Tuesday, February 05, 2008

ဘ၀ လက်တွဲဖော် ( ၃ )

သူတဖက်သားကို ဟိုလိုမှ.. ဒီလိုမှ လက်ခံမယ် ဆိုပြီး ကန့်သတ်စဉ်းစားနေတာ တဖက်သတ်ဆန်လွန်းပါတယ်…နော်…။ လေးမက အဲလို တဖက်သတ်သမား မဟုတ်ပါဘူး…ဟိ..ဟိ…။ လေးမ ဘက်ကလည်း ဘယ်လို အချက်အလက်တွေနဲ့ ပြည့်စုံနိုင်မလဲဆိုတာ စဉ်းစားထားခဲ့ပါတယ်…။


အချစ်


၁။ အချစ်… မေတ္တာ..သစ္စာ…လေးစားမှု တို့ကို ဖောဖော သီသီ ပေးနိုင်သည်..။


အကျင့်စရိုက်


၂။ ရိုင်းစိုင်း ကြမ်းကြုတ်သူ မဟုတ်….။ သူ၏ မိဘ နှစ်ပါးကို ရိုသေပါမည်…။


၃။ အိမ်လည် အတင်းတုတ်မည်မဟုတ်…။


၎။ သိန်း ၃၀၀ တန် စိန် နားကပ် မပူဆာပါ…။


၅။ စင်္ကာပူ…ဘန်ကောက် သို့ တစ်ပတ်တစ်ခါ ရှော့ပင်း ထွက်ရန် မတောင်းဆိုပါ…။


၆။ အိမ်တာဝန်များကို အိမ်အကူ မရှိလျှင် လုပ်မည်ဖြစ်ပြီး ရှိလျှင် မလုပ်ပါ…။


၇။ မျက်ရည်လက်နက်ကို မကြာခဏ ထုတ်မသုံးပါ…။


အသောက်အစား


၈။ ဆေးလိပ် ၊ အရက် ၊ ဘီယာ ၊ မူးယစ်ဆေး … သုံးစွဲသူမဟုတ်….။


လောင်းကစား


၉။ ၁ လုံး …၂ လုံး.. ၃ လုံး… ဖဲရိုက်… ဘာမှ မလုပ်ပါ…။


အလုပ်


၁၀။ မောင် တစ်ထမ်း…. မယ် တစ်ဝက် ရွက်ပါမည်…။


၁၁။ ပွဲတက်မယား..မီးဖိုချောင် မယား..တာဝန် နှစ်ရပ်လုံး ကျေပွန် စေရမည်…။


 


ကံကောင်းတာလား…တိုက်ဆိုင်တာလားတော့ မသိဘူး…။ လေးမ ချစ်တဲ့သူ … လေးမကို ချစ်ခွင့်ပန်ခဲ့တဲ့ သူက လေးမ လိုလားချက်တွေ နဲ့ အားလုံး ကိုက်ညီ ခဲ့ပြီး… လေးမတို့ လက်ထပ် ဖြစ်ခဲ့ပါတယ် …လို့ ပြောကြားရင်း နိဂုံး ချုပ် အပ်ပါတယ်ရှင်…. ။ ။



ပြီးသေးဘူးနော်…အပိုင်း (၃ ) ဆက်ရတဲ့ အကြောင်းရင်းက ခုမှ စမှာ…။



Tag Game တွေ ငြိမ်နေတာကြာပြီ…။ သူများTag တာ အကုန်ရေးပြီး လေးမ က စ ရတယ်လို့မရှိသေးဘူး…။ မောင်နှမတွေ ပျော်ပျော်ပါးပါးကြီး Tag game ဆော့လိုက်ရအောင်နော်…။


