Thursday, October 25, 2007

သီတင်းကျွတ်

မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့ … ။
အိမ်အပြန်လမ်းတလျှောက်မှာ ဆိုင်လေးတွေ ၊ အိမ်လေးတွေ မီးတွေထွန်းလို့လေ... ။
ရောင်စုံလျှပ်စစ်မီးလေးတွေ မှိတ်တုတ်မှိတ်တုတ် … ဖယောင်းတိုင်မီးလေးတွေ တလှုပ်လှုပ်နဲ့  …။
အမြဲမှောင်နေတဲ့ လမ်းသွယ်လေးရဲ့ တဖက်တချက်မှာ ဖယောင်းတိုင်တွေ ထွန်းထားလို့ အလင်းရောင်ပြပြနဲ့  တမျိုးလှနေရှာတယ် …။
တာဝတိံသာနတ်ပြည်က ပြန်ကြွလာမယ့် ဗုဒ္ဓမြတ်စွာကို နတ်ဗြဟ္မာတွေနဲ့  အတူ ပူဇော်နေကြတဲ့ မြန်မာလူမျိုးတွေလေ … ။
ကြည့်စမ်းပါဦး … အိမ်ဝမှာ မီးပုံးလေးတွေ ချိတ်ဆွဲနေတဲ့ မြန်မာမိန်းမပျိုလေး ( ချုပ်ညရီတွင် ဖြုတ်ချည်းမြင်သည် … ရှင်သာရခိုင် တန်ဆောင်လော ) လို့သာ တလိုက်ချင်တော့သည်…။
ယုန်ရုပ်ကလေးတွန်းလာတဲ့ ကလေးငယ်လေးကို မိခင်က ဖယောင်း တိုင်တိုလေး စိုက်ပေးပြီး မီးညှိပေးလိုက်တော့ ပျော်မြူးစွာ မီးပုံးတွန်း ထွက်သွားတဲ့ဟန်လေးက ငယ်ဘ၀ကို တဒင်္ဂတွန်းပို့ လိုက်သလိုပဲ … ။
လက်ဖက်ရည်ဆိုင်က ဖွင့်ထားတယ်…“ ငယ်သူငယ်ချင်းရေ…အခုတော့ ငယ်ကျွမ်းဆွေ… မီးပုံးလှလှလေးတွေ ရောင်စုံထွန်း ကျွန်းနုမြေ … ဒီလိုညမျိုး….” ။
…“အတူး ”လည်းမရှိခဲ့ …“အသက်” လည်းမဖြစ်ခဲ့ပေမယ့်… ဘာကိုမှန်းမသိ…လွမ်းသယောင်ယောင် … ဖြစ်လာပြန်တယ်…။
မီးပုံးတွန်းတဲ့ကလေးငယ်လေး … မီးပုံးချိတ်တဲ့ မိန်းမပိျုလေး … မီးပူဇော်တဲ့အလေ့အထ… သက်ကြီး ၀ါကြီးတွေကို ကန်တော့တဲ့ အလေ့အထတွေ နဲ့  အေးချမ်းနေတဲ့ လူသားတွေ အမြဲငြိမ်းချမ်းနိုင်ပါစေ … ။
ဘာပဲပြောပြော မြန်မာနိုင်ငံသား ဖြစ်ရတာ “လေးမ” ကျေနပ်တယ် ….။ ။

5 comments:

ပီကေ said...

သီတင်းကျွတ်ညလေးမှာ ငယ်ငယ်က ပြောခဲ့တဲ့ ကြောင်တောင်တောင် စကားတချို့ကို သွားသတိရမိတယ်။ ဒါနဲ့ ပို့စ်အသစ်တင်ပြီး အဲဒီအကြောင်းရေးပစ်လိုက်တယ်။ ဒီလို ..... ဒီလို လေ။

မျှားပြာ said...

ကျွန်တော်လည်း ကျေနပ်တယ်
ဒါပေမယ့် .......

Layma said...

ကိုပီကေ..ဖတ်ပြီးပါပြီ..။
ကိုမျှားပြာ... ဒါပေမယ့်..ဒါပေမယ့်ပေါ့နော်..။

Mintasay said...

ဟုတ်တယ် ကျေနပ်စရာအတိပြီး တဲ့...........နိုင်ငံတော်ကြီးပဲနော်။

Layma said...

ဟုတ်ပါတယ်ရှင်...။