Sunday, October 21, 2007

အမှတ်တရ ....(၁)

လေးမ ရဲ့ပို့စ်တွေမှာ ရေးပေးသွားတဲ့ ကဗျာ ၂ ပုဒ်ကို ကြိုက်လွန်းလို့ တင်လိုက်ပါတယ်...။
“အရူးများမဖတ်ရ...” တွင် ရေးသွားသောကဗျာ...
“နာရီပျက်တစ်လုံးရယ် ...
နို့ဆီခွက် တစ်ခွက်ရယ် ...
ယပ်တောင်တစ်ချောင်းရယ် ...
ဣစာသရဆာလာအိတ်တစ်လုံးရယ် ...
သူငယ်ချင်း ခွေးဝဲစားတစ်ကောင်ရယ် ...
လမ်းတကာ အိမ်ယာတည်ပြီး
ဆင်တရံ မြင်းတရံ စီးထားတဲ့ ဖိနပ်မှာ
မြေပုံမပါဘူး ...
အရိုးတို အရွက်ဖားတဲ့ ထီးအိုလေးမှာလည်း
ရာသီဥတု မပါဘူး ...
ပြီးရော ...
rapper တစ်ယောက်လို ပွယောင်းနေတဲ့ အ၀တ်
ဖောင်းကားနေတဲ့ စိတ်နဲ့(ဖာရာထေးရာမပါဘူး)
တစ်လှိမ့်လှိမ့်သွားနေတုန်း ...
အားလုံးထက် တစ်မူးသာတယ် ...”
ရေးသူ= ဂျယ်ရီ
လေးမက အရူးကို စကားပြေနဲ့ ရေးပြတယ်..။ ဂျယ်ရီက ကဗျာပြန်ရေးသွားတယ်...။ ပညာရေးဝန်ကြီးသိရင် “ဖော်ပြပါ စကားပြေကို ကဗျာစပ်ဆိုပါ” ဆိုတဲ့ မေးခွန်းပုံစံ အသစ်ပေါ်လာနိုင်တယ်...။

“နှုတ်မဆက်နဲ့ ငိုချင်တယ်” တွင် ကိုမျှားပြာ ရေးစပ်သွားသောကဗျာ...

(ကဗျာ ခေါင်းစဉ်= ရင်ဘတ်ကြီးထဲက..)
“တွေ့ ဆုံကြုံကွဲ မမြဲသော်လည်း
သိနားလည်လျှက် မေ့ဖို့ခက်သည်
ဖြတ်မရသော သံယောစဉ်......။
မမြင်ချင်ယောင် မတွေ့ အောင်လည်း
ဆောင်၍မရ သဘာဝမယ်
ပုထုသဘော လူ့မနောကို
လိုက်၍မညီ ဥာဏ်မမှီသည်
ဖြတ်၍မရ ဤလောက ....... ။
ဤလောက၏ သံယောစဉ်တွင်
ရစ်နှောင်မိသား ငမိုက်သားမှာ
ချုပ်တည်းဖြတ်ခြောက် ထိုးဖောက်ထွက်လည်း
ရုန်းထွက်မရ ဖျက်မရသည်
မျောသာ လွင့်လိုက်ချင်တော့သည် ...... ။ ”
ရေးသူ=မျှားပြာ ( bluearrow07.blogspot.com)
ပိုင်ရှင်များသည်... ထွက်ပြေးနေသူနှင့် အိမ်ခြေမဲ့တစ်ဦးဖြစ်နေသောကြောင့် ခွင့်မတောင်း...ခေါင်းစဉ်မမေးတော့ပါ...။ မျက်စိလည်ပြီးရောက်လာလျှင် အလိုက်တသိ ခေါင်းစဉ်ပေးသွားနိုင်သည်...။ ။

3 comments:

မျှားပြာ said...

အဲဒီကဗျာကို တစ်ညလုံးစပ်ထားတာ ကံဆိုးချင်တော့ မနက်
ကျတော့ ရှာလို့ မတွေ့တော့ဘူး ပြန်လည်း စဉ်းစားလို့
မရတော့လို့ နောက် ၂ရက်လောက်နေမှ ပြန်စဉ်းစားလို့ရတယ်
ခေါင်းစဉ်တော့ မပေးတတ်ဘူး သေချာတာ တစ်ခုကတော့
အဲဒါ ရင်ဘတ်ကြီးထဲက လာတာ ....

Anonymous said...

အိမ်း .... ကောင်းလေစွ ။ သူတော်ချင်းချင်း သတင်း လွေ့လွေ့ ဆို သမို့လား ။ ဆိုတော့ကာ .... အဲသည် အရူး ကဗျာကို ..... အင်း ..... နာမည်မပေးတာကောင်းပါတယ်ကွယ် ။ လွတ်လွတ်လပ်လပ် ရူးနေတာဆိုတော့ ခေါင်းစဉ်မတပ်တာ ကောင်းမယ်ထင်တယ်နော် ။ အဟဲ ..... ပြန်လည်ဖော်ပြပေးပြီး ရူးခွင့်ပေးလို့ ကျေးဂျူး တစ်နိုင်ငံစာ တင်ပါတယ်ကွယ် ။
မှတ်ချက် ။ ။ ထိုတစ်နိုင်ငံသည် လွတ်လပ်အေးချမ်းသော လူသား အခွင့်အရေး ပြည့်ဝသာယာသော နိုင်ငံဖြစ်ပါသည် ။

Layma said...

ကိုမျှားပြာ..ရင်ဘတ်ကြီးထဲက လို့ပေးလိုက်တယ်နော...။
ဂျယ်ရီ.. ဟုတ်သားပဲ...ခေါင်းစဉ်တပ်လိုက်ရင် ဘောင်ခတ်ပြီး ရူးခိုင်းသလိုဖြစ်နေဦးမယ်...။ ဆောရီး..ဆောရီး..။