Tuesday, November 27, 2007

တန်ဆောင်တိုင်...တောင်ကြီးမှာ













တောင်ပေါ်သားတစ်ယောက်ရဲ့ လက်ကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့တဲ့ မြေပြန့် သူတစ်ယောက်အတွက် နာမည်ကြီးလှတဲ့ တောင်ကြီးမီးပုံးပျံပွဲ ကို ဘ၀မှာ ပထမဆုံးအကြိမ် နဖူးတွေ့  ဒူးတွေ့  ကြည့်ရှုခံစားခဲ့ရသော ၁၃၆၉ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ….

တောင်ကြီးသူတွေက အပန်းရောင်လို့ ခေါ်တဲ့ ပန်းရောင် အနွေးအကျီင်္ကိုထပ် … လည်ပင်းမှာ မာဖလာပတ်… နားရွက်လုံတဲ့ သိုးမွှေးဦးထုပ်ကိုဆောင်း…ခြေအိတ်စွပ်…ဖိနပ်စီး…ပွဲခင်း(မီးပုံးပျံ လွှတ်တဲ့ကွင်း) ထဲသွားရန်အသင့် ….။


တီ…တီ…တီ… ဆိုင်ကယ်တွေ အုပ်စုလိုက် ဘေးက ဖြတ်သွား…။ ဦးထုပ်ဆောင်းဖို့တွေ နှစ်ယောက်ထပ် မပိုဖို့တွေ ဒီချိန်မှာ လာမပြောနဲ့  ….။ နာသွားမယ်…မှတ်…။

ကွင်းထဲမှာ လူတွေ…လူတွေ … လှုပ်ရွလှုပ်ရွနဲ့ … ဟိုသွားလိုက်..ဒီသွားလိုက်….။ ဆိုင်ရာဆိုင်ရာတွေရဲ့ ပွဲကြည့်စင်လေးတွေ ဟိုတစ်ခု ဒီတစ်ခု….အဲဒီအုပ်စုထဲမှာ ဒိုင်လူကြီးတွေရဲ့ ပွဲကြည့်စင်လည်း ပါတယ်…။ လေလုံမိုးလုံ အဆောင်ကြီးတစ်ခု ကွင်းတစ်ဖက်မှာ ထီးထီးမားမား… မမေးနဲ့လေ….ပွဲကြည့်စင်ပေါ့…..။ အလယ်ကောင်က ကွင်းကြီးထဲမှာတော့ ဒီဇိုင်းစုံ….ဆိုဒ်စုံ … ဒေသစုံက ပွဲကြည့် ပရိသတ်တွေ …အပြည့်…အပြည့် ….။ ဘုန်းဘုန်းတွေ… ကိုရင်လေးတွေလည်း သင်္ကန်းရုံလို့…ခြုံလို့….။

ပေါက်စီ… နေကြာစေ့ … ဟိုဟာဒီဟာရောင်းတဲ့ အသည်လေးတွေလည်း ဟိုမှာဒီမှာ….။ တချို့ တချို့  တွေက ဂျာကင်အကျီင်္ထဲက ပုလင်းပြားလေးတွေထုတ်ပြီး လည်ချောင်းထဲ မှုတ်သွင်းနေကြပြန်တယ်….။ အအေးဒဏ် ခံနိုင်အောင်ထင်ပါရဲ့….။

ဟော…ဟော ထောင်ပြီ…မီးပုံးပျံကြီး ထောင်ပြီ….။ လှည့်ပြတယ်….။ တက်ပြီ…။ သိပ်မတက်ဘူး… ဘေးတိုက်ရွေ့ သွားတယ်…. လောင်ပြီ …လောင်သွားပြီ… ။ စိတ်မကောင်းလိုက်တာ….ကြည့်တဲ့သူတွေတောင် စိတ်မကောင်း…။ အချိန်…လူအား…ငွေအား… စိုက်ထုင်္တ ထားရသူတွေ အတွက်တော့ ဆိုဖွယ်ရာမရှိ ….။ နောက်ထပ်မီးပုံးပျံကိုစောင့် …. ကွင်းတပတ်ပတ် … တိုက်ရိုက်လွှင့်နေတဲ့ studio 35 ရှေ့မှာ ဟိုချောင်း… ဒီချောင်းလုပ် …။ တနေကုန် အငြိမ်မနေတဲ့ မျက်လုံးတွေက ဆန္ဒပြ …. မီးပုံးပျံက မစ … ပြန်လာခဲ့ပါသည်… တိုညက လေတိုက်သောကြောင့် မီးပုံးပျံ မလွှတ်ဖြစ်ပါဟု မိုးလင်းတော့ သတင်းရရှိ၏…။

