Friday, February 15, 2008

အမှတ်တရ ကစားပွဲ

သို့


ဒိုင်လူကြီး…


ခုမှ သိလို့ ကောက်ရေးလိုက်တယ်…မှီသေးလားဗျို့ ..ည ၁၁း၃၀ ဆိုတာ ဒီညလား။ မနေ့ ညကလား…။ မကြီးမငယ်နဲ့  ၀င်ပြိုင်ရတာ ရှက်တော့ ရှက်သား..။ ဒါပေမယ့် ရည်ရွယ်ချက်လေးကို သဘောကျလို့ ကမန်းကတန်း ၀င်ပြိုင်လိုက်တယ်…။


လေးမ



ဘလော့ဂ်ကို ချစ်သူလို သဘောထားပြီး ရေးရမှာလား…။ ဘလော့ဂ်ကို ပြောတာနော်..။


၁။ တကယ့်ကို လေး “လေး” နက်နက် တွယ်တာခဲ့တယ်…။ မျှော်လင့် “မ” ထားခဲ့တဲ့ သံယောဇဉ်တွေနဲ့  နှောင်ဖွဲ့  ခံခဲ့ရတယ်..။



၂။ သူ “လေး”က ကျွန်မကို ဘယ်လို ခေါ်သလဲ…တဲ့ ။ “မ” ပြောပြဘူး..။



၃။


၁။ တစ်ခါတစ်လေ…စိတ်ကောက်တတ်ပေမယ့်…


၂။ နှစ်ရက်လောက်တော့ မကောက်နိုင်ခဲ့ဘူး…


၃။ သုံးရက်လောက် ဝေးနေရင် တောင် မနေနိုင်အောင်လွမ်း…


၎။ လေးလေးနက်နက် ချစ်တတ်ခဲ့ပြီ…


၅။ ငါးလေးတွေ ရေကူးသင်စရာမလိုသလို … မင်းကြောင့် ကိုယ် ပြုံးတတ်ခဲ့ပြီ…


၆။ ခြောက်ခြားစရာတွေ ကြုံလာတဲ့အခါ …


ရ။ ခုနှစ်စင်ကြယ်ပြောင် အမြီးထောင်အောင် မင်း..ရင်မှာ ကဗျာရေးရင်း…


၈။ ရှစ်မျက်နှာ သက်သေထားလို့ … သစ္စာတွေ ပွားနေမိတယ်…


၉။ ကိုးနတ်ရှင် အလွန်မွှေနှောက်တဲ့ ကောင်၊ ကိုယ် နဲ့ မင်းကြား စည်းခြားချင်တဲ့ကောင်တောင် …


၁၀။ ဆယ်ခါပြန် ဆလံသလောက်အောင် ကိုယ် နဲ့ မင်းကို ခွဲလို့မရရှာ ဘူး…။


….. ဘလော့ဂ်ကို ပြောတာနော်..။



ပြိုင်ပွဲ အကြောင်း အပြည့်အစုံက…



ကျွန်တော်တို့ ဒီနေ့ညမှာ ချစ်သူများနေ့ အမှတ်တရအဖြစ် ဘလောဒ်ဂါညီအစ်ကို မောင်နှမများ ပျော်ရွှင်စရာ ကစားပွဲလေးတစ်ခု ကျင်းပပါမယ်...



*********************************************************



ဒီကစားပွဲလေးကို ကျွန်တော် ပြုလုပ်ရခြင်း အကြောင်း(၃)ချက် ရှိပါတယ်....



