လေးမ သိတဲ့ .... Blog ကို တွယ်တာနေသူ အချို့ ဟာ ...အပြင်လောကမှာ စကားနည်းကြတဲ့ အေးတိအေးစက်သမားတွေ ဖြစ်နေကြပါတယ်…။ ဘယ်သူတွေလဲ သိလား…။
၁။ လေးမ ( ယုံမှာမဟုတ်ဘူးနော် … တကယ်ပြောတာပါ …)
၂။ သိုးမလေးနှင်းနှင်း ( ထင်တာ…ထင်တာ)
၃။ တေဇာဘလင့် ( သူ့  ပိုစ့် မှာ ဖြောင့်ချက်ပေးထားတယ် … မယုံရင်သွားကြည့် …)
၎။ ကိုမျက်လုံး ( တေဇာ့ဆီမှာ ၀န်ခံထားတယ် … ကွန့် မန့်  သက်သေရှိသည် …)
၅။ သန့် ဇော်မင်း ( ရုပ် ကြည့်ပြီး ခန့် မှန်းတာ… )
၆။ ကိုပီကေ (ကိုမျက်လုံးနှင့် မမယ်လိုဒီမောင် ကိုသက်သေထားပြီး အဆိုပြုလာသူ...)
ရ။ အနိုင် ( သတိ...သူ့ ထံသွားလျှင် မည်သည့်စားစရာမှ ယူမသွားရ... အန္တရာယ်ရှိသည်... စကားနည်းသော်လည်း အစားမနည်းပါတဲ့..)
၈။ ကိုရန်အောင် ( ကိုးန၀င်းစိပ်နေတဲ့ အချိန်ဆိုရင် လုံးဝ စကားမပြောဘူး ...)
၉။ sparrow (စာကလေးကတော့ စကားကိုပြောချင်ပြောမယ်...မပြောချင်မပြောဘူးဆိုတဲ့ လူမျိုး...)
၁၀။ ဂျယ်ရီ ( တစ်နေ့လုံးနေမှ ...တစ်ခွန်း ... အဲဒီတစ်ခွန်းမှာ စကားလုံးရေ ၅ သောင်းတဲ့ ... သူကတော့ အေးစက်စက်ဟုတ်ဘူးတဲ့...နွေးနွးထွေးထွေးတဲ့ ( ကောင်မလေးတွေကိုနေမှာပေါ့) )
သူတို့ အထီးကျန် … အဖော်မဲ့နေခြင်းမဟုတ်ပါ… အပေါင်းအသင်းများနှင့် လုံးထွေး လျှောက်လည်ခြင်းကို မခုံမင်သူများ…၊ ပါးစပ်က ထွက်စရာ စကားလုံးရှားပါးသူများ …၊ တကိုယ်တည်း တွေးနေရတာကို နှစ်သက်သူများ ဖြစ်နိုင်ပါသည် …။ သူတို့သည် အသံတိတ် ကမ္ဘာလေးထဲတွင် ဆူညံစွာ စကားပြောနေကြသည် …။ စကားပြောလိုသောကြောင့် ပြောနေကြခြင်း မဟုတ်ပါ…။ သူတို့နှင့် အပေါင်းအဖော်များ ရေးသားသော စာသားများ၏ စေ့ဆော်မှုကြောင့် နှုတ်ခွန်းဆက် …ဆုတောင်း... အကြံပေး ... ဝေဖန် ...လေကန်... ရန်တွေ့ ...ကျီစယ်သော စကားလုံးများ… အလုအယက် တိုးထွက်လာကြသည် …။ ထိုအခါ စကားပြောဖို့တောင် အချိန်မလုံလောက်တော့ …။ ။
( ဟောကြည့် .... ပြောရင်းဆိုရင်းတောင် ပို့စ်တစ်ပုဒ်စာ ပြောမိသွားပြီ... )
မှတ်ချက် ။ ။ မမှန်လျှင် နာမည်ပြန်ဖျက်ပေးပါမည်…(သက်သေအထောက်အထား ခိုင်လုံရမည်) ။ထပ်မံ စာရင်းပေးလိုသူများ ကိုလည်း ထပ်ဖြည့်ပေးပါမည် …(သက်သေ အထောက်အထား ခိုင်လုံရန်မလို) …။
( Link တွေချိတ်ချင်တယ် ... အရောင်တွေသုံးချင်တယ်... ဒါပေမယ့် ... ခွေးတိုးပေါက်က ခိုးဝင်ပြီး သုံးနေရတာဆိုတော့ ဆိုတော့... screen ကြီးက. ဆောရီး လေးမ တဲ့...)
