Wednesday, July 30, 2008

မျှားပြာ ဖတ်ရန်


1. Blogger အမည် - မျှားပြာ ( ပြာတွေကို မျှား နေတဲ့ သူဆိုပဲ… ပြာတွေကို မျှားမှ တော့ လက်ဆုပ်လက်ကိုင် ဘယ်ရှိပါ့မလဲ ) ။


2. လူအမည် - မသိ ။


3. သူငယ်ချင်းများက ခေါ်သောအမည် - ပြာယာခတ် ၊အပြာရောင်မျှား၊ ချက်ကြီး ၊ စုတ်ဖွား ၊……( ရှိသေးရင် ထပ်ဖြည့်ကြပါ) ။


4. Blog အမည် - သန်းခေါင်ယံအတွေး ( တရေးနိုးသော် အကြံပေါ် … ပေါ်သည့်အကြံ ဘလော့ရေးရန် .. ဆိုတဲ့ အတွေးနဲ့  ပေးထားပုံရတယ်.. ခုတလောတော့ တရေးမနိုးတာလား …တရေးမှမအိပ်တာလားတော့မသိ… သန်းခေါင်ယံအတွေးတွေ မတွေ့ ရတာကြာပေါ့ .. ) ။


5. ဒီလိုလူစား - အားလုံးကို အဆင်ပြေစေချင်တဲ့၊ ရိုးရိုးသားသားနေချင်တဲ့ လူထဲက လူတစ်ယောက်။


6. လက်သုံးစကား - အဆင်ပြေပါစေဗျာ ။


7. သူလိုချင်တာ - ရင်ဘတ်ထဲက အသံတွေ ။


8. သူ့ အတွက် မရှိမဖြစ်- ဆေးလိပ် ( ရေးထားတဲ့ ပို့ စ်တွေ ဖတ်ရင် သိနိုင်) ။


9. သူ့ ဘေးမှာ - မီးမီး ( ကြောင်မလေး) ။


10. သူ့ ကို သင်ပြောချင်တဲ့ စကား ( သို့ ) သူ့ နဲ့ ပတ်သက်လို့  ပြောချင်တဲ့စကား (အတင်းအုပ်ရန်) – Toilet လေးတွေကို ချစ်စရာကောင်းအောင် ဒီဇိုင်းဆင်ထားတဲ့ ဓါတ်ပုံလေးတွေကနေ စတင်သတိပြုခဲ့မိပါတယ်…။ နောက်တော့ “ ဘာမှကို ဆက်မရေးချင်တော့ဘူးဗျာ” ဆိုတဲ့ ပို့ စ်နဲ့  စိတ်ညစ် ငြိမ်ကုပ် သွားတယ်…။ အဲဒီတုန်းက ကိုညိမ်းညို လည်း ညစ် သွားသေးတယ် ထင်တယ်…။ သူငယ်ချင်း နှစ်ယောက် အပြိုင်ညစ်နေတဲ့အချိန်.. ၂ ယောက်လုံးရဲ့ ဆီပုံးမှာ ပြန်ရေးဖို့  လေးမ အားပေးခဲ့ဖူးပါတယ်…။ နောက်တော့ ဘီယာပုလင်းနဲ့ မြန်မာ ထမင်း.. ဟင်း.. တင်ပြီး ပြန်ရေးလာတာတွေ့ တော့ ၀မ်းသာခဲ့ရပါတယ်..။ မခင်သေးတဲ့ ဘလော့ဂါ ဖြစ်ပေမယ့် ပြန်ရေးတာကို ၀မ်းသာခဲ့ပါတယ်..။ သူ့ ကို ခင်သွားတာကတော့ “တစ်မိုးတည်းအောက် ” ကဗျာကြောင့်ပါ .. ( လေးမ ရေးခဲ့တဲ့ ကွန်မန့် ကဗျာကို သူ့ ဘလော့မှာ တင်ပေးလို့ လေ.. ဟီး..ဟီး..) ။ ဒါပေမယ့် အဲဒီကဗျာနဲ့ ပတ်သက်ပြီး မကြာသေးခင်က သူတော်တော် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရတဲ့ အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ်…။