(၁) ကျွန်တော်ဟာ ဒီဘလော့ဒ် လောကထဲ ၀င်ရောက်လာပီး ကတည်းက ခင်မင်ရင်းနှီးခဲ့ရတဲ့


အပေါင်းသင်း ဘလော့ဒ်ဂါတွေ အားလုံးနဲ့ တစ်ခါမှ ပျော်ပွဲဆိုတာကို မဆုံဖူးသေးပါဘူး။



(၂) ခုလိုပျော်ပွဲလေးတစ်ခုလုပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ရင်းနှီးမှုတွေ ဒီထက်ပိုပြီး ရနိုင်မလား။



(၃) တစ်ကမ္ဘာလုံးမှာ ချစ်သူများနေ့ ဆိုတဲ့အထိမ်းမှတ်နေ့လေး ပြုလုပ်ကျင်းပနေ့ချိန်မှာ ကျွန်တော့်


အတွေးတစ်ခု ၀င်လာခဲ့တယ်။ ချစ်သူဆိုတိုင်း ကျွန်တော့်တို့တွေဟာ ကိုယ်ရေးတဲ့ ဘလော့ဒ်လေးကို


ကိုယ်တိုင် ချစ်မြတ်နိုးကြတယ်... အဲ့ဒါဟာ ကျွန်တော်တို့ ချစ်သူပဲလေ... ဒါကြောင့် ဘလော့ဒ်ဂါ


ညီအစ်ကို မောင်နှမတွေ အားလုံးဟာ ကိုယ့်ချစ်သူ တစ်ယောက်ဆီကို ပိုင်ဆိုင်ကြတယ်။ အဲ့ချစ်သူကို


ဘာလက်ဆောင်များပေးကြမလဲ။



အဲ့ဒီ (၃)ချက်လေးဟာ အဓိပ္ပာယ် မပြည့်စုံပေမယ့် နွေးထွေးမှုလေးတစ်ခုတော့ ရနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။


ကစားနည်းလေး သုံးမျိုးလောက်ပါပဲ။ အများကြီးတော့ မဟုတ်ပါဘူး။ လွယ်လွယ်လေးတွေပါ။



(၁) ကိုယ့်ရဲ့ နာမည်ကို (ဘလော့ဒ်နာမည် ဖြစ်ဖြစ် ကိုယ့်နာမည်ဖြစ်ဖြစ်) အချစ်အတွက် တစ်ခုခုဖေါ်ညွှန်းမယ့်


စာသားလေး အဖြစ်ပြောင်းရအောင်။



ဥပမာ... ကိုလွမ်းစေ ကို ကျွန်တော် အချစ်အတွက် ဖေါ်ညွှန်းပါ့မယ်။



အချစ်နဲ့ ပက်သတ်မိသမျှ "လွမ်း" ဆွေးဖို့ချည်းသာ အချည်းနှီးသက်သက်ဖြစ်ခဲ့ရတယ်။


ဒါပေမယ့် နင် "စေ" သမျှ ငါဆိုတာ လိုက်ရောခဲ့တာချည်းပဲ။



*စည်းကမ်းချက်*


ကိုယ့်နာမည် တစ်လုံးကို စာတစ်ကြောင်းပဲ ရိုက်လို့ ရတယ်နော်။





(၂) ချစ်သူ့ အခေါ်ဝေါ်လေး။



ဥပမာ... ကိုမောင်မျိုးက သူ့ချစ်သူကို တိုက်ရိုက် မပြောရဲဘူးဖြစ်နေတယ်။ ပြောလည်း ပြောချင်တယ်


ပြောရမှာလည်း ကြောက်နေတယ်။ အဲ့ဒီမှာ ဟာသလေးနှောပြီး မသိတသိလေးပြောလိုက်တယ်။



"မောင်" ရယ်လို့ ခေါ်စေချင်ပေမယ့် အနားမှာ သူက မရှိ။


အ"မျိုး"မျိုးလှည့်ပတ်ကာ ခေါ်ခိုင်းပါသော်လည်း သူက ငမျိုးတဲ့။



*စည်းကမ်းချက်*


ကိုယ့်နာမည် တစ်လုံးကို စာတစ်ကြောင်းပဲ ရိုက်လို့ ရတယ်နော်။




(၃) ချစ်သူ့လက်ဆောင်။



လူတိုင်းက ကိုယ့်ချစ်သူကို ချစ်သူများနေ့မှာ ချောကလက်လေးတစ်ခု လက်ဆောင်ပေးကြတယ်။


ဒါပေမယ့် ခုကျွန်တော်က နည်းနည်း ခေတ်ပြောင်းလိုက်မယ်ဗျ။ ချောကလက်ခေတ်ကို ခေါက်ထားခဲ့မယ်။