Monday, October 22, 2007
ဗေဒင်ဟောမယ် …
Posted by
Layma
at
6:50 PM
Labels: That's what I wanna say
Subscribe to:
Post Comments (Atom)
15 comments:
မမလေးရယ်... ဗေဒင်ဟောခ ဘယ်လောက်ပေးရမလဲ။ ၀န်ခံပါတယ်။ တော်သေးရဲ့ သိုးလေးပေါ်မှာ မမလေး ခံသွားလို့။ မဟုတ်ရင် နံပါတ် တစ် ဖြစ်နေဦးမယ်။
မမလေးရေ.. တော်တယ်။ ဟုတ်ပ... ကျွန်တော် အပြင်လောကမှာ စကားနည်းပါတယ်။ ဘလော့ဂါတွေ အစည်းအဝေးလူဖူးတဲ့ သူတွေကို မေးကြည့်ပါ။ အဲဒါပေမယ့် ကျွန်တော်စကားများတဲ့ အချိန်ရှိပါတယ်။ ( တလွဲမတွေးနဲ့နော်.. :P ) စာသင်တဲ့ အချိန်ပါ.. စာသင်ချိန် ၂ နာရီလောက်ကတော့ မနားတမ်းကို ပြောတာ။ မယုံ.. လာနားထောင်ကြည့်။
ပီကေလည်းပါမယ်ဟေ့။ တို့လည်း စကားတအားနည်းတယ်။ မပြောရင် ဘာသံမှ မကြားရဘူး။ မယုံရင် မျက်လုံးနဲ့ မယ်လိုဒီမောင်ကို မေးကြည့်။ သူတို့က ငယ်သယ်ရင်းကြီးတွေ။
အစ်မရေ.. စာရင်းပေးမလို့တော့ မဟုတ်ဘူး။ အစ်မ ဗေဒင် ဘယ်လောက်မှန်လဲလို့ သိချင်လို့။ သဉ္ဖာ့ကို ဟောကြည့်။ အပြင်မှာ ဘယ်လို လို့ ထင်လဲ
ဟောခ ဘယ်လောက်ပူဇော်ရမှာလဲဗျ
ပထဆုံးတစ်ယောက်ကို ဟောထားတာနဲ့တင် မှန်နေပြီ
စကားနည်းပြီး လက်ပဲ သွက်တာ ဟတ် ဟတ် ဟတ်
မှန် လိုက်တာ ။ ပုံလေးက မှန်လေး ခဏငှားပါ ၊ မှန်ကြည့်ပြီး ဗေဒင်ဟောတာထင်တယ်။
ကျွန်တော်လည်း စကားအရမ်းနည်းတာ.(မမှန်လည်းမှန်တယ်လို့ ပဲ မှတ်ထားလိုက် :P) .ဟေ..ဟေး.. စကားတာနည်းတာ.. စားစရာတော့ လာထားခဲ့... ယူစားပီသားပဲ.. :D
ကျွန်တော်ရောဟင်???
:D
အမရေ sparrow ကိုလည်းချန်မထားနဲ့လေ....
စိတ်ဆိုးလိုက်မှာနော်...... :D
sparrow ကိုလည်းအပြင်မှာစကားများလား...
စကားနည်းလားဆိုတာကို ဗေဒင်ဟောပါအုံး
မှန်ရင် 'တင်တင်အေးမုန့်ဟင်းခါးနဲ့ တရုတ်တန်းကဖတ်တီးမ
ကောက်ညှင်းထုပ် ' ၀ယ်ကျွေးမယ်.....
မှားလို့ကတော့ 'ဒေါ်နန်းပန်းဆိုင်ကတို့ဟူးနွေး '
ပြန်ဝယ်ကျွေးရမယ်နော်.... :D
စကားနည်းတဲ့ အထဲ ဂျယ်ရီတို့လည်း ပါသပေါ့ကွယ် ။ တစ်နေ့လုံးနေမှ တစ်ခွန်းလောက်ပဲ ပြောဖြစ်တာကလား !!! ဒါပေမဲ့ အဲဒီတစ်ခွန်းမှာ စကားလုံးရေ ၅ သောင်းလောက်တော့ ပါတာပေါ့ ကွယ် ။ ဟွင်း ဟွင်း ..... အေးတိအေးစက်တော့ ဟုတ်ပါဘူး ။ နွေးနွးထွေးထွေးပါဗျ ။
UltraSurf သုံးလေ.. ဟိုအပေါက်ကနေတိုးစရမလိုတော့ဘူး
ဗေဒင်ဟောတဲ့ အခါမှာကော ဘယ်လိုဟောလဲ လေးမ။
နှင်းနှင်း...ဟောကခ ပိုစ့် ၁၀၀ ။
ကိုသန့်... ညာတာပါတေးနဲ့  တပည့်ခံခိုင်းနေတာလား..။
ကိုပီကေ ... မယုံတယုံနဲ့  ယုံပေးလိုက်ပါတယ်...။
သဉ္ဇာလေးက စကားပြောရင် ကျွန်တော်လို့ပြောမယ်..ကားတား ကားတား လျှောက်မယ်... မိန်းမသိပ်မဆန်ဘူး...။
ကိုမျှားပြာ...လက်ကတော့ သွက်သလားမမေးနဲ့ ...။
နိုင်... ကိုနိုင်ကိုလည်းထည့်ချင်တယ်...။
အနိုင်.... အစားမနည်းတာတော့ မကောင်းဘူးနော်...။
ကိုရန်က...နည်းမှာပါ..( ကပ်စေး )
စာကလေး....မနည်းမများပေါ့...မှန်လား..။
ဂျယ်ရီ.... သိပါတယ်...သိပါတယ်...နွေး၂ထွေး၂ဆိုတာ (အနွေးထည် ၀တ်ထားလို့နေမှာ)
rapster.... ဟုတ်..ကျေးဇူး...
ကိုဘုရင့်နောင် ... မှန်ကြည့်ပြီးဟောတာလေ...ပုံလေးတောင်ပြထားသေးတယ်...။
Predict me too :P
အင်း.. တိနေတယ်နော်.. ဒီကုန်ကြမ်းတွေ ဘယ်က ရတယ်ဆိုတာ.. ဘလော့ဂ်စပေါ့ ဗေဒင်ပေါ့လေ။
Post a Comment