Sunday, July 13, 2008

လေးမနှင့် နာရီ ( ၂ )



“ လေး … အတွက် ဘာဘီ နာရီ ၀ယ်ထားတယ် .. ” …။




“ ဘာဘီ နာရီ……. ဟား.. မိုက်တာပေါ့..” ( ဟွန့် .. မူကြို ကျောင်းသူများ မှတ်နေသလားမသိဘူး..)



အစကတော့ ဘာဘီ လက်ပတ်နာရီ ၀ယ်ထားတယ်မှတ်လို့  ကလေးတွေ… ပတ်တဲ့နာရီ ၀ယ်တယ်လို့  တိတ်တိတ်လေး စိတ်ရှပ်နေခဲ့တာ…။


သူပြန်ရောက်လာတော့… လက်ထဲ ကို ဗူးတစ်ဗူး လာပေးတယ် … သူပြောတဲ့ ဘာဘီ နာရီ ဆိုတာ



စားပွဲတင် နာရီကိုး…။



မဖုံးနိုင်မဖိနိုင်အောင် ပြုံးပျော်သွားတဲ့ မျက်နှာနဲ့  ဘာဘီ နာရီကို ရင်မှာပိုက်ပြီး စက္ကန့်  ၃၀ လောက် ခုန်ဆွခုန်ဆွ လုပ်နေလိုက်သေးတယ်..။ :D


စက္ကန့်  ၃၀ လွန်လေပြီးသောအခါ မှာတော့ ထုံးစံအတိုင်း “ရစ်” ချင်စိတ်ကလေးက ထိန်းမနိုင် သိမ်းမရ၀င်လာတယ်..။




“.. လေးက စားပွဲတင် နာရီ အဆင့် ရောက်နေပြီလို့  ဆိုလို ချင်တာလား.. ” :evil:




“ ဟင်.. ဘာဆိုင်လို့ လဲ…”




“ Joke ရှိတယ်လေ … ယောက်ျားတွေက မိန်းမတွေကို ပထမတော့ လက်ပတ်နာရီလေးလို အရိပ်တကြည့်ကြည့်နဲ့  သွားလေရာ ခေါ်သတဲ့ … နောက်တော့ စားပွဲတင် နာရီ လို ထားခဲ့သတဲ့… လိုမှ ကြည့်သတဲ့… နောက်ဆုံးတော့ မိန်းမတွေက တိုင်ကပ်နာရီ ကြီး နဲ့  တူသွားသတဲ့ …။ လေးက ခုဆိုရင် စားပွဲတင် နာရီ ပေါ့ ဟုတ်လား.. ”






“ ဟား.. ဟား.. လုပ်ချလိုက်ပြန်ပြီ … ဗိသုကာမမရယ် .. ဘက်ပေါင်းစုံက လှည့်တွေးတတ်တဲ့ အကျင့်ကြီးကို နေရာတကာ အသုံးမချ စမ်းပါနဲ့ .. ရိုးရိုးလေး တွေးစမ်းပါ … လေးက ဘာဘီကို သဘောကျလို့  ဘာဘီ ရုပ်ပါတဲ့ နာရီ ၀ယ်လာတယ် … ဒါပဲ … ရှင်းရှင်းလေး… ရှုပ်အောင်မလုပ်နဲ့ .. ”  ( အစကသိရင် တိုင်ကပ်နာရီ ၀ယ်လာပါတယ်)



အင်း သူပြောတာလည်း ဟုတ်သား…။ :roll:


ကလင်… ကလင်…ကလင်..




