Tuesday, July 01, 2008

ကမ္ဘာကို ကျိန်စာတိုက်ခြင်း

ဒီကမ္ဘာ

ငါ့ကမ္ဘာ …

ငါ့ကမ္ဘာမှာ

ငါ့ကဗျာ …

ငါ့ကဗျာနဲ့ အတူ

ငါ့စာ …

ငါ့စာမှာ

ငါ့အထာ …

ငါ့အထာနဲ့ 

ငါ့စာ …

ငါ့စာနဲ့ 

ငါ့ကဗျာ …

အရောင်တွေစပ်

ရောင်စုံထွက်

ငါ့ကိုယ်ငါ မျက်စိရှက်လာလို့  …

ငါ့ကမ္ဘာကို

ကျိန်စာတိုက်မယ် …

ခဏလောက်ငြိမ်သက်

အားလုံး အိပ်စက်သွားအောင် ( Sleeping Beauty ထဲကလို )

ငါ့ကမ္ဘာကို

ကျိန်စာတိုက်လိုက်တယ်

ငါ ကိုယ်တိုင် ကျိန်စာတိုက်လိုက်တယ်

အိပ်တော့ ကမ္ဘာငယ် …။

Published posts ( 188 ) Private ( 1 )

16 comments:

Anonymous said...

R u ok sis? u can share me if u have some bad days!
Wishing my dear sis happy all the time!
Love u sis!

Anonymous said...

ဝိုးး..ပြင်းလှကြီလားး မိဖုရာဖွားစောလို ငါ ငါ ငါ နဲ့  ဟိဟိ မငြိမ်ပါနဲ့  မအိပ်စက်ပါနဲ့ လှုပ်ပစ်လိုက်စမ်းပါ သွက်သွက် ခါသွားအောင် ဒါမှကြောက်သွားမှာ :P

Anonymous said...

မမ....အိုကေရဲ့ လားးး...အားလုံးကိုခဏလောက်မေ့ထားလိုက်.. ။ :)

Anonymous said...

ဝိုးးး အမကြီးရေ လက်ဖျားခါတယ်ဗျို့
ငါ့
ငါ့
ငါ့
ငါ့
ဒီလို အသံအားပြင်းပြင်းနဲ့ကဗျာတွေရေးတတ်ချင်တယ်။
"ငါ့ကဗျာ …

အရောင်တွေစပ်

ရောင်စုံထွက်

ငါ့ကိုယ်ငါ မျက်စိရှက်လာလို့  …"

ကဗျာနဲ့ပတ်သက်ရင် အစုံစားသတ္တ၀ါလေး နှစ်ခြိုက်စွာခံစားသွာပါကြောင်း :) :)
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :) :)

Anonymous said...

ရေနည်းနည်းရောသောက်သွားတယ် ချစ်မ ဒီကဗျာလေးဖတ်ပြီးတော့တွေးနေမိတယ် ကဗျာရှင်ဟာ အင်မတန်စိတ်ဓာတ်ပြင်းထန်သူလား အင်မတန်စိတ်ထိခိုက်လွယ်သူလား အဖြေရှာမရဘူး ခပ်ပြင်းပြင်းရှရှကဗျာတစ်ပုဒ်နဲ့ ဒီတစ်ညတော့ မိုးလင်းရတော့မယ်

Anonymous said...

ငါ့ကမ္ဘာ
ငါ့ကမ္ဘာမှာ
ငါတင်တဲ့ အကြွေး၊
ငါတင်တဲ့အကြွေးနဲ့
ငါ့ အကြွေးရှင်၊
ငါ့ အကြွေးရှင်နဲ့အတူ၊
ငါချစ်တဲ့သူငယ်ချင်း
်ငါချစ်တဲ့သူငယ်ချင်းနဲ့အတူ၊
ငါ့ အကြွေး
အဟီး......တယ်ရင်း...ငါချစ်တယ်
(အကြွေးရှင်ဖြစ်သောကြောင့်မဟုတ်ပါ၊)
PS.စိတ်ညစ်ရင် အိပ်ပြစ်တဲ့၊ ချစ်တယ်ရင်း.လေးရဲ့
I don't know what is going on...whatever chit friend....The only one thing i always talk to u ...is...just put all the feeling as....POEM....
just 4 joke.... 4 chit friend..
What is the difference between a wife and a girlfriend?
A:About 45 pounds!!

Anonymous said...

ငါ ဆိုတဲ့ အတ္တ တွေ အကြောင်း လာခံစားကြည့် သွားပါတယ် ခင်ဗျာ ... :)

Anonymous said...

ကဲ.. ဒီမှာတော့ ကိုယ့်ကိုကိုယ် ကျိန်စာတိုက် အိပ်ပျော်သွားပြီ.... မင်းသားလေး ကောင်းကင်ရေ kiss ပေးပြီး နှိုးပေတော့ :D

Anonymous said...

အစ်မရေ ကျိန်စာတွေ ပြင်းပါတယ် ၊ ရေးထားတဲ့ ပုံစံလေး မိုက်တယ် ... ။

Anonymous said...

