Friday, February 29, 2008

သူငယ်ချင်းကောင်း ယောင်းမ ရေ …

ယောင်းမ ရေ …


သူငယ်ချင်းဆိုတာ လောကမှာ တကယ်ရှိသင့်တဲ့အရာ…


သူငယ်ချင်းဆိုတာ ဘာကြောင့်…ဘာ့အတွက် လိုအပ်တယ်ဆိုတာ အကြောင်းပြစရာမလိုတဲ့အရာ…


သူငယ်ချင်းဆိုတာ သူငယ်ချင်း အဖြစ်ရှိနေရတာ အကောင်းဆုံး…


သူငယ်ချင်းဆိုတာ သူငယ်ချင်း အဖြစ်ရှိနေခြင်းက လွဲပြီး ဘာမှ မလိုအပ် …


တကယ်တော့ ယောင်းမရေ… သူငယ်ချင်းဆိုတာ သူငယ်ချင်းပေါ့ဟယ်…။


ယောင်းမ ရေ …


မွေးနေ့ဆိုတာ … မွေးဖွားလာတဲ့နေ့ …


မွေးနေ့ဆိုတာ … တစ်ခုခုစတင်တဲ့နေ့ …


မွေးနေ့ဆိုတာ … အငိုစတင်တဲ့နေ့…


မွေးနေ့ဆိုတာ … ရက်စွဲတစ်ခု…


တကယ်တော့ ယောင်းမရေ… မွေးနေ့ဆိုတာ မွေးနေ့ပေါ့ဟယ်…။


ယောင်းမ ရေ …


သူငယ်ချင်းရဲ့ မွေးနေ့ဆိုတာ … အမှတ်တရ ဖြစ်စေတဲ့နေ့…


သူငယ်ချင်းရဲ့ မွေးနေ့ဆိုတာ … လက်ဆောင်ပေးရမယ့်နေ့ …


သူငယ်ချင်းရဲ့ မွေးနေ့ဆိုတာ … ၀ါးတီးစွဲရမယ့်နေ့ …


တကယ်တော့ ယောင်းမရေ… သူငယ်ချင်းရဲ့မွေးနေ့ဆိုတာ ယောင်းမမွေးနေ့ပေါ့ဟယ်…။


ယောင်းမ ရေ …


ဆုတောင်းတိုင်း ပြည့်ချင်မှပြည့်တဲ့ လောကကြီးမှာ ဆုတောင်းပေးရမှာလဲ သိပ်တော့ အားမရှိလှပါဘူး…


ဒါပေမယ့် ယောင်းမဘ၀ သာယာချမ်းမြေ့ ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ် …။ ။

13 comments:

Anonymous said...

အယ် မွန့်မှာလဲ သူငယ်ချင်းယောင်းမရှိတယ် တကယ် အချစ်ဆုံးသူငယ်ချင်းကို တသက်လုံးမခွဲရအောင် အကိုပေးပြီးယောင်းမတော်ထားတာ ခုသူလဲမွန်နဲ့တူတူဒီမှာပဲ ဒီတော့မွန်နဲ့ယောင်းမနဲ့ကသိပ်ကိုတည့်တဲ့ သမီးယောင်းမပေါ့ အရမ်းချစ်တာ ကိုကို့ထက်ကို ယောင်းမကိုပိုချစ်တယ် ယောင်းမကိုအရမ်းချစ်တယ် ယောင်းမကိုအချစ်ဆုံးပဲ အဲ ဒုတိယအချစ်ဆုံးပဲ မမလေးမယောင်းမကိုလဲ ချစ်တယ်ကွာ ကဲ ယောင်းမမှန်ရင်ချစ်တယ် ဒါပဲ အာဘွားယောင်းမ

Anonymous said...

အဲဒီ ယောက်မရေးက အကျိုရေးရားဟင်။ အမက ချစ်တော့ အနော်လဲ ခြစ်ချင်ရာဒယ်။ ခွိခွိ

Anonymous said...

