“ sparrow နဲ့  jerry
cbox မှာ ဂျီ …
မနေနိုင်တဲ့ မလေးမ
စွပ်ပြုတ်ချက်ဖို့ စောစောထ…
ကြက်သားဝယ်ဖို့ မလွယ်ကူ
ဆိတ်သားလေးကို ယူ …
အတူတူပါပဲ မောင်ငယ်လေး
စိတ်…စွပ် … သောက်ပါဝေး…။”
What a silly man !!! (ခေါင်းစဉ်မပါသဖြင့် ပေးချင်သလိုပေးလိုက်သည်)
Nasreddin သည် သူ့ ခြံထဲက သစ်ပင်တစ်ပင်၏ သစ်ကိုင်းကို ခုတ်နေသည် ။ သစ်ကိုင်းကို လွှနဲ့ ဖြတ်နေတုန်းမှာ လမ်းပေါ်မှာလူတစ်ယောက် ဖြတ်လျှောက်သွားပါတယ်။ အဲဒီလူက ရပ်လိုက်ပြီး Nasreddin ကို လှမ်းပြောလိုက်ပါတယ် “ဟေ့..ဒီမယ်… ခင်ဗျားအဲလိုသာ ဆက်ဖြတ်သွားရင် ကိုင်းနဲ့ အတူ ခင်ဗျားလည်း ပြုတ်ကျလိမ့်မယ်နော် …” ( ပြောလဲပြောစရာပဲ … Nasreddin က ကိုင်းပေါ်မှာ ထိုင်ပြီး ပင်စည်နဲ့  သူထိုင်နေတဲ့ သစ်ကိုင်းကြားက နေရာကို ဖြတ်နေတာကိုး)
Nasreddin က ဘာမှပြန်မပြောဘူး ။ စိတ်ထဲမှာတော့ တွေးလိုက်တယ် …“ ဒီလိုလူတွေက အလုပ်မရှိဘဲ လျှောက်သွားပြီး တခြားလူတွေကို ဟိုဟာလုပ် ၊ ဒီဟာမလုပ်နဲ့ …ဆိုပြီး သြဇာပေးချင်နေတဲ့  ကြောင်တောင်တောင် လူစားမျိုးတွေ..” ။
ဟိုလူကတော့ ပြောပြီး သူ့ လမ်းသူ ဆက်သွားတယ် ။
ခဏလောက်လဲကြာရော သစ်ကိုင်းရော Nasreddin ရောပြုတ်ကျပါလေရော ။
“ အိုး….ဘုရားသခင်…” “ ဒီလူက အနာဂတ်ကိုကြိုသိနိုင်ပါလား..” Nasreddin အလန့်တကြား အော်ပြီး ဟိုလူ့ နောက်ကို ပြေးလိုက်တယ်…သူဘယ်လောက်ထိ အသက်ရှင်နေနိုင်ဦးမလဲ ဆိုတာမေးချင်လို့တဲ့ ။
ဒါပေမယ့် ဟိုလူကတော့သွားလိုက်ပြီ ။
( ရေးသူမသိသော story တစ်ပုဒ်ကို လေးမ နားလည်သလို ဘာသာပြန်သည်)
ပြုံးလိုက်ပြီလား ။ ဒါဆို စိတ်ထဲမှာနည်းနည်းပျော်သွားပြီ ။ ဒါကြောင့် စိတ်..စွပ် လို့ပြောတာ ။ ဘာရလိုက်သလဲ ။ သူများပြောတိုင်းမလုပ်ဘူး … ဘယ်သူ့ မှဂရုမစိုက်ဘူးကွ…ငါလုပ်ချင်တာ လုပ်မယ်ဆိုရင် တခါတရံ နစ်နာသွားလိမ့်မယ် ။ သူပြောသလို လုပ်စရာမလိုဘူး…ဒါပေမယ့် သူပြောတာကို နားထောင်ရမယ် … ( လိုက်နာတာနဲ့  နားထောင်တာမတူပါ) နားပိတ်ထားလို့မရဘူး ။ သူဘာကြောင့် ဒီလိုပြောလဲ သုံးသပ်ကြည့်ရမယ် ။ ပြီးမှ ကိုယ်ကြိုက်သလို ဆက်လုပ် ။ လူတိုင်းဟာ ကိုယ့်အတွက်ချည်းပဲ လုပ်နေကြတာ မဟုတ်သလို ဆရာကြီးလုပ်ချင်သူတွေ ချည်းပဲလည်း မဟုတ်ဘူး ။ အရာရာကို အပြစ်ပြောတတ်တဲ့ လူတွေပဲရှိတာ မဟုတ်ဘူး ။ အသိပညာ၊ အတွေ့  အကြုံ နဲ့  ယှဉ်တဲ့ အကြံပေးမှုတွေကို နားထောင်ကြည့်ရမယ်… ပြီးမှ အကျိုးသင့်အကြောင်းသင့် သုံးသပ်ဆင်ခြင်ပြီး လုပ်သင့်တာကိုလုပ်မယ် ဆိုရင် မကောင်းဘူးလား…။ ။
Thursday, October 18, 2007
စိတ်… စွပ်ပြုတ်
Posted by
Layma
at
4:00 PM
Labels: Thinkings from story
Subscribe to:
Post Comments (Atom)
9 comments:
ကြက်စွပ်တိုက်ပါဆိုဘာတွေလာတိုက်နေတာတုံးအမရ
ကိုယ့်ဘာသာကိုယ်ချက်ပြီးအမBlogကိုလာလည်တဲ့သူအားလုံးကို
ဆီပုံးကနေတိုက်လိုက်ရမလား
မရဘူးနော်ကြက်စွပ်မဟုတ်လို့ကတော့
လာလာပြီးဂျီတိုက်နေမှာပဲ
ဆိတ်စွပ်လာသောက်သွားတယ်။ အီကြာကွေး ကော စားချင်တယ်။ ရှာပေးပါ .. မရရင် ငိုလိုက်မှာနော်
ကောင်းလိုက်တဲ့ စိတ်.. စွပ်။ အရသာ ရှိလိုက်တာ။ :)
မမလေးရေ..