“အိုး … alarm အသံကြီးကလည်း အကျယ်ကြီးပဲ … ဒါသက်သက် ပညာပေးတာ မဟုတ်လား…။”



ပြုံးစိစိ နဲ့  တဖက်လှည့်နေတဲ့ မျက်နှာကို အမိအရ ကြည့်ပြီး မျက်စောင်းခဲပြလိုက်တယ် …။




“နှိုးစက်မြည်တာတောင် မနိုးတဲ့ သူတွေ အတွက် အထူး စီမံထားတာတဲ့ …”




“အမယ်… အမယ်… လေးက မနိုးဘူးဆိုတာ ထချင်စိတ်မရှိလို့  မနိုးတာ … ထချင်စိတ်ရှိရင် နှိုးစက်တောင် မလိုဘူး.. ကိုယ့်အသိစိတ်နဲ့  ကိုယ်နိုးလာတာ…။”




“ဟုတ်လို့ လား အိပ်ပုတ်ရဲ့ … အဆောင်မှာတုန်းကဆို မိက အနွေးထည် ထ... ၀တ်ပေးတာတောင် မသိဘူးဆို …”




“အဲဒါက … အဲဒါက …. မိက ဖြည်းဖြည်းလေး အသာလေး အနွေးထည်ဝတ်ပေးတာဆိုတော့ ဘယ်နိုးပါ့မလဲ…”




“ဟား … ဟား…”




“ရှင်းရှင်းပဲ ပြောစမ်းပါ … နိုးစက်မြည်ရင် ကယောင်ကတမ်းနဲ့  ဘယ်နားက ဘာကို ပိတ်ရမှန်းမသိ ဖြစ်နေတာတွေ … “ကို”ရှိတယ်.. ပိတ်လိမ့်မယ်ဆိုပြီး စိတ်ချလက်ချ ဆက်အိပ်နေတတ်တဲ့ အကျင့်ဆိုးလေးတွေ ပျောက်သွားအောင်လို့  ဒီနာရီ ၀ယ်လာတဲ့ သဘောပေါ့…”




“မဟုတ်ပါဘူး လေးရာ … နာရီ ပုံကို လည်းကြည့်ဦး … ဘာပုံလဲ”




“Heart ”




“ ဒီတစ်ချက်ပဲ မှန်အောင်ပြောတယ် ... အသည်းပုံလေးတွေ့ လား… လေးကို ချစ်လို့  အသည်းပုံပေးတာ… မိနစ်တိုင်း ချစ်နေမယ်… ကို့  အသည်းနှလုံးကို ပေးထားတယ်… ကဲ… ဒီသဘော… အဲဒီသဘောနဲ့  ၀ယ်လာတာ… ပေါက်ပြီလား…။ ”




“ ဟွန့်  … အပိုတွေ လာ ရွှီးမနေနဲ့ .. လူကိုများ “အ” တတ မှတ်နေလား… ရွဲ့  ပြောနေတာ သိသားပဲ … ”



မဟုတ်မှန်းတော့ သိတယ်… ဒါပေမယ့် ကြိုက်တယ် … ။ ။ :oops:



မှတ်ချက်။ ။စိတ်ကူးသက်သက်ပါ..။

19 comments:

soemoe said...

အရမ်းဖတ်လို့ ကောင်းတာဘဲ..ကိုနဲ့ လေး..တဲ့
စားပွဲတင်ဘာဘီနာရီလေးတော့မရှိဘူး..ဘာဘီအရုပ်တွေတော့ရှိတယ် ..မမလိုဘဲဘာဘီဆိုအကုန်ကြိုက်..
မမရေးတာဖတ်ရတာပျော်စရာလေးးး။
:P :P

ညိမ်းညို said...

ဟား..ဟား အမလေးမရေ ဖတ်ရတာပျော်စရာလဲကောင်း ကြည်နူးစရာလဲကောင်းတယ်ဗျာ :) တို့အမကြီးကတော့ အခုထိညစ်ကျယ်ကျယ်နိုင်တုန်းပဲနော် :P ၀ယ်လာပေးတဲ့အကိုကြီး အဖြေတော်ပေလို့ :)
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ စိတ်ကူးသက်သက်ပါဆိုတာတော့ ယုံဘူးဗျို့
ကိုကောင်းကင်ကြီးက တကယ်ဝယ်လာခဲ့တာ ဟုတ်တယ်ဟုတ် :)

မိ said...