“ ဘ၀ လက်တွဲဖော်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ… ကိုယ့်ဘ၀ လက်တွဲဖော်နဲ့ ပတ်သက်သမျှ ရေးပေးစေချင်ပါတယ်…။ လက်ထပ်ပြီးသား လက်တွဲဖော် အကြောင်းပဲဖြစ်ဖြစ်…. လေးမ လို စဉ်းစားခဲ့ဖူးရင်ပဲ ဖြစ်ဖြစ်… ရည်းစား လက်ရှိများက လက်ထပ်ပြီးနောက် ကိုယ့် ချစ်သူကို ဘယ်လို လေး ဖြစ်စေချင်တယ်လို့ စိတ်ကူးယဉ်ထားတာလေးပဲဖြစ်ဖြစ်…. ရည်းစားလက်မဲ့များကလည်း မျှော်မှန်းထားတဲ့ လက်တွဲဖော်လေးကို ပုံဖော်ကြည့်ရုံပဲုဖြစ်ဖြစ်…ဘာမှ ရေးစရာမရှိရင်တောင်… ဘ၀ လက်တွဲဖော်ဆိုတာကို ဘယ်လိုနားလည်ထားပါတယ် ဆိုတာမျိုးပဲဖြစ်ဖြစ်…ရေးပေးကြနော်…။


ရေးရမယ့် စာရင်းကို ရှုလော့….


Married blogger များ


၁။ သမီးရှင် ကိုစိုးထက် နှင့် wesheme


၂။ သားရှင် ကိုမျက်လုံး


၃။ ဂျပန်ပြည်က ဇနီး မောင်နှံများဖြစ်ကြတဲ့ မနုစံ နဲ့  မမြရွက်ဝေ


၎။ မခွန်မြလှိုင်



လေးမတို့ ရွာက လူပျိုကာလသားကြီးများ


၁။ ကိုအတာ


၂။ ကိုညိုထက်ညို


၃။ ကိုဒီဝိုင်း


၎။ ကိုပီကေ



ရွာထဲက အကောင်ပလောင်လေးများ



၁။ ဂျယ်ရီ


၂။ စာကလေး


၃။ ၀ံပုလွေ ကိုသန့် 


၎။ ကြောင်မျိုး


၅။ ကိုဇီးကွက်



ရွာထဲက ကာလသားလေးများ



၁။ ညိမ်းညို


၂။ မျှားပြာ


၃။ ကျန်စစ်


၎။ လွမ်းစေ



ရွာထဲက မမ လှလှများ



၁။ မချစ်လေပြေ


၂။ မဂျစ်တူး


၃။ မသမုဒယ


၎။ မတူးတူး




ရွာထဲက ကာလသမီးလေးများ



၁။ chaos


၂။ မွန်


၃။ ရွှန်းမ


၎။ မေပျို


ရွာထဲက စုံတွဲ


၁။ ကိုသားငယ်+ မချစ်စု



ရေးပြီးရင် လာပြောနော်…။ ပြီးရင်.. အနိုင်ကျင့်လို့ရတဲ့ သူတွေကို ဆက်ရေးခိုင်း လိုက်နော်…။


အားလုံးပဲ ပျော်ရွှင် ကြပါစေ..။ ။

19 comments:

Anonymous said...

ထင်တယ် ... ဘုရားရှိခိုးလည်း မမှီတော့ ဘူးလို့ :P
အားတော့ ရေးတာပေါ့ ဗျာ :P

Anonymous said...

မနေ့ကတောင် အမျိုးသမီးကို အဲဒီ ခေါင်းစဉ်က မျက်စပစ်နေပြီလို့ ပြောလိုက်သေးတယ် :P

Anonymous said...

အောင်မငီး လုပ်ရက်ပါပေ့ တီလေးရယ်....တက်စ်ထားတာလိုက်သူတွေအများကြီးးပါပဲလားး....
ကျနော်က မူးလို့ ရှူစရာမရှိတာ ဘီလိုလုပ်ရေးရမတုန်းးးဗျ.............
ရေးဆိုတော့လဲရေးရမှာပေါ့လေ....တီလေးကလွယ်တာမှမဟုတ်တာ ကြောင်ကိုေ-ွးနဲ့ ခြောက်တော့ရေးရတော့မှာပေါ့။။။
ကြာမယ်နော့်....ကျနော့်အသဲကို သေချာမေးကြည့်အုံးမလို့း)

Anonymous said...