နောက်တနေ့ လူပိုများ….။ လေငြိမ်…မီပုံးပျံတွေတက် … ။သို့သော် မီးလောင်မှုများ ….။

လှလိုက်တဲ့ မီးပုံးပျံတွေ … တော်လိုက်တဲ့ မီးဆရာတွေ … ပျော်လိုက်တဲ့ တောင်ပေါ်သားတွေ … မိုးပျံတဲ့ စိန်နားပန်တွေ … ကြယ်တွေ လတွေ တောင်ငေးကြည့်ကြတဲ့ ညမီးကျည်တွေ ….။ အွန်လိုင်းက ကြည့်ရတာနဲ့  လုံးဝ…လုံးဝ ကွာတယ်…. ခိုပျံတွေ ဖွားကနဲ ..ဖွားကနဲ အရောင်စုံဖြာကျလာတာများ ….ကြယ်တွေ အစုလိုက် ကြွေကျလာသလိုပဲ … ။ အဲဒီမီးပုံးပျံတွေက ၁၅ သိန်း … သိန်း ၂၀ ကုန်တယ်ဆိုတော့ တောင်ပေါ်သားတွေ သိပ်ချမ်းသာတာပဲ …. ၁၅ သိန်းကို မီးရှို့  ပြီးမိုးပေါ် လွှတ်လိုက်တယ်လို့ ကိုးလို့ကန့်လန့်တွေး …။ ဒါပဲပေါ့ … ငွေဆိုတာ ဘာလုပ်ရမှာလဲ …ရိုးရာဆိုတာ … တန်ဖိုးဖြတ်လို့မရဘူး … အစဉ်အလာကို ထိန်းသိမ်းရမှာပဲ … ( ခုတောင် မြန်မာတွေက စတဲ့ သင်္ကြန်ပွဲကို အယုဒ္ဓ ယ ပြည်သားတွေက သူတို့ဆီက စတဲ့ရိုးရာလိုလို ဘာလိုလို လုပ်ချင်နေကြပြီ…. တောင်ကြီးမီးပုံးပျံပွဲလည်း ဘယ်တော့ သူတို့ရိုးရာ ဖြစ်ဦးမယ်မသိ ) …။

နောက်တနေ့ …အဖိတ်နေ့ … ပွဲခင်းသွားဖို့ လမ်းမပွင့်… မျက်စိရှေ့မှာ ရန်ပွဲ … တော်ပြီ…ကြောက်ကြောက် … ပြန်လှည့် … ညဈေးတန်းဆင်း … ဆီချက်စား …. တီဗွီကပြန်ကြည့် …. ။

လပြည့်နေ့ … ချယ်ရီမြေကိုနူတ်ဆက် … အလွမ်းစက်လက်နဲ့  ဟဲဟိုးဆင်း … ။ လေဆိပ်မှာ ကမ္ဘာလှည့် ခရီးသည်တွေ တွေ့ ရလို့ ဒေသခံ ဆိုင်တွေ အတွက်ဝမ်းသာ….။

လေယာဉ်တက်ပြီ ….. မျက်စိမှိတ် …. ဘုရားတ…. နားထဲမှာ အသံတွေကြားနေရတယ် ….


“ အင်းလေးဘုရားဖူးလားဗျ …. ကားထားလို့လည်းရတယ်လေ….”


“ ဇင်ယော်လေ…အစာကျွေးလို့ရတယ်လေ….”


“ပန်းဝယ်သွားလေ ….ရွှေသင်္ကန်းဝယ်သွားလေ …”


“ ရေအိုးမီးဟေ့…ရေအိုးမီး…”


“ ပင်စိမ်းသီးပိုးထိုး …တောင်ကြီးသူကို ရအောင်ပိုး …” ……။ ။

18 comments:

Anonymous said...

အမလည်း တောင်ကြီးတန်ဆောင်တိုင် အရမ်းသွားချင်တာပဲ.. ဓာတ်ပုံတွေပဲ ကြည့်နေရတယ်.. အင်း.. “ပန်းရောင် အနွေးအကျီင်္ကိုထပ် … လည်ပင်းမှာ မာဖလာပတ်… နားရွက်လုံတဲ့ သိုးမွှေးဦးထုပ်ကိုဆောင်း…ခြေအိတ်စွပ်…ဖိနပ်စီး…” ဒီလို မျိုး ၀တ်ထားတဲ့ လေးမကို မျက်စိထဲ မြင်အောင်ကြည့်တာ ပန်းရောင်ပဲ မြင်ရတယ်.. :D တောင်ကြီးတန်ဆောင်တိုင်ကို မျှဝေပေးတဲ့ လေးမကို ကျေးဇူး.. :)

Anonymous said...

