Wednesday, November 14, 2007

layma-layma.iblogger.org

ပြောင်းပြီနော်…ပြောင်းပြန်ပြီ…

အငြိမ်မနေတဲ့ လေးမ …

လေးမ အောက်တိုဘာ ဒုတိယပတ်လောက်ကစပြီး ဂနာမငြိမ် ဖြစ်နေပါတယ်…။ အားလုံး သိကြတဲ့ အတိုင်းပဲလေ … @#^##@@!! ။ စိတ်မြန်တဲ့ လေးမ က မြန်မြန်ဆန်ဆန်ပဲ အိမ်တစ်လုံး ဆောက်ပြီး ရွှေ့  လိုက်ပါတယ် …။ အိမ်ဟောင်းက စာတွေ comment တွေ ပြောင်းလို့ရလို့ အိမ်နှစ်အိမ်ကို ကူးချည် သန်းချည်တောင် လုပ်နေလိုက်သေး…။ ဒါပေမယ့် အဆင်မပြေဘူး…။ စာတွေကို လေးမ က မြင်နေရပေမယ့် သူများတွေက အတုံးတွေပဲ မြင်နေရတယ်…တဲ့ ( လေးမ က မျက်မှန်တပ်ထားလို့ထင်တယ် ) comment တွေလည်း မြင်ရဘူးတဲ့ … ။ လေးမကိုယ်တိုင်လည်း အတုံးတွေ … ပဲပင်ပေါက်တွေ မြင်နေရရင် သိပ်စိတ်ရှုပ်တတ်လို့ သူများတွေကို ကိုယ်ချင်းစာပါတယ် … ။ ဒါနဲ့ ပဲ blogspot နဲ့ wordpress မှာ post တွေ တပြိုင်တည်း တင်ပါတယ် ….။ နိုင်ဝင်ဘာ ၁ရက် connection တွေ ဖြတ်ပြီး ပြန်ရတဲ့ နောက်ပိုင်းမှာ post တွေ import လုပ်တာ အရမ်းနှေး သွားတယ်…။ ၄၅ ကနေ မတက်တော့ဘူး…။ ဘယ်လိုမှမရတော့ဘူး…။ ဒါကြောင့် blogspot မှာ ပို့စ် မတင်တော့ဘူး….။ လေးမက သူငယ်ချင်းတွေရဲ့ မှတ်ချက်တွေကို သိပ်ချစ်တာ … တစုတဝေးတည်း သိမ်းထားချင်တာ … (အောက်တိုဘာ တုန်းကတောင် ပြန်သုံးလို့မရတော့ဘူး မှတ်လို့ commentတွေ အကုန် print out လုပ်ထားတာ A4 တော်တော် ကုန်သွားတယ်…) ။ တချို့ ကလည်း အိမ်သစ်မှာ Cbox Link ကို မတွေ့ ဘူး … တဲ့ ….(ဆီပုံးက ပေါ်တင်ထားလို့မရဘူးလေ …) တွေ့ ပေမယ့် အဆင်သင့် ရေးလို့မရဘဲ click နေရသေးတော့ စိတ်ပျက်စရာ ဖြစ်ရပြန်ရော (ဒီမှာ ကိုးနတ်ရှင် ကြွလာတဲ့နှုန်းက သိတဲ့ အတိုင်းလေ )…။ အဲဒီလို အဆင်မပြေမှု တွေများလို့ သူငယ်ချင်းတွေကို အားနာနေတဲ့ အချိန်မှာ ဗြုန်းဆို ကယ်တင်ရှင်ကြီး ပေါ်လာတယ်… ဖိုးသိကြားတော့ မဟုတ်ဘူး… ဖိုးသင်္ကြန်ပါ … ဒီလို ရေးထားတော့ လေးမ တော်တော် စိတ်ဝင်စား သွားတယ် ….။ နောက်တယောက် mmthinker ကလည်း ဒီလို ထပ်ပွားထားတော့ လေးမလည်း ရေငတ်တုန်း ရေတွင်းထဲကျတဲ့ လူလို @####&! ….ဒီလိုနဲ့ ….နောက်တအိမ် ပြောင်းဖြစ်ပြန်ရော … ။ သူများတွေ အဆင်သင့် ရေးပေးထားတာကို ကြည့်ပြီး လုပ်တာတောင် ပျားတုပ်ခံ လိုက်ရသေးတယ် …။ ခုတော့…ရသွားပါပြီ…။

လိပ်စာများတဲ့ လေးမ malay-layma.blogspot.com ( English)

layma-layma.blogspot.com ( Myanmar)

laynge.wordpress.com

ကစာတွေ နဲ့  comment များ အားလုံးနီးပါး http://layma-layma.iblogger.org ကိုရွှေ့ ခဲ့ပါပြီ…။ ဆီပုံးလည်း ရှိတယ်….။ အတုံးတွေ…လည်း ဖြိုတားတယ် ….။ ပုံတွေလည်း တင်လို့ရပြီ…။ အိုကေပြီထင်တာပဲ ….။ လိုတယ် ထင်တာလေးတွေလဲ ပြောခဲ့ကြပါဦး…။

အရမ်းအားနာပါတယ်

တောင်ရေးမြောက်ရေး ကမြောက်ကခြောက် စာလေးတွေရေးဖို့ ခဏခဏ ပြောင်းနေရတာ အားနာလှပါပြီ…။ ဒီတခါ စိတ်ထိန်းထားပါ့မယ်….။

လိုက်ခဲ့နော်

လေးမကို ချစ်တဲ့ …ခင်တဲ့…သူငယ်ချင်းတွေ လေးမ ပြောင်းတဲ့နောက် လိုက်ခဲ့ကြဦးနော်…( မုန့်ကျွေးမယ် ….။) :)

4 comments:

Anonymous said...

ဟုတ်ကဲ့ လာလည်ပါတယ်၊ ဘယ်ပြောင်းပြောင်း လိုက်မှာပဲ၊ အိမ်ပြောင်းတိုင်း လေလိုက်တိုက် ရတာ မောတောင် မောတယ်၊ မုန်တွေအများကြီး ကျွေးနော်၊

Anonymous said...

ဝေးးးးး မမလေး အဆင်ပြေသွားပြီ။ ဒီအိမ်လေးက ကောင်းတယ်။ ကျွန်တော်လည်း သဘောကျတယ်။ လိုက်လုပ်ဖို့ စဉ်းစားတော့မယ်။

Anonymous said...

ရှိသေးရင် နည်းနည်းကျွေးပါ .. ကိတ်ခြောက်စားချင်တယ် :P
@%^**#%!%#@& ဟီး ဟီး အဲဒါဘာတွေလဲဗျ ..။

Anonymous said...

မမလေပြေ... လေလိုက်တိုက်ပေးတာ ကျေးဇူး... အရမ်းချစ်ဖို့ကောင်း...။ မုန့် တွေ အများကြီးကျွေးမယ်....။ ဖက်ထုပ်လည်းကျွေးမယ်...။

ကိုသန့်... ကောင်းလား...။ လိုက်လုပ်...။ အိမ်နီးချင်းနဲလို့ပျင်းနေတာ...။ လိုတာရှိရင်ပြော ...။ ဆရာလုပ်ချင်နေတာ...။

မျှားပြာ... ရှိသေးတယ်...။ ရက်တော့လွန်နေပြီ...။ @%^**တွေက အီဂျစ်စာတွေလေ...။ ဖတ်တတ်မှရတာ...။