Wednesday, February 27, 2008

လူပျောက်ကြော်ငြာ

တွေ့ရင်ပြောကြပါကွယ် … မုန့်ဝယ်ကျွေးပါမယ်…


လက်ခံထားတဲ့သူကို… @&*^%$#


ကြာသပတေးနံနှင့် စသော …. လေးမ အလည်အပတ် သွားတတ်သော ဘလော့ဂ်များမှ …. အိမ်ရှင် ၅ ဦး ပျောက်ဆုံးနေပါသဖြင့် တွေ့ များတွေ့ခဲ့ရင်… … virtual world ..က လေးမက သတိရနေတယ်လို့ ပြောပေးကြပါ…နော်…။


၁။ ဘုရင့်နောင်


၂။ ပုဂံသား


၃။ မိုးညို


၎။ ပေါက်ပေါက်ဆုပ်


၅။ မိုးချစ်သူ

8 comments:

Anonymous said...

နံပါတ် ၃ က ကောင်ကိုတော့ အီစကိုလည်း တွေ့ချင်နေတာ ။
တွေ့ရင်တော့လား ။။။ ဟင်း ဟင်း .....
နားရွက်ကိုဆွဲ ၊ ပါးစပ်ကိုဖြဲ
ဖနောင့်နဲ့ပေါက် ၊ ခေါင်းကိုခေါက်
ဒူးနဲ့လည်းတိုက် ၊ နရင်းကိုရိုက် ။
ဘယ်အလေလိုက်နေသလဲကွ လို့ မေးမေးပြီးကို ရိုက်ဦးမှာ ။
:D
ပြန်မပြောနဲ့နော် ။ စတာ ။
ပြောလည်း မကြောက်ပေါင် ။ ဒီကောင်က ငယ်နိုင် ။ :)

Anonymous said...

အဲ့ဒီထဲက တစ်ယောက်ပဲသိတယ် ..........
တွေ့ ရင်အကြောင်းကြားလိုက်မယ်နော့် ..မုန့် ဝယ်ကျွေးမယ်မှတ်လားးးးးး

Anonymous said...

မမ..ပျောက်နေတဲ့သူတွေတစ်ယောက်မှလဲမသိဘူး,,မမပြောတာသူတို့ သိပါစေ..။

Anonymous said...

ထူးဆန်းပါပေ့ ဆရာတွတ်ရေ ပျောက်နေတဲ့လူတွေက
ကြာသပတေးနံနဲ့ စတဲ့သူတွေချည်းပဲ :P
ပျောက်သောသူ ရှာရင်တွေ့ တဲ့ အလဲ့ စကားပုံကလည်း
ကြာသပတေးနံနဲ့ စတာပါပဲလား :D တွေ့အောင်ရှာပြီး
ကြေငြာမောင်းခတ်လိုက်ပါမယ်ဗျို့
ပျော်ရွှင်ပါစေခင်ဗျာ

Anonymous said...

ချစ်မ ........ပျောက်တော့ပျောက်တယ်။ ဒါမယ့် ချစ်မဆီရောက် ပါတယ်။ခြေရာလက်ရာသာ မချန်ထားဖြစ်ခဲ့တာပါ။ သတိယနေတယ်။ စုန်းမလေး ကိုလည်း သတိယနေနော်။

Anonymous said...

မလေးမရေ.. ကျွန်တော်က အသစ်ကလေးဆိုတော့
၅ ယောက်လုံးကို မသိဘူး.. ကြောင်မျိုးကမှ ၁ ယောက်သိသေးတယ်.. :P ဒါပေမယ့်ရှာပေးပါ့မယ်
ရွာက လော်စပီကာကြီးငှားပြီး အော်ရှာပေးပါ့မယ်..
တွေ့ရင် တကယ်မုန့်ဝယ်ကျွေးမှာနော်.. :D

Anonymous said...

>jerry... ဆော်သာဆော်.. တွယ်သာတွယ်..အားပေးတယ်...ချ...။

>မောင်မျိုး... ကျွေးပါမယ်ဆို...။

>စိုးမိုးလေး..က ဘယိသိမလဲ..သူတို့က မိတ်ဟောင်း ဆွေ ဟောင်းကြီးတွေ..။

>ညိမ်းညို ... ဒါတောင်..ပေါ်လိုက်..ပျောက်လိုက်လုပ်တတ်တဲ့ မျှားပြာနဲ့ မွန် မပါသေးဘူး..။

>မိုးချစ်သူ..စုန်းမလေး..သတိရလျက်...။

>လွမ်းလုင် .. အွန်လိုင်းပေါ် လော် နဲ့ အော်လဲ...၀က်ဝက်သာကွဲမယ်...လွဲဦးမှာပဲကွယ်..။

Anonymous said...

hello layma,

I think moengyo who you serch is not me .
But it may be ...

Not matter.
I want to tell u one word..

" smething of everything , everything of something is mean life"

It's my think.

Not sure
Not meaningful
Not complete....

But it may be ...

thz for all

Moengyo (Planet)