Monday, July 28, 2008

MyMyanmar ကို တစ်စစီဆွဲဆုပ်ခြင်း

ဒီနေ့   MyMyanmar Unicode System ကြောင့် လေးမ အချိန်တွေ တော်တော်ကုန်သွားပါတယ်..။ မနုစံရဲ့ သရဖူမဂ္ဂဇင်း အညွှန်းပို့ စ် ဖတ်ပြီး ကတည်းက download ချထားတဲ့   MyMyanmar ကို မနုစံက မသွင်းဖို့  အကြံပေးထားရက်နဲ့  မနေနိုင်မထိုင်နိုင် လက်ဆော့ပြီး သွင်းလိုက်မိတဲ့ ကိုယ့်ကိုယ်ကိုလည်း  အပြစ်တင်မိပါရဲ့...။   MyMyanmar သွင်းပြီးသကာလ လေးမရဲ့  Firefox Browser မှာ ဖောင့်ပုံစံတွေ ပြောင်းကုန်ပါတယ်..။ G-mail ဖတ်လို့ မရဘူး..။ Google search မှာ ဇော်ဂျီ နဲ့  ရိုက်ပြီး ရှာလို့  မရတော့ဘူး..။  Ie မှာတော့ သိပ်မပြောင်းဘူး..။ Zawgyi သုံးလို့ ရတယ်..။  Ie .. accessibility မှာ D:/ie.css ကို သုံးထားလို့  ထင်ပါရဲ့...။

ပထမတော့ Firefox ကြောင့်လို့  ထင်ခဲ့တယ်...။ ကို သင်္ကြန်လည်း အမျိုးမျိုး အကြံပေးတယ်...။ ဘယ်လို မှ အဆင်မပြေဘူး...။ ဒါနဲ့  တရားခံက   MyMyanmar ဆိုပြီး ပြန်ဖြုတ်ပါတယ်..။ အကုန် ဖျက်လို့ မရဘူး..။ Permission တောင်းနေတယ်..။ သေရော...။ အမျိုးမျိုးကြိုးစားတယ်... ။ မရဘူး...။

လေးမပဲ... ဘယ်လက်လျှော့လိမ့်မတုန်း...။ Cbox မှာ အော်ထားလိုက်တယ်..။ လေးမမှာ ဘလော့ဂါ မိတ်ဆွေ ကောင်းတွေ ရှိသားပဲ..။ လေးမ ဒုက္ခရောက်နေတာ ဘယ် လက်ပိုက်ကြည့်နေလိမ့်မတုန်း...။ မရရင် Twitter မှာ အော်ဦးမှာ...။ ပြီးတော့ ပို့ စ်တင်ပြီး အကူညီတောင်းဦးမှာ...။ စိတ်ထဲက တေးထားလိုက်တယ်...။

လေးမ တွက်ကိန်းမှန်ပါတယ်...။ ကို မှော်ဆရာက ၀င်ဖြေပေးသွားတယ်...။

ဒီမှာ ဒေါင်းလုဒ်လုပ်ပါ >> http://is.gd/15fz

ဒီလင့်ခ်မှာ ပါတဲ့ Total Commander ကို Zip File အမျိုးအစားကို ရွေးပြီး ဒေါင်းလုဒ် လုပ်လိုက်ပါ။ ပြီးရင် ရလာတဲ့ Software ကို Run လိုက်။ Window တစ်ခု parallel sub window ပုံစံနဲ့ တက်လာရင် စီထဲမှာ  မလေးမ ဖျက်ချင်တာကို ရွေးပြီးဖျက်လိုက်လို့ ရပြီ။ My Myanmar က ကျွန်တော် အရင် တစ်ခါ Install လုပ်တုန်းက - Cpanel ထဲမှာ Shortcut Icon တစ်ခုကတော့ လုံးဝ ဖျက်မရဘူး

မှော်ဆရာပြောသလို ဆက်လုပ်တာပေါ့..။ ဒါလဲမရပြန်ဘူး..။ ဖြစ်နိုင်ချေက လေးမ နည်းမျိုးစုံသုံးပြီး ဖျက်ထားလို့    MyMyanmar က အပြည့်မကျန်တော့ဘူး..။ နည်းနည်းပဲ ကျန်တာ...။ ဒါနဲ့ ..အဆိပ်ကို အဆိပ်နဲ့  ဖြေ” ကြည့်မယ်ဆိုပြီး   MyMyanmar ကို download ပြန်ချတယ်.. ပြန်သွင်းတယ်... မှော်ဆရာပြောတဲ့ နည်းနဲ့  ပြန်ဖျက်တယ်...။

