Wednesday, October 31, 2007

ကချေသည်ရဲ့ ဆန္ဒ…

လုပ်လိုက်ပေါ့
ဇာတ်ဆရာရယ်…
ကျွန်မက “ကချေသည်” ပဲ…
ရှင် ထားတဲ့နေရာမှာ
ရှင် ခိုင်းတဲ့ဇာတ်ရုပ်က
ရှင် ပေးတဲ့ ဒိုင်ယာလော့တွေနဲ့
ရှင် ရေးတဲ့ ရှင့်ဇာတ်လမ်းကို
ရယ်ဆိုရယ်
ပြုံးဆိုပြုံး
ငိုဆိုငို
အပိုအလို မရှိစေရပါဘူး … ။
ဒါပေမယ့်
ကျွန်မက ပညာသည်လေ …
ခဏလှအောင်
က နေရပေမယ့် …
ဘ၀ မကျအောင်တော့
(တတ်စွမ်းသမျှ)
ချပြ ချင်သေးတယ်…။ ။

2 comments:

မျှားပြာ said...

ကျွန်တော်ဟာ အပျံသင်စ ဌက်တစ်ကောင်ပါ ...
ဗင်ဂိုးရဲ့ဌက်တွေလိုတော့ မပျံဝဲချင်ဘူး ..
အဲဒီခဏဆိုတဲ့အချိန်တွေကိုပဲ
ကောက်သင်းကောက်နေခဲ့တာ
အိမ်မက်တွေတောင် အရောင်လွင့်ကုန်ပြီ ...
မီးလျှံထဲက ကချေသည်ရဲ့လက်တွေလို
ပျော့ပြောင်းခဲ့ပေမယ့် ..
အားတိုင်း ဒီကောင်ကိုပဲ ဖြတ်ဖြတ်ရိုက်နေကြတယ် ..
မလိုပါဘူး ဒီနတ်ဘုရားတွေကို
ပူဇော်ဖို့  မလိုဘူး ...
င့ါကိုယ်ငါတောင် ကားစင်တင်ပြီးမှတော့
ဗုံသံတွေကို နားစွင့်စရာမလိုဘူး ...
ပဉ္စမံအနမ်းတွေကတော့ အဲဒီညနေမတိုင်ခင်ကို
မူးယစ်နေကြပြီ..... ။ ။

Layma said...

ခုံ...ပေးပါဦး...ဒီကဗျာကိုဖတ်ဖို့...ခုံတစ်လုံးလောက်...။