင့်ချင်း လိုက်လုပ်သွားတာပဲ…။


wordpress ကို log in ပြီးတဲ့ အထိ အိုကေပဲ …။


ပြသနာက template က font နေရာမှာ ဇော်ဂျီသွင်းမှ စတော့တာ …။ font မြင်တိုင်း ဇော်ဂျီ လိုက်ထည့်တာပဲ…. မရဘူး …။

နောက်ဆုံး စိတ်ဆိုးဆိုးနဲ့  နေရာတိုင်းမှာ ( { တွေ့ တာနဲ့  font-family: Zawgyi-One,….,…,) ဆိုပြီး လိုက်ထည့်လိုက်တယ်….။ ရသွားတယ်… စာတွေအားလုံး ဇော်ဂျီဖြစ်သွားတယ် ….။


ဒါပေမယ့် Ie မှာပဲ အလုပ်လုပ်တယ်… Firefox မှာ အလုပ် မလုပ်ဘူးကိုသန့် က “ မမလေး iblogger.org က အတုကြီး..ဘာမှနှိပ်လို့မရဘူး ” လို့ ပြောမှသိတယ်…( ဟွန်း….မခံချင်လိုက်တာလေ)…. ကိုသင့်ကလည်း…“ လေးမ မင်းဘလောဂ့် ထုံနေတယ်တဲ့ ” ….ကောင်းရော ….။ အဲဒီညက အသေအလဲ ဟိုကလိ ဒီကလိနဲ့ …။ မရဘူး…။

မနက်ရောက်တော့ ကိုအတာက template ကို backup လုပ်ပြီး download ပြန်လုပ်ကြည့်…တဲ့…။ ဟုတ်သားပဲ…templateမှာ ပြသနာရှိနိုင်တာပဲ ဆိုပြီး template ပြောင်းကြည့်တော့ ရတယ်…။ လေးမ ဇော်ဂျီ ထည့်တုန်းက လက်လွန် သွားတာ ဖြစ်မှာပေါ့ …။


နောက်ပြသနာက font size ။ အကြီးကြီးတွေ ဖြစ်နေတယ်….။ px ရော % နဲ့ ရော အမျိုးမျိုးပြင်တာ မရပြန်ဘူး…။

နောက်တော့ တလောက စေတန်ဂေါဒ့် ပြောပြထားတဲ့ အတိုင်း ie browser > page > text size> small ကို ပြောင်းလိုက်တော့ အိုကေသွားတယ်… ။


လေးမက medium နဲ့ ပဲ ကြည့်တာကိုး….။ wordpress မှာ စာလုံးတွေက ပြူးပြူးပြဲပြဲကြီး ဖြစ်နေတယ်…။ Template font size မှာ ညှိပေမယ့် မပြောင်းတာကို ခုထိ မကျေနပ်သေးဘူး….။


ဟော …အိုကေသွားပြီ ထင်ပါသလား…။ .နိုး….။ နောက်ထပ်ပျားတစ်ကောင် ထပ်တုပ်သေးတယ်….။

နေရာဟောင်း laynge.wordpress က ပိုစ့်တွေ import လုပ်တော့ ဒုက္ခ နဲ့ လေးမ နဲ့  တွေ့ ပြန်ရော … ။


free hostကနေလုပ်တဲ့ blog မှာ maximum 1 M ပဲ import လုပ်ခွင့်ပေးတယ်…။


လေးမ မှာက ပို့စ် ၁၀၀ ကျော် … comment ၅၇၀ ကျော်ဆိုတော့ 1.5 ကျော်နေတယ်….။ ဘယ်လိုမှ မရဘူး…။


wordpress.com မှာတော့ 3 M အထိရတယ်….။ အဲတော့ wordpress.com မှာ နောက်ထပ် အခွဲ blog တွေ လုပ်လိုက်တယ်….။


ပြီးတော့ laynge ကနေ export လုပ်… file save….ပြီးတော့ အခွဲ ၂ ခုကို အဲဒီ file တွေ import လုပ်တယ် ….။