မရပါဘူးရှင်...။

ဒါနဲ့  ကိုသင်္ကြန်သင်ပေးထားတဲ့ အတိုင်း  about:config မှာ ပြန်စစ်လိုက်တယ်...။ တွေ့ ပါပြီ ...   MyMyanmar အခန့်သားကြီး... ( ပထမတစ်ကြိမ်သွင်းတုန်းစစ်တုန်းက မရှိဘူး)..။ နာကျည်းစွာနဲ့  ဖျက်လိုက်တယ်...   MyMyanmar နေရာမှာ လေးမချစ်တဲ့  Zawgyi-One သွင်းလိုက်တယ်...။ Restart ပြန်လုပ်လိုက်တော့ ရသွားပြီ...။ အရင်လို  Zawgyi ကမ္ဘာပြန်ဖြစ်သွားပြီ ...။ MyMyanmar ကြီးကို C က ထုတ်လို့ မရလည်း နေပစေတော့ ... Total Commander နဲ့  အပြုတ်ဆော်လိုက်ပြီ ။ သရဖူမဂ္ဂဇင်း ဖတ်လို့ မရလည်း နေတော့...။  နောင်ကို  MyMyanmar သွင်းဖို့   လုံးဝ မစဉ်းစားတော့ဘူး...( လောလောဆယ် စိတ်ကူး..နောင်ပြောင်းချင်ပြောင်းမည်) ...။

ဘယ်သူတွေ ဘာအတွက် ဘယ်လိုကောင်းအောင် ကြိုးစားထားသလဲဆိုတာ ဥာဏ်မမှီလို့  နားမလည်ပေမယ့် ကိုယ့်စက်ထဲက ကိုယ့်သဘောအတိုင်း လွယ်လွယ်ကူကူ ဖျက်လို့  မရတာတော့ တော်တော် စိတ်ကုန်မိတယ်...(လေးမ အသုံးမကျတာကြောင့်လည်း ဖြစ်မှာပါလေ)..။

အကူအညီတောင်းချင်လို့ 

http://www.download.com/MyMyanmar%20of%20Technomation/3260-20_4-6286517.html ကို သွားကြည့် တော့လည်း ...

Contact Info




  • Web site
    http://www.mymyanmar.net

  • Support Web site
    Not provided

  • Support e-mail
    Not provided

  • Support phone
    Not provided
    တဲ့ ... ။ ကျေးဇူးကြီးမားလှပါပေတယ်..။



ဒီနေ့ ရလိုက်တဲ့ အကျိုးအမြတ်ကတော့ မသိသေးတာတွေ အများကြီးသိခွင့်ရလိုက်ပြီး  ဘလော့ရေးမိတဲ့ အတွက် ကူညီနိုင်တဲ့ မိတ်ဆွေတွေ ရရှိတယ် ဆိုတဲ့ အခွင့်ထူးတစ်ခုကို သေသေချာချာ ခံစားလိုက်ရပါတယ်...။

ကိုသင်္ကြန် နဲ့  ကိုမှော်ဆရာကို အထူးကျေးဇူးတင်ပါတယ်...။ နောင်ကိုလည်း ကူညီကြပါဦး...။ နောက်ထပ်ကူမယ့် ကယ်မယ့်သူများကိုလည်း  မျှော်ပါတယ်..ရှင်...။

*************************************************************

မှတ်ချက် ။   ။   MyMyanmar ကို ဘယ်အဖွဲ့ အစည်းက လုပ်တယ်ဆိုတာ မသိပါဘူး.. မလေ့လာထားပါဘူး.. စိတ်လည်းမ၀င်စားပါဘူး... ။ လေးမ သုံးလို့  အဆင်မပြေလို့  ( လက်သုံးတော် ဓါးကိုမှ... ယောင်မှားကာကိုင် ) ဆိုတဲ့ အတိုင်း လက်သုံးတော် ဘလော့မှာ ပို့ စ်တင်လိုက်တာပါ...။ ရေးမှား ဆိုမှား ရှိရင် ၀င်ဆုံးမသွားနိုင်ပါတယ်... ဆဲသွားရင်တော့ ဘလော့ပိုင်ရှင်က ခွင့်မပြုပါဘူး..။

24 comments:

Anonymous said...

