လေးမ အိမ်အသစ် ၀ယ်လိုက်တယ်...။
နေရာလေးက သန့်ပါတယ်...။ လေးမ ၀ယ်လိုက်တာ Wordpress Housing Estate မှာလေ...။ အိမ်ရာဆိုတော့ အိမ်တွေက ဆင်တူတွေများတယ် ...။ အိမ်ကို သိပ်ပြင်လို့မရဘူး ... ခွင့်မပြုဘူးပေါ့ ...။ လေးမ က လူသစ်ဆိုတော့ လူလည် မလုပ်တတ်သေးတာလဲ ပါတာပေါ့ ... နောက်ပိုင်းတော့ လေးမ နည်းနည်းပါးပါး စာတတ်သွားရင်တော့ ညှိစရာရှိတာလေးတွေ ညှိပြီး အိမ်ကိုပြင်ကြည့်ရမယ် ...။ တကယ်တော့ အိမ်က ပြင်စရာကို မလိုတာ ... အားလုံးအဆင်သင့်ပဲ ... အသင့်ယူသုံးလိုက်ရုံပဲ ... ။ ဒါပေမယ့် ဗိသုကာဆိုတော့ နည်းနည်းပါးပါးတော့ ဆည်းပူးထားသည့်ပညာ မနေသာ ဆိုသလို ဟိုနားဒီနားလေးတွေတော့ ပြင်ကြည့်ချင်သေးတယ် ...။ လောလောဆယ် ၀ယ်လိုက်တဲ့ အိမ်ဒီဇိုင်းက ချဲ့ လို့ ... ကျဉ်းလို့မရဘူး ... ။ စာတိုက်ပုံး ( cbox) ထည့်လို့မရဘူး ...။ ပို့စ်တွေတော့ စိတ်တိုင်းကျ နေရာချ ... ဒီဇိုင်းဆွဲလို့ရသွားပြီ ... ။ အိမ်သစ်တက်ပွဲတော့ မလုပ်သေးဘူး ... ။ သီတင်းကျွတ်ပြီးမှပဲ လုပ်တော့မယ် ...။ လောလောဆယ်ဆယ် ဒီက ပစ္စည်းတွေကို ပြင်သင့်တာပြင်ပြီး နေရာချနေတယ်...။ သူငယ်ချင်းတို့ လမ်းကြုံရင် ၀င်ခဲ့ကြလေ ...။ လိပ်စာက wordpress.com...ပါ ... laynge လို့ မေးလိုက်ရင် သိကြပါတယ်...။ သူငယ်ချင်းတို့လဲ စိတ်ဝင်စားရင်ပြောင်းခဲ့ကြလေ ... သီတင်းကျွတ်ဆိုတော့ promotion ရှိချင်ရှိမှာ ...။ လေးမကတော့ အစောကြီးထဲက ၀ယ်ထားလို့ discount မရလိုက်ဘူး ... ။ နောက်မှ အိမ်သစ်တက်ပွဲ လုပ်ပြီး မုန့် ကျွေးမယ်နော် ... ။ ။
P.s. အိမ်ပြောင်းသွားပေမယ့် Blogspot နိုင်ငံသားအဖြစ်လည်း ဆက်လက် ခံယူထားဆဲပဲ ... ။
Wednesday, October 24, 2007
အကြောင်းကြားစာ...
Posted by
Layma
at
10:14 AM
Labels: That's what I wanna say
Subscribe to:
Post Comments (Atom)
5 comments:
ဝေး .....အိမ်သစ်တက်ပွဲသွားစားရတော့မယ်ကွ၊ အိမ်သစ်တက်ပွဲအပြင် နံမည်ပြောင်းပွဲပါလုပ်ရမှာနော်၊ လေးငယ်လေး၊ ဟိဟိ၊ လိပ်စာလေးဘာလေး ပေးအုံးလေ၊ လာလည်ရအောင်၊
အိမ်သစ်ရော အိမ်ဟောင်းပါ လာလည်မယ်နော်
မတွေ့တာ တောင်ကြာပေါ့။ အိမ်သစ်တတ်ပွဲကျ မုန့်လာစားမယ်။
Ma Ma Lay, I'm sure, I'll visit your both home but you'll feed me snacks.
မမလေပြေ... လိပ်စာရေးထားတယ်လေ..တွေ့ ဘူးလား..။ နာမည်က အဟောင်းလေး မမရဲ့...။ ဒါပေမယ့် ကျွေးမှာပေါ့..၂ ခုပေါင်း..။
အရီးပန်... ဝေး...ပျော်သွားပြီ... မျှော်နေမယ်နော်...။
ကိုရွက်ဝါ... ဟုတ်တယ်..မတွေ့ တာကြာပေါ့...။ဖိတ်လိုက်မယ်နော်...။
နှင်းနှင်း... စိတ်ချ..ကျွေးဦးမှာ...။
Post a Comment