ကင်ပွန်းတပ်ပွဲလုပ်နေတာ ညိမ်းညိုဆိုတဲ့ခွေးတစ်ကောင်ပေါ့ဗျာ။ အမအိမ်က ကောင်လေးတွေတင်မကပါဘူး။ ပိစိညှောက်တောက် ကလေးလေးတွေကအစ ခေါ်လာခွင့်ရှိပါတယ်။ သူတို့ကအစ
ညိမ်းညိုကို ခွေးလို့ ခေါ်လို့ရပါတယ်။ ကိုယ့်ကိုယ့်ကို ခွေးပါလို့ ကျေကျေနပ်နပ်ကြီးသမုတ်ထားလိုက်တော့ တခြားသူတွေက အကြိမ်တစ်သိန်းလောက်ခေါ်နေလည်း
စိတ်သက်သာတာပေါ့ဗျာ :) မရင့်ကျက်သေးတော့ ဒီလိုပဲ ကြံဖန်ပြီး ကုစား ရတာပေါ့ဗျာ ။ ပျော်ရွှင်ပါစေ :) တန်ဆောင်တိုင် ဓာတ်ပုံများအတွက် ကျေးဇူးတင်ပါတယ်ဗျ။

Anonymous said...

တန်ဆောင်တိုင်ပုံလေးတွေ အတွက် ကျေးဇူး.. မမလေးရေ
စာရေးတဲ့ပုံစံ မိုက်တယ်ဗျာ.. :D
လေယာဉ်နဲ့သွားတာကိုး.. ကားနဲ့က ပိုပျော်ဖို့ကောင်းတယ် မမလေးရဲ့။
ကျွန်တော်လည်း တစ်ခေါက်ပဲရောက်ဖူးသေးတယ်...။ နောက်နှစ်တော့ ရောက်အောင်သွားဖို့ ကြိုးစားရဦးမယ်...။

Anonymous said...

နှမငေးကို ကျ မခေါ်တွားဘူး။
နောက်နှစ်တူတူတွားမယ်နော်။
တိလား။ တူလေး တူမလေးတွေနဲ့လေ။
ပေါက်တယ်ဟုတ်။

တွားမယ်နော်။ ချစ်မ Aja Aja Fighting!!! :P :P :P

Anonymous said...

အဝေးကနေဘဲ လွမ်းနေတော့မယ်ကွယ်..

Anonymous said...

လာလည်ပါတယ်ခင်ဗျာ။ လေးမတို့ပြမှပဲ မြင်ရတယ်။ ကျေးဇူးအထူးတင်ပါတယ်။ ဒီမှာသူများတန်ဆောင်တိုင်ပဲ ငေးနေရတဲ့နှစ်တွေကများနေပြီ

Anonymous said...

ဟဲဟဲ ကွန်မန့်တစ်ခါမှ မချန်ထားခဲ့ဘူးတော့ နာမည်ထည့်ဖို့မေ့သွားတယ်။ ဘွာတေး ဘွာတေး အပေါ်ကအစ်ကိုရေးတာနော်။

Anonymous said...

“ ပင်စိမ်းသီးပိုးထိုး …တောင်ကြီးသူကို ရအောင်ပိုး …”
ပင်စိမ်းသီးပိုးထိုးအောင် ဘယ်လိုလုပ်ရမလဲဗျ .. လိုတဲ့အခါ သုံးရအောင်ပါ
ဟတ်ဟတ် ဟတ်။ ပျော်စရာကြီးပေါ့နော် .. အဆင်ပြေပါစေဗျာ။

Anonymous said...

မြေပြန့် သူလေးနဲ့ တောင်ပေါ်သား အစ်ကိုကြီးတို့ စုံတွဲ ကို တောင်ကြီးတန်ဆောင်တိုင်ပွဲ တော်မှာ မျက်စိထဲ မြင်ယောင်မိတယ်...ပျော်စရာကြီးနော်...တောင်ကြီး သူလေးတွေ ချောတယ်ဟုတ်...တီလေးး....

Anonymous said...