မလေးမလုပ်တာနဲ့ My Myanmar ရေးတဲ့သူကြားရင် သေချင်စိတ်ပေါက်သွားမယ်. ဘာပဲဖြစ်ဖြစ် အခက်ခဲဖြစ်ရင် ဖြေရှင်းလို့ရအောင်ဆိုတဲ့ စေတနာဆန္ဒသက်သက်ပဲဟာ.. ဘယ်တတ်နိုင်မလဲနော..

Anonymous said...

မနုစံရဲ့ သရဖူမဂ္ဂဇင်း အညွှန်းပို့ စ် ဖတ်ပြီး သွားကြည့်ထဲက ဖောင့်တွေက တစ်မျိုးကြီးဖြစ်ပြီး ဖတ်မရဘူးး download ကို သွားမကလိမိတာတော်သေးတာပေါ့ ကျနော်ဆိုလည်း ဘာမှမလုပ်တက်တာနဲ့  တော်ပါသေးရဲ့ ပြောပြတာ ကျေးဇူး FF3 လေးနဲ့ ပဲ နှစ်ပါးသွားတော့မယ် :P

Anonymous said...

တော်သေးတာပေါ့ဗျာ အဆင်ပြေသွားလို့... ပွင့်ပွင်းလင်းလင်း ပြောရရင် MyMyanmar ကို ကျွန်တော်လည်း အရင် တစ်ခေါက် Install လုပ်ပြီး ဖျက်မရ ဖြစ်ပြီးကတည်းက အတော့် ကို စိတ်ပျက်သွားတာ.. အစ်မတို့၊ ကျွန်တော်တို့ လိုပဲ MyMyanmar နဲ့ ပတ်သက်ပြီး အဲဒီ ပြန် Uninstall လုပ်မရတဲ့ ပြဿနာ ဖြစ်နေတဲ့ သူတွေကို လည်း တော်တော်များများ တွေ့ဖူးတယ်ဗျို့. ဘာပဲဖြစ်ဖြစ် MyMyanmar က လူတွေ အတွက် ဒါ User တွေဆီက FeedBack ပါပဲ။
ဒါတွေကို လက်ခံ စဉ်းစားတွေးတောပြီး အကျိုးရှိအောင် အသုံးချနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Anonymous said...

တော်သေးတာပေါ့.. အဆင်ပြေသွားပြီဟုတ်..
မလေးမ ချွေးပြန်နေတာ မြင်ယောင်တယ်..
ဖြစ်တတ်ပါတယ်လေ..
ပြန်ရေးပြထားတာ ကျေးဇူးနော် =)

Anonymous said...

ဂိုဏ်းချုပ်ကြီး အဆင်ပြေသွားလို့ ၀မ်းသာတယ်ဗျို့ ။
နည်းပညာ ကကြီးခခွေးမို့ ရင်တမမနှင့် သတင်းကောင်းကို စောင့်နေပါကြောင်း :)
ပျော်ရွှင်ပါစေ အစ်မကြီးရေ :)

Anonymous said...

ကျွန်တော်လဲ မနက်က သရဖူကိုရောက်တယ် ၊ ညိမ်းညို ဆီမှာ ဖတ်ခဲ့တုံးကတော့ ရတယ် ၊ ဒီစက်မှာ မရလို့ mymyanmar ကို download လုပ်လိုက်သေးတယ် ၊ Install မလုပ်ရသေးဘူး ၊ တော်သေးလို့ အစ်မလေးမဆီရောက်လာလို့ ၊ ဒါဆို Install မလုပ်တော့ဘူး ...:) :) :D

Anonymous said...

ဘယ်ရမလဲကွ။ နောက်ဆုံးတော့လဲ အပြုတ်ဆွဲထုတ်နိုင်ခဲ့တယ်ပေါ့လေ။ ဟတ်ဟတ်

Anonymous said...

ကျနော့်စက်မှာတော့ ပြန်ထုတ်ချင်တာ လုံးဝပြန်ထုတ်ဖို့ နည်းလမ်းမတွေ့တာနဲ့ google လိုက်တာ.. system restore ပြန်လုပ်လိုက်လို့ အဆင်ပြေသွားတယ်ဆိုတာ သွားတွေ့တော့ စိတ်ကိုလေရော။
http://www.mymyanmar.net/forums/viewtopic.php?t=197&sid=3501a7a47b36423eed313cf45c5fd542

ကံကောင်းချင်တော့ MyMyanmar ကို install လုပ်ပြီး နောက်ရက်ပဲ ပြန်ထုတ်ချင်တာဆိုတော့ system restore လုပ်လဲ တခြား setting အပြောင်းအလဲတွေ သိပ်မရှိဘူးဆို လုပ်လိုက်တော့မှ အေးသွားတော့တယ်။

Software တစ်ခု အနေနဲ့ထုတ်ပြီဆိုရင် uninstall လုပ်ချင်လုပ်လို့ရအောင်တော့ လုပ်ထားသင့်တယ်လို့ MyMyanmar Developer တွေကို အကြံပေးချင်ပါတယ် :)

Anonymous said...