ပြီးတော့ အခွဲ ဘလော့ဂ်၁ ခုမှာ ဇွန်…ဇူလိုင်…သြဂုတ် ပို့ စ်တွေပဲထားပြီး ကျန်တာတွေ ဖျက်….။


နောက်တစ်ခုမှာ စက်တင်ဘာ…အောက်တိုဘာ….နိုဝင်ဘာ…ပို့စ်တွေထား…ကျန်တာဖျက်….။


file size တွေ လျော့သွားပြီလေ...။


ပြီးတော့ အဲဒီ ဘလောဂ့်တွေကနေ export လုပ်….ပြီးတော့ import to layma’s virtual world ….။ 1M အောက် ၂ နေရာကခွဲပို့တော့ ကျေးဇူးရှင်က လက်ခံလိုက်တယ်...။



ရောက်လာရော….အားလုံးရောက်လာရော…(ပိုင်တယ်နော်….)။

ဒီလိုနဲ့  wordpress ကြီးနဲ့  ၂ ရက် လောက် ချာချာလည် ပြီးသကာလ … Layma’s virtual world ဖြစ်လာပါတယ်…။


သုံးရတာ အဆင်ပြေပါတယ်…။ Template တွေကလည်း လှတယ်…။ Template လှလှလေးတွေ ရှာနိုင်ရင် ရှာနိုင်သလောက် အလကားရမယ်...။

တစ်ခုတော့ရှိတယ်နော်….။ Connection နဲ့ သူနဲ့  သိပ်မတည့်ဘူး …

ပထမ တစ်ရက်က တညလုံး iblogger.org ကို ခေါ်လို့မရဘူး…။ တခြား site တွေ အကုန်ရတယ်….။


နောက်နေ့ ကျတော့ ပို့စ်တွေ edit လုပ်ရတာ အရမ်းကြာတယ်….။ တခြားတွေ site တွေ ဖြတ်ခနဲ ..ဖြတ်ခနဲ တက်နေတာတောင် သူ မတက်လာဘူး….။ ဖတ်ရုံပဲဆိုရင်တော့ မြန်တယ်….။ Edit လုပ်ဖို့ ကြာတာ …။


သူများအိမ်ထဲ လှေကားထောင်ဝင်ပြီး … ကွန့် မန့်မှာ အာချောင်ပြီး ပြန်လာကြည့်တာတောင် တုပ်တုပ် မလှုပ်ဘူးနော်….။


တော်တော် ညစ်သွားတယ်…။ Blogspot ပြန်ပြေးရင်လည်း ခဲနဲ့ ပေါက်ခံ ရတော့မယ် … ။


သေချင်တဲ့ကျား တောပြောင်း လို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်…။ ကျော်ရတာ နှေးလို့ ပြောင်းကာမှ သူက ပိုကြာနေတော့ မခက်ဘူးလား…။



ဒီနေ့ကျတော့လည်း မြန်နေပြန်ရော ….။ သူမဟုတ်သလိုပဲ …. ။ သိပ်စိတ်မမှန်တာက လွဲရင် အားလုံး ဂွတ်ရှယ်ပါပဲ ရှင် ….။ ။

11 comments:

Anonymous said...

မမလေး အတွေ့အကြုံတွေက တကယ်ဖတ်လို့ကောင်းတယ်။ ဟဲဟဲ... မမလေးရဲ့ ဒုက္ခတွေကို ရယ်တာဟုတ်ဘူးနော်။ သိုးလေးတောင် အခု အဲလိုတော့ လိပ်စာမပြောင်းဘူး၊ ဒီရှိပြီးသားကိုပဲ လျှောက်စမ်းမလို့... ဒီည စပြီ။ အတွေ့အကြုံရှိပြီးသား မမလေးကို နားပူနားဆာ လုပ်ရတော့မယ်။ တီးတောင်... အိပ်ပျော်ပါစေ။

Anonymous said...