အဟီး.....မီးတိတယ်နော်.....ဖွလိုက်ရ.....ကိုကင်းကောင်...အဲ့ကိုကောင်းကင်ကြီး
....ကနင့်ကိုမုန့်ပေးကြိုက်တာငါပြောဘူးနော်....နေကြာစေ့ခွာပြီး...
မုန့်ကျွေးပြီးကြိုက်တာလည်းပြောပြဘူး...စိတ်ချ....
နင့်ကိုပိုးသမျှထဲမှာမုန့်ပေးတာပိုများနေတာလည်းပါသေးဘူးနော်....အဟီး....
ကိုကောင်းကင်ကတော်တယ်နော်....ကလေးကို...ဘယ်လိုသိမ်းသွင်းရမယ်ချိုတာတိလို့...
...တော်သေးတယ်...နင်ကိုချိုလိမ်မပေးလို့.....ခိခိ..
.ပြီးတော့...ထူးရှယ်ရဲ့ယုန်ရုပ်တွေမုန့်တွေကိုငါကိုယ်တိုင်တာဝန်ယူပြီးရှင်းပေးရတယ်နော်.
..အဲ့ဒီအရုပ်ငါ့တူမကြောင့်တစစီဖြစ်နေပြီ....အဟီး...
နင်တော့မသိဘူးငါတော့ထူးရှယ်ကိုလွမ်းတယ်...မုန့်စားချင်လို့...ခိခိ...
ပြီးတော့ကရာတေး...ခိခိ..လူတိုင်းကနင့်ကိုကလေးမှတ်နေလားတိဘူး..
.ခိခိ..နင့်ကိုကလေးမှတ်လေးငါကြိုက်လေပဲ...မုန့်စားရလို့.....အော်...
အခုတော့ငတ်နေတယ်..တယ်ရင်းရေ...စားအုန်း...ခေါက်ဆွဲပြုတ်...အဟင့်....မိ

သားကြွက် said...

အယ်....ဒီအဒေါ်ကြီး ခလေးတွေကို ခဏခဏ အူယားအောင်လုပ်တယ်ဂျာ...ဟားဟား အိပ်ပုပ်ကြီးတယ်တဲ့ သိသွားပြီး ကောင်းကင်ကြီး ကျေးဇူးကြောင့် :P “လေးကို ချစ်လို့  အသည်းပုံပေးတာ… မိနစ်တိုင်း ချစ်နေမယ်… ကို့  အသည်းနှလုံးကို ပေးထားတယ်… ကဲ… ဒီသဘော… အဲဒီသဘောနဲ့  ၀ယ်လာတာ… ပေါက်ပြီလား… ” တော်လိုက်တဲ့ ကိုကောင်းကင် ဒီစကားလုံးတွေမှာ မှ ဒေါ်လေးမ မကြွေရင် ဘယ်မှသွားကြွေတော့မတုန်း :D

mtj said...

ဖတ်ရတာ ကြည်နူးဖို့ကောင်းတယ်ဗျာ :)

THS said...

ဘာဘီ နာရီက အသဲပုံ ပါနေလို့ပဲ နို့မို့ဆို ကိုကောင်းကင်ကြီး မလွယ်လောက်ဘူး ပြီးတော့ နောက်တစ်ခါ တိုင်ကပ်နာရီ မ၀ယ်ပေးရဲလောက်တော့ဘူးနော် :P

nhn said...