တူတူပဲ လေးမရေ၊ မမေလဲ သရဖူ ဆိုက်စကတည်းက အဲဒီ ပြသနာဖြစ်သွားတယ် တော်တော်တော့ကြာပြီ။ သူများတွေ ဒေါင်းလုပ်ချမိမှာစိုးလို့ ဘလော့ဂ်မှာ ရေးဖို့ပဲ ၊ မရေးဖြစ်လိုက်တာ။ ဖြုတ်မရ ပြုမရနဲ့ ဒုက္ခတွေ ရောက်ပြီး ရွာလည်သွားတယ်။ ကံဆိုးချင်တော့ system resotre off ကလဲ ဖြစ်နေတယ်။ အဲဒါဖြစ်တုန်းက install လုပ်ပြီး uninstall လုပ်မရအောင် လုပ်ထားတဲ့ ဥာဏ်ကြီးရှင်တွေကို မေတ္တာတော်တော် ပို့လိုက်သေးတယ်။ ဘယ်လိုမှလဲ ဖြုတ်မရဖြစ်ပြီး နောက် hard disk ပျက်သွားရင်း အဲဒီ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားတယ် :D နောက်ပိုင်းတော့ သရဖူ မဖတ်ရလဲ နေတော့ဆိုပြီး မိုင်မြန်မာကို ဝေးဝေးရှောင်တော့တယ်။ မိုင်မြန်မာ ကို true type font only ထည့်ရင်တော့ ဇော်ဂျီ ကီးဘုတ်နဲ့ ဘာမှ မဖြစ်ဘူး ။

Anonymous said...

အယ်.. လေးမရေ.. အမ သရဖူ website လမ်းညွှန်ဖတ်မိလို့ အားလုံး အလုပ်ရှုတ်ကုန်ကြပြီနော်..အားနာဖို့တောင် ကောင်းတယ်..
အမစက်မှာတော့ ဇော်ဂျီလည်း ရတယ်။ ပြီးတော့တခြားဟာတွေလည်း သိပ်မထိခိုက်တော့ install လုပ်ထားလိုက်မိတယ်.. ပြန်တော့ မဖြုတ်ကြည့်မိဘူး။ အမ အဲဒီပို့စ်ရေးတုန်းကတော့ အောက်မှာ သတိပေးထားသလိုမျိုး မင်နီနဲ့ရေးထားလိုက်သေးတယ်.. ဒါပေမယ့် install မလုပ်တာ ပိုကောင်းမယ်လို့ မရေးလိုက်ရဘူး။ အဓိက window system font ကို change ပစ်လိုက်တာမို့ တော်တော် အန္တရာယ်များတယ်။ အမလည်း ပြန်ဖြုတ်ကြည့်ဦးမယ်... မရရင် လေးမနည်းကို သုံးကြည့်မယ်.. ဘုရား..ဘုရား.. စက်ကလေးတော့ format ချရတော့မယ် တူပါရဲ့.. :P ညီမလေးရေ.. အတွေ့အကြုံတွေ ဝေမျှပေးတာ ကျေးဇူးပါနော်.. အမလည်း သရဖူ ပို့စ်အောက်မှာ စာထည့်ဖြည့်ပြီးရေးလိုက်ဦးမယ်.. MyMyanmar install မလုပ်ဖို့...

Anonymous said...

အတော်ခက်တဲ့လူတွေပဲ။ Installation ကို လွယ်လွယ်လေးရေးပေးလည်းရရဲ့သားနှင့်။ ရေးဖို့ပျင်းတာလား၊ လုံးဝဘဲ မရေးတတ်တာလားမသိ။ ကျက်သရေယုတ်ပါဘိ။

မလုပ်သင့်တဲ့အရာတွေထဲမှာ အဲ့သလို System Font ကို ချိန်းပစ်တာပါသပေါ့ဗျာ။ ပြန်ကောင်းသွားတာ ၀မ်းသာပါတယ်။

-W

Anonymous said...

