Monday, October 15, 2007

နှုတ်မဆက်နဲ့ ငိုချင်တယ် …

Photo Sharing and Video Hosting at Photobucket
ပထမဆုံး မောင်လေး sparrow နှုတ်ဆက်သွားတယ်…။
ကာလတို မန်နေဂျာကြီး သန့်ဇော်မင်းက
“တခဏတာလား..
တဘ၀စာလား..
မသေချာပေမယ့်..
နှုတ်ဆက်ခဲ့ပါတယ်..
သူငယ်ချင်းတို့ရေ...

.................တနေ့နေ့... တချိန်ချိန်မှာ.. ပြန်ဆုံနိုင်ဖို့.. မျှော်လင့်ရင်း.......
tzm…….
တဲ့……။
ချစ်စရာ သိုးမလေးက
သိုးလေး ဘလော့မလုပ်ဖြစ်တော့ရင်တောင် အင်တာနက်သုံးဖြစ်တိုင်း အမြဲဖတ်မှာပါ။…..တဲ့…
ကိုမျှားပြာက အားလုံးကို ခေတ္တ ခဏနှုတ်ဆက်ခဲ့ပါတယ်။ အချိန်တွေကို စီမံခန့်ခွဲနိုင်တဲ့ တစ်နေ့  ပြန်လာခဲ့ပါမယ် ... တဲ့...
( အချို့သော သူများလဲ နှုတ်မဆက်ဘဲ ပုန်းကွယ်နေကြတယ်....)
လေးမလဲ “ Goodbye ” လုပ်တော့ မလို့ဘဲ…။ ဒါပေမယ့် Blog ကဗျာမှာရေးခဲ့သလိုပဲ… “၀င်လာတုန်းက ပေါ့ပေါ့လေး…ပြန်အထွက်မှာ သံယောဇဉ်တွေနဲ့ လေးနေခဲ့ပြီ….”
မကြားရ….မမြင်ရသော သံယောဇဉ်က တော်တော် အလေးချိန်စီးပါလားနော် …။
သေချာ ပြန်ဆန်းစစ်ကြည့်တော့ စာရေးချင်လို့ Blog မှာရေးနေတာ မဟုတ်တော့သလိုဘဲ …။ စာဖတ်ချင်ရင်လဲ ဖတ်စရာနေရာတွေများ ပုံလို့…။ ရေးချင်ရင်လဲ ရေးစရာနေရာတွေများ အားကြီးပဲ ….။ ဒါပေမယ့် ဒီနေရာက မခွာရက်နိုင်တာ … အဲဒီနေရာတွေမှာ ဖတ်စရာစာတွေ ရှိရှိမရှိရှိ သွားရှာတတ်တာ … ဒါဆိုရင် ဒီကမ္ဘာမှာ ( လေးမရဲ့ ကမ္ဘာအတုမှာ) လူသားဆန်တဲ့ မေတ္တာတစ်ခု … မောင်နှမ သံယောဇဉ် … မိတ်ဆွေသူငယ်ချင်းဆိုတဲ့ အ၀န်းအ၀ိုင်း တစ်ခု အမြစ်တွယ်နေခဲ့ပြီပေါ့ …။
သိုးလေးနဲ့ ကိုသန့်ရေ …မင်းတို့ Blog မှာ လေးမ လာရှာရင် ခြေရာလက်ရာလေးတွေ အမြဲ ရှိနေစေချင်လိုက်တာ …(sparrow ကတော့ တားမရတော့ဘူး )…။ ကိုမျှားပြာလဲ တရုတ်ကြီး(အချိန်) ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်တဲ့ တနေ့ မီးမီးကိုပိုက်ပြီး ကဗျာတွေနဲ့အတူ ပြန်လာနိုင်ပါစေရှင် ...။ ။
အားလုံးပဲ အေးချမ်းပျော်ရွှင်ပါစေ….။

12 comments:

tayzar said...

ကျွန်တော့်ကတော့ လွမ်းနေရတော့မှာပဲဗျာ။ အားလုံးကို သတိရတယ်။

သန့်ဇော်မင်း said...

မမလေးရေ..
ကြိုးတကာ့၊ ကြိုးတွေထဲမှာ အခိုင်မြဲဆုံး အဖြူရောင် သံယောဇဉ်ကြိုးတွေ တွယ်ငြိမိသူ တယောက်အတွက်၊ ဒီကြိုးကို ဖြတ်တောက်နိုင်ဖို့ တော်တန်ရုံ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ မရနိုင်ပါဘူး။ ဒီပိုဒ့်လေးအတွက် ကျေးဇူးပါ.... မမလေးရေ။ ကျွန်တော်လည်း ဒီသံယောဇဉ်တွေကို မစွန့်လွှတ်နိုင်ဘူးဗျာ။

Anonymous said...

မမလေး... အရမ်းအရမ်းကို ပြောတတ်တဲ့ မမလေး... သံယောဇဉ်က ကြောက်စရာကြီးနော်။ သိုးလေးက ဘလော့ကို အရမ်းချစ်တာ။ ဘလော့ရှိရင် ပျော်တယ်။ ဘာပဲဖြစ်ဖြစ် သိုးလေးက အကြာကြီးနေရင် တစ်ခုလောက်တော့ ရေးမှာပေါ့။ ဟဲဟဲ... မမလေးကိုအားကျလို့လေ။ သိုးလေးက စာမေးပွဲဖြေရဦးမယ်။ မေမေကလည်း တအားဆူနေပြီ သိုးလေးကို အိမ်ပြန်နောက်ကျလို့။ ဘယ်သူမှမသိစေနဲ့၊ ကို tzm ကြီးကပြောသွားတယ်၊ တိုးတိုးလေး... ဆီဗုံးမှာလေ... ပြန်တွေ့မယ်နော်တဲ့။ ဟားဟား... မမလေးကိုပဲ ပြောပြတာ။ ဘလော့တွေ ဖတ်ရတာနဲ့ ရေးဖို့အချိန်တောင်မရှိဘူး။ ဟုတ်တယ်ဟုတ်..သူများတွေက လိုဂိုတွေလုပ်ကြတယ်။ မမလေးရော ကိုယ်ပိုင်လိုဂိုတစ်ခုလုပ်ပါလား၊ သိုးလေးလုပ်ပေးရမလား .. မမ မပေါ့... ဆိုတဲ့ လိုဂိုလေး... ဟဲဟဲ...မမလေး နဲ့ အတူတူပဲဟုတ်...

