Friday, July 04, 2008

လက်နက်စွဲကိုင်တော်လှန်ခြင်း ...

ငါ့ပို့ စ်မှာ ငါ့ မိတ်ဆွေတွေ “ ငါ ” အကြောင်း ထပ်ရေးသွားကြတာ ...

ငါ့ကမ္ဘာ
ငါ့ကမ္ဘာမှာ
ငါတင်တဲ့ အကြွေး၊
ငါတင်တဲ့အကြွေးနဲ့
ငါ့ အကြွေးရှင်၊

ငါ့ အကြွေးရှင်နဲ့အတူ၊
ငါချစ်တဲ့သူငယ်ချင်း
ငါချစ်တဲ့သူငယ်ချင်းနဲ့အတူ၊
ငါ့ အကြွေး
အဟီး……တယ်ရင်း…ငါချစ်တယ်
(အကြွေးရှင်ဖြစ်သောကြောင့်မဟုတ်ပါ၊)

( Mi )

“ငါ့ဖို့ ၊ငါ့ဟာ၊ ငါ့အတွက်“

ငါ့အိမ်ရာ
ငါ့အိပ်ရာမှာ
ငါ့ခေါင်းအုန်း
ငါ့ခေါင်းအုန်းနဲ့ အတူ
ငါ့စောင်
ငါ့စောင်နဲ့ အတူ
ငါ့ဖက်လုံး
ငါ့ဖက်လုံးနဲ့ 
ငါ့စောင်
ငါ့စောင်နဲ့ 
ငါ့ခေါင်းအုံးတွေကြားမှာ
အမွှေးတွေဖွာပြီး
ငါလာတာတောင် မထတဲ့
ငါ့ရဲ့ခွေးကို မျက်စိနောက်လာလို့ 
ကြိမ်စာကျွေးလိုက်တော့မယ်
လာလေရော့
ဖျန်ဖျန်းဖျန်း….


( ကို Boyz)

ငါ့ဆေးလိပ်လေးကို
ငါ့မီးခြစ်လေးနဲ့ ညှိပီး
ငါ့နှုတ်ခမ်းလေးနဲ့
ငါ့အဆုတ်ထဲ ရှိုက်သွင်းလိုက်တော့မယ် …
ငါ မာလကီးမယားခင်တော့ သောက်လိုက်ဦးမယ်

( မျှားပြာ)

ငါ့ဘော်ဒါ လေးမအတွက်
ငါ့ကော်မန့်ကို
ငါကိုယ်တိုင်
ငါ့ကီးဘုတ်ကိုသုံး
ငါ့မျက်လုံးတွေ စုန်းထီးဖြစ်လောက်အောင်
ငါအသားကုန်ပြူးပြီးတော့
ငါလက်ဆော့လိုက်တယ်
ငါလာသွားတယ် လေးမရေ…“


( ကိုရန်အောင် )

ဒီရပ်ဝန်းကို ငါ ဘယ်လို မျက်နှာလွဲရမှာလဲ ...။
ဇူလိုင်လဆန်းက စပြီး စာရေးတာနားမယ်လို့  ရည်ရွယ်ပြီး ကမ္ဘာကို ကျိန်စာတိုက်လိုက်တဲ့ ဟိုအမျိုးသမီးကို လေးမက ဒီပို့ စ်နဲ့  လက်နက်စွဲကိုင် တော်လှန်လိုက်ပါတယ် ။

အရေးတော်ပုံ အောင်ပါစေ ။

15 comments:

Anonymous said...

အရေးတော်ပုံအောင်ပါစေ..။
အရေးတော်ပုံအောင်ပါစေ..။
အရေးတော်ပုံအောင်ပါစေ..။
မမ..ရေအားလုံးအဆင်ပါစေ..။

Anonymous said...

အစ်မရေ ဒီတစ်ခါတော့ ကျွန်တော်က အစ်မဆီမှာ ၀ှက်စာလာဖော်သွားရတယ် :aghast:

Anonymous said...

ငါချစ်တဲ့
နင့်ကမ္ဘာ

ငါချစ်တဲ့
နင့်ကဗျာ

ငါချစ်တဲ့
နင့်စာ

ထိပါး စော်ကားရင်
ငါဆိုတဲ့ငါ
တော်လှန်ဖို့
နင့်အနားမှာ
ငါရှိတယ်

ကျိန်စာတိုက်တဲ့ ဟိုအမျိုးသမီး
ဆိုင်ကယ် ကြိုက်လား?
ကြိမ်စာ ကြိုက်လားလို့?
(အရေးတော်ပုံ အောင်ရမည်)3...........Mi

Anonymous said...

Just 4 a joke...4 u chit fri
Wife 2 Husband:C that is my first boyfriend at bar, he has been drinking since I left him 10 years ago.
Husband:Nonsense! No one can celebrate that long!...mi ...*_^

Anonymous said...