အမရေ... ယောင်းမရေလို့ရေးထားတော့ အနော်တို့မပါဘူးလားဟင်.. အဟီး.. စတာနော် :D ဘယ်တော့ ဝါးတီးဆွဲရမှာလည်းဗျ.. ပါဆယ်လေးပါဆွဲခဲ့ဦးနော်..

Anonymous said...

တီလေးရဲ့ ယောင်းမက ဘူ့ မှန်းမသိပေမယ့် ဟက်ပီးဘက်ဒေးပါဗျာ....။
ယောင်းမဆိုလို့  ကောင်းကင်းကြီးရဲ့ညီမလေးများလို့ နောက်တော့မှ သူငယ်ချင်းယောင်းမပဲ..ဟုတ်တယ်နော် အရမ်းခင်တဲ့သူငယ်ချင်းတွေ ဆိုရင် နာမည်တွေမခေါ်ကြတော့ပဲ ယောင်းဖ ၊ယောင်းမတွေနဲ့  ခေါ်ရတာမိုက်သားးးးးး။။
အဆင်ပြေပါစေဗျာ ( ဓာတ်ကူးတာ အဲ့စကား အလွတ်ရနေပြီး ပေါက်တယ်ဟုတ် ဂိုဏ်းချုပ်ရေ့ အထာနဲ့ ပြောပြတာ ရှူးတိုးတိုး ဟားဟား )

Anonymous said...

မ..စိုးမိုးလဲမမသူငယ်ချင်းယောင်းမကိုဆုတောင်းပေးလိုက်တယ်..သာယာချမ်းမြေ့ပါစေ..ယနေ့ မှစ၍ ပျော်ရွှင်စရာမွေးနေ့ များကိုနှစ်၁၂၀ တိုင်ဖြတ်သန်းနိုင်ပါစေ..လို့ ဆုတောင်းပေးလိုက်တယ်နော်...

Anonymous said...

ယောင်းမလေး ကိုလာ ဖတ်သွားတယ်နော်..ဟက်ပီးဘတ်ဒေး...
ယောင်းမလေး ကို သေချာသိမ်းထားနော်. သိလား..မလေးမ..ရေ..
မလွယ်ဘူး..မလွယ်ဘူး..

Anonymous said...

ယောက်မရေ ယောက်မရေ လို့ခေါ်ခေါ်ပြီးရေးနေလိုက်တာ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ရင်းရင်းနှီးနှီးနဲ့ အမတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ သံယောဇဉ်ကိုအတိုင်းသားမြင်လိုက်ရပါတယ်ဗျ။
သူငယ်ချင်းကြီးနှစ်ယောက် မကွဲမကွာ အမြဲတမ်းပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :) :)

Anonymous said...

တို့သူငယ်ချင်းတွေ ထဲမှာလည်း ယောင်းမဆိုတဲ့ တစ်ယောက်ရှိတယ် ။ အစပြုတာကတော့ သူငယ်ချင်းတစ်ယောက်က သူ့အကိုကို ပေးမယ်ဆိုပြီး စတာ။ နောက်တော့ သူ့ကို ယောင်းမလို့ပဲ အားလုံးဝိုင်းခေါ်ကြတာ နာမည်ရင်းတောင် ပျောက်ပါလေရော။ သူက အပြင်မှာ စိတ်တိုသလောက် သူငယ်ချင်းတွေအပေါ် သည်းခံတယ်။ သူငယ်ချင်းကောင်း ယောင်းမပါပဲ။

Anonymous said...

ယောက်ဖရေ.....ယောက်ဖ ........
ချစ်လွန်းလို့ ညီမလေးရှိရင် မစပါ...
ဟီး...:) :)

Anonymous said...

ယောက်မရေ..ယောက်မရေ နောက်ကနေ..ယေက်မရေ လို့ ခေါ်နေပီ။ :D

Anonymous said...

F = Few
R = Relation
I = In
E = Earth
N = Never
D = Die

Anonymous said...

ယောင်းမရေ ...