ကလိုစေးထူး said...

အဲဒါကို ဘလော့ဂ်နာကျတယ်လို့ ခေါ်တယ်ဗျ။ အင်မတန် ချစ်ဖို့ကောင်းတဲ့ အနာပေါ့။ :)

မျှားပြာ said...

တွေ့ ဆုံကြုံကွဲ မမြဲသော်လည်း
သိနားလည်လျှက် မေ့ဖို့ခက်သည်
ဖြတ်မရသော သံယောစဉ်......။
မမြင်ချင်ယောင် မတွေ့ အောင်လည်း
ဆောင်၍မရ သဘာဝမယ်
ပုထုသဘော လူ့မနောကို
လိုက်၍မညီ ဥာဏ်မမှီသည်
ဖြတ်၍မရ ဤလောက ....... ။
ဤလောက၏ သံယောစဉ်တွင်
ရစ်နှောင်မိသား ငမိုက်သားမှာ
ချုပ်တည်းဖြတ်ခြောက် ထိုးဖောက်ထွက်လည်း
ရုန်းထွက်မရ ဖျက်မရသည်
မျောသာ လွင့်လိုက်ချင်တော့သည် ...... ။

မဖြစ်သေးပါဘူးဗျာ...... ခေတ္တတော့ နှုတ်ဆက်ပါတယ်။ အခုတောင် ....

အဲဒီ မျှားပြာဆိုတဲ့ကောင်ကို ခပ်ပြင်းပြင်း သမရဦးမယ်။

Chaos said...

အခုမှစပြီး ဒီလူတွေကို အခုမှသိတာပါ
ဒါကိုအလိုက်မသိတဲ့ သံယောဇဉ်က
အတိုင်းမသိ နက်ရှိုင်းကုန်ပြီ
လုပ်ပါအုံး......................

Anonymous said...

လေးမရေ .. အမတို့ ရှိပါသေးတယ်း)

မျှားပြာရဲ့ကဗျာလေးက ကောင်းလိုက်တာ ။

Layma said...

တေဇာ...ဟုတ်ပဟာ..။သူရို့က အဲလို..။
ကိုသန့် ... အားလုံးက စောင့်ကြိုနေကြပါတယ်...။
သိုးလေး... လိုဂိုလုပ်ပေးရင်ယူမှာပေါ့ ... ကိုသန့်တိုး၂လေးပြောသွားတာ ဘယ်သူမှမသိစေရဘူး...စိတ်ချ..။
ကိုစေးထူး... အနာအတွက်ဆေးက ဘာလဲဟင်..။
ကိုမျှားပြာ ... ကောင်း၂သာ သမလိုက်...။ အားပေးတယ်..။ လုပ်သာလုပ်...။
chaos... ပြန်ဆုတ်...ပြန်ဆုတ်..မလွန်ခင်နုတ်...။
မဂျစ် ... ဟုတ်တယ်..မဂျစ်မျက်နှာတစ်ကမ္ဘာထင်ပြီး ဆက်ဘလော့လိုက်ဦးမယ်..။

Zaw Htet said...

မြင်တိုင်းမဖတ်ပဲမနေနိုင်ဘူးဗျာ
ဖတ်ပြီးတော့လည်း
ပိုစ့်တောင်ပြန်ရေးရတော့မလိုပဲနော်
တော်တော်စာရေးကောင်းတဲ့ငါ့အမပါလားနော်

Zaw Htet said...

မြင်တိုင်းမဖတ်ပဲမနေနိုင်ဘူးဗျာ
ဖတ်ပြီးတော့လည်း
ပိုစ့်တောင်ပြန်ရေးရတော့မလိုပဲနော်
တော်တော်စာရေးကောင်းတဲ့ငါ့အမပါလားနော်

Layma said...

ကြိုဆိုလျက်ပါ စာကလေးရာ...။

Winkabar said...

အစ်မရေ ဟုတ်တယ်ဟုတ်တယ်။ နှုတ်မဆက်နဲ့ငိုချင်တယ်။
ညီမလည်းဒီအကြောင်းတွေနဲ့ပတ်သက်ပြီးပို့စ်တစ်ခုရေးမလို့
ဖတ်တဲ့လူတွေစိတ်ညစ်တာကူးသွားမှာစိုးလို့။
"မနက်ဖြန်တွေကိုဘယ်သူပိုင်သလဲ"ဆိုပြီးတော့လေ။

အဲလိုနှုတ်ဆက်တဲ့စာတွေဖတ်ရရင် ရင်ထဲဆို့နင့်သွားတာပဲ။
ဘလော့သံယောဇဉ်ကတော်တော်ခိုင်တယ်ပြောရမလား။
လူမမြင်သော်လည်းသံယောဇဉ်ဖြစ်နေတာလေ။ အချိန်တိုတိုနဲ့လည်းသံယောဇဉ်တွယ်မိတာလေ။
ဘလော့လောကဟာလည်းကမ္ဘာသေးသေးလေးတစ်ခုပါပဲ။