Saturday, June 28, 2008

မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ဒီဇိုင်းလှူမည်


ဇွန်လ ၂၇ ရက်နေ့  နေ့လည် ၂ နာရီ Myanmar Info-techမှာ ပြုလုပ်ခဲ့တဲ့ The Launching ceremony of " Project SHELTER" အခမ်းအနားတွင် တွေ့ ကြုံ ကြားသိခဲ့ရသည်များကို မျှဝေပါမည် ။

မြန်မာနိုင်ငံ ဗိသုကာများ အသင်း မှ ဦးဆောင် ၍ မုန်တိုင်းဒဏ် ခံရသောဒေသများ ပြန်လည်ဖွံ့  ဖြိုးရေးအတွက် ဒီဇိုင်းပုံစံ နှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီရန် ရည်ရွယ်၍် Project SHELTER ကော်မတီ ကို ဖွဲ့ စည်း ဆောင်ရွက်ခဲ့ပါသည် ..။

အရံသင့် အိမ်ပုံစံ ၅ မျိုး ဆွဲထားပါတယ်..။

ပုံစံတစ်မျိုးစီအတွက် ဗိသုကာ ပုံစံများ ၊ လုပ်ငန်းခွင်သုံးပုံများ ၊ ပစ္စည်းအမျိုးအစားစာရင်းများ ၊ ပစ္စည်းအရေအတွက် စာရင်းများ ပါဝင်ပါမည် ။ လိုအပ်ပါက ဆောက်လုပ်မည့် ကန်ထရိုက်များ ရှာဖွေ ရွေးချယ်ပေးခြင်း လုပ်ငန်းတွင် လည်း ကူညီပါမည် ။

ဒီဇိုင်း အလှူခံမည့်သူများဘက်မှ လိုအပ်ချက်များ

၁။ ဖောင် ဖြည့်စွက်ရန် ( နမူနာ)အမည် ( သို့ ) အဖွဲ့  အစည်း

မည်သည့်နေရာတွင် ဆောက်လုပ်ရန် ရည်ရွယ်သည်

ကုန်ကျစရိတ်ခန့် မှန်းချက် မည်မျှတတ်နိုင်သည်

မည်သည့်ပုံစံကို ရွေးချယ်မည် ..

၂။ အိမ်ဒီဇိုင်းများကို ပြန်လည်ပြင်ဆင်ခွင့်မပြု ပါ။


(လှူဒါန်းရေးဆွဲသည့် ဗိသုကာ၏ ခွင့်ပြုချက်နဲ့ တော့ ပြင်နိုင်မယ် လို့  လေးမ ယူဆပါတယ် )


၃။ အိမ်ဒီဇိုင်းများကို လွှဲပြောင်းကူးယူခွင့်မပြုပါ ။


၎။ စီစဉ်ဆောင်ရွက်ပေးမည့်သူများ၏ ခရီးစရိတ် ၊ စားစရိတ် နှင့် ရုံးစရိတ်များကို အလှူရှင်မှ ကျခံရန် ။


၅။ လုပ်ငန်းပြီးဆုံးပါက Project SHELTER သို့ ပြန်လည်သတင်းပို့ရန်နှင့် အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ပါကလည်း သတင်းပြန်ပို့ ရန် ။


( ခုလို အချက် ငါးချက် သတ်မှတ်ထားရခြင်းသည် အလကားပေးတဲ့ ဒီဇိုင်းတွေဆိုပြီး ပေါပေါလောလော မဖြစ်စေရန် နှင့် ဗိသုကာပညာရပ် ကိုတန်ဖိုးထားစေရန် ရည်ရွယ်တယ်လို့  လေးမ ထင်ပါတယ် )



လက်ရှိ ဒီဇိုင်း ၅ မျိုးသည်


၁။ မုန်တိုင်းဒဏ်ခံအိမ်များမဟုတ်ပါ ။


သို့ သော် structure ( frame) ကို အခိုင်အခံ့ဖြစ်အောင် စီမံထားသောကြောင့် ရာသီဥတု ဒဏ် ( ဆိုးရွားပြင်းထန်မှုမရှိလျှင် )ကို ခံနိုင်သည် ။


