Saturday, February 09, 2008

အကြောင်းကြားစာ

လေးမ တစ်ယောက် ပို့စ်လည်းမတင်…အိမ်လည်း သိပ်မလည်…. cbox မှာလည်း တစ်ယောက်ချင်း ပြန်မပြော … ။ ဘာများဖြစ်နေပါလိမ့်လို့များ…တစ်ယောက်တစ်လေလောက်… လေးမကို သတိရပေးနေမလား…။


အကယ်ဒမီပွဲရှိနေတာနဲ့… လေးမ အလုပ်များနေတယ်လို့ ထင်နေမလား…။


ဟဲ…။ မဟုတ်ပါဘူး…။ လေးမတို့ အလုပ်မှာ ဘီလူးကြီး သောင်းကျန်းနေတာနဲ့ လေးမ တစ်ယောက် အရင်ကလို အလုပ်ချိန်မှာ internet သုံးလို့မရတော့ပါဘူး…။


အိမ်ပြန်ရောက်ရင်လည်း အရမ်းပင်ပန်းပြီး ခဏလောက်လှဲလိုက်တာနဲ့ အိပ်ပျော်သွားရော…။ တရေးနိုးတဲ့ အချိန်က ည ၁၁ နာရီ…ဆိုတော့…ဆိုတော့…ဆိုတော့….။


ဒါပေမယ့်… ပျောက်ကျားစနစ်နဲ့ လေးမ ဆက်လက် ရှင်သန်နေလိမ့်မည် ဟု… အသိပေးအပ်ပါသည်…မိတ်ဆွေတို့….။ ။

5 comments:

Anonymous said...

အဲ့ဒီ ဘီလူးကြီး ကို ဘာလုပ်ပစ်လိုက်ရမလဲ ပြော...

:P

Anonymous said...

ဘီလူကြီးကို ပညာပေးလိုက် ဘီယာဝယ်တိုက်လိုက်ပြောတာပါ ...မရှင်းလို့ ဗျ
တရေးနိုးတဲ့ အချိန်က ည ၁၁ နာရီ…ဆိုတော့…ဆိုတော့…ဆိုတော့….
ဘာဖြစ်....
သေချာပြောပြ ....
အဆင်ပြေပါစေဗျာ

Anonymous said...

မောင်မျိုး ... တော်တော် နောက် :P

Anonymous said...

>tzm... ဘီလူးကြီး မြန်မြန်ပြေးအောင် ကြိုက်တဲ့နည်းသုံး...။

>မောင်မျိုး...ဆိုတော့…ဆိုတော့…ဆိုတော့….
ဘာဖြစ်….ရမှလဲ...။ ကွန်ပြူတာ မသုံးဖြစ်တော့ဘူး...ဆက်အိပ်လိုက်တယ်လို့ ..ဆိုလိုသပေါ့ကွယ်...။

>ကိုစိုးထက်... မောင်မျိုးကနောက်တာကို..စီနီယာက မြှောက်ပေးနေသလိုပဲ...။

Anonymous said...

မမ..အားလုံး okey ပါစေနော်..ဆို