ဒီစွပ်ပြုတ်လေးလည်း.. ကောင်းတယ်။
မနက်စောစော လာသောက်သွားတယ်။
tzm
စာမဖတ်ခင် စိတ်... စွပ်ဆိုလို့ သရေအရင်သုတ်ရသေးတယ်။ စာဖတ်လိုက်တော့မှ စိတ်... စွပ်ရဲ့ အရသာမှန်ကို သိသွားတယ်။ မမလေးတောင် ဒါတွေ ချက်တတ်နေပြီပေါ့... စိတ်...စွပ် ပြောတာပါ။ သူများကမနက်စောစောတဲ့ သိုးလေးကတော့ ညမိုးချုပ်မှသောက်ရတယ်။ အေးနေပြီ။ နွှေးပေး။
လေးမ screen shot လုပ်ဖို့
၁။ ကီးဘုတ်ပေါ်က Print Screen key [PrtScn] ကို နှိပ်ပါ။
၂။ ပြီးရင် ၀င်းဒိုးက Paint (or) Photoshop ကိုဖွင့်ပါ။ Paste or [ctrl V] လုပ်ပါ။
၃။ screen shot လုပ်ထားတဲ့ ပုံပေါ်လာတဲ့အခါ လိုသလို ပြင်ပါ။ save လုပ်တဲ့အခါ file type ကို ကြိုက်နှစ်သက်ရာ ရွေးပါ။
စိတ် စွပ်သောက်သွားပါတယ်။ :)
တော်သေးတာပေါ့ဗျာ။ သူ့ဖာသာ အသုံးမကျလို့ ပြုတ်ကျတဲ့ကိစ္စကို ဒီလိုဒီလို ရန်ထောင်မနေလို့။
`ဘယ်ကောင်တုန်းကွ ငါ့ကို သစ်ပင်ပေါ်ကဆွဲချတာ။ လုပ်တုန်းကလုပ်ရဲပြီး အခုမှ ဘာလို့ပုန်းနေတာလဲ။ မိုက်ရင်ချမယ် ထွက်ခဲ့လေကွာ။´
ကောင်းတယ် အကုန်ကောင်းတယ်
လွတ်လွတ်လပ်လပ် သောက်ရရင်တော့ ပိုကောင်းမယ်
ဒါဘဲ တာ့တာ
enics...(ကိုယ့်ဘာသာကိုယ်ချက်ပြီးအမBlogကိုလာလည်တဲ့သူအားလုံးကို
ဆီပုံးကနေတိုက်လိုက်ရမလား) အဲဒီ အစီအစဉ်ကောင်းတယ်ဟေ့...။
သဉ္ဖာ.. အီတဲ့...ကြာများတဲ့ ...ကောင်မလေး(သို့) ကောင်လေး သေးသေးကွေးကွေး ...ရှာပေးလိုက်မယ်နော်...ဟီး...စတာ...။ချိတ်ချိုးနဲ့ နော်...။
ကိုအတာ... ကျေးဇူးတင်တယ်နော...။
ကိုသန့်... အားရှိသွားပြီလား...။
သိုးလေး... ဒီလောက်ကတော့ အေးဆေးပါ...။
ကိုဘုရင့်နောင်...ကျေးဇူးနော်...။ ခုမှ အိုကေသွားတယ်..။ ကလိလိုက်ဦးမယ်..။
ပီကေ... အန်...ဟုတ်ပနော်..အဲလိုသာဆို ဒုက္ခ..။
ကိုမျှားပြာ... ခိုးသောက်ရတာပိုချိုပါတယ်...။ဘိုင့်ဘိုင်...။
Post a Comment