တယ်ရင်း....မီးလည်းဘာမှမတိပါလားဟင်....အဟင့်...၀မ်းနည်းလိုက်တာ.....myMyanmar
ဘာကြီးလည်းဟင်....စားလို့ရလား...ဟင်...မုန့်ပစ်သလက်လိုကောင်းရင်တော့...မီးမီး...ကြံ
ရည်မှာပြီးစားမယ်...တယ်ရင်း..နင့်အကြိုက်လေ....မိ

Anonymous said...

Thank for posting your frank opinion on MyMyanmar. I would like to share my opinion on MyMyanmar regarding manupulating Myanmar Wikipedia here Myanmar Wikipedia system operator, Htoo Myint Naung, under question

Going wrong with MyWikipedia



Best regards,
Okisan

Anonymous said...

MyMyanmar ..တော့သိဘူး..ဖတ်တော့ဖတ်သွားတယ်..အဆင်ပြေပါစေ..မမရေ..

Anonymous said...

ကျုပ်လည်း ထိပြီးပြီ။

ဖောင့်တွေ ပြောင်းကုန်တော့ လန့်ဖြန့်ပြီး ဖြုတ်ထုတ်သတ် လုပ်လိုက်တယ်။

သင်ကာ

Anonymous said...

ကျွန်တော်လဲအဲဒီဟာနဲ့ဒုက္ခရောက်ဖူးတယ်ဗျ။ ကျွန်တော်ဆိုရင်သူ့ folder လိုက်ကြီးကို deleteပေး (unlocker software လေးတော့လိုမယ်ထင်တယ်) ပြီးရင် registery ထဲ MyMyanmar နဲ့ပတ်သက်တာအကုန်လိုက်ဖျက်မှ နဂို Zawgyi-One Fonts လေးပြန်ရသွားတာ။

Anonymous said...

> ပျော်စရာကြီး.. လေးမ တစ်ယောက်ထဲ ဒုက္ခရောက်တာမဟုတ်ဘူး.. အဖော်တွေ ရှိတယ်..။ :P

Anonymous said...

မြန်မာစာ စနစ်တွေ ဘယ်တော့ အဆင်ပြေမလဲဗျာ... အိပ်မက်ပဲလား...။

Anonymous said...

မိုင်မြန်မာရဲ့ ဖန်တီးရှင်လေး ထူးမြင့်နောင်ဆိုတာ သူ့ Software လေးတွေကြောင့် အေးရှားပစိဖိတ်ပွဲကိုတောင် သွားခဲ့ဘူးတာပဲ။
အခုကျမှပြန် Uninstall လုပ်လို့မရတာ ဘာသဘောလဲ။ ရည်ရွယ်ချက်ရှိရှိများ လုပ်ထားသလားတောင် စဉ်းစားစရာပဲ။ ကျနော်တောင် မိုင်မြန်မာကို စမ်းကြည့်ဦးမလို့။
တော်ပါပြီဗျာ... ကွန်ပျူတာဂျာနယ်မှာ ယူနီကုတ် ၅.၁ ကို အတိအကျလိုက်နာထားသောဆိုပြီး ယူနီကုတ်တောင် ၅.၁ မဖြစ်သေးချိန် ကြေငြာကတဲ့က တခုခုပဲလို့ထင်နေတာ။ သြော်... မြန်မာယူနီကုတ်ကြီးရယ် မျှော်ရတာလဲ ရင်မောလှပေါ့...

Anonymous said...

MyMyanmar Team may be technically expert.. But they don't fully understand the Law.. No one cannot change the core setting of MS Windows without the legal agreement from Microsoft.

Anonymous said...

တီထွင်သူကို အပြစ်မမြင်ပါနဲ............အမရယ်.............

Anonymous said...

> coco ... ဒါဟာ user feedback လေ..။ အဆင်မပြေတာကို မပြောရင် ဘယ်သိမလဲ.. မသိရင် ဘယ်ပြင်မလဲ... ။

Anonymous said...

Tkz a lot sis

I have also been to face with this problem.
As I remember, I didn't solve this like u.
May be i no longer used that PC (from my office) heehe
I absolutely agreed to post ur feedback with reasonable expression.

Anonymous said...

ဒီလိုအဖြစ်မျိုးလောကမှာရှိသလား။။ မသိလိုက်ဘူးကွယ်။