လေးမထက် အသက်ငယ်ပေမယ့် လေးမကို လေးမ ဟု ခပ်တည်တည်ခေါ်ခဲ့သော .. သီတင်းကျွတ်တုန်းက လေးမ မင်္ဂလာဆောင်လျှင် အရန် လုပ်ပေးပါမည်ဟု ကမ်းလှမ်းခဲ့သော … လေးမ၏ ပို့ စ်များတွင် မှတ်ချက် ကွန်မန့် များစွာ ပေးခဲ့ဖူးသော … လေးမနှင့် လေးမ၏ကောင်းကင် ဇာတ်ဆောင်ပါဝင်သော ပို့ စ်များ.. ကဗျာများကို နှစ်သက်စွာ အားပေးတတ်သော … ဘလော့တကာဘလော့ ရွာရိုးကိုးပေါက် ခြေရာများစွာ ထားတတ်သော … ကဗျာ အရေးကောင်းသော… “သုံးချောင်းထောက် ” ကဗျာရဲ့ ခြေတစ်ချောင်းဖြစ်သော( မူးမူးနဲ့ ရေးကြတာ ဟု ခိုင်လုံသော အတွင်းသတင်းရထားပါသည်) … ခင်မင်စရာကောင်းသော … အမြင်ကတ်စရာ ကောင်းသော ( အကြွေးမဆပ်နဲ့ ဆိုတာကို ဆပ်မယ်ပြောလို့ ) … …သော…. သော.. ထိုထိုသို့ သော blogger မျှားပြာ ကို တစ်ခုခု ပြောပါဆိုရင် “ပြာတွေကို မမျှားနဲ့ တော့ ” လို့  ပြောချင်ပါတယ်…။


ခင်မင်စွာဖြင့်


အစ်မ လေးမ



11. မျှားပြာမှ ရေးသူသို့  တစ်ခုခုပြောချင်တဲ့ ဆန္ဒရှိခဲ့လျှင်ရေးရန်…. ကျွန်တော်က ဖတ်ပီး ဘာပြောရမှာလဲ အစ်မလေးမရေ .. ဟတ်ဟတ် အားလုံးပဲ ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေဗျာ …။

သူငယ်ချင်းတို့ ရေ… ဘယ်ရယ်တော့ မဟုတ်ဘူး… ကျောင်းတုန်းက “ ရေးပေးပါ” စာအုပ်လေးပြန်ဖတ်ပြီး… လေးမ စိတ်ထဲ ရေးချင်စိတ်ရှိတာလေးတွေ ချရေးလိုက်တာပါ …။ ဘယ်သူ့ အတွက် ရေးမလဲ မဲချလိုက်တော့ “မျှားပြာ” မဲပေါက်ပါတယ်…။ မျှားပြာကို ခင်မင်ကြတဲ့ မိတ်ဆွေ တွေ အားလုံး လေးမ ပေးထားတဲ့ ခေါင်းစဉ်တွေအားလုံး အတွက်ဖြစ်စေ.. တချို့ အတွက်ဖြစ်စေ.. နှစ်သက်သလို တစ်ခုခုရေးပေးသွားနိင်ပါတယ်…။ ကွန်မန့်မှာ ဖြစ်ဖြစ်… လေးမ မေးလ်ကို ပို့ ပြီးတော့ ဖြစ်ဖြစ် ရေးနိုင်ပါတယ်..။ ဒီပို့ စ်မှာ တစ်ယောက်ချင်းရဲ့ နာမည်နဲ့ တကွ ဆက်လက်ဖော်ပြပေးသွားပါမယ်…။


********************************



သူ့ ကို သင်ပြောချင်တဲ့ စကား ( သို့ ) သူ့ နဲ့ ပတ်သက်လို့  ပြောချင်တဲ့စကား (အတင်းအုပ်ရန်) – ပြောစရာလား အင်း အဲဒီမျှားပြာကို ပြောချင်စရာ ဘာရှိပါလိမ့်။ သြော်.. သူလည်း မန်ယူ ပရိဿတ်ပဲလေ..