ငါ့အိမ်ရာ
ငါ့အိပ်ရာမှာ
ငါ့ခေါင်းအုန်း
ငါ့ခေါင်းအုန်းနဲ့ အတူ
ငါ့စောင်
ငါ့စောင်နဲ့ အတူ
ငါ့ဖက်လုံး
ငါ့ဖက်လုံးနဲ့ 
ငါ့စောင်
ငါ့စောင်နဲ့ 
ငါ့ခေါင်းအုံးတွေကြားမှာ
အမွှေးတွေဖွာပြီး
ငါလာတာတောင် မထတဲ့
ငါ့ရဲ့ခွေးကို မျက်စိနောက်လာလို့ 
ကြိမ်စာကျွေးလိုက်တော့မယ်
လာလေရော့
ဖျန်ဖျန်းဖျန်း.....

Anonymous said...

သြ..
ခေါင်းစဉ်ကျန်ခဲ့လို့ " ငါ့ဖို့ ၊ငါ့ဟာ၊ ငါ့အတွက်"
ဟီးဟီး

Anonymous said...

>moechitthu .. I'm ok sister. No bad day , no worry. Thz U. I love u , too.
>သားကြွက် ... မပြင်းပါဘူး... သာသာလေး ... ဖွားစောတော့ သားက မှတ်မိသေးသားပဲ ... မဆိုးပါဘူး...။
>စိုးမိုးလေး .. အိုကေတယ်.. ညီမလေး..။ ဟီး.. ညီမတို့ကို စိတ်ပူအောင် လုပ်မိပြီထင်တယ်...။ မပူနဲ့ .. အိုကေ..။
>ညိမ်းညို ... အစုံစားရေ .. အကုန်စားနော် ... မကျန်စေနဲ့ ...။
>မွန်... အဖြေပြောရမလား.. ဆက်မိုးလင်းမလား.. ကြိုက်ရာရွေးပါ ဘာဂါ...။

>မိ ... မပူပါနဲ့  သယ်ရင်း .. လက်မှတ်ခရတာနဲ့  ငါ ရစရာရှိတာ ယူထားလိုက်မှာပါ ... ဟာ..ဟ.. လိုတာမှာနော်... သယ်ရင်း.. အားမနာနဲ့  ... နင့်ပိုက်ပိုက်ထဲက ကျသလောက် နုတ်ထားလိုက်မယ်...။
As for me , the difference is about 20 lbs.
> ကိုစိုးထက် ... ကျေးဇူးပါ ..။
>mtj ... ကောင်းကင်နှိုးလည်းမနိုးဘူး... စိတ်ပါမှ အိပ်ရာက ထမယ်...။ :P ဟီး.. တိုင်နဲ့ နော် ...။
>တင့်ထူး... ပုန်းနေနော်... ရောယောင်ပြီး ကျိန်စာသင့်နေဦးမယ်...။
>boyz .. ခွေးကိုနှိပ်စက်မှုနဲ့  တရားစွဲခံနေရဦးမယ်..။ ဒါနဲ့  brother ကို ခွေးက မခန့်  လေးစားလုပ်တဲ့သဘောလား...။

Anonymous said...

ဟုတ် ကျွန်တော်လည်း အိပ်ပီ ... မနက် ၇း၀၀ ထိုးနေပီလေ ... ငါ့ဆေးလိပ်လေးကို ငါ့မီးခြစ်လေးနဲ့ ညှိပီး ငါ့နှုတ်ခမ်းလေးနဲ့ ငါ့အဆုတ်ထဲ ရှိုက်သွင်းလိုက်တော့မယ် ...
ငါ မာလကီးမယားခင်တော့ သောက်လိုက်ဦးမယ် ...။
နောက်တာ ဟတ်ဟတ် အိပ်ပီ ..။

Anonymous said...

ငါ့ဘော်ဒါ လေးမအတွက်
ငါ့ကော်မန့်ကို
ငါကိုယ်တိုင်
ငါ့ကီးဘုတ်ကိုသုံး
ငါ့မျက်လုံးတွေ စုန်းထီးဖြစ်လောက်အောင်
ငါအသားကုန်ပြူးပြီးတော့
ငါလက်ဆော့လိုက်တယ်
ငါလာသွားတယ် လေးမရေ...

:)

Anonymous said...

ကဗျာလေးကို တော်တော်ကြိုက်တယ်....
တယ်လည်းပြင်းတာပဲ... ကျိန်စာက...
တကယ်ထိတယ်....

အစဉ်အားပေးလျက်...

Anonymous said...

မမလေးမ........ကဗျာလေးကမိုက်တယ်......လိမ်မာဘူး......ဟီး
နောက်တာ........အပြင်းစားသံစဉ်လေး......
အိပ်သွားပြီလားဟင်...
ဘယ်တော့နိုးမလဲ.........အိပ်နေရင်နောက်မှလာတော့မယ်.....ဟိ ဟိ...
:P