၂။ လတ်တလော နေနိုင်မည့် တန်ဖိုးနည်း အိမ်များဖြစ်သည်။


၃။ ရွာသားများအနေဖြင့် အချိန်တိုအတွင်း ကိုယ်တိုင် တပ်ဆင် ဆောက်လုပ်နိုင်သော ဒီဇိုင်းများ ဖြစ်သည် ။



စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ မိသားစု ၀င်ငွေ တိုးပွားလာလို့  ဖြစ်စေ … အခြားအကြောင်းကြောင့် ဖြစ်စေ … ပုံစံမပျက် ထပ်မံ တိုးချဲ့  ဆောက်လုပ်နိုင်သော ဒီဇိုင်းများဖြစ်ပါသည် ။



ဆက်သွယ်ရန်


၁။ ဦးဆန်းဦး (၉၅၁) ၃၈၀၂၅၆


၂။ ဦးဇော်မိုးရွှေ ( ၉၅၁) ၆၆၀ ၉၉၆



၃။ ဦးစည်သူမြင့်ဆွေ ( ၉၅၁)၆၅၂ ၃၈၆


၎။ မဟေမာန်ကြည် (၉၅၁) ၇၂၃ ၁၀၄


E-mail: amarchitect@myanmar.com.mm


website: www.myanmarchitects.org ( လေးမ ဖွင့်တာတော့ ဖွင့်လို့ မရဘူး ) :(




ဥာဏ်ပြေးတဲ့ မနုစံက http://www.myanmararchitects.org/




လိပ်စာနဲ့  ရသွားပါတယ်။ ကျေးဇူးပါ … မ ။

7 comments:

Anonymous said...

အမြန်ဆုံး တည်ဆောက်နိုင်ကြပါစေဗျာ။
ဒါနဲ့ အိပ်ရှေ့က ကောင်မလေးပဲပေးနေတာ ကလိကလိ ဖြစ်စရာလေး ဟိဟိ။

Anonymous said...

သာဓု သာဓု သာဓု ပါ မလေးမ ရေ..
အမြန် အကောင်အထည် ဖော်နိုင်ပါစေ..

Anonymous said...

လှူမဲ့အိမ်ဒီဇိုင်းလေးတွေကလှလိုက်တာ.. :)

Anonymous said...

တက်သည့်ပညာမနေသာဆိုသလိုပေါ့ ကောင်းတယ်ဗျာ လေးစားပါတယ် :)

Anonymous said...

အမ website ကို ဖွင့်တာ ရသွားတယ်.. ဒီလို သွားလိုက်တယ် ညီမလေး.. အပေါ်က website မှာ ar ကျန်ခဲ့လို့ ထပ်ဖြည့်ပြီသွားလိုက်တယ်.. :)

http://www.myanmararchitects.org/

ကိုယ်တတ်နိုင်တဲ့ ဘက်က တစ်ယောက်တစ်လက် ကူညီကျတာ လေးစားဖို့ကောင်းတယ်.. :)

Anonymous said...

>ကျန်စစ် ... ဟင်း... ကျန်စစ် တစ်ယောက်ကတော့ ဒါမျိုးဆို သိပ်မြင်တတ်တာပဲ .. ။ မနိုင်ဘူးဟေ့ ...။ :P
>မီ .. အလှူ ရှင်တွေ ဆက်သွယ်နေပြီလို့  ကြားတာပဲ ... သေချာတော့မသိ..။
>စိုးမိုးလေး .. လှလည်းလှ .. နေရတာလဲ အဆင်ပြေတဲ့ ဒီဇိုင်းလေးတွေလေ ...ညီမ..။
>မောင်မျိုး .. လေးမ ဆွဲတာ တစ်ခုမှ မပါဘူးနော်... သိလား.. အဟီး.. ကြွားတာ...။
>မနုစံ ... အမှန်ကို တည့်ပေးသွားတာကျေးဇူးပါ... မ ...။

Anonymous said...

ဆရာဦးဆန်းဦး လက်ရာတော့ ပါမယ်လို့ ထင်မိပါတယ်။ ဆရာက အဲဒီလို မြန်မာ့ရိုးရာ အိမ်လေးတွေကို သိပ်ပြီး လုပ်ချင်ခဲ့တာ။ အခုလို ဝေမျှတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။