( မပန်ဒိုရာ )

..ဘလော့အမည်= သူရဲ arrow
2.. လူအမည် = ထိပ်မပြောင်တဲ့ဧရာ
3..ကျနော်ခေါ်သောအမည်များ= ငနာ/ ပဲဟင်း/စုတ်ဖွား/
4..ဘလော့အမည်= သန်းခေါင်ယံအတွေးမဟုတ်တော့ဘူး သန်းခေါင်ယံ ဂိမ်း
5.. ဒီလိုကောင်= အားလုံးငြိမ်းချမ်းအောင်မြင်ပျော်ရွှင်အဆင်ပြေပါစေ( ကြားပါများလို့  အလွတ်ရ :P )
6..ကြားနေကြစကား = အဆင်ပြေပါစေကွာ
7.. သူလိုချင်တာ = မိန်းမ ၁၀ ယောက် ( ဟီးးဟီးး)
8.. သူ့ အတွက်မရှိမဖြစ်= မသိဘူး
9..သူ့ ဘေးမှာ = ဆေးလိပ် ( မီးမီးက ပျောက်သွားပြီတဲ့ )
10.. ပြောချင်တဲ့ စကားတွေကတော့ ရေးရင် ပို့ စ်တစ်ပုဒ်ဖြစ်တော့ မယ် သို့သော် အချိန်ကိုငဲ့ကွက်ပြီး လိုရင်ကိုပဲ ပြောတော့မယ် ( ဒါပဲ ) ကြောင်နှစ်ကောင်အိပ်မက်အတွက် အမြဲတမ်းကျေးဇူးပါဗျာ အမှတ်တရတွေအများကြီးပေးပြီး ပျော်ရွှင်စေခဲ့တာ အမြဲအမှတ်တရပါ ။


တီကြွက်ကတော့ လုပ်ပြီးး သူက သံယောဇဉ်ပျက်ပြီးလို့  ပြောထားတာကို သွားကလိနေတယ် ..အင်းးး ဒီလောက်ဆိုရင်တော့ အခြေနေတွေက ငြိမ်ကောင်းပါရဲ့ ဘလော့( သူ့ ရဲ့ သန်းခေါင်ယံအတွေး)တွေကို ချစ်ရင် ပြန်လာဖို့  အချိန်တန်ပြီထင်တယ် :) ဆြာလုပ်ကြည့်တာ

( မောင်မျိုး )

ကိုမျှားပြာ..အရမ်းဂိမ်းဆော့တယ်
တော်တော်သဘောကောင်းပုံရတယ်..(သေချာတော့မသိဘူး)ဟီး
Level..တွေတော်တော်ရနေပုံဘဲ..
သူကဗျာတွေဖတ်လို့ ကောင်းတယ်
သူကဘလော့ရေးတာစိတ်မပါတော့ဘူးလို့ ပြောတယ်..
သူပြန်ရေးမယ်ဆိုဖတ်ချင်ပါတယ်.. :P


( စိုးမိုး )

အင်း.. ကိုကြောင်မျိုး ပြောမှ (အားပေးတဲ့သူ အရူးဖြစ်) ဆိုတာကို ရယ်ချင်သွားလို့။
အတွေ့အကြုံ များနေပြီ ထင်ပါ့။
ကိုမျှားပြာကို ..
သိသလိုလို .. ကိုမျှားပြာ အကြောင်း မလေးမ ဆီကနေ စ သိတာ။ နာမည်ထူးဆန်းလို့ ။
ခင်သလိုလို .. မီ့ဘလော့ကို လာနှုတ်ဆက်တာ တစ်ခါနှစ်ခါ မြင်ဖူးတယ် =)
ပြောချင်တာတွေ ..
(၁) သူ့ကြောင်မလေး မီးမီးက ချစ်စရာလေး. ပျောက်သွားတယ် ဆိုလို့ စိတ်မကောင်းပါဘူး။
(၂) အားလုံး အဆင်ပြေပါစေ လို့ .. ဘလော့ပြန်ရေးပါ လို့ .. ။
(၃) တော်တော် မေ့တတ်တဲ့ မီမီ ခုထိ ကိုမျှားပြာကို လင့်မချိတ်ရသေးပါဘူး.. ဘယ်လိုမှ မအောက်မေ့ပါနဲ့ .. လို့ . . ဒါနဲ့ .. ဘယ်မလဲ လင့် ?? =x
သြော် တွေ့ပြီ http://bluearrow.myanmarbloggers.org/ =)
(၄) . . . . . . ဘာပြောပြော ဘာကြားကြား .. အင်း… ကိုမျှားပြာက ကိုမျှားပြာ ပါပဲ။
မီက သူငယ်ချင်းတွေ ဘလော့ ဆိုရင် ပြန်ရေးမလား ဆိုပြီး မဟန်နီ ကို စောင့်သလို နေ့တိုင်း page refresh လုပ်ပြီး စောင့်နေတတ်တယ်..။ ;-)

peace!!

