Sunday, October 21, 2007

အမှတ်တရ (၂)...

“တစ်မိုးတည်းအောက် တစ်လမ်းတည်းလျှောက်..”
သူငယ်ချင်း..
တစ်မိုးတည်းအောက်မှာ …
အရိပ်ပျောက်လို့ …မိုးသောက်ခဲ့ရသူချင်းအတူတူပါပဲ…။

အရာရာကို ကောင်းစေချင်တဲ့စိတ်
မင်းတို့ ရင်ထဲမှာ ကိန်းအောင်းဖြစ်ခဲ့ရင်…
ငါဝမ်းမြောက်ပါတယ် ….သူငယ်ချင်း ….။

မင်းတို့ လျှောက်ခဲ့တဲ့လမ်း ပင်ပန်းကြမ်းတမ်းခဲ့တာ
ငါ ကိုယ်ချင်းစာနိုင်ပါတယ် … သူငယ်ချင်း …။

အခုတော့ သူတို့ လေးတွေလဲ ….
ကံ့ကော်တောမှာ လမ်းမလျှောက်နိုင်တော့ဘူး…
အင်းယားမှာလဲ မရယ်မောနိုင်တော့ပါဘူး…
မနက် ၆ နာရီ ဖယ်ရီစီးလို့ 
ည ၆ နာရီ အိမ်အရောက်မှာ…
အမောဖောက်လို့  ကျောင်းသားဘ၀ဆိုတာလဲ
ပျောက်ဆုံးကုန်ကြပါပြီ…. သူငယ်ချင်း …။

တချိန်မှာ မင်းတို့ တွေ
စွမ်းနိုင်မယ်ဆိုရင်တော့
သူတို့ ကို ဒီအခွင့်အရေးလေးတွေ
ရအောင်လုပ်ပေးလိုက်ပါ ….သူငယ်ချင်း ။

ငါဟာ ဘာမှမဟုတ်
အဖြူရောင်တစ်ခုပါ သူငယ်ချင်း …
ဝါးလုံးရှည်နဲ့ လဲမရမ်းဘူး
ဓါးရိုးလဲမကမ်းဘူး ….
မင်းတို့ ကို ဂုဏ်ယူချင်ရုံသက်သက်ပါ ….သူငယ်ချင်း…။

ငါတို့ အားလုံး…. လောကဇာတ်ခုံပေါ်မှာ
ဇာတ်ဆရာချတဲ့ နေရာက
ဇာတ်ကနေကြရတယ်…..သူငယ်ချင်း…။
ဒါပေမယ့်
ဘီလူးခေါင်းဆောင်းပြီး….ပြုံးပြလို့ လဲရပါတယ်…
အရူးဆိုင်းတီးပြီး … ထူးပြလို့ လဲရပါတယ် …
လူကြမ်းမင်းသား မျက်ရည်ကျလို့ လဲရပါတယ်….
အရေးကြီးတာက မင်းပေးမယ့် အနုပညာပါပဲ …..။ ။

ကိုမျှားပြာရေးတဲ့ “တစ်မိုးတည်းအောက်” ကဗျာရဲ့ ကွန်မန့် မှာ လေးမ ၀င်ရေးခဲ့တာပါ..။ မျှားပြာက ဘလော့ဂ်မှာပြန်တင်ပေးပါတယ်...။ အခု သူမသိအောင် တိတ်တိတ်လေး ပြန်ခိုးလာတာပါ...။ ရှူး...သွားမပြောနဲ့နော်...။ ။

3 comments:

မျှားပြာ said...

ရှုး ဘယ်သူမှ မပြောဘူး
စိတ်ချ ...

thamudayanwe said...

ဟော့တော်..ဟုများလည်း..ခုပဲ..သူငယ်ချင်းကဗျာရေး
ပြီးသူ့ဆီလာလည်ပါတယ်..
တိုက်ပဲတိုက်ဆိုင်လွန်းတော့...
:P

Layma said...

ကိုမျှားပြာ..တကယ်မပြောနဲ့ နော်..။
မမသမုဒယ...တိုက်ဆိုင်လိုက်ပုံများနော်...။