အမလေးဗျ တက် လိုက်တာ နည်းနည်းနောနော မဟုတ်ဘူး။ ဖတ်တဲ့သူတွေ လာတောင်းပါလို့ ပြောလောက်အောင် အမှန်အကန် သေချာကို ရေးလိုက်မယ်။ ဟဲဟဲ :D

Anonymous said...

လေးမရေ.. ငါ့ညီမလေး ကံကောင်းပါတယ်.. ကိုယ်က ချစ်တဲ့သူ၊ ကိုယ့်ကို ချစ်တဲ့သူနဲ့ ဆုံစည်းရတာကြောင့်ပါ။ မချမ်းသာပေမယ့် စိတ်မဆင်းရဲဖို့က အရေးအကြီးဆုံးပါပဲ။

လေးမတို့ ဇနီးမောင်နှံ သက်ဆုံးတိုင် ရွှေလက်မြဲမြဲတွဲပြီး ပျော်ရွှင်ပါစေလို့..

အင်း.. ထင်တော့ထင်သား လေးမရေ..ဒီရက်အတွင်း မျက်ခုံးတွေ မသိမသာ တမျိုး သိသိသာသာ တမျိုးလှုပ်နေပါတယ်လို့.. မေးတော့လည်း ပြောပြရတော့မှာပေါ့နော်... ဒါပေမယ့် ခဏတော့စောင့်.. ပြီးမှ လက်တို့လိုက်မယ်..

Anonymous said...

အမလေး ကျောချမှ ဓမြမှန်းသိ ဆိုသလို ဖတ်ကောင်းကောင်း နဲ့ ဖတ်လာတာ၊ နောက်ဆုံးတော့ သူက သူများတွေကို တက်လိုက်တာ ပေါ့လေ၊ ကိုယ်ကို ကိုယ် အတက် ခံရဖို့များ အပိုင်းသုံးထိ စောင့်ဖတ်နေ ရတယ်လို့ ၊ မှားပါတယ် အမ ပုတုရယ်၊ ရေးဆိုတော့လဲ ရေးရမှာပေါ့၊ ကံကောင်းတဲ့ သူတွေကတော့ ပြောအားရှိတာပေါ့၊ ရေးပါ့မယ်နော်၊ ရေးပြီးရင် လာအော် လိုက်မယ်၊ တိလား၊

Anonymous said...

မမကအရမ်းကံကောင်းတာဘဲနော်..မမလိုချင်တဲ့ကိုက်ညီမှုတွေနဲ့ ပြည့်စုံတဲ့ဘဝလက်တွဲဖေါ်ကိုလဲရ...ပျော်စရာကြီး..အားကျလိမ့်တာ..ဟီး..မမ ရဲ့  tag game ကိုလဲအားပေးရမယ်..ပျော်ရွင်ပါစေမမ
:) :) :)

Anonymous said...

ဟိုက်!! မရောက်တာ နဲနဲကြာလို့ လာခဲ့တာ တတ်ဂိမ်းနဲ့ တိုးနေပါ့လား။
သူချစ်ကိုယ်ချစ် မလေးမတို့ဇနီးမောင်နံ အိုအောင်မင်းအောင် ပေါင်းရပါစေ။ တီတီတာတာလေးတွေလည်း အများကြီး တိုးပွါးပါစေ။

တက်ထားတော့ ရေးပါ့မယ်။ ဖြေးဖြေးပေါ့နော်။ ဘာမှတော့ ထူးထူးခြားခြားမရှိပါဘူး။

Anonymous said...