( ရွှန်းမီ )

ငမျှားချိတ်လို့ ခေါ်တယ်ဗျ… စကားပြောရင် ဟိုချိတ် ဒီကောက်နဲ့မို့… စာသင်ခန်းမှာ ကဗျာတူတူခိုးရေးရင်း…. သူရောက်နေတဲ့နေမြေသစ်ထဲ ကျွန်တော့်ကို အတင်းဆွဲခေါ်ခဲ့တယ်… တကယ်တမ်း ကျွန်တော် ရပ်တည်လာတော့… သူမရေးတော့ဘူးတဲ့ဗျာ… ဘယ်သူမှ ဆရာ မခေါ်ကြလို့… နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဆြာမျှား… ဆြာလွမ်းနဲ့ ကြိတ်ခေါ်ခဲ့ကြတယ်… ဟိ.. ပြာတွေကို ထပ်မျှားမနေပါနဲ့တော့ သူငယ်ချင်းရာ… EC Level လည်းရောက်နေပါပြီ… စိတ်လျော့တော့…

( လွမ်းလုင် )

ဆာမျှားရေ
ငါတော့ ဘာမှမပြောတတ်တော့ပါဘူးကွာ
ဘယ်နေရာ ဘယ်ဒေသကိုရောက်နေနေ ငါတို့ ခင်မင်ရင်းနှီးခဲ့တာတွေကို
မက်မက်မောမော ထိန်းသိမ်းထားမယ်ကွာ
မနက်ဖြန် ဆက်ရန်တွေကလဲအများကြီး ဆြာမျှားရေ
လက်လန်မကျစေဖို့ တကွက်မှမချန်ပါနဲ့တော့ကွာ
ငါ့သူငယ်ချင်းကြီး ဘယ်မှာရောက်ရောက်အဆင်ပြေပါစေဗျာ
ငါတို့ကဗျာတွေကိုသုံးချောင်းထောက်ကြစို့ရဲ့ ( ဒီတခါတော့ မမူးဘဲရေးကြရအောင် ဟို..အစ်မကြီးလက်က လွတ်အောင် :P

ဇောက်ထိုးကောင် ငညိမ်းညို

ငါးမျှားချိတ်
နင့်ကိုသိပ်ကြည်တာမဟုတ်ဘူးနော်
သူများကို သိုင်းကစားဖို့လည်းခေါ်သေးတယ် ခုတော့ ၀ူတန်းဂိုဏ်းမှာ တစ်ယောက်တည်း ထားခဲ့တယ်။ လယ်ဗယ်မတူလို့ပေါ့နော် မဟုတ်ရင် နင့်ကိုသတ်မယ် :P ။ ခုတော့ GC2 ကနေကို မတက်နိုင်တော့ဘူး။ နင်မှ လာမခေါ်ရင် ငါ တက်နိုင်တော့မှာ မဟုတ်တော့ဘူးး( ။ ငါးမျှားချိတ်ပဲ့
အားလုံးအဆင်ပြေပါစေကွာ


( နှင်းပွင့်ဖြူလေး)

အမဆီမှာ ကောင်လေးတစ်ယောက်ကတော့ အမြဲတမ်း comment ရေးရင် “အဆင်ပြေပါစေ အမရေ၊ အဆင်ပြေပျော်ရွှင်ပါစေ အမရေ” လို့ရေးတတ်ပြီး ဟင်းချက်တဲ့ပို့စ်တွေတင်ရင်တော့ “အမရေ အဲဒီလိုမျိုးလေးတွေ လုပ်ကျွေးပါဦး” လို့ ရေးသွားတတ်တယ်။ အဲဒီကောင်လေးက ဘယ်သူလဲတော့မသိဘူး.. အော်.. သူ့ profile icon လေးကတော့ မျှားအပြာရောင်လေးပဲ.. အခုတော့ ဘယ်တွေပျောက်ပြီး ဘာတွေလုပ်နေလဲတောင် မသိဘူး..:(