လေးမရေ ...ဖတ်ရတာမိုက်တယ်ဗျ....ဒါနဲ့ လေးမ.....ဒီ့ထက် နည်းနည်း ချဲ့ရေးပါလား ခင်ဗျ....စိတ်မရှိ နဲ့ဗျနော်....အိုင်ဒီယာလေး နှမြောမိလို့ပါ....ကျန်းမာပါစေ.....မိန်းမတွေက ယောက်ျားတွေအပေါ်ကော
ဘယ်လို joke ရှိပါလိမ့်....

ဝေလေး said...

မမလေးမ......
ရယ်လဲရယ်ရတယ်။ဖတ်လို့လဲကောင်းတယ်..
တိုင်ကပ်နာရီကြီးတော့ဖြစ်ချင်ဘူး......ဟီး.....:P

MhawSayar said...

သိင်္ဂါရ ရသဆိုတာ ဒါလေးတွေပေါ့ဗျာ. သိပ်ကောင်းတယ်ဗျို့.. ကိုယ်ပါ ရောပြီး ကြည်နူးသွားတယ်.. :)

ကလောင်ထက်တဲ့ အစ်မကို ကျေးဇူးပါဗျာ.
ဆက်ပြီး အားပေးလျက်ရှိပါကြောင်း :)

ShwunMi said...

ကလင် ကလင် ကလင် . . .
=)

အဇ္ဈတ္တပြခန်း said...

စာရေးတာတော့ အတော်ကောင်းပဲဗျ. စာစုအနည်းလေးနဲ့ ဆွဲဆောင်မှုအပြည့်ပဲ... ကြည်နူးတာထက် အူယားလာတာဗျာ.. ကျွန်တော့်မှလည်း ခဏခဏအရစ်ခံနေရလို့.. :P အားပေးနေမယ်ဗျို့ :)

chaos said...

အော်အော်
စိတ်ကူးယဉ်ထားတာ အတည်ဇာတ်လမ်းလေးပေါ့
လိုချင်လိုက်တာ မလေးမလို လက်ချောင်လေး
ဝယ်ပေးမယ့်လူချိဝူး...........
:waa
လိုချင်တယ်
ဝယ်ပေး
ဇာတ်လမ်းလေးက ချစ်စရာလေး အဓိပ္ပါယ်ပေါ်တဲ့ ချစ်ခြင်းမေတ္တာလေးနဲ့
ချစ်မ ကံကောင်း၏

Htoo Tay Zar said...

ကျွန်တော်တော့ စိတ်ကူးလို့ မထင်ဘူး တကယ်လိုပဲနော် =)

နှင်းပွင့်ဖြူလေး said...

ကလင် ကလင် ကလင် ကိုမုန်းလို့ နာရီတောင် မ၀ယ်ဘူး။ :P

ကောင်းတယ်ဗျို. အစ်မလေးမ

မွန် said...

နာရီတော့မကြိုက်ဘူး နာရီအကြောင်းရေးတဲ့ မမလေးမရဲ့စာတော့ ကြိုက်တယ်
မမလေးမက တကယ်ကလေးလေးနဲ့တူလား
စာတွေရေးတော့ တကယ့်မမကြီးလေသံနဲ့
အပြင်မှာကျ ကလေးရုပ်လေးလားမတိဘူးနော်
ပြီးတော့ မူတတ် ချွဲတတ် ခရာတတ်တဲ့ လေးဆိုတဲ့ ကောင်မလေးလား

nu-san said...

“ရစ်” ချင်တဲ့လေးမရေ.. မိန်းကလေးတွေကို လက်ပတ်နာရီ၊ စားပွဲတင်နာရီ၊ တိုင်ကပ်နာရီလိုမျိုးတင်စားထားတဲ့ joke ကို အခု ညီမလေးပြောမှ သိရတယ်.. စိတ်ကူးသက်သက်က ပျော်စရာကောင်းပါတယ်နော်... ကောင်းကင်ကြီးက လေးမပေါ် ဒီထက်မက ပိုမယ်ဆိုတာ သိသာတယ်... :D

မျှားပြာ said...