ကိုးနတ်ရှင်မကောင်းလို့ဆိုပြီး နှပ်နေတာကြာပြီ :P ခုတော့ ရတော့ဘူး ခုသူငယ်ချင်းတွေ အဆောင်ရောက်နေလို့ ရေးရဲသေးဘူး။ လိုက်နောက်ကြမှာ သိနေလို့။ ပြန်ရောက်တာနဲ့ ရေးမယ် အမရေ။ ဒီအကြောင်းတွေကတော့ ရင်ထဲမှာ အပေ့ အပေ့ :D

Anonymous said...

မမလေးရေ... ရေးပြီးပြီနော်.. လာဖတ်ဦး

Anonymous said...

ကြည့်စမ်း ကြည့်စမ်း
သူတို့တွေ..
ဟဲဟဲ
(ပုန်းနေတယ်)

လေးမ ချစ်တဲ့ ဘ၀လက်တွဲဖော်နဲ့အတူ သာယာပျော်ရွှင်သော လမ်းကို ခရီးများဆုံးထိ လျှောက်လှမ်းနိုင်ပါစေ

Anonymous said...

ကံကောင်းသော မလေးမ ချစ်သောသူနဲ့ အိုအောင် မင်းအောင် ပေါင်းနိုင် ပါစေ :)

Anonymous said...

ဟီး..အဲ့ဒီနေ့ကကျောင်းမတက်ဘူး။ :D

Anonymous said...

ကာလသားဘ၀က ကုန်သွားပီလို့ထင်တာပဲ ရေးဆိုတော့လည်း ရေးရတာပေါ့ .. ရွာက မိန်းမနဲ့ ကလေးတွေပါ လိုက်လာအောင် ရေးပစ်ဦးမယ် ဟတ်ဟတ်

Anonymous said...

နောက်ဆုံးမှာမှ ကပ်ပါသွားရတယ်လို့။ ဘာရေးရင်ကောင်းမလဲ စဉ်းစားလိုက်ဦးမယ်။ အမက အသက်၂၀ကျော်ရင် စဉ်းစားတဲ့ လက်တွဲဖော်အကြောင်းရေးဆို။ သဲကအခုမှ ၁၉တောင်ပြည့်ပေးဝူးဗျ။ ဘယ်လိုလုပ်ရမလဲဟင်။ ဟီး

မလေးမချစ်တဲ့လူနဲ့ အိုအောင်မင်းအောင် ပျော်ရွှင်စွာ ပေါင်းဖက်ရပါစေနော်။

လေးစားစွာဖြင့်
မေပျို

Anonymous said...

မလေးမရေ။ မတက်နိုင်သေးတာ ခွင့်လွှတ်ခင်ဗျ။ ရေးဖြစ်အောင်တော့ ရေးမယ်။ ကြာဦးမယ်ခင်ဗျာ။ မလေးမရဲ့ လက်တွဲဖော်နဲ့ အတူတကွ ထာဝရ ပျော်ရွှင်ပါချမ်းမြေ့ပါစေခင်ဗျာ။

Anonymous said...

ဟိုက် ။။ အိုင်တို့ကို အီကောင်ပီလောင် ဆိုပါလား ။
ကိုသန့်လည်း ၀ီပလွေကြီး ဖစ်တွားပြီ ။ ဟစ် ဟစ် :D
ရေးရပေမပေါ့ ။ ကျေးဂျူး

Anonymous said...

ခုမှပဲ မလေးမရေ . . .
ရေးလို့ ရေးပြီးပြီနော်..

Anonymous said...

မျက်ရည်လက်နက်ကိုမကြာခဏထုတ်မသုံးပါဆိုတော့ လိုအပ်တဲ့အခါမှ ထုတ်သုံးမယ်ပေါ့
ဟီဟီ ၊ အစ်မတို့ ရာဟုတို့က အဲဒါတစ်ပန်းသာပဲ :) :P