(မနုစံ)

ပြောရတာလဲ အာခေါင်ရွဲ့တော့မယ် ဟကောင်ကြီးရေ။
ဧည့်သည်လုပ်ပီး လာတွေ့တာကိုတောင် မော်နီတာပေါ်က မျက်နှာမခွာပဲ နှုတ်ဆက်ခဲ့တဲ့မင်း ရောက်ရာအရပ်ကနေ မင်းရဲ့ mouse နဲ့ keyboard ကို blog page တွေပေါ် ပြန်တင်ပါအုံးကွာ။


( မင်းကျန်စစ်)

အင်း… ကိုမျှားပြာ. ကိုမျှားပြာ အရင်က ဒီလောက်တက်ကြွတာ အခုလို ငြိမ်ကျသွားမယ်လို့ လုံးဝကိုမထင်မိဘူး။ ကိုယ်တိုင်ကလည်း ဘလော့ဖက်ကိုမလှည့်နိုင်သေးတော့ ကိုမျှားပြာကို ဘယ်လို အားပေးရမှန်းမသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘာပြဿနာပဲရှိရှိ ကိုမျှားပြာတစ်ယောက်အားလုံးအဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးပါတယ်နော်။

( ၀င်္ကပါ)


မျှားပြာ အတွက် …

ချစ်နယ်လို့ အမြဲခေါ်တယ် ။
ဘလော့စရေးတော့ အဦင်္းဆုံးကွန့်မန့်ပေးသွားတယ် ။
ခင်စရာ အရမ်းကောင်းတယ် ။
သူ့အတွက် ကဗျာတစ်ပုဒ် ရေးပေးဖူးတယ် ။
ကျွန်တော့အတွက် ကဗျာတစ်ပုဒ် မွေးနေ့လက်ဆောင်ပေးတယ် ။
တစ်ယောက်အပေါ်တစ်ယောက် အရှိန်အဟုန်ပြင်းပြင်းနဲ့ ခင်မင်မှုတွေ ၀င်ဆောင့်တယ် ။
ဘယ်နေရာ ရောက်ရောက် အမြဲသတိရနေမယ် ။
http://bluearrow.myanmarbloggers.org/2008/01/blog-post_25.html

( တင့်ထူးရွှေ )

ကိုမျှားပြာရေ
ကဗျာတွေကို သတိရနေတယ်
ကဗျာကိုသတိရနေတယ်ဆိုလို့ လူကိုမပါဘူးမထင်ပါနဲ့
ကဗျာရေးတဲ့သူလဲပါတယ်နော်
ပြန်ဘလော့ဖို့ အဆင်ပြေတဲ့နေ့ကို စောင့်မျှော်လျက်ပါနော်။

( Chaos)


ကိုမျှားပြာ အဆင်ပြေပါစေ

( မွန် )

17 comments:

Anonymous said...

ပြောစရာလား အင်း အဲဒီမျှားပြာကို ပြောချင်စရာ ဘာရှိပါလိမ့်။
သြော်.. သူလည်း မန်ယူ ပရိဿတ်ပဲလေ..

Anonymous said...

