Thursday, October 02, 2008

ပြန်လာပါပြီ

 


“ ကိုယ်ပြန်လာပြီ…


သူငယ်ချင်းတွေ စိုးစီစိုးစီ..


စီဘောက်မှာ မြည်


ကျန်းမာပါရဲ့လားလို့  …”


သီချင်းဆိုပြီး ပြန်လာပုံကိုကြည့်ပါ…။ နေကောင်းကျန်းမာသွားပါပြီ… ရှင်…။ အဖွဲ့ သားများအားလုံး မုန့်လာကျွေးချင်ရင် ကျွေးလို့ရပါပြီ…။


ဟို.. ညစ်နေတဲ့ မဲဆောက်ကြွက်… စိတ်ညစ်ရင်.. ၀မ်းနည်းရင် သီချင်းဆိုပြီး ကပြပါ…။


ဘိုနှစ်ဘို.. ဘိုညိမ်း နဲ့ ဘိုတင့်… ပြုစုမယ့်သူရှိတော့ ဒဏ်ရာကိုမပျောက်အောင် လုပ်နေတာလားအစ်မ ၊ အိမ်အလုပ်တွေ မလုပ်ရတော့ဘူး..တို့.. ဟွန်း… အထင်နဲ့ မှန်းအုပ်နေတယ်…။ ဟင်းလေးဘာလေး ချက်ပို့ဖို့တော့မစဉ်းစားကြဘူး..။ ကေ နဲ့ ရာဟုကို ချက်ကျွေးဖို့ ဟင်းချက်ကျင့်နေတာ မသိဘူးမှတ်နေလား.. ဖွလိုက်ရမလား…။


 မီ.. မွန်.. စိုးမိုးလေး.. ကြေးအိုးလေး… မမကို သတိရတယ်ဆိုပြီး ဇီးထုပ်တွေ လှိမ့်စားနေကြသလား…။         


မှော်ဆရာ.. အညာသား.. ကျန်စစ်… လွမ်းလုင် … သီဟညိမ်း… မောင်မင်းတို့  စာမေးပွဲ ချိကြဘူးလား..။ နက်ကောင်းနေကြတယ်ပေါ့… ။ ဟိ… ခင်လို့ .. စတာ…။


ဟန်လင်း.. မီးလေး.. ခေါင်ခေါင်..ထိုက်မင်း… လာလည်သွားကြတာ ကျေးဇူးတင်ပါတယ်ရှင်..။


မလင်းလက်.. ကိုသင့်… မင်္ဂလာပါရှင်..။


87 … ကိုယ့်ဆရာတဲ့.. ခေါ်ပုံကိုက …. ဆိုက်ကားဆရာကို စကားပြောတဲ့ လေသံနဲ့ တူလိုက်တာ…။


….ဒွတ်ခပါပဲ.. လက်ခိုက်မိတာ.. ခေါင်းကြောင်သွားပြီထင်တယ်… စီဘောက်နဲ့  ပို့စ်ရေးရမယ့်နေရာ မှားရေးမိသွားပြီ…။ SORRY !

11 comments:

Anonymous said...

လက်ကောင်းသွားကြောင်းသက်သေပြတယ်ပေါ့...
ကောင်းပတယ်ရင်းလေး...မပေါ့နဲ့အုန်း...
လက်ကပြန်ယောင်လာအုန်းမယ်...
နေကောင်းကျန်းမာပြီး...စာတွေအများကီးရေးအုန်း..
နင့်စာတွေစောင့်နေကြတယ်....
ဟဲ့..နင်နှုတ်ချက်တဲ့အထဲ..နာလည်းပါပါလား...နာလည်းလာတယ်လေ..
ဂီတာတောင်တီးပြသေးတယ်...ဟွန်း...လူဆိုး...တူများကိုမေ့နေတယ်
အဲ့စကားမစပ်..ဒီလ နာ အကြွေး ကင်းတယ်ဟ...အဟီးးးးး...မိ

Anonymous said...

ဝေးးးး တို့အစ်မ ပြန်လာပြီဟေ့ :) :) :) :D
ဟင် :( အစ်မပဲ ညာဘက်လက်ဒဏ်ရာရထားတယ်ဆို ၊ အဲဒီတော့မိးဖိုချောင်မ၀င်ရဘူးထင်တာပေါ့၊ နောက်တစ်ခါဆို ချက်ပို့ပါ့မယ်၊ ဖွတော့ မဖွနဲ့နော် :) :D

Anonymous said...

ပြန်လာတာ နောက်ကျလို့ ဒဏ်တပ်မယ် :P
ဟားဟား အစ်မလေးမတို့ကတော့ ရောက်ရောက်ချင်းကို မီဒီယာနဲ့ တိုက်တော့တာပဲ
သက်သာပျောက်ကင်းသွားပိဆိုလို့ ၀မ်းသာတယ်အစ်မရေ
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :) :)

Anonymous said...

ပြန်လာပြီကိုး.... ကောင်းလေစွ ကောင်းလေစွ :P

Anonymous said...

သွား..အခုမှ လာမခေါ်နဲ့  ပစ်တုန်းက ပစ်ထားပြီးတော့ ဟွန်းးးးးးးးးးးး :P
စတာ စတာ ဘလော့ကိုလာမှမဟုတ်ဘူး စိတ်ထဲမှာ အမြဲသတိရနေရင်ပြီးတာပါပဲ သွေးမနှော မောင်နှမတွေလေ ဟတ်တယ်ဟုတ် အယ်...ဟုတ်တယ်ဟုတ် :)

Anonymous said...

စာမေးပွဲချည်းပဲ လှိမ့်ဖြေခိုင်းနေတော့တာပဲဗျာ... ကောင်းဝူး ကောင်းဝူးးး :P

Anonymous said...

မမ..မမ...မမ..
အိုကေရင်ပီးတာဘဲ..
ဇီးထုတ်တော့မစားဖြစ်ဘူး..
ဂိမ်းကြီးဘဲကစားနေဖြစ်တယ်.. :P :P :P

Anonymous said...

Welcome back!
:-)
လွမ်းပေမယ့် ဇီးထုပ် ဇီးပြား မစားပါဘူး မလေးမရယ် . .
မီလည်း နေကောင်းသွားရင် ပေါင်မုန့်အတူးလေး ဆက်ကျွေးမယ်..
ခုရက်ပိုင်း ချူချာနေတယ်..

Anonymous said...

မမ ပျောက်နေပါတယ်လို့. ဟီးး
ခုမှသိတယ် လက်နာတာလား.......
ဖားတာ ဖားတာ....... :P

Anonymous said...

အဟီး ဟုတ်တယ် ဇီးထုပ်တွေ လှိမ့်စားပြီး လျှော စစ်စတားဖြစ်နေလို့

Anonymous said...

လေးမက ပြန်လာတော့ အမက မဘလော့ခ်နိုင်နဲ့ တော်တော်ကြာနေပြီ မလည်ဖြစ်တာ.. ဒါကြောင့် အမကို မေ့သွားပြီထင်တယ်.. :(
အပေါ်က ရေးထားတာ အလကား ခင်လို့ စတာလို့.. အတည်မယူနဲ့ သိလား.. :D နေကောင်းသွားပြီလား.. ပြန်လာပြီဆို စာတွေ ပြန်ဖတ်ရမှာမို့ ပျော်ပါသည်။ အားရင် အားသလို လာလည်ပါမည်။ မအားရင်လည်း မအားသလို ပျောက်ပါမည်.. :P