မမဂျစ်တူးပေါ့ ... အိတ်ထဲမှာ ဘာတွေပါလဲ တဲ့ ...။ လွယ်နေကျအိတ်ကို ကမန်းကတန်း မှောက်ချလိုက်ပြီး ထွက်လာတာတွေ ကြော်ငြာလိုက်ပြီနော် ...။ ဒီအိတ်က လေးမ အများဆုံးလွယ်ဖြစ်တဲ့ အိတ် ...။ မေမေက အရူးလွယ်အိတ် လို့ခေါ်တယ် ... ။ ပြည်တွင်းဖြစ် ... နှစ်ဖက်လှ ... လျှော်လို့ရ ... ခါးပိုက်နှိုက်ခံရဖို့လွယ်ကူသော အိတ် ...။ အိတ်ထဲမှာ ဘာတွေရှိ တတ်သလဲဆိုတော့ ...
1. tissue ( မြန်မာပြည် ရုံးခန်းများအတွက်မရှိမဖြစ် …၊ စားပြီး ၀ါးပြီးရင် မရှိမဖြစ်… )
2. iPod ( ဒါကြီးက မတော်တဆရောက်နေတာ … သိပ်တော့နားမထောင်ဖြစ်ဘူး …)
3. mobile phone ( အားကုန်နေတာနဲ့  … ဆက်သွယ်မှု ပြင်ပ ရောက်နေတာ … များတယ် … )
4. dental floss ( စားပြီး…၀ါးပြီးရင်..လိုရမယ်ရ )
5. a comb ( ဆံပင်ပွမှာစိုးလို့ … )
6. glasses ( သူပါမှ သဲသဲကွဲကွဲ မြင်ရတာ … သူမပါရင် အမြင်မကြည်ဘူး…)
7. candy ( ဗိုက်ဆာရင် စားဖို့ )
8. keys (ဒါကတော့ သိုက်နန်းကိုခတ်တဲ့ သော့တွေ)
9. ball pen ( မှတ်ဖို့ … မဂျစ်နဲ့ များကွာပါ့ … မြန်မာပြည်မှာ အလုပ်လုပ်တော့လည်း…ဘောပင်နဲ့  … မှတ်စုစာအုပ်နဲ့ … )
10. umbrella for weather protection ( လူရိုက်လို့လဲရတယ် … ကျောင်းတုန်းကတော့ စာလိုက်ပေးရင် ထီးနဲ့ ရိုက်လွှတ်မယ်လို့ တေးထားတာပေါ့…)
11. shine control film ( မျက်နှာလေး…သန့်နေဖို့….အဆီစုပ်ယူဖို့…)
12. a book to read (အားရင်ဖတ်ဖို့ ဆောင်ထားတာ … စာအုပ်ခပ်သေးသေးတစ်အုပ် (မြန်မာလိုပဲဖတ်တာများပါတယ်… ဒီစာအုပ်က ဖတ်နေတာကြာလှပြီ… )
13. notes book ( မှတ်ချင်တာလေးတွေ မှတ်ထားတယ်…)
14. wallet to save money (ဒီထဲမှာ ပိုက်ပိုက်ရှိတယ်… ဒီအိတ်လေးက ချစ်သူက လက်ဆောင်ပေးထားတာ … ဟောင်းနေပေမယ့် သွားလေရာယူသွားတယ် ( ပိုက်ပိုက်ပါလို့… )
Chaos နဲ့  မိုးချစ်သူလေးတို့ရဲ့ အိတ်ထဲမှာရော ဘာတွေပါလဲ သိချင်လိုက်တာ ….။
ကိုနတ်ဆိုးနဲ့  ကိုသန့် အိတ်ထဲမှာရော ဘာတွေရှိပါလိမ့် …။ ။

7 comments:
ရော့...အင့်... handphone battery charger. အိတ်ထဲထည့်ထားဖို့။ handphone battery ကုန်တတ်တယ်ဆို ဒါလေးဆောင်ထား။
နာ့အိတ်ထဲမှာဆိုရင်တော့ အကြွေးစာရင်း စာရွက်နဲ့ အသုံးစာရင်း စာရွက်တွေပါတယ်။ ဒါပေသိ အထာနဲ့ မှတ်ထားလို့ သူငယ်ချင်းတွေကတော့ အိုဗာဆီး ဖုံးနံပါတ်တွေ မှတ်နေသတဲ့ အဟက်ဟက် :P
မလေးမ - ပိုက်ဆံအိတ် လက်ဆောင်ပေးတဲ့ အစ်ကိုကြီး ကိုကော ထီနဲ့ ရိုက်မလွှတ်ဘူးလားဗျ....ဘယ်သူမပါရင် အမြင်မကြည်တာလဲ ဟီဟီး အစ်မ အခုခေတ်က ဆံပင် ပွပွတွေခေတ်စားနေတာလေ ..စတိုင်ရှိမှ စတားဖြစ်တာ သဘာဝအတိုင်းထားလို က်
ဟယ် .. dental floss နေရာတကာ ဆောင်တယ်တော့ ။ လေးမနဲ့ စကားပြောရင် အနံ့အသက် အရမ်းကောင်းမှာပဲ အဟဲ ။
နံပါတ် ၂လေး အသုံးမလိုရင် ခဏဌားပါလားဗျာ ..
မမလေးက ဘော့စ်ပဲ။ လွယ်အိတ်ကြီးထဲမှာ ပါတာတွေက ရှယ်ပါပဲ။ ဆက်သွယ်မှုပြင်ပကိုပဲ အာရုံနဲ့ခေါ်လိုက်မယ်၊ ရလား။ မမလေးနဲ့ အမြင်မကြည်တာချင်းတူတယ်။ ဒါပေမဲ့ သိုးလေးက ဖွက်ထားတာများတယ်။ သူနဲ့ကြည့်ရင် ပိုအမြင်မကြည်သလို ခံစားရလို့။ မမလေးရဲ့ ကြည်သန့်နေမယ့်မျက်နှာလေး မြင်ချင်ပါဘိသေး... ဟဲဟဲ... မမလေးရဲ့ လွယ်အိတ်ကို လာခိုးဦးမယ်နော်၊ သတိထား။
ဖတ်ရင်နဲ့ ပြေးမြင်ယောင်တယ် အပျိုကြီးတွေ ဘ၀ကို :)
Post a Comment