1..ဘလော့အမည်= သူရဲ arrow
2.. လူအမည် = ထိပ်မပြောတဲ့ဧရာ
3..ကျနော်ခေါ်သောအမည်များ= ငနာ/ ပဲဟင်း/စုတ်ဖွား/
4..ဘလော့အမည်= သန်းခေါင်ယံအတွေးမဟုတ်တော့ဘူး သန်းခေါင်ယံ ဂိမ်း
5.. ဒီလိုကောင်= အားလုံးငြိမ်းချမ်းအောင်မြင်ပျော်ရွှင်အဆင်ပြေပါစေ( ကြားပါများလို့  အလွတ်ရ :P )
6..ကြားနေကြစကား = အဆင်ပြေပါစေကွာ
7.. သူလိုချင်တာ = မိန်းမ ၁၀ ယောက် ( ဟီးးဟီးး)
8.. သူ့ အတွက်မရှိမဖြစ်= မသိဘူး
9..သူ့ ဘေးမှာ = ဆေးလိပ် ( မီးမီးက ပျောက်သွားပြီတဲ့ )
10.. ပြောချင်တဲ့ စကားတွေကတော့ ရေးရင် ပို့ စ်တစ်ပုဒ်ဖြစ်တော့ မယ် သို့သော် အချိန်ကိုငဲ့ကွက်ပြီး လိုရင်ကိုပဲ ပြောတော့မယ် ( ဒါပဲ ) ကြောင်နှစ်ကောင်အိပ်မက်အတွက် အမြဲတမ်းကျေးဇူးပါဗျာ အမှတ်တရတွေအများကြီးပေးပြီး ပျော်ရွှင်စေခဲ့တာ အမြဲအမှတ်တရပါ ။

တီကြွက်ကတော့ လုပ်ပြီးး သူက သံယောဇဉ်ပျက်ပြီးလို့  ပြောထားတာကို သွားကလိနေတယ် ..အင်းးး ဒီလောက်ဆိုရင်တော့ အခြေနေတွေက ငြိမ်ကောင်းပါရဲ့ ဘလော့( သူ့ ရဲ့ သန်းခေါင်ယံအတွေး)တွေကို ချစ်ရင် ပြန်လာဖို့  အချိန်တန်ပြီထင်တယ် :) ဆြာလုပ်ကြည့်တာ

P>S= မယုံရင် စောင့်ကြည့် အားပေးတဲ့သူ အရူးဖြစ် :D (မလေးမ အတွက် စကားလက်ဆောင် )

Anonymous said...

ကိုမျှားပြာ..အရမ်းဂိမ်းဆော့တယ်
တော်တော်သဘောကောင်းပုံရတယ်..(သေချာတော့မသိဘူး)ဟီး
Level..တွေတော်တော်ရနေပုံဘဲ..
သူကဗျာတွေဖတ်လို့ ကောင်းတယ်
သူကဘလော့ရေးတာစိတ်မပါတော့ဘူးလို့ ပြောတယ်..
သူပြန်ရေးမယ်ဆိုဖတ်ချင်ပါတယ်.. :P

Anonymous said...

အင်း.. ကိုကြောင်မျိုး ပြောမှ (အားပေးတဲ့သူ အရူးဖြစ်) ဆိုတာကို ရယ်ချင်သွားလို့။
အတွေ့အကြုံ များနေပြီ ထင်ပါ့။
ကိုမျှားပြာကို ..
သိသလိုလို .. ကိုမျှားပြာ အကြောင်း မလေးမ ဆီကနေ စ သိတာ။ နာမည်ထူးဆန်းလို့ ။
ခင်သလိုလို .. မီ့ဘလော့ကို လာနှုတ်ဆက်တာ တစ်ခါနှစ်ခါ မြင်ဖူးတယ် =)
ပြောချင်တာတွေ ..
(၁) သူ့ကြောင်မလေး မီးမီးက ချစ်စရာလေး. ပျောက်သွားတယ် ဆိုလို့ စိတ်မကောင်းပါဘူး။
(၂) အားလုံး အဆင်ပြေပါစေ လို့ .. ဘလော့ပြန်ရေးပါ လို့ .. ။
(၃) တော်တော် မေ့တတ်တဲ့ မီမီ ခုထိ ကိုမျှားပြာကို လင့်မချိတ်ရသေးပါဘူး.. ဘယ်လိုမှ မအောက်မေ့ပါနဲ့ .. လို့ . . ဒါနဲ့ .. ဘယ်မလဲ လင့် ?? =x
သြော် တွေ့ပြီ http://bluearrow.myanmarbloggers.org/ =)
(၄) . . . . . . ဘာပြောပြော ဘာကြားကြား .. အင်း... ကိုမျှားပြာက ကိုမျှားပြာ ပါပဲ။
မီက သူငယ်ချင်းတွေ ဘလော့ ဆိုရင် ပြန်ရေးမလား ဆိုပြီး မဟန်နီ ကို စောင့်သလို နေ့တိုင်း page refresh လုပ်ပြီး စောင့်နေတတ်တယ်..။ ;-)

peace!!