အလိုဗျာ
ကမ္ဘာကို ကျိန်စာတိုက်မယ်လာ့
ကြိမ်းလိုက်လေဟ...

ပျိုမေမှာ
ဒီ “ငါ” ကိုပြန်ရှာတွေ့ပြီပ
အောင်ရမည်ဗျ...

ဘလော့ဂါမျိုးဟေ့.... ဒို့ဗမာ...
အရေးတော်ပုံ... အောင်ရမည်...

:)

Anonymous said...

ဒေါ်ကြွက်.. သံယောဇဉ်လည်း မပျက်ပဲနဲ့  လိုက်လုပ်နေတယ် ..ကဲ အရေးတော်ပုံအောင်ပါစေဗျာ ဟိုလိုကော အော်လို့ ရလား တစ်ခါမှမအော်ဖူးလို့  ဒို့ အရေးးး သူ့ အရေး ငါ့အရေးးး ငါ့အကြွေး ပေးပေးပေး:P

Anonymous said...

>စိုးမိုးလေး .. အောင်ရမည် ..အောင်ရမည်...။
>တင့်ထူး.. အဖြေပေါ်လားဟေ့ ...။
>မိ ... သိပ်မကြိမ်းနဲ့ ဟ.. ဟိုအမျိုးသမီးဆိုတာ တခြားသူ ဟုတ်ရိုးလား... နင့်သူငယ်ချင်း.. ငါ...ဟ ...ငါ...။
>ကိုရန်အောင် ... အဟီး ..ဘလော့ဂါမျိုးဟေ့…. ဒို့ဗမာ တဲ့... စိတ်ဓါတ်တက်ကြွလားပြီ...။
>သားကြွက် ... ဒါက ဒီလိုရှိတယ် .. သားကြွက်ရဲ့ .. ပြောရရင် နည်းနည်းရှည်မယ်...။ တိုတိုပြောရရင်တော့ ဒီလိုပါပဲ...။

Anonymous said...

မရောက်တာကြာပြီ. ရောက်လာတော့ ကျိန်စာတွေရော၊ တော်လှန်ရေးတွေရော တွေ့လိုက်ရလို့. လေးဖြူသီချင်းပဲ နားထောင်ရမလား၊ သီဟတင်စိုး ဇာတ်ကားတွေပဲ ပြေးကြည့်ရမလား ဖြစ်ပြီး ပြန်သွားပါကြောင်း :P

အားလုံး အဆင်ပြေပါစေ မလေးမ ရေ. :)

Anonymous said...

သယ်.......။ (မသယ်နိုင် ထားခဲ့အေ...။)
လာလေရော့...။
ကြိမ်တစ်တို့နဲ့
အချိန် မယို့စေဖို့
အီဖေကိုယ် ထပ်ကာ ကြိုးလိုက်မယ်....။
ဂိုးပေါ့ ညနေခင်း...။

ရေးချင်တာ လာရေးသွားတယ်ဗျို့...။
မသိရင် မသိဘူးမှတ်...။
မော်ဒန်လို့မှတ်...။
ဒန်တန့်ဒန်...။
(လိပ်စာမေ့နေလို့ ခုမှ ပြန်တွေ့တယ်...။)

Anonymous said...

မမလေးမအရေးတော်ပုံအောင်လား....ဟဲ ဟဲ...ထပ်အော်ပေးမယ်....အရေးတော်ပုံအောင်ပါစေ...

Anonymous said...

အလုပ်တွေ များတဲ့ကြားက အမဆီကို လာလည်ပြီး comment တွေအများကြီးရေးသွားတဲ့ ညီမလေးရေ....
“အရေးတော်ပုံအောင်ပါစေ... ” :D

Anonymous said...

အရေးတော်ပုံအောင်ပါစေ…

Anonymous said...

အိပ်သွားသေးလား..
မီလဲ မလေးမ တစ်ရေးနိုးမှပဲ ရောက်တော့တယ် .. :D
ပျော်ရွှင် အဆင်ပြေပါစေ..

Anonymous said...

ငါ တွေနဲ့ကို လက်နက်စွဲကိုင်တော်လှန်နေရပီပေါ့လေ အမလေးမရ :P

Anonymous said...

ဒီစာလေးဖတ်ပြီး ငါဆိုတာတွေနဲ့စတဲ့ ကဗျာရှည်ကြီး တပုဒ်ရေးနေမိတာကြာပြီ
စိတ်ထဲမှာ အထပ်ထပ်ရေး အခါအခါပြင်လို့
မမလေးမစာတွေ လာဖတ်ပြီးး စာရေးချင်တဲ့ဆန္ဒတွေပေါ်လာရတာ ခဏခဏ
စာဖတ်သူကို အတွေးတွေအများဆုံးပေးန်ုင်တဲ့ ကလောင်တလက်က လေးမတဲ့လားး