တကယ်ပဲဗျာ ... ဘယ်လိုလေး ဖြစ်သွားမှန်း မသိဘူး ...။
တအားကို ကျေးဇူးတင်ပါတယ် ဟတ်ဟတ် အဆင်ပြေပါစေ ..။

lay-ma said...

>စိုးမိုး... ဘာဘီ ရုပ်တွေ အားကြီးပဲလား..။ ပျော်စရာကြီးနော်...။ အရမ်းဖတ်လို့ ကောင်းတာပဲလား..။ ကောင်းဆို... အဟဲ... ။
>ညိမ်းညို... စိတ်ကူးသက်သက်ပါ ဆိုနေမှ..။ နာရီ ၀ယ်လာတာကတော့ တကယ်ပါ.. ။
>မိ.. ယုန်ရုပ်ကို ငါတောင် မေ့နေတယ်...။
> သားကြွက် ... ခလေးက ဘာကြောင့် အူယားတာတုန်း...။ မှတ်နော်... မှတ်နော်..။ ပညာယူထားနော..။
>ကိုအတာ ... ခုချိန်မှာတော့ (သူများအကြောင်းဆိုတော့) ကြည်နူးဖို့  ကောင်းတယ်လို့  ထင်နေမှာပေါ့ ...။ တစ်ချိန် ချိန် လက်တွေ့  ကိုယ်တိုင် အရစ်ခံရရင် စိတ်ရှုပ်လိုက်တာလို့  မပြောမိစေနဲ့ ...။
>တင့်ထူး.. တိုင်ကပ်ဝယ်လာလို့ ကတော့ .. ဟွန်း..ဟွန်း... တွေ့ သွားမှာပေါ့..။ ရှူး... ပြန်မတိုင်နဲ့ ...။
>မိန်းမတွေက ယောက်ျားတွေအပေါ်ကော
ဘယ်လို joke ရှိပါလိမ့်…. ဆိုတာ လေးမ လည်း စိတ်ဝင်စားတယ်..။ လေးမ ကိုယ်တိုင်ပဲ joke စဉ်းစားပြီး လုပ်ရင် ကောင်းမလား...။
>ဝေလေး... တစ်ချိန်တော့ ဖြစ်မှာပဲ... ဟဲ..ဟဲ...။
>မှော်ဆရာ.. ကြည်နူးတယ်တဲ့... ကို ယ့်စကားကိုယ်မှတ်ထားနော်...။
>မီ.. ထတော့... မြည်နေပြီ...။
>ကိုပြခန်း... ကိုပြခန်း အရစ်ခံရပုံလေးတွေ အတု.ယူရအောင် ရေးပြလေ...။
>ခေးရော့စ်... စိတ်ကူးယဉ် အတည်... ဟုတ်ပ.. ဟုတ်ပ...။
>တေဇာ.. တကယ် .. မယုံကြဘူးပေါ့နော်...။ :P
>နှင်းပွင့်ဖြူလေး.. နာရီ မုန်းတဲ့ သူတွေ ပါလား.. အဖော်ရပြီ...။
>မွန် .. မွန် ထင်တာ နီးစပ်ပါတယ်...။
>မနုစံ .. မရေ.. မက အတော်ဆုံး... သဘောအပေါက်ဆုံးပဲ...။
>မျှားပြာ... ဘယ်လို ဖြစ်သွားသတုန်း..။ တအားကို ကျေးဇူးတင်ပါတယ် ဆိုပါလား..။

ကုမ်ရာသီသူ said...

အမလေးမရေ့၊ နာရီမုန်းတာ ဂိုဏ်းထောင်မယ်ဆို ကျွန်မလည်းပါမယ်နော်။ ဒါပေမယ့် အဲလို လက်ဆောင်ပေးတဲ့နည်းစနစ်ကိုတော့ ဟီး....... ကြွေချင်သား။ တကယ်မှတ်လိုက်မယ်နော်။