Anonymous said...

ငမျှားချိတ်လို့ ခေါ်တယ်ဗျ... စကားပြောရင် ဟိုချိတ် ဒီကောက်နဲ့မို့... စာသင်ခန်းမှာ ကဗျာတူတူခိုးရေးရင်း.... သူရောက်နေတဲ့နေမြေသစ်ထဲ ကျွန်တော့်ကို အတင်းဆွဲခေါ်ခဲ့တယ်... တကယ်တမ်း ကျွန်တော် ရပ်တည်လာတော့... သူမရေးတော့ဘူးတဲ့ဗျာ... ဘယ်သူမှ ဆရာ မခေါ်ကြလို့... နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဆြာမျှား... ဆြာလွမ်းနဲ့ ကြိတ်ခေါ်ခဲ့ကြတယ်... ဟိ.. ပြာတွေကို ထပ်မျှားမနေပါနဲ့တော့ သူငယ်ချင်းရာ... EC Level လည်းရောက်နေပါပြီ... စိတ်လျော့တော့...

Anonymous said...

ဆြာမျှားရေ
ငါတော့ ဘာမှမပြောတတ်တော့ပါဘူးကွာ
ဘယ်နေရာ ဘယ်ဒေသကိုရောက်နေနေ ငါတို့ ခင်မင်ရင်းနှီးခဲ့တာတွေကို
မက်မက်မောမော ထိန်းသိမ်းထားမယ်ကွာ
မနက်ဖြန် ဆက်ရန်တွေကလဲအများကြီး ဆြာမျှားရေ
လက်လန်မကျစေဖို့ တကွက်မှမချန်ပါနဲ့တော့ကွာ
ငါ့သူငယ်ချင်းကြီး ဘယ်မှာရောက်ရောက်အဆင်ပြေပါစေဗျာ
ငါတို့ကဗျာတွေကိုသုံးချောင်းထောက်ကြစို့ရဲ့ ( ဒီတခါတော့ မမူးဘဲရေးကြရအောင် ဟို..အစ်မကြီးလက်က လွတ်အောင် :P

ဇောက်ထိုးကောင် ငညိမ်းညို

Anonymous said...

ငါးမျှားချိတ်
နင့်ကိုသိပ်ကြည်တာမဟုတ်ဘူးနော်
သူများကို သိုင်းကစားဖို့လည်းခေါ်သေးတယ် ခုတော့ ၀ူတန်းဂိုဏ်းမှာ တစ်ယောက်တည်း ထားခဲ့တယ်။ လယ်ဗယ်မတူလို့ပေါ့နော် မဟုတ်ရင် နင့်ကိုသတ်မယ် :P ။ ခုတော့ GC2 ကနေကို မတက်နိုင်တော့ဘူး။ နင်မှ လာမခေါ်ရင် ငါ တက်နိုင်တော့မှာ မဟုတ်တော့ဘူးး( ။ ငါးမျှားချိတ်ပဲ့
အားလုံးအဆင်ပြေပါစေကွာ

Anonymous said...

ဒီဆောင်းပါးက ကျွန်တော်တို့ရော ဖတ်လို့ရရဲ့လား မသိ ? :P

(မောင်တွေ ကို သံယောဇဉ်ကြီးတဲ့ အစ်မကြီး. အားလုံး အဆင်ပြေပါစေဗျာ. :) )

Anonymous said...

မှော်ဆရာ ... ရေ.. ဖတ်လို့ ရပါတယ်ရှင်... အဆင်ကတော့ လကုန်ရက်ဆိုတော့ သိပ်မပြေဘူး.. ဇီးထုပ်ဝယ်ဖို့  ပိုက်ဆံ လိုနေတယ်..။ :P

Anonymous said...