အမလေးဗျ ကျွန်တော်သာဆို စိတ်မရှည်တာနဲ့တင် ရိုက်ခွဲမိမှာ အကုန်လုံးကို
တယ်လဲ စိတ်ရှည်သကိုး .....။ :P

Anonymous said...

ဟူး.. ဖတ်လိုက်ရတာတင် မောသွားတာပဲ.. လေးမတော့ မသောက်ပဲ တော်တော်မူးသွားမှာပဲ... :D အိမ်ပြောင်းမယ်ဆိုရင် လိပ်စာလေးတော့ ချန်ထားခဲ့နော်.. ဒါမှ နောက်က လိုက်ခဲ့လို့ရမှာ.. :)

Anonymous said...

သိုးလေး...အကူအညီလိုရင်ခေါ်လိုက် ..အဝေးက ပြေးလာခဲ့မယ်...။ မျက်ခုံးတောင်လှုပ်လာပြီ...။

မျှားပြာ ... တယ်စိတ်ကြီးသကိုး... ဘယ်ရိုက်ခွဲလို့ဖြစ်မလဲ... ပိုက်ပိုက်အကုန်ခံပြီး ၀ယ်ထားတာတွေကိုး...။ :)

မနုစံ... မသောက်ဘဲမူးသွားတာ..ဟုတ်တယ်..မရေ...။ မပြောင်းတော့ပါဘူး...။ ဒီမှာပဲ ခြေငြိမ်အောင် စိတ်ထိန်းထားပါ့မယ်..။ :P

Anonymous said...

အစ်မအစားဖတ်ပြီးတော့မောတယ်အစ်မရယ်။ အစ်မတော်တော်အလုပ်ရှုပ်ခဲ့တာပဲပေါ့နော်။ ဘာပဲဖြစ်ဖြစ်အဆင်ပြေသွားတာဝမ်းသာပါတယ်။ ဒီအိမ်အသစ်လေးမှာပျော်ရွှင်ပါစေနော်။

Anonymous said...

အိမ်သစ်လေးမှာ နေရာတကျဖြစ်သွားပီပေါ့ :) ။ သိပ်စိတ်မမှန်တဲ့ ကိစ္စက free hosting ကြောင့်လို့ထင်ပါတယ်။ ဒါကြောင့် ကိုဖိုးဇင်က သိပ်စိတ်မချရဘူးလို့ ပြောထားတာနေမှာ။

Anonymous said...

မမလေးတော်တော် စိတ်ရှည်တာပဲ.. တကယ်လေးစားတယ်။ အတွေ့အကြုံစုံသွားတာပေါ့... ကောင်းပါတယ်.. နော်။

Anonymous said...

Hello sister,

Be careful sister... study about this blog.....
I suppose this too won't be good.
If you need some code for ur blog go this links ....
www.sourceforge.net.... www.w3schools.com
Good luck....

Anonymous said...

Hi sister I forgot to tell u about me....
Now sparrow exist in www.MyanmarITpros.com.
Name is sparrow.....
Come and see me if u have time.

Anonymous said...

winkabar....ဆုတောင်းလေးအတွက်ကျေးဇူး...။

ကိုအတာ.... စိတ်မချရဘူးဆိုတော့ ငိုတောင်ငိုချင်သွားပြီ...။ ခုတော့အိုကေနေတယ်...။

tzm.... ဟုတ်ပ....။အတွေ့ အကြုံကတော့ တော်တော်များနေပြီ....။

sparrow....thanks for your links..

Anonymous said...

လေးမရေ...ကိုယ်တော့ Iblogger နှေးတာ တခါမှ မကြုံဘူးပါဘူး။ Function လုပ်တာတွေ တအားများလို့ ခဏ အဲသလိုဖြစ်ပါသွားပုံရတယ်။

နောက်ပို့စ်မှာ မင်းအကြောင်းပါတယ်။ လာဖတ်ဦး။