တော်တော် အဖိုးတန်တဲ့ စာသားလေးနဲ့ ချစ်သူ့လက်ဆောင် အဖြစ်ပြောင်းမယ်။ ဘာလို့လဲဆိုတော့


ကို့ရင်ထဲက ခံစားချက်လောက် ချောကလက်က တန်ဖိုးမှ မကြီးနိုင်တာကိုးဗျ။



ဥပမာ... အမှတ်စဉ်လေး နဲ့ လက်ဆောင်ပေးကြည့်မယ်။



(၁)တစ်သက်တာ ထာဝရ


(၂)နစ်နစ်ကာကာချစ်မြတ်နိုးရပါတယ်


(၃)သုံးနှစ်သုံးမိုး


(၄)လေးလေးနက်နက် စောင့်ခဲ့ရသူမို့


(၅)ငါးရာနှစ်ဆယ့်ရှိလို့သာ ပြောခဲ့ရင်လေ


(၆)ခြောက်ကပ်စွာ


(ရ)ခွန်အားတွေ မဲ့ပြီး


(၈)ရှစ်ခွင်နယ်တစ်ခုလုံး


(၉)ကိုးကွယ်ရာ ရှာမရဖြစ်တော့မယ်


(၁၀)ဆယ်ကြိမ်မြောက် ကတိပေးပါတယ်ကွာ


တစ်သက်မှာ တစ်ယောက်သာ ချစ်ပါ့မယ်လို့။



အဲ့လိုပေါ့ဗျာ။



*စည်းကမ်းချက်*


ကိုယ်ရေးနိုင်သလောက်သာ ရေးသားနိုင်ပါတယ်။


.........................................................................................



ကစားနည်းကတော့ ဒီသုံးမျိုးပါပဲ။ ဘလော့ဒ်ဂါညီအစ်ကို မောင်နှမများရဲ့ အချိန်လေးတွေကို ငှဲ့ညှာပြီး ဒါလေးတွေပဲ ကစားပါ့မယ်။



ကိုယ်ကစားထားသမျှ (ကိုယ့်စိတ်ကြိုက်ဖေါ်ညွှန်းထား)တဲ့ စာသားများကို mypoembag@gmail.com ကိုဖြစ်ဖြစ်


ဂျီတော့မှာ add ပြီးတော့ ဖြစ်ဖြစ် ပေးပို့ကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ။



ဒီကစားနည်းလေးတွေကိုလည်း အချိန်ကန့်သတ်ထားပါတယ်။ မြန်မာ စံတော်ချိန် ည ၁၁နာရီမှ ၁၁း၃၀အထိသာ


ခွင့်ပြုချိန် ပေးမှာဖြစ်ပြီး အားလုံးကို ကျွန်တော့် ဘလော့ဒ်မှာ ပြန်တင်မှာဖြစ်ပါတယ်။ ကစားနည်း တစ်ခုစီကို ချစ်သူများနေ့


တစ်နေ့လုံး အမှတ်ပေးမှာပါ။



အမှတ် အများဆုံး ရရှိသူ (၂)ယောက်ကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။



ပထမဆု ရရှိသူကို ကျွန်တော် မောင်သားဖြိုးက (ဆုရရှိသူ) နှစ်သက်ရာကဗျာ တစ်ပုဒ်


သူကြိုက်တဲ့ (ကောင်လေး(သို့)ကောင်မလေး)နှစ်ယောက်စာ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။



ဒုတိယ အမှတ် အများဆုံး ရရှိသူကိုတော့ (ဆုရရှိသူ) နှစ်သက်ရာ ကဗျာတစ်ပုဒ် တောင်းဆိုနိုင်ပါတယ်။



ကစားပွဲလေးကတော့ ဒါပါပဲခင်ဗျာ။


အားလုံး ကိုယ့်ချစ်သူကို ဘယ်လောက်ထိ ချစ်ကြပါသလဲ။ ကိုယ်ချစ်မယ့်သူကို ဘယ်လောက်ထိများ စောင့်စားနိုင်ကြမလဲ။ အချစ်နဲ့ ပတ်သက်ပြီး လူသားတိုင်း


ပျော်ရွှင်နိုင်ဖို့ ကျွန်တော် စိတ်ကူးရှိသမျှလေး လုပ်မိတာပါ။ အမှားပါခဲ့ရင် ခွင့်လွတ်ပေးကြပါခင်ဗျာ။

8 comments:

Anonymous said...