လေးမရေ.. စိတ်ကူးသိပ်ကောင်းတယ်။
အမဆီမှာ ကောင်လေးတစ်ယောက်ကတော့ အမြဲတမ်း comment ရေးရင် “အဆင်ပြေပါစေ အမရေ၊ အဆင်ပြေပျော်ရွှင်ပါစေ အမရေ” လို့ရေးတတ်ပြီး ဟင်းချက်တဲ့ပို့စ်တွေတင်ရင်တော့ “အမရေ အဲဒီလိုမျိုးလေးတွေ လုပ်ကျွေးပါဦး” လို့ ရေးသွားတတ်တယ်။ အဲဒီကောင်လေးက ဘယ်သူလဲတော့မသိဘူး.. အော်.. သူ့ profile icon လေးကတော့ မျှားအပြာရောင်လေးပဲ.. အခုတော့ ဘယ်တွေပျောက်ပြီး ဘာတွေလုပ်နေလဲတောင် မသိဘူး..:(

Anonymous said...

ကျွန်တော်က ဖတ်ပီး ဘာပြောရမှာလဲ အစ်မလေးမရေ .. ဟတ်ဟတ်
အားလုံးပဲ ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေဗျာ ...။

Anonymous said...

ပြောရတာလဲ အာခေါင်ရွဲ့တော့မယ် ဟကောင်ကြီးရေ။
ဧည့်သည်လုပ်ပီး လာတွေ့တာကိုတောင် မော်နီတာပေါ်က မျက်နှာမခွာပဲ နှုတ်ဆက်ခဲ့တဲ့မင်း ရောက်ရာအရပ်ကနေ မင်းရဲ့ mouse နဲ့ keyboard ကို blog page တွေပေါ် ပြန်တင်ပါအုံးကွာ။

Anonymous said...

အင်း... ကိုမျှားပြာ. ကိုမျှားပြာ အရင်က ဒီလောက်တက်ကြွတာ အခုလို ငြိမ်ကျသွားမယ်လို့ လုံးဝကိုမထင်မိဘူး။ ကိုယ်တိုင်ကလည်း ဘလော့ဖက်ကိုမလှည့်နိုင်သေးတော့ ကိုမျှားပြာကို ဘယ်လို အားပေးရမှန်းမသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘာပြဿနာပဲရှိရှိ ကိုမျှားပြာတစ်ယောက်အားလုံးအဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးပါတယ်နော်။

P.S. မလေးမရေ .. ကိုမျှားပြာအကြောင်းရေးမှ ပေါ်လာတယ်လို့တော့ မပြောနဲ့နော်။ အစ်မကို အမြဲသတိရနေပါတယ်။ ပေါ်သာ ပေါ်မလာတာ။ ချောင်ထဲကနေအစ်မကို အမြဲချောင်းနေတာ :P ။ အစ်မလည်း အဆင်ပြေပါစေနော်။

Anonymous said...

မျှားပြာ အတွက် ...

ချစ်နယ်လို့ အမြဲခေါ်တယ် ။
ဘလော့စရေးတော့ အဦင်္းဆုံးကွန့်မန့်ပေးသွားတယ် ။
ခင်စရာ အရမ်းကောင်းတယ် ။
သူ့အတွက် ကဗျာတစ်ပုဒ် ရေးပေးဖူးတယ် ။
ကျွန်တော့အတွက် ကဗျာတစ်ပုဒ် မွေးနေ့လက်ဆောင်ပေးတယ် ။
တစ်ယောက်အပေါ်တစ်ယောက် အရှိန်အဟုန်ပြင်းပြင်းနဲ့ ခင်မင်မှုတွေ ၀င်ဆောင့်တယ် ။
ဘယ်နေရာ ရောက်ရောက် အမြဲသတိရနေမယ် ။
http://bluearrow.myanmarbloggers.org/2008/01/blog-post_25.html

Anonymous said...

ကိုမျှားပြာရေ
ကဗျာတွေကို သတိရနေတယ်
ကဗျာကိုသတိရနေတယ်ဆိုလို့ လူကိုမပါဘူးမထင်ပါနဲ့
ကဗျာရေးတဲ့သူလဲပါတယ်နော်
ပြန်ဘလော့ဖို့ အဆင်ပြေတဲ့နေ့ကို စောင့်မျှော်လျက်ပါနော်။

Anonymous said...

ကိုမျှားပြာ အဆင်ပြေပါစေ

Anonymous said...

မျှားပြာ အတွက် ၀င်ရေးသွားတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်...ရှင်..။