အားကျပြီးပြန်သွားတာ
အားတွေ ပြန်တောင်မကောက်လိုက်ရဘူး။:P
တောင်ကြီးက ရှမ်းခေါက်ဆွဲ စားချင်လိုက်တာ။

Anonymous said...

ပိုးမထိုးလဲ
ရအောင်ပိုးလို့
ရပါတယ် ချစ်မရဲ့
ဟိဟိဟိ

Anonymous said...

ဟေး ဓာတ်ပုံလေးတွေ လှလိုက်တာ

Anonymous said...

အစ်မရေးထားတာ ပျော်စရာကြီးပဲ။ သွားတောင်သွားချင်လာပြီ။အစ်မပုံကောမရိုက်လာဘူးလား။ အပန်းရောင်လေးနဲ့ဆိုတော့လှနေမှာပေါ့နော်။

Anonymous said...

>ma nu-san... ဟုတ်တယ်..မ...ပန်းရောင်ပဲမြင်ရမှာ..။

>kothwe ... ပျော်ရွှင်ပါစေ...။ အစ်မ အိမ်က ကောင်တွေက နာမည်မခေါ်တတ်ဘူး...။

>tzm ... စာရေးတဲ့ပုံစံ မိုက်တယ်ဆိုလို့ ကျေးဇူး...။ ကားစီးရတာ ခါးညောင်းတယ်...။ အစ်မက သူငယ်ချင်းတွေနဲ့ မဟုတ်တော့ ကားအကြာကြီး မစီးချင်ပါ..။ ပျင်းတယ်...။

>moechitthu ...တိတယ်..ပေါက်တယ်..တွားမယ်... ။

>thinzar ... ညီမလေးက ခုဘယ်မှာလဲ..။

>better tomorrow ...ကိုသူပုန်ကြီး ထူးထူးခြားခြား မှတ်ချက်လေးနဲ့  ငေးသွားတာကျေးဇူး..။

>bluearrow ... ပင်စိမ်းသီးပိုးထိုးအောင် ပိုးတောထဲထားလိုက်...။ ပျော်စရာကြီးလို့တော့ ထင်ရတာပဲလေ..။

>mgmyo ... တောင်ကြီးသူချောမချောတော့ သိဘူး...။ တောင်ကြီးသားတော့ ချောမှန်းသိတယ်...။ :P

>rose ... ရှမ်းခေါက်ဆွဲ ၀ယ်ကျွေးမယ်...။ ကျသွားတဲ့ အားတွေ လည်းပြန်ပေးမယ်...။

>chaos ...ဂယ်ပြောတာလား... ဖွလိုက်မှာနော် ... သိချင်နေတဲ့ သူတွေကို ပြောပြလိုက်မှာနော်...။

>ma pan ...မပန် ..ရိုက်တဲ့သူကလည်း...အဟဲ..ဟဲ...။

>winkabar ... အပန်းလေးနဲ့ သိပ်လှတာပေါ့ ( အကျီင်္လေးက)...။

Anonymous said...

လေးမရေ အမလဲ တောင်းကြီး တန်ဆောင်တိုင်ကို သွားချင်လို့ အားခဲထားတာ၊ ရောက်ကို မရောက်နိုင်ဘူး၊ ဘယ်တော့များမှ ရောက်မလဲမသိဘူး။ ဒါမှမဟုတ် တောင်ပေါ်သူ ဖြစ်သွားတဲ့ လေးမကိုပဲ ကပ်ရမလားမသိ၊ ဟိဟိ ဓာတ်ပုံလေးတွေက လှတယ်၊

Anonymous said...

အစ်မရေ ။ တောင်ကြီးတန်ဆောင်တိုင် ဓါတ်ပုံတွေအတွက်ကော ၊ အင်းလေး ဓါတ်ပုံတွေ အတွက်ရော ကျေးဇူးဗျာ။ ကျွန်တော် ဒီနှစ်တောင်ကြီးမပြန် လိုက်ရဘူး။ ဓါတ်ပုံတွေက လှမှလှ။

Anonymous said...

>မမလေပြေ ... ဟဲ..ဟဲ...ကပ်ထား...လေးမကို ကပ်ထား...။

>ကိုဇီးကွက်.... တောင်ကြီးသားလား...။ မပြန်ရဘူးဆိုတော့ သနားပါတယ်...။

Anonymous said...

ဓါတ်ပုံတွေအတွက်ကျေးဇူး
I was so happy that i forgot to take photos