အမြှီးထောင်အောင် ကဗျာတွေ ရေးနေတဲ့ ငါ့အမရေ။ သားဖြိုးကို ပြောထားလိုက်တယ်ဗျ။ တင်ပေးဖို့။ ဒီနေ့မှာ ပျော်ရွှင်နေနိုင်ပါစေဗျာ။ ကျွန်တော်ကတော့ စိတ်အညစ်ဆုံးပဲ :(

Anonymous said...

လေးမရေ.. ဒီနေ့ ၁၅ ရက်နေ့ဆိုတော့ နောက်ကျသွားပြီနော်.. :(

အမ အခုတလော တော်တော်ကို စာရေးချင်စိတ် ခေါင်းပါးနေတယ် လေးမရေ... လေးမ tag ထားတာတောင် အမ ရေးနေတာ ရေးလက်စကြီး မပြီးသေးဘူး... :)

Anonymous said...

မမ..တို့ ကစားပွဲကပျော်စရာကြီးနော်..ဘယ်သူရမလဲမသိဘူး...

Anonymous said...

တီးလေးအား အမဲပေးပါသည် ကျနော်ကတော့ အပြာရောင်လေးပဲ ကွိကွိ...ကျနော်က ၁၁ ယောက်ပြိုင်တာ နံပါတ် ၁၂ ချိတ်တယ်တဲ့ဗျ.........မရှိတဲ့ သိက္ခာလေးတော့ ကုန်ပါပြီးဗျာ.....................

Anonymous said...

အိုင်ဒီယာများကောင်းကြသည်။ ကျွန်တော်တော့ အဲလိုရေးတတ်ရန် အိုင်ဒီယာ စုတုပြုရဦးမည်။ :D

Anonymous said...

အားပါး ချစ်မက အမြီးတွေတောင် ထောင်တယ် ဆိုပဲ
ဘယ်တုန်းက ထွက်လာတာပါလိမ့်
ဟိုနေ့က ကြည့်တာ ရှိသေးပါဝူး
မှန်းစမ်း............အယ် ဟုတ်တယ်ဟ
ခွီးခွီး
ဟတ်ဟတ်

Anonymous said...

အမ်မယ် ။ တူကလည်း တယ်ဟုတ်ပါလား ။ ဒါမျိုးလည်း ရတာပဲ ။ ပျော်စရာကြီး ။ ဒီကစားပွဲ မသိလိုက်ဘူး ။
သူများနဲ့ မတူပဲ ဘလော့ဂ်ကိုရေးသွားပုံလေးကောင်းပ ။ ၉ နတ်ရှင်ကြီးကလည်းနော် ။ မပါရင် မပြီးပါလား ။

Anonymous said...

>ကျန်စစ်.. ခုနှစ်စင်ကြယ်ကို ပြောတာနော်... ညစ်နေရင် လျှော်လိုက်လေ..။

>မနုစံ..မ.ရေ..အေးဆေးပါ... နော်...။

>စိုးမိုး... လေးမ မရဘူး.. ။

>မောင်မျိုး နောက်မှာ လေးမ ရှိတယ်...မပူနဲ့... ၁၃...တဲ့...။

>ကိုခွန်မောင် ... အဟဲ... ကလေးတွေကြား..၀င်ဆော့ကြည့်တာ...။

>ခေးရော့စ်....ဟဲ့..ပလုတ်တုတ်... အမြီး.. မရှိပါဘူး... ရှိဘူးဆို...။

>ဂျယ်ရီ ... အမယ်... ရတာပေါ့..လူကိုများ..တုံး၂အအ..အဘွားကြီးမှတ်နေလား...လူငယ်တွေနဲ့ အပြိုင်ဆော့နိုင်တယ်...။