ယောင်းမဆိုတာ ..........
ထမင်းအိုးမွှေလို့
ငပိဖုတ်လို့
သုံးရတဲ့ ပေါ့ပေါ့ပါးပါး ယောင်းမတွေ ရှိသလို
ထမဲနဲ ထိုးတဲ့ ယောင်းမလို လေးလံ ပင်ပန်းစေတဲ့ ယောင်းမတွေလည်း ရှိတယ်လေ ဟယ် ...

သူငယ်ချင်းဆိုလည်း ဒီလိုပဲပေါ့အေ ...
ယောင်းမအတွက် ပေါ့ပါး အသုံးဝင်တဲ့ ယောင်းမကောင်းတလက် ဖြစ်ချင်တာတော့ အမှန်ပဲတော် ...
ပူစရာရှိရင် ယောင်းမသာ အပူခံလိုက်ချင်တယ် ... တကယ်ပဲ ဟယ် ...

ယောင်းမဆိုတာ လိုအပ်ရင် သူများခေါင်းပါ ခေါက်လို့ရတယ်အေ့ ... :D

ယောင်းမမွေးနေ့ကို သတိတရရှိလို့ သိပ်ပျော်တာပဲအေ ... ကျေးဇူးတော် ...
နောက်ဘ၀တွေဆို ယောင်းမနဲ့ အတူတူ တစ်မေထဲ တစ်ဗိုက်ထဲက မွေးတဲ့သူတွေ ဖြစ်ကြရအောင်အေ ...
ယောင်းမက အကြီးဖြစ်ရင်လည်း အနိုင်မကျင့်နဲ့ ... ယောင်းမက အငယ်ဖြစ်ရင်လည်း ဂျီမကျကြေးအေ ... နော်

ယောင်းမကို ခါးကြားထိုးမရှာနဲ့အေ့ ... ကျုပ်က အမြဲတမ်း ရှေ့မှာ ရှိတယ် :)
ပုံ ...
ယောင်းမရဲ့ ယောင်းမ

Anonymous said...

>မွန်..သူငယ်ချင်းကို ယောင်းမတော်ထားတာဆိုတော့ အားကျစရာကြီး..။
>ကျန်စစ်... အကျိုရေး ဟုတ်ဝူး.. တနားလိုက်တာ..။ ဒုတ်..ဒုတ်..နော်..တိုင်ကြောမယ်..။
>လွမ်းလုင်.. လေးမတောင် မစားရဘူး..။ :(
>မောင်မျိုး..အထာမပေးနဲ့ သာအေးရယ်..အဆင်ပြေစေချင်ရင် ဘတ် ၅၀၀၀ လောက်ချေးကွယ်..။

>စိုးမိုးလေးကို ယောင်းမက ကျေးဇူးတင်ပါတယ်တဲ့...။
>နွေရေ..မလွယ်ဘူး...မလွယ်ဘူး...ချောင်းနေတဲ့သူတွေက ရှိသေး...။

>ညိမ်းညို... အတိုင်းသားမြင်သွားပြီလား...ကျေးဇူးပါဝေ...။
>မပန်.. သူငယ်ကောင်းဆိုတာ ယောင်းမ...ယောင်းမဆိုတာ သူငယ်ချင်းကောင်း...။

>ကိုအညတရ... ဒီမှာ ယောက်ဖ မရှိဘူးလေ..။

>လွမ်းစေ...ဘယ်သူခေါ်နေတာတုန်း..။
>စာကလေး...အဓိပါယ်ဖွင့်ပေးသွားတာကျေးဇူး..။
>ယောင်းမ... ပူစရာရှိရင် ယောင်းမသာ အပူခံလိုက်ချင်တယ်ဆိုပါလား..ဟား..တယ်ဆိုတဲ့စာပဲ...။ ခေါင်းခေါက်လို့ရတယ်ဆိုတာတော့ သဘောကျတယ်အေ..။ လေးမက အကြီးဖြစ်ရင် ဂျီကျပြီး..အငယ်ဖြစ်ရင် အနိုင်ကျင့်မယ်လေ..အိုကေလား..။