Saturday, October 13, 2007

အမှောင်ထဲက... ကချေသည် …


ကျွန်မ ကမ္ဘာကို
ညအခါလို
အမှောင်ချချင်တယ် …။
ကျွန်မ ဆိုမယ့်တေး
ရှိုက်သံ ရောထွေးမှာစိုးလို့
ကျွန်မ ပါးစပ်ကို
ပ၀ါစည်းခိုင်းတယ် …။
ကျွန်မ မျက်နှာပေးမှာ
အတွေးတွေ ရေးမှာစိုးလို့
ဇာတ်စင်ကို အမှောင်ချထားတယ်…။
ကျွန်မ လက်အကွေးမှာ
သက်ပြင်းတွေ
ချကျွေးမှာစိုးလို့…
လက်တွေကို ရိုက်ချိုးထားတယ်…။

….
အမှောင်ထဲက
ကချေသည် …
အမှောင်ချထားလို့
အမှောင်ကျနေတယ် …။
အလင်းထဲက
ပရိသတ်…
ဇာတ်စင်ကိုကြည့်
ပီပီပြင်ပြင် မသိရှာဘူး… ။
အမှောင်ထဲက ကျွန်မကတော့
အလင်းထဲက ပရိသတ်နဲ့ …
ဇာတ်စင်နောက်က
ပိုးစိုးပက်စက်တွေကို…
နှစ်ဖက်မြင်
အရှက်ဝင် နေရတယ်….။ ။

4 comments:

မျှားပြာ said...

အလင်းထဲက ပရိသတ်နဲ့ ဇာတ်စင်နောက်က ပိုးစက်ပက်စက်
တွေကိုပဲ မြင်တာလားဗျာ သုံးဖက်လောက် မြင်ကြည့်ပေး
ပါလားးးးးးးးးးးးးးးး)

hnin said...

မမလေး... တစ်ခုခုများ ခံစားနေရသလား။ ရေးထားတာ ထိတယ်။ ရင်ဘတ်ထဲထိ... ဒါပေမဲ့ မမလေးရယ်... နှစ်ဖက်မြင် အရှက်မ၀င်ဘဲ နှစ်ဖက်မျှတွေးပြီး ကျေကျေနပ်နပ်ကြီးသာ ဘ၀ကို ရင်ဆိုင်ကြပါစို့လား... မမလေးရဲ့ စာတွေကို အရမ်းကြိုက်တယ်။ သိုးလေး ဘလော့မလုပ်ဖြစ်တော့ရင်တောင် အင်တာနက်သုံးဖြစ်တိုင်း အမြဲဖတ်မှာပါ။

thamudayanwe said...

တော်တယ်ကွာ..ရင်ပတ်ထဲထက်ထိ...
အရှက်ဝင်နေတာ....ြ
ရှေးဘ၀ကဆုတောင်းမှားခဲ့ကြတာများလား...

Layma said...

ကိုမျှားပြာ.. ၃၆၀ ဒီဂရီ မြင်ပေးမယ်လေ...ကောင်းတယ်မို့လား...။
သိုးလေး... ကျေနပ်ပါတယ်သိုးလေးရယ်... မမလေးက ကျေနပ်ပါတယ်.... ကချေသည်လေးကသာ မကျေနပ်တာပါ ....။
မမသမုဒယ ... တောင်းတာမှားသလား ... မတောင်းဘဲနဲ့ရတဲ့ဆုလား...မသိတော့ပါဘူး ...မမရယ် ။ ဘာပဲဖြစ်ဖြစ် မမနဲ့ ခင်ရတာတော့ ရှေးဘ၀ က ဆုတောင်းကောင်းလို့ဖြစ်မှာ...။